← Chapters

အခုဝေတောင်မဝေဖန်ရဲတော့! ဘယ်ကစရမလဲ! ၃

Vol. 25 Ch. 371

အခုဝေတောင်မဝေဖန်ရဲတော့! ဘယ်ကစရမလဲ! ၃

Vol. 25 Ch. 371

ဒီလိုစပွန်ဆာသတင်းမျိုးကို အချိန်နှင့်အမျှတင်ပေးလေ့ရှိသည်။

ချင်းလင်လက်ဖက်ရည်က နိုင်ငံ့အသင်း၏အာဆီယံပွဲအတွက်စပွန်ဆာပေးသည်ဟူသော နောက်ဆုံးသတင်းကို ယွီရှန်းချက်ချင်းတွေ့လိုက်ရ၏။

ဒီသတင်းကိုအမှန်တကယ်တွေ့လိုက်ရသောအခါ အခြေအနေမကောင်းတော့မှန်း ယွီရှန်းသိလိုက်ပြီ။

သူကအလန့်တကြားနှင့် Weibo အတည်ပြုအကောင့်များ၊ဗီဒီယိုအတိုဘလော့ဂါများနှင့်ဆက်သွယ်ထားသော လက်အောက်ငယ်သားကိုလှမ်းအော်လိုက်သည်_ ''မြန်မြန်ရပ်... အဲဒီစာတွေမပို့နဲ့တော့''





ဟာသပဲ။ နိုင်ငံ့အသင်းအသိအမှတ်ပြုစပွန်ဆာဖျော်ရည်ဆိုတော့ အဖွဲ့တွေအများကြီးကစမ်းသပ်စစ်ဆေးထားပြီး ပြဿနာမရှိလို့ပေါ့။ ဒီအချိန်မှာ ချင်းလင်လက်ဖက်ရည်ထဲစိတ်တက်ကြွစေတဲ့ပစ္စည်းတွေပါတဲ့သတင်းရှိပါ့မလား? အရာရှိတွေ၊ နိုင်ငံတကာအိုလံပစ်ကော်မတီ ဒါမှမဟုတ် အာရှမှာဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေကို သူကမေးခွန်းထုတ်နေတာပေါ့? ဒါမှမဟုတ် တရားဝင်နိုင်ငံ့အသင်းက တရားမဝင်ပစ္စည်းတွေသုံးနေတယ်လို့ သူကစောင်းပြောနေတာလား?

ဘာပဲဖြစ်ဖြစ် လမ်းဆုံးပဲ။

ပြည်သူ့အမြင်တက်လာပြီဆိုတာနှင့် တာဝန်ရှိသူများကအမှန်တကယ်စုံစမ်းစစ်ဆေးရင် ပြဿနာကမရှိ။ အဲဒီအချိန်ကျရင် Red Bull ကိုငြိစွန်းလာမလား သူမသိပေ။ တောင်ပိုင်းခရိုင်အထွေထွေကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့သူတော့ လုံးဝသွားပြီ။ နောက်ပြီး သူ့ထမင်းအိုးမှောက်သွားလိမ့်မည်။

ယွီရှန်းသွေးပျက်နေပုံကိုကြည့်ပြီး လက်အောက်ငယ်သားက လောလောလောလောနှင့်ပြောလိုက်သည်_ ''သူဌေး... အခုထိမပို့ရသေးပါဘူး''

''ဟူး!'' ယွီရှန်းမှာ ထိုစကားကြားမှစိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။ သူတကယ်လန့်သွားသည်။

လက်အောက်ငယ်သားက ထပ်မေးလိုက်၏_ ''သူဌေး... Pulse လက်ဖက်ရည်နဲ့ East Roc အထူးဖျော်ရည်ကိုအသိပေးလိုက်ရမလား?''

