နိုင်ငံ့အသင်းအသိအမှတ်ပြုဖျော်ရည်: ချင်းလင်လက်ဖက်ရည်! ၃
Vol. 25 Ch. 368
အကြီးအကဲချူဘယ်သူမှန်းသိရလျှင် ချင်လင်နှင့်တန့်ကွမ်းမှာ နည်းနည်းအံ့ဩသွားသည်။
အာဆီယံကစားပွဲဟူသောစကားကိုကြားလိုက်ရသောကြောင့် သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်အမှတ်တမဲ့ကြည့်လိုက်မိကြသည်။


''အကြီးအကဲချူ ထိုင်ပါဦး'' ချင်လင်ကအလျင်စလိုဖိတ်လိုက်သည်။
အကြီးအကဲချူကထိုင်လိုက်ပြီး_ ''သူဌေးချင်က တကယ်ငယ်ရွယ်ပြီး အလားအလာကောင်းတာပဲ... တကယ်တော့ ဒီတစ်ခါရောက်လာတာ မေးစရာရှိလို့ပါ... သူဌေးချင်ရဲ့လက်ဖက်ရည်က ကျုပ်တို့အာဆီယံကစားပွဲကို စပွန်ဆာပေးနိုင်မလားမသိဘူး?''
ထိုစကားကြောင့် ချင်လင်နှင့်တန့်ကွမ်းမှာ အံ့ဩနေသောမျက်လုံးများနှင့် အချင်းချင်းထပ်ကြည့်လိုက်မိသည်။
ချင်လင်ကချက်ချင်းမေးလိုက်သည်_ ''အကြီးအကဲချူ... ပုံမှန်ဆိုရင် ဒီလိုကမ္ဘာ့ပြိုင်ပွဲတွေအတွက်စပွန်ဆာရဖို့ အပြိုင်အဆိုင်တွေရှိတယ်မလား? ကျွန်တော်တို့ချင်းလင်စံအိမ်အလှည့်ကျမှာမဟုတ်ဘူး... အဓိကက ဒီလိုကြေးကြီးတဲ့စပွန်ဆာမျိုး ကျွန်တော်တို့မတတ်နိုင်တာပါ''
ဒီနှစ်အာဆီယံပွဲများကို ဟန်ကျိုးတွင်ကျင်းပမည်ဆိုသော်လည်း တရုတ်က စီစဉ်သူများထဲမှတစ်ဦးသာဖြစ်သည်။ တကယ့်စီစဉ်သူများမှာ နိုင်ငံတကာအိုလံပစ်ကော်မတီနှင့်အာဆီယံအိုလံပစ်ကော်မတီတို့ဖြစ်သည်။
နောက်ပြီး စပွန်ဆာအစီအစဉ်ကိုလည်း အဖွဲ့အစည်းသုံးခုကလုပ်ဆောင်သည်။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် နိုင်ငံတော်က ဒီအပိုင်းမှာပြောခွင့်သိပ်မရှိ။ စပွန်ဆာလုပ်ပိုင်ခွင့်များမှာ ထိုပြိုင်ပွဲအဖွဲ့အစည်းများတွင်သာရှိသည်။
ပွဲအဆုံးတွင် ထိုအဖွဲ့အစည်းများမှာ စပွန်ဆာပိုင်းအနေဖြင့်အကျိုးအမြတ်များလည်းရှိသည်။ စပွန်ဆာပေးချင်တိုင်းပေးလို့မရ။ ပိုက်ဆံအများဆုံးကမ်းလှမ်းနိုင်သူက စပွန်ဆာပေးနိုင်သည်။ ပုံမှန်အားဖြင့် လေလံကြေးပိုမြင့်သူရသည်။
နောက်ပြီး ဒီလိုနိုင်ငံတကာပြိုင်ပွဲမျိုးအတွက်စပွန်ဆာကြေးက အလွန်ကြောက်စရာကောင်းသည်။ စဉ်းစားကြည့်ပါ။ ဒီပြိုင်ပွဲတွေအတွက် ကိုကာကိုလာရဲ့စပွန်ဆာကြေးကိုတွက်ကြည့်လျှင် ဒေါ်လာသန်းရာချီသည်။
သူတို့ဒီလောက်မတတ်နိုင်။ သူတို့အလှည့်ရောက်မည်မဟုတ်ပေ။
အကြီးအကဲချူက ချင်လင်၏စကားကိုကြားလျှင် ပြုံးလိုက်ပြီး_ ''တကယ်တော့ အဲဒီစပွန်ဆာအပိုင်းမှာ ကျုပ်တို့ကသိပ်ပြီးပြောစရာမရှိပါဘူး... သူဌေးချင်နဲ့ဆွေးနွေးချင်တာက အာဆီယံပွဲအတွင်း နိုင်ငံ့အသင်းအတွက်ဖျော်ရည်စပွန်ဆာပေးဖို့ပါပဲ... နောက်ပြီး သူဌေးချင်ကဖျော်ရည်စပွန်ဆာပေးဖို့ပဲလိုတာပါ... စပွန်ဆာကြေးအတွက်တော့မလိုပါဘူး''


