နိုင်ငံ့အသင်းအသိအမှတ်ပြုဖျော်ရည်: ချင်းလင်လက်ဖက်ရည်! ၂
Vol. 25 Ch. 367
မကြာမီ_
ယွီရှန်းက သူ့လက်အောက်ငယ်သားများကိုခေါ်ပြီး အမိန့်ပေးလိုက်သည်_ ''မြန်မြန် အစီအစဉ်တစ်ခုလုပ်မယ်... ချင်းလင်လက်ဖက်ရည်ကိုဖျော်ရည်ထဲဆေးခတ်တဲ့အတွက်ဝေဖန်မယ်... နောက်ပြီး အများကြီးသောက်ရင် အမျိုးသားလုပ်နိုင်စွမ်းကိုထိခိုက်မယ်... အကြောင်းအရာကတော့ ဘယ်လိုဖြစ်မလဲကြည့်ရမယ်... အဲဒါနဲ့ဆက်စပ်နေရင် အဆင်ပြေတယ်''
''အစီအစဉ်လုပ်ပြီးသွားရင် ဒါတွေကြေးစားလုပ်တဲ့ Weibo အကောင့်တွေ ဗီဒီယိုအတိုတင်တဲ့သူတွေရှာပါ... ဒီညတစ်ချိန်တည်း အဲဒီအကြောင်းအရာတွေတင်ပါ... သိုသိုသိပ်သိပ်လုပ်နော်... ခြေရာလက်ရာကျန်ပြီး ငါတို့ကိုလာမငြိစေနဲ့''
'ငါတို့'ဆိုတာ သူနဲ့တောင်ပိုင်းခရိုင်အတွက်တခြားဘရန်းနှစ်ခုရဲ့အထွေထွေကိုယ်စားလှယ်တွေပေါ့။
တစ်ချိန်တည်းမှာ တခြားဘရန်းနှစ်ခုကလည်း ဒီလိုအကြောင်းအရာမျိုးတင်ဖို့လူရှာထားပြီး ပြည်သူကိုထင်မြင်ချက်ဖြစ်စေလိမ့်မည်။
တစ်ဖက်လူက ယောက်ျားနဲ့မိန်းမကြားဆက်ဆံရေးကိုကြော်ငြာနေတာမလား?
ဒီတော့ သူတို့က ယောက်ျားတွေကိုကြောက်လန့်ပြီး စိတ္တဇဖြစ်အောင်လုပ်ရမယ်မဟုတ်လား? အများကြီးသောက်လို့ ယောက်ျားတွေရဲ့စွမ်းဆောင်ရည်ကိုကျဆင်းစေတယ်ဆိုရင် လန့်မသွားကြဘူးလား?
ယွီဖေးနှင့်တခြားပြည်နယ်ကိုယ်စားလှယ်နှစ်ယောက်က ချင်းလင်လက်ဖက်ရည်ကိုအတိုက်အခံလုပ်ပြီးဖိနှိပ်ဖို့လောက်ပဲလက်တွဲချင်ကြတယ်ဆိုရင် ဒီတောင်ပိုင်းအထွေထွေကိုယ်စားလှယ်ကတော့ ဒီထုတ်ကုန်ကိုလုံးဝဖျက်ဆီးပစ်ချင်တာပေါ့။ ဒီကိစ္စအတည်ပြုပြီးပြီဆိုတာနှင့် တစ်ဖက်လူကဘယ်လောက်ပဲရှင်းပြပြ အသုံးမဝင်တော့။


ဒီနည်းက ပိုထက်ပြီး ပိုရက်စက်သည်။
ယွီရှန်းက သူတို့သုံးယောက်အရှိန်ကောင်းကောင်းတည်ဆောက်နေသရွေ့ တခြားဖျော်ရည်ကုမ္ပဏီများကလည်း လှုပ်ရှားလိမ့်မည်ဟုယုံကြည်ထားသည်။ ဘာပဲဖြစ်ဖြစ် သူတို့ထုတ်ကုန်ထက်သာလွန်တဲ့ဖျော်ရည်ကို ဘယ်သူမှမမြင်ချင်။