''မလိုဘူး'' ယွီရှန်းကတန်းပြောလိုက်သည်။ သူကဒါကိုတောင်စောင့်နေတာ။ ဒီမိသားစုနှစ်စုထဲကတစ်ယောက်ယောက်က ပြောထားတဲ့အတိုင်းလှုပ်ရှားလိုက်ရင် အုံကြွလာလိမ့်မည်။ သူကပွဲလန့်တုန်းဖျာတောင်ဝင်ခင်းနိုင်သေး၏။

သူကထိုအကြောင်းတွေးရင်း သူ့လက်အောက်ငယ်သားကို ဒီသတင်းအာရုံစိုက်ထားခိုင်းကာ မျှော်လင့်စောင့်စားနေသည်။

ဖြစ်ချင်တော့ သူကစောင့်နေခဲ့သည်။ ဘရန်းတစ်ခု၏တောင်ပိုင်းအထွေထွေကိုယ်စားလှယ်က အကွက်ရွှေ့လိုက်သည်ကို သူမမြင်။

ဘယ်သူမှအချဉ်မဟုတ်ပေ။

နောက်ဆုံး ယွီရှန်းမှာ သူ့ရုံးခန်းထိုင်ခုံတွင် လက်မှိုင်ချထိုင်နေရုံသာရှိသဖြင့် Red Bull ရုံးချုပ်ကိုဖုန်းဆက်လိုက်သည်။

ဒီလိုအခြေအနေမှာ ထုတ်ကုန်အရည်အသွေးချင်း ဒီလိုကွာဟမှုမျိုးရှိသဖြင့် ချင်းလင်လက်ဖက်ရည်ကိုကိုင်တွယ်ရန် ညစ်ပတ်သောနည်းလမ်းများသုံးမရချေ။ စျေးကွက်ရောင်းချခြင်းနှင့်ဖြေရှင်းနိုင်သောကိစ္စမဟုတ်တော့။





နံပါတ်တစ်ဖုန်းဘရန်းတစ်ခုမှာ လက်ရှိဘယ်သူမှဂရုမစိုက်တော့သည်အထိ လျင်လျင်မြန်မြန်ပြိုလဲသွားပုံကိုတွေးကြည့်ပါ။ သူ့မှာ စျေးကွက်ရောင်းချနည်းတွေ စီးပွားရေးနည်းစနစ်တွေမရှိလို့လား?

ဒီနည်းလမ်းတွေမရှိဘဲ အရင်ကနံပါတ်တစ်ဖြစ်ခဲ့မှာမဟုတ်။ တခြားကုမ္ပဏီများက နည်းပညာတစ်ခေတ်ပြန်လည်ဆန်းသစ်သောကြောင့်ဖြစ်သည်။ သူတို့ဘယ်လောက်ပဲစျေးကွက်မှာရောင်းရောင်း စီးပွားရေးနည်းတွေသုံးသုံး အသုံးမဝင်ချေ။

နည်းပညာခေတ်ပြောင်းသွားပြီး သူတို့လည်း သူတို့နည်းပညာကိုမမြှင့်တင်ဘူးဆိုရင်ပေါ့။

ဒီမတိုင်ခင်က အားဖြည့်ဖျော်ရည်ဆိုသော ဖျော်ရည်များမှာ အနည်းနှင့်အများအာနိသင်တူကြသည်။ ဘယ်ဟာကမှ ပိုမကောင်း။ လူတွေအလွန်ဆုံးလုပ်နိုင်တာက အရသာပြောင်းပြီး ပိုက်ဆံရဖို့ဆက်လက်ရောင်းချခြင်းသာ။ အားလုံးက အဆင့်ချင်းအတူတူပင်။ ဘရန်းချင်း၊ စျေးကွက်ရောင်းချနည်းချင်း၊ စီးပွားရေးနည်းစနစ်ချင်းယှဉ်ကြသည်။