သူက ဒီအတွက်ရောက်လာခြင်းပင်။
သူတို့စည်းရုံးရေးကော်မတီက ချင်းလင်လက်ဖက်ရည်ကိုသတိထားမိတာလည်းအံ့ဩစရာ။ အာဆီယံပွဲအတွက်ကြော်ငြာဗီဒီယိုမှာ ကိုယ့်နိုင်ငံယဉ်ကျေးမှုကိုကြော်ငြာခြင်းလည်းဖြစ်သည်။ မြို့အသီးသီးမှ ဂန္တဝင်တရုတ်ရိုးရာလက္ခဏာများကိုထည့်သွင်းဖို့လိုသည်။ မင်စီရင်စု၏ပြည်နယ်မြို့တော်မှာ ဗီဒီယိုရိုက်မည့်နေရာများထဲမှတစ်နေရာဖြစ်ပေသည်။
တိုက်တိုက်ဆိုင်ဆိုင် သူတို့ဗီဒီယိုရိုက်နေစဉ် ချင်းလင်လက်ဖက်ရည်ကနာမည်ကြီးလာသည်။ အားကစားကွင်းထဲတွင် ချင်းလင်လက်ဖက်ရည်ကြော်ငြာနေသောမိန်းမလှတစ်ဦးကို သူတို့လည်းတွေ့မိသည်။ အဖွဲ့ဝင်ဝန်ထမ်းတစ်ဦးက ဖျော်ရည်၏အာနိသင်ကိုသိသွားခဲ့သည်။
သူသတင်းရသောအခါ မယုံနိုင်။
ဘာပဲဖြစ်ဖြစ် စျေးကွက်ထဲကအားဖြည့်ဖျော်ရည်တွေက ချဲ့ကားပြောလွန်းသည်လေ။ ဘယ်လိုလုပ်ပြီး ဒီလောက်အာနိသင်တွေရှိမှာလဲ? သို့သော် သူတို့ဘတ်စကတ်ဘောကစားပြီး နည်းနည်းစမ်းသောက်ကြည့်သောအခါ လုံးဝအံ့ဩသွား၏။
ဒီချင်းလင်လက်ဖက်ရည်ဆိုတဲ့အားဖြည့်ဖျော်ရည်မှာ သက်လုံပြန်ပြည့်စေတဲ့အာနိသင်တကယ်ရှိတာပဲ။
ပထမဆုံးသူတွေးမိတာက အားကစားပြိုင်ပွဲအသီးသီးမှာ အားကစားသမားတွေရဲ့ခွန်အားပြန်ပြည့်ဖို့ ဒီလိုဖျော်ရည်မျိုးသောက်ရင် ပြိုင်ပွဲနောက်ပိုင်းအခြေအနေတွေဆို ဘယ်လောက်အကျိုးရှိလိုက်မလဲ?
ထို့ကြောင့် သူကဖျော်ရည်ကို အိုလံပစ်ကော်မတီနှင့်အာဆီယံအိုလံပစ်စစ်ဆေးရေးမှစပွန်ဆာဌာနဆီ ချက်ချင်းပို့လိုက်သည်။
အာမခံချက်အတွက်စမ်းသပ်ရန် အားကစားဌာနကိုတောင်ပို့လိုက်သည်။
သို့သော် စမ်းသပ်ရရှိသောအဖြေ၌ အားကစားစည်းမျဉ်းချိုးဖောက်သော သို့မဟုတ် လှုံ့ဆော်ပေးသောပစ္စည်းမျိုးမပါချေ။
တစ်နည်းပြောရရင် အနည်းဆုံးဒီနှစ် ဒီပစ္စည်းက အာရှပွဲအခင်းအကျင်းကိုဝင်နိုင်သည်။ နိုင်ငံ့အသင်းက ပြိုင်ပွဲအတွက် ဒီဖျော်ရည်မျိုးကိုပြင်ဆင်ပေးရင် ဘယ်လိုဖြစ်မလဲ?
ပြိုင်ပွဲ၏တရားဝင်စပွန်ဆာအပေါ်ဆုံးဖြတ်ခွင့်မရှိသော်လည်း အာဆီယံပြိုင်ပွဲဝင်အသင်းအသီးသီး၏စပွန်ဆာများကို နိုင်ငံအသီးသီးကဆုံးဖြတ်နိုင်သည်။
သူတို့နိုင်ငံအသင်းရဲ့ဖျော်ရည်စပွန်ဆာကလည်း သူတို့သဘောသာ။
စမ်းသပ်ချက်အဆင်ပြေမှတော့ အခုသူလုပ်စရာလိုတာက ချင်းလင်လက်ဖက်ရည်ကို နိုင်ငံ့အသင်းအတွက်စပွန်ဆာဖျော်ရည်လုပ်ဖို့ပဲပေါ့။