အမိန့်ရသည်နှင့် လက်အောက်ငယ်သားများက ချက်ချင်းခေါင်းညိမ့်ပြီးထွက်သွားကြသည်။
…
ချင်လင်စံအိမ်၌_
တန့်ကွမ်းက သတင်းကောင်းယူပြီး ချင်လင်၏ရုံးခန်းထဲရောက်လာသည်။
နင်းမြို့တော်စက်ရုံ၏ထုတ်လုပ်ရေးလိုင်း ၁၅ ခုမှာ အလုပ်ချိန်နှစ်ဆိုင်းနှင့်တရားဝင်လုပ်နေပြီ။ ဝန်ထမ်းများ၏လုပ်ဆောင်မှုကျွမ်းကျင်လာသည်နှင့်အမျှ တစ်ရက်ပုလင်းရေ ၅၀၀၀၀၀ အထိထုတ်နိုင်လာသည်။
ထို့အပြင် သူမှာထားသောထုတ်လုပ်ရေးလိုင်း ၄၀ မှ ၁၀ ခုကိုတပ်ဆင်ပြီး စမ်းသပ်နေပြီ။ ဒီနေ့တရားဝင်ထုတ်လုပ်ရေးစတင်ပြီး ထုတ်လုပ်နိုင်စွမ်းထပ်တိုးလာပြန်၏။
''ဒီရက်ပိုင်း ခင်ဗျားနင်းမြို့တော်မှာ အလုပ်ကြိုးစားခဲ့တာပဲ'' ချင်လင်ကပြုံးပြီး တန့်ကွမ်းအတွက် နှပ်ထားသောလက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်သည်။
ချင်လင်းအစားအသောက်ကုမ္ပဏီ၏အထွေထွေမန်နေဂျာတစ်ဦးအနေနှင့် စက်ရုံကိုကိုယ်တိုင်သွားပြီးကြီးကြပ်ဖို့ အမှန်ပင်ခက်ခဲသည်။
ဒါမှမဟုတ် အလွန်မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာပြီး အဆင့်မြင့်မြင့်စီမံမှုစွမ်းရည်တွေ သိုမှီးထားတာမရှိလို့များလား?
''ဥက္ကဌချင်... ခင်ဗျားရဲ့လက်ဖက်ရည်က အရသာရှိတုန်းပဲ'' တန့်ကွမ်းကသက်ပြင်းချပြီး လက်ဖက်ရည်တစ်ခွက်သောက်လိုက်သည်။
သူလည်း လက်ဖက်ရည်ဖျော်ရတာကြိုက်သည်။ လုံးဝနှစ်သက်သည်။
ချင်လင်ကပြုံးပြီး_ ''ပြီးရင် ၂ ကျပ်သားလောက်ယူသွား... ချွေချွေတာတာသောက်နော်... လက်ဖက်ခြောက်အများကြီးမရှိတော့ဘူး''
''ကျေးဇူးတင်ပါတယ် ဥက္ကဌချင်'' တန့်ကွမ်း၏မျက်လုံးများဝင်းလက်သွား၏။
သူဌေးရဲ့လက်ဖက်ခြောက်က ဘယ်အဆင့်ရှိတယ်ဆိုတာ လူကြီးမင်းမာဆီက သူသင်ယူထားသည်လေ။


ဒါတစ်ကတ်တီယွမ် ၆၇၀၀၀၀ တန်တဲ့ အန်းရှီအူလုံလက်ဖက်ခြောက်တဲ့။
ချင်လင်ကဆက်ပြီး_ ''လောင်တန့်... နင်းမြို့တော်စက်ရုံရဲ့ထုတ်လုပ်ရေးအတည်တကျဖြစ်ရင် အထွေထွေမန်နေဂျာဖြစ်တဲ့ခင်ဗျားက အဲဒီမှာနေလို့မဖြစ်ဘူး... စက်ရုံညွှန်မှူးထားဖို့ ဘယ်သူ့ကိုသင့်တော်တယ်ထင်လဲ? ခုံးလင်ဆိုရင်ရော?''
