ခွေးထက်ဆိုး! လျိုယီရဲ့တောင်းဆိုချက်!
Vol. 25 Ch. 372
မနက်အစောပိုင်း_
ခရီးသည်များမရောက်သေးခင် ချင်းလင်စံအိမ်၏အငွေ့အသက်မှာ အလွန်အသက်ဝင်နေသည်။
ဒီနေ့က အဆောင်ရွှေ့ရမည့်နေ့ဖြစ်သောကြောင့်ပင်။
အကြာကြီးကြာပြီးနောက် နောက်ဆုံးတော့ အဆောင်ထဲဝင်နိုင်ပြီ။
ခရီးသည်များမရောက်ခင် အဆောင်နေရန်လျှောက်ထားသူများမှာ HR ဌာနသို့သော့သွားယူပြီး သူတို့အဆောင်နေရာကိုကြည့်ရှုနိုင်သည်။
ဝန်ထမ်းအတော်များများက စီရင်စုမြို့ထဲတွင်မိသားစုရှိ၍ အလုပ်ဆင်းလျှင်အိမ်ပြန်ပြီး အိမ်ရာထောက်ပံ့ငွေသာယူလိုသော်လည်း စီရင်စုမြို့ထဲတွင် အိမ်ငှားနေသောမိသားစုများနှင့်ဝန်ထမ်းများလည်းရှိသောကြောင့် အဆောင်နေဖို့အသင့်စောင့်နေကြသည်။
ထို့ကြောင့် မနက်စောစော သူတို့အဆောင်သွား၍ အခန်းဖော်ဘယ်သူလဲကြည့်ကြသည်။
အဆောင်ကို နာမည်ကြီးတက္ကသိုလ်တစ်ခု၏ ခေတ်သစ်အဆောင်ပုံစံအတိုင်းဆောက်လုပ်ထားသည်။ အခန်းအရွယ်အစားပေါ်မူတည်၍ လေးယောက်ခန်း၊ ခြောက်ယောက်ခန်းခွဲထားသည်။ လေအေးပေးစက်၊ ရေအပူပေးစက်နှင့် သန့်စင်ခန်းသီးသန့်ပါသည်။ ပတ်ဝန်းကျင်က အလွန်ကောင်း၏။
ကောင်းယောင်ယောင်မှာ သော့ရရချင်း အဆောင်ထဲဝင်ပြီး ညာဘက်လှေကားထစ်များဆီလျှောက်သွားလိုက်သည်။


အဆောင်ဘယ်ဘက်နှင့်ညာဘက်ကိုခွဲထားသည်။ ဘယ်ဘက်တွင်အမျိုးသားဆောင်ဖြစ်ပြီး ညာဘက်မှာအမျိုးသမီးဆောင်ဖြစ်သည်။
အပေါ်တက်လိုက်လျှင် အခန်းသန့်ရှင်းရေးလုပ်ရင်း ပျော်ပျော်ရွှင်ရွှင်စကားပြောနေသောဝန်ထမ်းများကိုတွေ့ရသည်။ အဆောင်က သူတို့ငှားနေခဲ့သောနေရာထက် အများကြီးပိုကောင်းသည်လေ။ အားလုံးအလွန်စိတ်ကျေနပ်သည်ပေါ့။
ကောင်းယောင်ယောင်က တတိယထပ်ရှိသူမအဆောင်သို့ရောက်သွားသည်။
သူမက ကြီးကြပ်သူများအတွက် တစ်ယောက်ခန်းအကျယ်ကြီးတွင်နေရသည်။ သူမလည်း ပတ်ဝန်းကျင်ကိုစိတ်တိုင်းကျနေသည်။
အရင်အဆောင်သေးသေးလေးထက် အများကြီးပိုပြီးဇိမ်ကျ၏။
ချင်လင်မှာ အဆောင်ရွှေ့သောကိစ္စမျိုးလေးအတွက် အာရုံသိပ်စားမနေ။ မနေ့က နောက်ခံတွင် HR ဌာနမှပို့သောကြေညာချက်ကိုသာမြင်ပြီး ထောက်ခံပေးလိုက်သည်။
သူကမနက်စောစော ဂိမ်းထဲမှပစ္စည်းများကို စံအိမ်သို့ရွှေ့ပြီး သူ့ရုံးခန်းထဲပြန်လာကာ ချင်းလင်လက်ဖက်ရည်အော်ဒါများကိုစစ်ဆေးကြည့်လိုက်သည်။
ချင်းလင်လက်ဖက်ရည်မှာ ဒီနှစ်အာဆီယံကစားပွဲအတွက် စပွန်ဆာဖျော်ရည်အဖြစ်အသိအမှတ်ပြုခံရပြီးနောက် ဝမ်ရန်၏အော်ဒါများမှာ ညတွင်းချင်းတက်လာသည်။
မင်စီရင်စု၏ပြည်နယ်မြို့တော်စျေးကွက်ကို မကြာခင်ဖြိုချနိုင်တော့မည်။
နင်းမြို့တော်စက်ရုံမှထုတ်လုပ်ရေးလိုင်းအသစ် ၄၀ လုံးနေရာချပြီးလျှင် တခြားနယ်တွင် ကိုယ်စားလှယ်တစ်ယောက်နှစ်ယောက်ရွေးထားနိုင်လိမ့်မည်။
