အခုဝေတောင်မဝေဖန်ရဲတော့! ဘယ်ကစရမလဲ!
Vol. 25 Ch. 369
ချင်လင်က အကြီးအကဲချူရဲ့စကားကို ဘယ်ငြင်းနိုင်ပါ့မလဲ? သူကချက်ချင်းပင်_ ''အကြီးအကဲချူ... အားကစားသမားတွေအတွက် ကျွန်တော်တို့ပါဝင်ဆောင်ရွက်နိုင်မယ်ဆိုရင် ကျွန်တော်တို့ချင်းလင်လက်ဖက်ရည်အဖွဲ့က ဆန္ဒရှိတာပေါ့... စိတ်မပူပါနဲ့... အာဆီယံပွဲအတွင်းမှာ နိုင်ငံ့အသင်းအတွက် ကျွန်တော်တို့ချင်းလင်လက်ဖက်ရည်က ဖျော်ရည်ကိုအချိန်ပြည့်စပွန်ဆာပေးပါမယ်''
အကြီးအကဲချူကဒီလိုဆိုလာမှတော့ ဘယ်အရူးကငြင်းမှာလဲ။
ကိုကာကိုလာဖျော်ရည်က ဒီလိုပြိုင်ပွဲတွေကို ဒေါ်လာသန်းရာချီပြီးစပွန်ဆာပေးရတဲ့အကြောင်းရင်းက အကောင်းဆုံးကြော်ငြာနည်းဖြစ်နေလို့ပေါ့။ ကြော်ငြာတဲ့အခါ အိုလံပစ်စပွန်ဆာဖျော်ရည်၊ အာဆီယံကစားပွဲစပွန်ဆာဖျော်ရည်ဆိုတဲ့နာမည်တွေကိုလည်းအသုံးချနိုင်သည်။
နောက်ပြီး သူတို့နိုင်ငံထဲမှာ နိုင်ငံ့အသင်းအသိအမှတ်ပြုစပွန်ဆာဖျော်ရည်ဆိုတဲ့ခေါင်းစဉ်က တခြားခေါင်းစဉ်တွေထက်လုံးဝမနိမ့်ပေ။
နိုင်ငံအသင်းအသိအမှတ်ပြုစပွန်ဆာဖျော်ရည်များနှင့်တွဲပြီး ချင်းလင်လက်ဖက်ရည်ကိုကျယ်ကျယ်ပြန့်ပြန့်တောင်ကြော်ငြာနိုင်သည်။
ဒီအခွင့်အရေးက ချင်းလင်လက်ဖက်ရည်ရဲ့အာနိသင်ကိုတရားဝင်သက်သေပြရာလည်းရောက်သည်။ ချင်းလင်လက်ဖက်ရည်ရဲ့အာနိသင်ကို ဘယ်သူမှသံသယရှိမည်မဟုတ်တော့။ နောင်မှာကြော်ငြာဖို့အတွက် အတားအဆီးလည်းမရှိတော့ချေ။
အကြီးအကဲချူက ချင်လင်၏စကားကိုကြားလျှင် ပြုံးလိုက်ကာ_ ''သူဌေးချင်ရဲ့ထောက်ပံ့မှုအတွက် နိုင်ငံ့အသင်းကိုယ်စား ကျုပ်ကပဲကျေးဇူးတင်ပါတယ်... ဒါဆိုရင် အရင်ဆုံး စပွန်ဆာစာချုပ်လက်မှတ်ထိုးရအောင်... စာချုပ်လက်မှတ်ထိုးပြီးရင် ကော်မတီကအစီအစဉ်ဆွဲဖို့ ပိုအဆင်ပြေသွားပါလိမ့်မယ်''
သည်လိုနှင့် အာဆီယံကစားပွဲများကို သူမျှော်လင့်မိသည်။


ဘာပဲဖြစ်ဖြစ် ချင်းလင်လက်ဖက်ရည်ရဲ့အာနိသင်ကို သူစမ်းသပ်ပြီးပြီ။
စားပွဲတင်တင်းနစ်လို ခန္ဓာကိုယ်အားချင်းယှဉ်ရတဲ့အားကစားမျိုး... သို့သော် ထိုအကြောင်းတွေးမိသောအခါ အကြီးအကဲချူမျက်မှောင်ကြုတ်သွားသည်။ စားပွဲတင်တင်းနစ်ကစားသမားတွေအတွက် ဒီလိုဖျော်ရည်မျိုးသုံးရင် အနိုင်ကျင့်လွန်းရာမကျဘူးလား?