နောက်ဆုံးအကြိမ် ခုံးလင်ကိုတွေ့ခဲ့စဉ်က တက္ကသိုလ်ကျောင်းဆင်းမှန်းသိခဲ့သည်။ သူ့အချက်အလက်များကိုလည်းကြည့်ခဲ့သည်။ သူက ဒေသဆိုင်ရာ ကျွမ်းကျင်စီးပွားရေးမန်နေဂျာဖြစ်၏။ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကလည်း အလွန်ထူးချွန်သည်။
တစ်ဖက်လူကိုအခွင့်အရေးပေးဖို့ကိစ္စမရှိသော်လည်း သူဌေးတစ်ယောက်အနေနှင့် ခုံးလင်၏တိတိကျကျအခြေအနေကိုသိပ်မသိပေ။ တန့်ကွမ်း၏အမြင်ကိုမေးရဦးမည်။
တန့်ကွမ်းကခဏစဉ်းစားလိုက်ပြီး_ ''ရှောင်ခုံးက တကယ်တခြားလူငယ်တွေထက်ပိုထူးချွန်တယ်... ကျွန်တော်လည်း သု့ကိုပျိုးထောင်ဖို့ရည်ရွယ်ထားတယ်... ဒါပေမဲ့ သူလူ့အဖွဲ့အစည်းထဲဝင်တာသိပ်မကြာသေးဘူး... အတွေ့အကြုံမလုံလောက်သေးဘူး... ဒီစက်ရုံရဲ့အရွယ်အစားက အရင်နှင့်မယှဉ်သာဘူး... သူနင်းမြို့တော်စက်ရုံကိုလေ့ကျင့်ပေးဖို့သွားလို့ရတယ်... စက်ရုံမန်နေဂျာကတော့ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့တစ်ယောက်ကိုဆွဲခန့်သင့်တယ်''
“အင်း!” ချင်လင်ထောက်ခံလိုက်သည်။
သူတို့နှစ်ဦးဆွေးနွေးနေစဉ် ချင်းလင်စံအိမ်ထဲတွင် အတော်လေးအုတ်အုတ်ကျက်ကျက်ဖြစ်သွားသည်။ ခရီးသည်တချို့ကို လူများသိသွားသောကြောင့်ပင်။ သူတို့မှာ ပူပူနွေးနွေးအိုလံပစ်ချန်ပီယံများဖြစ်လေသည်။
သတင်းအချက်အလက်ဖွံ့ဖြိုးနေသောခေတ်တွင် အိုလံပစ်ဆယ်လီများမှာ အရင်လိုဆိုးဆိုးဝါးဝါးမဟုတ်တော့။ အနားယူပြီးလျှင် သိုသိုသိပ်သိပ်နေပြီး ဆိုင်များဖွင့်ရသည်။
သတင်းအချက်အလက်မော်ဒန်ခေတ်တွင်မူ အားကစားဆယ်လီများကိုအာရုံစိုက်သူပိုများလာသည်။ သူတို့နိုင်ငံအတွက်ကျက်သရေဆောင်ကမ္ဘာ့ချန်ပီယံများမှာ လူတိုင်း၏ရင်ထဲတွင် သူရဲကောင်းများဖြစ်သည်။ ဒီလူတွေက နာမည်ကျော်ဆယ်လီတွေထက်ပိုပြီး လေးစားဖို့ကောင်းတယ်မလား?