ချင်းလင်လက်ဖက်ရည်၏အခြေအနေကိုစစ်ဆေးပြီးသောအခါ ချင်လင်ကသူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။ ဒီနေ့ငါး ၃၅ ကောင်ကိုဖမ်းပြီး ဒီနေ့ပြန်ထွက်သောသစ်ပင်များအားလုံးကိုခုတ်ချလိုက်သည်။
ဒီနေ့က အရည်အသွေးမြင့်သစ်ပင်တွေ၊ တောင်တန်းထွက်ကုန်တွေဘာမှမရတဲ့ နောက်တစ်ရက်ပင်။
ထိုအလုပ်များပြီးလျှင် ချင်လင်ကဖုန်းကိုင်၍ ဒီနေ့ချင်းလင်လက်ဖက်ရည်၏ကျော်ကြားမှုကိုစစ်ဆေးကြည့်လိုက်သည်။
သို့ရာတွင် ပထမဗီဒီယိုကိုဆွဲချလိုက်ရုံသာရှိသေး၊ မနေနိုင်ဘဲ ထဆဲမိသည်_ ''သောက်... ဒီ Starbucks က ဘာလဲဟ?''
သူဆဲလည်း ဆဲချင်စရာ။ ဗီဒီယိုကို တရားဝင်သတင်းအကောင့်တစ်ခုမှတင်ထားသည်:
တရုတ်ရဲအရာရှိများမှာ တာဝန်ချိန်တွင်စားဖို့အချိန်မရှိပေ။ အချိန်ကုန်သက်သာစေရန် နေ့လယ်စာထမင်းဘူးများဝယ်ပြီး Starbucks အပြင်ဘက်တွင်စားကြသည်။ မထင်မှတ်ဘဲ Starbucks ဝန်ထမ်း၏မောင်းထုတ်ခြင်းကိုခံရပြီး သူတို့ဘရန်းပုံရိပ်ကိုထိခိုက်ကြောင်းတိုင်ကြားရန် ဓာတ်ပုံပါရိုက်ယူထားကြသည်။
M နိုင်ငံကထုတ်ကုန်ဆိုတဲ့အတိုင်း ဒါဘယ်သူ့နိုင်ငံလဲဆိုတာတောင်မသိဘဲ သူတို့ဘရန်းပုံရိပ်ကိုထိခိုက်တယ်တဲ့လား? ရိုင်းလိုက်တာ။
သူတို့က ဘရန်းပုံရိပ်လိုချင်သေးတာလား?


ချင်လင်ကမနေနိုင်ဘဲ ဗီဒီယိုတွင် မှတ်ချက်ဝင်ရေးလိုက်သည်:
Starbucks ကပိတ်သိမ်းပြီးမတောင်းပန်ရင် သူတို့နိုင်ငံကလူတွေအကုန် တာဝန်ယူရလိမ့်မယ်။
သူကဒေါသကြီးသောလူငယ်မဟုတ်။ သို့သော် ဒီကိစ္စမျိုးက တကယ်စိတ်ပျက်စရာ။
ဖြစ်ချင်တော့ မှတ်ချက်နေရာထဲရှိပြည်သူအားလုံးမှာ သူတို့ရင်ထဲတွင်အစိုင်အခဲတစ်ခုရှိကြပြီး သိုးထိန်းခွေးပေါ်မလာပေ။
ချင်လင်က နောက်ထပ်ဗီဒီယိုတချို့ဆွဲကြည့်လိုက်ရာ ချင်းလင်လက်ဖက်ရည်အကြောင်း ဗီဒီယိုတချို့တွေ့ရသည်။ နောက်ပြီး ချင်းလင်လက်ဖက်ရည်ကိုမျှော်နေတဲ့အကြောင်း ဗီဒီယိုတင်ထားသောအားကစားဆယ်လီများလည်းရှိသည်။
သဘောက ချင်းလင်လက်ဖက်ရည်အရမ်းနာမည်ကြီးနေပြီပေါ့။ ဒါကောင်းတဲ့ကိစ္စပင်။ သို့သော် Y နိုင်ငံကစားသမားက သူ့ကိုကျော်ပြီးဘောလုံးဆွဲယူသွားစဉ် လုံးဝမလှုပ်ရှားခဲ့သောနိုင်ငံ့ဘောလုံးစတားတစ်ယောက်က ချင်းလင်လက်ဖက်ရည်၏အကူအညီနှင့် အာဆီယံကစားပွဲတွင် ရလဒ်ကောင်းများရမှာသေချာသည်ဟုပြောထားသည်ကို သူတွေ့လိုက်ရလေသည်။
ချင်လင်က ထိုဗီဒီယိုကိုမြင်လျှင်_ ''မလုပ်ပါနဲ့... အဲဒါသောက်ပြီးတာတောင် ငြိမ်ငြိမ်ကြီးရပ်နေရင် လူတွေက ချင်းလင်လက်ဖက်ရည်ကိုအာနိသင်မရှိဘူးလို့အထင်လွဲကုန်ပါ့မယ်'' ဟု ပြောမိတော့မတတ်။
သို့သော် မတတ်နိုင်။ ဘာပဲဖြစ်ဖြစ် နိုင်ငံ့ဘောလုံးအသင်းကလည်း အာဆီယံကစားပွဲအဖွဲ့ဝင်ပဲလေ။
ဝု... ဝု!