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီချင်းလင်လက်ဖက်ရည်က ဒီနှစ်အာဆီယံပွဲဝင်ပြိုင်တဲ့နိုင်ငံ့အသင်းအတွက် လုံးဝကြီးကြီးမားမားအထောက်အကူဖြစ်လိမ့်မည်။
စပွန်ဆာဖျော်ရည်တွေက အပြောသက်သက်နှင့်စပွန်ဆာပေးနိုင်တာမျိုးမဟုတ်။ နိုင်ငံတကာအိုလံပစ်ကော်မတီနှင့်အာဆီယံကော်မတီက ထုတ်ကုန်ကိုအတည်ပြုပေးဖို့လည်းလိုသည်။ စာချုပ်လက်မှတ်မထိုးခင် အာဆီယံကစားပွဲကော်မတီ၏ပြန်လည်ဆန်းစစ်ချက်ကိုအောင်ဖို့လည်းလို၏။
သို့သော် ချင်းလင်လက်ဖက်ရည်အတွက် ပြဿနာရှိပုံမပေါ်။
ဘာပဲဖြစ်ဖြစ် အကြီးအကဲချူကပြင်ဆင်ထားသည်။ သူကစစ်ဆေးချက်အစီရင်ခံစာကိုပို့ထားသည်။
စစ်ဆေးချက်အစီရင်ခံစာ?
အကြီးအကဲချူက တာဝန်ခံပုဂ္ဂိုလ်။ သူဒီနေရာရောက်လာခြင်းမှာ ချင်းလင်လက်ဖက်ရည်ကိုအသိပေးပြီး၍ဖြစ်သည်။
စာချုပ်အတွက်မူ အရာရှိများတွင် သီးသန့်စပွန်ဆာစာချုပ်ပုံစံရှိသည်။ သူတို့ကမိတ္တူထုတ်လိုက်ရုံပင်။
စာချုပ်လက်မှတ်ထိုးပြီးသောအခါ အကြီးအကဲချူက လက်မှတ်ထိုးဖြစ်စဉ်ကိုမှတ်တမ်းတင်ရန် သီးသန့်ကင်မရာယူလာခိုင်းသည်။
ဒါကပုံမှန်လုပ်ထုံးလုပ်နည်းပင်။ အချိန်ကျလျှင် ဒါကိုပြန်လည်ဆန်းစစ်ရလိမ့်မည်။ ချင်းလင်လက်ဖက်ရည်စာချုပ်ချုပ်ရန်လိုအပ်ရုံသာမက တခြားစပွန်ဆာထုတ်ကုန်များကိုလည်း ဒီအတိုင်းလုပ်ရမည်။
စာချုပ်လက်မှတ်ထိုးပြီးနောက် အကြီးအကဲချူကကြာကြာမနေတော့။ ဖုန်းလက်ခံပြောပြီး မင်စီရင်စုပြည်နယ်မြို့တော်ဆီအပြေးပြန်သွားသည်။ ကြည့်ရတာ ပြည်နယ်မြို့တော်တွင်ဗီဒီယိုရိုက်နေသောဝန်ထမ်းမှာ ပြဿနာတက်နေပုံရသည်။
အိုလံပစ်ကြယ်ပွင့်များမှာ ဘာမှအတွေ့အကြုံမရလိုက်ဘဲပြန်သွားရလေသည်။
ခရီးသည်များဝိုင်းကြည့်ခံရသည်မှလွဲ၍ သူတို့လူနည်းစုမှာ တခြားဘာမှလုပ်လိုက်ရပုံမပေါ်ချေ။
ချင်းလင်စံအိမ်၌_
အကြီးအကဲချူကိုလိုက်ပို့ပြီးနောက် တန့်ကွမ်းမှာ အာဆီယံပွဲအတွင်းနိုင်ငံ့အသင်းအတွက်စပွန်ဆာစာချုပ်ကိုကိုင်ပြီး ဝမ်းသာအားရနှင့်_ ''ဥက္ကဌချင်... တကယ်ထင်မထားတဲ့အံ့ဩစရာပဲ... ကျွန်တော်တို့ဖျော်ရည်ကို ဒီလောက်မြန်မြန်နဲ့သတိထားမိသွားမယ်လို့မထင်မိဘူး... ကျွန်တော်တို့အခုချက်ချင်းကြော်ငြာသင့်တယ်... ဝမ်ရန်က မင်စီရင်စုရဲ့ပြည်နယ်မြို့တော်စျေးကွက်ကိုမြန်မြန်ချုပ်ကိုင်နိုင်ဖို့ ဒီအခွင့်အရေးကိုလုံးဝအသုံးချလို့ရတယ်''


''ကောင်းပြီ'' ချင်လင်ကခေါင်းညိမ့်ပြီး လင်းလန်ဇီကိုဖုန်းဆက်၍ ကြော်ငြာဗီဒီယိုရိုက်ခိုင်းလိုက်သည်။
ဒီလိုစပွန်ဆာမျိုးကို ဖုံးကွယ်ထားဖို့မလို။
ဥပမာဆိုရလျှင် ဝါးဟားဟားက အာဆီယံကစားပွဲစပွန်ဆာအောင်မြင်ခဲ့ပြီး စာချုပ်လက်မှတ်တောင်မထိုးရသေးခင် သူ့ဘာသာစတင်ကြော်ငြာခဲ့သည်။ လက်မှတ်ထိုးပြီးပြီးချင်း အင်တာနက်တစ်ခုလုံးတွင် ဝါးဟားဟားက ကိုကာကိုလာကိုအလဲထိုးပြီး အာဆီယံကစားပွဲစပွန်ဆာမိတ်ဖက်ဖြစ်သွားပြီးဆိုသောသတင်းများနှင့်ပြည့်နေတော့၏။
ဒီလိုပြိုင်ပွဲတွေကိုစပွန်ဆာပေးတာ ကြော်ငြာဖို့မဟုတ်လား?