ထို့ကြောင့် ဒီလူတွေကိုလမ်းပေါ်မှာတွေ့ရင် အလွယ်တကူမှတ်မိကြသည်။ ဘာပဲဖြစ်ဖြစ် ဆောင်းရာသီအိုလံပစ်က ပြီးတာမှမကြာသေးဘဲ။
ချန်လီက ကြပ်သိပ်နေသောလူအုပ်ကိုကြည့်ရင်း သက်ပြင်းချမိသည်။ သူကသူ့ဘေးမှသက်လတ်ပိုင်းအမျိုးသားအား_ ''အကြီးအကဲချူ... ဒီလူတွေကိုအသာထားပြီး သူဌေးချင်ကိုအရင်သွားတွေ့ကြမလား?''
ပွင့်ပွင့်လင်းလင်းပြောရရင် သူဌေးချင်နဲ့စကားပြောဖို့လာတာဆိုရင် ပြောလိုက်ပေါ့။
ဘာလို့ဒီလူတွေကိုခေါ်လာတာလဲ?
အကြီးအကဲချူက အားတောင့်အားနာနှင့်_ ''လက်ထောက်ချန်... အားနာလိုက်တာ... ဒီနှစ်အာရှပွဲတွေမှာ အရင်ဆုံးဒီချန်ပီယံတွေရဲ့ကြော်ငြာဗီဒီယိုတချို့မှတ်တမ်းတင်ထားဖို့လိုတယ်... မင်စီရင်စုရဲ့ပြည်နယ်မြို့တော်မှာဗီဒီယိုရိုက်ဖို့ရှိတော့ သူတို့ကိုခေါ်လာဖို့အကြောင်းဖန်လာတာနဲ့ ခေါ်လာခဲ့တာပါ''
''အရင်က လေ့ကျင့်ရေးအတွက်ပြင်းပြင်းထန်ထန်လုပ်ပြီးရင်တောင် သူတို့မှာနားချိန်မရှိပါဘူး... ဒီတစ်ခေါက် ချင်းလင်စံအိမ်လာရမယ်ကြားတော့ သူတို့လည်းလာပြီးလည်ပတ်လို့ရမလား မေးကြတယ်... သူတို့ကချင်းလင်စံအိမ်ကိုသိတာကြာပြီ... ဒီကိုလာဖို့မျှော်နေကြတာ''
ချန်လီကသက်ပြင်းချပြီး အကြီးအကဲချူကို ချင်လင်၏ရုံးခန်းထဲခေါ်သွားလိုက်သည်။
ဒီနှစ်ဆောင်းရာသီအိုလံပစ်ပွဲအပြင် အာရှပွဲများလည်းလျှောက်ထားသည်။ စီစဉ်သူအကြီးအကဲချူမှာ ဟန်ကျိုးအာရှပွဲများကော်မတီ၏တာဝန်ခံဖြစ်သည်။
ချန်လီကရုတ်တရက်လူများခေါ်ပြီးရောက်လာသောအခါ ချင်လင်မှာတန့်ကွမ်းနှင့်စကားပြောနေဆဲဖြစ်သည်။
''သူဌေးချင်... ဒါကအကြီးအကဲချူပါ... အာဆီယံကစားပွဲတွေရဲ့စီစဉ်သူတာဝန်ခံ... သူက ချင်းလင်လက်ဖက်ရည်အကြောင်း မင်းနဲ့ပြောချင်လို့တဲ့... စီရင်စုကိုလာရှာပြီး သူနဲ့မိတ်ဆက်ပေးခိုင်းတာ'' ချန်လီက အကြီးအကဲချူကို ချင်လင်ဆီခေါ်လာပြီး သူ့စိတ်ထဲတွင်သက်ပြင်းတချချ။
လက်ဖက်ရည်ပဲပေါ့။
အကြီးအကဲချူရဲ့လှုပ်ရှားမှုကိုသိနေပြီး နင်းမြို့တော်က ချင်းလင်လက်ဖက်ရည်ကိုဘယ်လိုလုယူသွားတာတွေးမိရင် စီရင်စုမှာ ပိုပြီးနောင်တရနေသည်လေ။