ချင်းလင်လက်ဖက်ရည်က ဒီအားဖြည့်ဖျော်ရည်ကို တစ်ခေတ်ပြန်လည်ဆန်းသစ်သောထုတ်ကုန်ဖြစ်ပုံရသည်။ သူတို့ကိုယ်စားလှယ်လုပ်သောဘရန်းများမှာ အရင်ဖုန်းကုမ္ပဏီလိုပင်၊ သူတို့နည်းပညာအရည်အသွေးက နိမ့်ကျသွား၏။

ဒီအခြေအနေမှာ ထုတ်ကုန်အရည်အသွေးအဆင့်မြှင့်ဖို့သာ အားထားရမည်။

ကံကောင်းထောက်မစွာနှင့် ဒါကဖျော်ရည်ထုတ်ကုန်မျှသာ။ သူတို့ကိုယ်စားလှယ်လုပ်သောဘရန်းများ၏ရံပုံငွေနှင့်ဆိုလျှင် တုပပီးထုတ်ဖို့မခက်။

သို့သော် ဒီမတိုင်ခင် ချင်းလင်လက်ဖက်ရည်က အားဖြည့်ဖျော်ရည်စျေးကွက်ကို အသားလွတ်သိမ်းပိုက်သွားတာ ထိုင်ကြည့်နေရုံသာရှိတော့သည်။

အဲဒီအချိန်ကျရင် ချင်းလင်လက်ဖက်ရည်က ကိုင်လှုပ်မရတဲ့အားဖြည့်ဖျော်ရည်ဘရန်းတစ်ခုဖြစ်ချင်ဖြစ်နေလောက်ပြီ။ သူ့ကိုထပ်ပြီးအလဲထိုးဖို့ မဖြစ်နိုင်လောက်တော့။

တစ်ချိန်တည်းမှာ East Roc အထူးဖျော်ရည်နှင့် Pulse လက်ဖက်ရည်၏တောင်ပိုင်းခရိုင်အထွေထွေကိုယ်စားလှယ်က ထိုသတင်းကိုပင် ရုံးချုပ်သို့တင်ပြကြသည်။

ရုံးချုပ်မှသတင်းကြားပြီးနောက် သူတို့အားလုံးက ညလုံးပေါက်ချင်းလင်လက်ဖက်ရည်ကိုအတည်ပြုစစ်ဆေးကြ၏။

ထိုညတွင် ဖျော်ရည်ဘရန်းများ၏အထက်အဆင့်ဆင့်လူများမှာ ညမအိပ်နိုင်ကြချေ။

အကြောင်းမှာ သူတို့အားလုံး ချင်းလင်လက်ဖက်ရည်၏အာနိသင်ကိုအတည်ပြုပြီးသောကြောင့်ပင်။ သို့ရာတွင် ချင်းလင်လက်ဖက်ရည်မှာ အင်တာနက်ပေါ်တွင်တဟုန်ထိုးတက်နေပြီး အာဆီယံပွဲ၏နိုင်ငံ့အသင်းစပွန်ဆာဖျော်ရည်ဖြစ်လာသည်။ သူတို့ဘယ်ကစရမှန်းမသိတော့။

ဒီအခြေအနေက လုံးဝအောင့်သီးအောင့်သက်။

အခုသူတို့လုပ်နိုင်တာက ညတွင်းချင်းအစည်းအဝေးစဖို့။ ပြီးရင် ထိပ်တန်းဆော့ဘရန်း ၁၀ ခုလို ဓာတ်ခွဲခန်းကိုအားချင်းပိုက်ဆံပုံပေးပြီး ချင်းလင်လက်ဖက်ရည်ကိုစတင်ဓာတ်ခွဲဖို့ပင်။

ဒီအတောအတွင်း ချင်းလင်လက်ဖက်ရည်က အားဖြည့်ဖျော်ရည်စျေးကွက်ကိုသိမ်းပိုက်တာ ထိုင်ကြည့်ရုံသာရှိလေသည်။





All Chapters