မဟုတ်ရင် လူမှုဖူလုံရေးအတွက်လား?
လင်းလန်ဇီက စပွန်ဆာစာချုပ်မြင်လျှင် အံ့ဩသွားပြီး_ ''သူဌေး... ဒီစာချုပ်က အစစ်လား?''
ချင်လင်က အံ့ဩသံနှင့်မေးလိုက်သည်_ ''ဒီလိုစာချုပ်မျိုးက အတုဖြစ်နိုင်တယ်ဆိုတဲ့သဘောလား?''
''မဟုတ်ပါဘူး... နိုင်ငံ့အသင်းကိုစပွန်ဆာပေးတာ အရင်ကအလှမ်းဝေးတယ်ထင်လို့ပါ'' လင်းလန်ဇီကအပြုံးနှင့်ပြောလိုက်သည်။ ဒါတကယ့်ကိစ္စပဲ။ အာဆီယံကစားပွဲမှာ အလွန်ခမ်းနားသလိုရှိသည်။ စပွန်ဆာပေးတဲ့ထုတ်ကုန်တွေက နာမည်ကြီးဘရန်းတွေမဟုတ်လား?
သူ့သူဌေးရဲ့ထုတ်ကုန်က ဒီလောက်အဆင့်မြင့်သွားပြီလား?
သို့သော် သူဌေးရဲ့ချင်းလင်လက်ဖက်ရည်အာနိသင်ကိုစဉ်းစားကြည့်ရင် အားကစားသမားတွေအတွက်တကယ်အကျိုးရှိပုံရသည်။
ချင်လင်ကဆက်၍_ ''ဒီစာချုပ်ကအစစ်ပါ... သွားတော့!''
လင်းလန်ဇီကခေါင်းညိမ့်ပြီး ကောင်းယောင်ယောင်ကိုခေါ်၍ကြော်ငြာဗီဒီယိုရိုက်ရန် မာတီမီဒီယာဌာနသို့ချက်ချင်းပြန်သွားသည်။
ဒီလိုလေ့ကျင့်ခန်းနှင့်ဖျော်ရည်အကြောင်းဗီဒီယိုကို ကောင်းယောင်ယောင်လိုငယ်ရွယ်လှပသူမျိုးကမျက်နှာပြဖို့ ပိုပြီးသင့်တော်သည်။
ရုံးခန်းထဲ၌_
တန့်ကွမ်းကစပွန်ဆာစာချုပ်ကိုကြည့်ရင်း ခဏတွေးလိုက်ပြီး_ ''ဥက္ကဌချင်... ကျွန်တော်တို့ သီးသန့်ထုတ်လုပ်ရေးလိုင်း သီးသန့်ပုလင်းသက်သက်နဲ့ အားကစားသီးသန့်တချို့ ပြင်ဆင်ထားသင့်တယ်လို့ထင်လား?''
''ကျွန်တော်တို့ထုတ်ကုန်ရဲ့အားပြန်ပြည့်စေတဲ့အာနိသင်ကိုကြည့်လေ ဟုတ်တယ်မလား? ကျွန်တော်ယုံတယ်... အာဆီယံပွဲကျရင် ဒီအားကစားသမားတွေက ကျွန်တော်တို့ချင်းလင်လက်ဖက်ရည်သောက်ပြီး လုံးဝအထောက်အကူဖြစ်မှာသေချာတယ် ဟုတ်တယ်မလား? သူတို့အားလုံးက ကျွန်တော်တို့ဖျော်ရည်ကောင်းတဲ့အကြောင်း သိသွားမှာပဲ''
''ဒါပေမဲ့ ကျွန်တော်တို့ဖျော်ရည်က ကစားပွဲမှာပဲအသုံးတည့်တာမဟုတ်ဘူးမလား? အားကစားသမားတွေရဲ့ပုံမှန်လေ့ကျင့်ရေးတွေမှာ ပိုတောင်အထောက်အကူဖြစ်ဦးမယ် ဟုတ်တယ်မလား? အားကစားအဖွဲ့အစည်းတွေဘယ်လောက်များများက ကျွန်တော်တို့ကိုအော်ဒါတင်မယ်ထင်လဲ?''
ချင်လင်ကထိုစကားကြားလျှင်ပြုံး၍_ ''လောင်တန့်... ခင်ဗျားမှာ ရေရှည်အမြင်ရှိတာပဲ''
ဒါတကယ့်ကိစ္စ။ ချင်းလင်လက်ဖက်ရည်၏ သက်လုံအားဖြည့်ပေးခြင်း +၁ နှင့် ခွန်အားပြန်ပြည့်စေခြင်း +၁ အာနိသင်က အားကစားသမားများကို ပြိုင်ပွဲအတွင်းအင်အားမြန်မြန်ဆန်ဆန်ပြန်ပြည့်စေပြီး ပြိုင်ပွဲတွင်အားသာချက်ရှိပေမည်။