ရုံးခန်းအပြင်တွင် ဝမ်ချိုင်၏ဟောင်သံကြားရသည်။ တံခါးတောင်လာခေါက်နေ၏။ အသံနားထောင်ပြီး တံခါးခေါက်နေတာခွေးမှန်း သူသိသည်။
ချင်လင်ကမတ်တပ်ထ၍ တံခါးနားလျှောက်သွားကာဖွင့်လိုက်သည်။ ခွေးကလက်မြောက်ပြီး ရုံးခန်းတံခါးထပ်ခေါက်မည်ကို သူတွေ့ရသည်။
ခွေးက တံခါးပွင့်ပြီးချင်လင်ပေါ်လာသည်ကိုမြင်လျှင် လက်ချ၍ သူ့ကိုမျက်နှာလိုမျက်နှာရသွားဖြဲပြနေ၏။
ခွေးလည်ပင်းတွင် QR ကုတ်လည်းရှိသည်ကို ချင်လင်တွေ့လိုက်ရသည်။ နောက်ပြီး QR ကုတ်က ရှဉ့်လေးမွေးနီထက် တော်တော်လေးကြီးနေသည်။
ဒါမာတီမီဒီယာဌာနရဲ့လက်ချက်ပဲဖြစ်မလား?
မွေးနီအတွက်သီးသန့်နံပါတ်ဖန်တီးပေးထားသောအကျိုးဆက်ကမဆိုး။ ပရိသတ်သန်းဆယ်ချီသော အင်တာနက်ဆယ်လီအိမ်မွေးတိရစ္ဆာန်များနှင့်မယှဉ်နိုင်သော်လည်း ရှဉ့်လေးကချစ်စရာကောင်းပြီး တက်တက်ကြွကြွရှိသည်။ ကံကောင်းသူများကိုရှာ၍ လက်ဆောင်တောင်ပေးနိုင်ပြီး အချိန်တိုအတွင်းပရိသတ်သန်းချီရထားသည်။
ထို့ကြောင့် ခွေးမှာ လင်းလန်ဇီ၏ဒုတိယပစ်မှတ်ဖြစ်လာပြီး သူ့အတွက်လည်းအကောင့်တစ်ခုဖန်တီးပေးထားသည်။
QR ကုတ်ကိုကြည့်ရင်း ချင်းလင်လက်ဖက်ရည်နာမည်ကြီးတာကိုအခွင့်ကောင်းယူပြီး ခွေးကိုစီးပွားရေးအတွက်လမ်းဖွင့်ပေးရတော့မလား?
ဒါပေမဲ့ ဒီလို QR ကုတ်မျိုးက ရိုးနေပြီမလား?
နောက်ပြီး ခွေးက ကံကောင်းသူရှာပြီးလက်ဆောင်ပေးတဲ့အိမ်မွေးတိရစ္ဆာန်စွမ်းရည်မျိုးမှမသင်ဖူးဘဲ၊ အလုပ်ဖြစ်ပါ့မလား?
ချင်လင်တွေးတောနေစဉ် ခွေးက QR ကုတ်ကိုကိုက်ပြီး သူ့ကိုမျှော်လင့်တကြီးကြည့်နေသည်ကို တွေ့လိုက်ရသည်။
“…” သူ့သဘောကို ချင်လင်နားလည်သည်။ သူက QR ကုတ်ကိုထုတ်ပြီး စကင်န်ဖတ်လိုက်သည်။
သို့ရာတွင် ပေါ်လာသောအချက်အလက်ကြောင့် သူကြောင်သွားသည်။ ရှဉ့်လေးလို ကျပန်းပစ္စည်းပေးခြင်းမဟုတ်ဘဲ ငွေပေးချေသည့် QR ကုတ်နှင့် ငွေပေးချေခြင်းအသိပေးစာဖြစ်နေလေသည်: