← Chapters

ခွေးထက်ဆိုး! လျိုယီရဲ့တောင်းဆိုချက်! ၃

Vol. 25 Ch. 374

ခွေးထက်ဆိုး! လျိုယီရဲ့တောင်းဆိုချက်! ၃

Vol. 25 Ch. 374

ထို့နောက် သူမချီဟွာဟွာကို မကျေမချမ်းကြည့်လိုက်ကာ_ ''မင်းကဘာလို့ဉာဏ်မကောင်းရတာလဲ?''

သူ့သခင်ဘာဖြစ်နေလဲ ချီဟွာဟွာကလုံးဝမသိ။ သူမကိုအူကြောင်ကြောင်နှင့်ကြည့်နေသည်။

နောက်ဆုံး အမျိုးသမီးက ချီဟွာဟွာကိုသယ်ပြီး သူမယောက်ျားနှင့်ပန်းပင်လယ်ထဲဝင်သွားတော့သည်။ သူမရဲ့ခွေးက ဘယ်လောက်ပဲအအ သူမရဲ့ခွေးပဲ။ သူများခွေး ဘယ်လောက်ပဲတော်တော် သူတို့ခွေးမဟုတ်။

သိပ်မကြာမီ_

သို့သော် လင်းဖန်မှာ မာတီမီဒီယာဌာနသို့သွား၍ အလန့်တကြားနှင့် လင်းလန်ဇီကိုသွားရှာကာ_ ''ရှောင်လင်... ကြည့်... ဒီအကောင့်ထဲမှာ ပိုက်ဆံတွေတိုးနေတယ်... အရမ်းများနေပြီ... ပြဿနာများရှိလား?''

လင်းဖန်ကသူမဖုန်းထုတ်၍ လင်းလန်ဇီကိုအကောင့်ပြေစာပြလိုက်သည်။

ထိုအကောင့်မှာ ခွေး၏ QR ကုတ်နှင့်ဆက်သွယ်ထားအကောင့်ပင်။

ယွမ် ၅၀ လက်ခံရရှိပါသည်။

ယွမ် ၁၀၀ လက်ခံရရှိပါသည်။

၁၀ ယွမ် လက်ခံရရှိပါသည်။

ယွမ် ၂၀ လက်ခံရရှိပါသည်။

၅ ယွမ် လက်ခံရရှိပါသည်။

…

ငွေပေးချေစာများကိုမြင်လျှင် လင်းလန်ဇီအံ့ဩသွားသည်။

QR ကုတ်အသိပေးစာတွင် တစ်ပဲနိဟုတမင်သက်သက်ရေးခိုင်းခြင်းမှာ ခရီးသည်များကအများကြီးပေးမှာစိုးသောကြောင့်ပင်။ ခွေးကိုအသုံးချပြီး ပိုက်ဆံရှာသည်ဟုထင်လိမ့်မည်။

ဒီခရီးသည်က QR ကုတ်စကင်န်ဖတ်ပြီး ပိုက်ဆံအများကြီးပေးမယ်လို့ ဘယ်သိမလဲ?

နောက်ပြီး QR ကုတ်ရှင်းပြီးကြောင်းစာများ ၂၀ နီးပါးရှိနေသည်။

သူမတွေးတောနေစဉ် ဖုန်းမြည်လာသည်။

ယွမ် ၃၀ လက်ခံရရှိပါသည်။

ယွမ် ၂၀ လက်ခံရရှိပါသည်။

“…” လင်းလန်ဇီအံ့ဩသွားသည်။





ဒီခွေးက တကယ်ဒီလောက်စွမ်းလား?

သေချာတွက်ကြည့်သောအခါ ခွေးဝင်ငွေက ယွမ် ၄၀၀ နီးပါးရှိနေသည်။

ယွမ် ၃၀ လက်ခံရရှိပါသည်။

နောက်ထပ်စာတစ်စောင်။

ဟုတ်ပြီလေ။ ယွမ် ၄၀၀ ပြည့်သွားပြီပေါ့။

တစ်နေ့ယွမ် ၄၀၀ ပဲဆိုရင်တောင် ဒီခွေးက တစ်လယွမ် ၁၂၀၀၀ မရှာနိုင်ဘူးလား?

ပြောချင်တာက ဘယ်လောက်ကြာသေးလို့လဲ?

သူမလစာက ဘယ်လောက်လဲ?

လင်းလန်ဇီမှာ ထိုအကြောင်းတွေးမိလျှင် ရုတ်တရက်စိတ်အခြေအနေပြိုလဲတော့မတတ်။ သူမကအားကျစွာနှင့်_ ''အန်တီဖန်... ရပါတယ်... ဝမ်ချိုင်ရဲ့ပိုက်ဆံလို့သာသဘောထားလိုက်ပါ''

''ငါ့ခွေးက တစ်နေ့အဲလောက်ရှာနိုင်တယ်လား?'' လင်းလန်ဇီ၏စကားကိုကြားပြီးတာတောင် လင်းဖန်မှာမယုံနိုင်_ ''ငါ့ရဲ့လစာထက် ပိုများနေတယ်မလား?''

''...'' လင်းလန်ဇီမှာ 'ဒီနှုန်းနဲ့ဆို စံအိမ်ကလူတိုင်းထက်ပိုရတော့မှာ'ဟု တကယ်ပြောပြလိုက်ချင်သည်။

ချင်းလင်လက်ဖက်ရည်၏ကျော်ကြားမှုအောက်တွင် ခွေးကဆင်ဖြူတော်မှီကြံစုပ်ပြီး လုံးဝအောင်မြင်နေသည်။

သူကတက်ကြွစွာနှင့် QR ကုတ်စကင်န်ဖတ်ဖို့ ခရီးသည်တွေလိုက်ရှာစဉ် တစ်ယောက်ယောက်ကထိုမြင်ကွင်းကိုအံ့ဩပြီး လိုင်းပေါ်တင်လိုက်သည်။

'ချင်းလင်စံအိမ်သူဌေးနှင့်သူ့ခွေးဝမ်ချိုင်ကြားရန်ပွဲ' ဆိုသောဗီဒီယိုမှာ အလွယ်တကူနာမည်ရလာသည်။

ဤသည်က လင်းလန်ဇီနှင့်မာတီမီဒီယာဌာန၏အကျိုးရလဒ်ပင်။

ထိုနာမည်ကျော်ဗီဒီယိုကိုတွေ့သောအခါ လူများကစိတ်လှုပ်ရှားစွာနှင့် မှတ်ချက်ဝင်ရေးကြသည်:

''ချင်းလင်စံအိမ်သူဌေးက ဒီလိုသူဌေးမျိုးလို့မထင်မိဘူး... ခွေးနဲ့တကယ်ရန်ဖြစ်တယ်ပေါ့''

''ခွေးနဲ့ရန်ဖြစ်တဲ့သူဌေးမျိုးမြင်ဖူးလား? ချင်းလင်စံအိမ်ရဲ့သူဌေးပဲ ဒါမျိုးလုပ်တတ်တာ''

“…”

ဝမ်ချိုင်နာမည်ကြီးလာသည်နှင့် ခရီးသည်အတော်များများက စံအိမ်ထဲတွင် စံအိမ်ပိုင်ရှင်နှင့်ရန်ဖြစ်ထားသောခွေးဟုတောင် လိုက်ရှာကြသည်။ ထို့နောက် သူခွေးစာဝယ်ရန် QR ကုတ်စကင်န်ဖတ်ကြ၏။

ချင်းလင်စံအိမ်ကိုလာလည်နိုင်တဲ့ဘယ်သူမဆို တစ်လဝင်ငွေယွမ် ၅၀၀၀ ကျော်လိမ့်မယ် ဟုတ်တယ်မလား? ၁၀ ယွမ်၊ ယွမ် ၂၀ လောက်ကို ဘယ်သူမှဂရုမစိုက်။

ဝမ်ချိုင်၏အကောင့်ကိုလိုက်ကြည့်သူများလည်း ရှဉ့်လေးကဲ့သို့မြန်မြန်ဆန်ဆန်တိုးလာသည်။

သည်လိုနှင့် အင်တာနက်ဆယ်လီခွေးတစ်ကောင်ဖြစ်လာ၏။ နောင်မှာ စံအိမ်ထဲ၌ရှဉ့်လေးလိုပင် အီစတာဥအစီအစဉ်မျိုးဖြစ်လာလိမ့်မည်။ စံအိမ်လာသောခရီးသည်များက ခွေးနှင့်ဓာတ်ပုံရိုက်မည်ဟူသောမျှော်လင့်ချက်နှင့် စိတ်ထဲမထားပေ။

ညနေပိုင်းတွင် ချင်လင်၏ရုံးခန်းထဲ တစ်စုံတစ်ယောက်ရောက်လာသည်။

ကောင်းယောင်ယောင်က ရုံးခန်းထဲသို့ လျိုယီနှင့်ဝင်လာပြီး_ ''သူဌေး... လူကြီးမင်းလျိုရောက်နေပါတယ်''

''ဥက္ကဌလျို... ထိုင်ပါဦး'' ချင်လင်က လျိုယီကိုလက်ဖက်ရည်စားပွဲဆီခေါ်ပြီး ထိုင်လိုက်သည်။ ထို့နောက် လက်ဖက်ခြောက်အိတ်ယူ၍နည်းနည်းထုတ်ကာ လက်ဖက်ရည်ဖျော်လိုက်သည်။

သူကလည်း သူဌေးကြီးတစ်ဦး။ အရင်တစ်ခါ စံအိမ်ရဲ့အကြီးအကဲစားပွဲတုန်းက မဲပေါက်သူများထံမှ ပေါက်မဲသုံးမဲဝယ်ခဲ့သည်။(အခန်း ၁၃၁) ပထမဆုံးအကြိမ်ပြီးနောက် အသုံးမချရသေးသောပေါက်မဲနှစ်မဲကျန်သေး၏။

တစ်ဖက်လူက ရုတ်တရက်စံအိမ်ကိုရောက်ချလာပြီး သူ့ကိုလာတွေ့သောအခါ မျက်နှာသာမပေးလို့မရ။

ချင်လင်က လက်ဖက်ရည်တစ်အိုးဖျော်ပြီး လျိုယီအတွက်တစ်ခွက်ငှဲ့ပေးလိုက်သည်။





လျိုယီကယဉ်ယဉ်ကျေးကျေး လက်ဖက်ရည်ခွက်ယူလိုက်ကာ နှစ်ငုံလောက်သောက်ပြီး အံ့ဩသံနှင့်_ ''ဥက္ကဌချင်... ခင်ဗျားလက်ဖက်ရည်ကအရသာရှိလိုက်တာ!''

ချင်လင်ကပြုံးပြီးမေးလိုက်သည်_ ''ဥက္ကဌလျို... ဒီတစ်ခေါက် ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ?''

ဒီတော့မှ လျိုယီကလာရင်းကိစ္စအကြောင်းပြောပြသည်_ ''ဥက္ကဌချင်... ဒီနေ့လာရတာ တောင်းဆိုစရာရှိလို့ပါ... ကျုပ်မှာ အကြီးအကဲစားပွဲအတွက်ပေါက်မဲနှစ်မဲကျန်သေးတယ်မလား? အဲဒါမနက်ဖြန်သုံးချင်တယ်''

''ပွဲအစီအစဉ်သတ်မှတ်ထားတာ ကိုယ့်ဝေစုကိုထပ်သုံးချင်တယ်ဆိုရင် ကြိုပြီးအသိပေးဖို့လိုမှန်းသိပါတယ်... ဒါပေမဲ့ ဒီတစ်ခါတကယ်မတတ်သာလို့... ဥက္ကဌချင် ခြွင်းချက်ထားပေးပါ''

သူ့သဘောထားက အလွန်ဖော်ရွေပြီး နည်းနည်းအသနားခံပုံတောင်ပေါက်နေသည်။

ဘာပဲဖြစ်ဖြစ် ဥက္ကဌချင်ရဲ့ဂုဏ်က သူ့ထက်မှမနိမ့်ဘဲ။

သူ့အဖွဲ့ရဲ့စျေးကွက်တန်ဖိုးက တစ်ဖက်လူထက်မြင့်တာမှန်သော်လည်း ချင်းလင်ဆော့နှင့်ချင်းလက်လက်ဖက်ရည်ကို သူသိသည်။ သူ၊ ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တို့ကို ဥက္ကဌချင်က မကြာခင်ကျော်တက်သွားနိုင်သည်။

ချင်လင်က လျိုယီလိုသူဌေးကြီးကို မျက်နှာသာပေးရပေဦးမည်_ ''ဥက္ကဌလျို... တစ်ရက်ကြိုပြောတာပဲ စောနေပါပြီ... စားဖိုဆောင်ကို မနက်ဖြန်ခင်ဗျားအတွက်ပြင်ခိုင်းထားလိုက်ပါမယ်!''

လျိုယီက ချင်လင်၏စကားကိုကြားလျှင် ချက်ချင်းကျေးဇူးတင်လိုက်သည်_ ''ဥက္ကဌချင်... ကျေးဇူးအများကြီးတင်ပါတယ်... ဒီတစ်ခါအကြွေးတင်သွားပြီ... နောက်မှာညွှန်ကြားလိုတာရှိရင် သေချာပေါက်ခင်ဗျားကိုကူညီမှာပါ''

ချင်လင်က ထိုစကားကြားပြီး စူးစမ်းလိုက်သည်_ ''ဥက္ကဌလျို... ကြည့်ရတာ ဒီအကြီးအကဲစားပွဲကို အရေးကြီးတဲ့လူတစ်​ယောက်ကိုဧည့်ခံမှာမလား? ကျွန်တော်အာရုံစိုက်ပေးစရာများလိုလား?''

လျိုယီကစိတ်ပျက်လက်ပျက်နှင့်_ ''ဥက္ကဌချင်... ဘာမှအထူးပြင်ဆင်ပေးစရာမလိုပါဘူး... သူကမကောင်းတဲ့ဧည့်သည်ပဲ... ဒီတစ်ခါကျုပ်က လောင်ရန်လှည့်စားတာခံလိုက်ရတာ''

''လောင်ရန်? ဥက္ကဌလျို ဘယ်လိုဖြစ်တာလဲ?'' ချင်လင်မှာ ပိုပြီးစိတ်ဝင်စားသွားသည်။

လောင်ရန်အကြောင်း သူသိသည်။ နှစ်တိုင်း မင်မြို့တော်မှာ တံခါးနီစားသောက်ပွဲကျင်းပတဲ့သူ။ သူ့ဟင်းချက်လက်ရာက ဩချလောက်စရာပင်။ မင်စီရင်စုမှလူချမ်းသာသူဌေးများမှာ နှစ်တိုင်းဒီတံခါးနီစားသောက်ပွဲတက်ခွင့်ရဖို့ပြိုင်ဆိုင်နေကြသည်။

ဒီတံခါးနီစားသောက်ပွဲက မင်စီရင်စုတစ်ခုလုံးမှာ အဆင့်အတန်းအမြင့်ဆုံးအစားအသောက်ဟုဆိုနိုင်သည်။ လောင်ရန်မှာ မင်စီရင်စုတွင် ဟင်းချက်လက်ရာထိပ်ခေါင်လည်းဖြစ်သည်။

အခုတော့ လျိုယီက လောင်ရန်လှည့်စားတာခံရတယ်လို့ပြောနေပြီ။ ဒါကြောင့် အကြီးအကဲစားပွဲကိုတစ်ကြိမ်သုံးချင်တာဖြစ်နိုင်သည်။

လျိုယီက ချင်လင်မေးလျှင် သက်ပြင်းချပြီး_ ''ဥက္ကဌချင်... ကျုပ်က အစားအသောက်တင်သွင်းတင်ပို့တဲ့လုပ်ငန်းလုပ်တယ်... နိုင်ငံခြား Bilis အဖွဲ့အစည်းနဲ့တစ်ချိန်လုံးအလုပ်လုပ်လာတာ... သူက မီချီလင်စားသောက်ဆိုင်တွေရဲ့အကြီးဆုံးတင်သွင်းသူလည်းဟုတ်တယ်''

''အမြဲအတူတူအလုပ်ကောင်းကောင်းလုပ်ခဲ့တာ... စာချုပ်လက်မှတ်ထိုးပြီးတော့ အဲဒီသူဌေးက ရုတ်တရက်အကြံပြုတယ်... အောင်ပွဲခံဖို့ သူ့သားကိုချက်ခိုင်းမယ်တဲ့''

''သားလုပ်သူရဲ့ဟင်းချက်လက်ရာက အရမ်းကောင်းတယ်ဆိုတာပြောရဦးမယ်... အဓိကက သူ့ရဲ့ဒုတိယမျိုးဆက်သူဌေးသားက တကယ်တော့ မီချီလင်ကြယ်သုံးပွင့်စာဖိုမှူးပဲ... ကမ္ဘာမှာ ကြယ်သုံးပွင့်စာဖိုမှူးက ၁၀ ယောက်မပြည့်ဘူး... ခင်ဗျားစံအိမ်ရဲ့အကြီးအကဲစားပွဲက တချို့အရသာရှိဟင်းလျာတွေထက်တော့ လုံးဝမညံ့ဘူး''

''သူကအရမ်းစိတ်ကြီးဝင်ပြီး သူ့ဟင်းချက်လက်ရာက ဘယ်တရုတ်စာဖိုမှူးထက်မဆိုသာတယ်လို့ထင်နေတာလေးတစ်ခုပဲ... ကျုပ်ကအစကတည်းက အစားကြီးတယ်... သူက တရုတ်အစားအစာကို သူတို့အနောက်တိုင်းအစားအစာထက်ညံ့တယ်လို့ပြောတော့ ကျုပ်ဘယ်ခံနိုင်မှာလဲ? ကျုပ်တို့တရုတ်အစားအစာက ပိုကောင်းတယ်လို့ပြောစေရမယ်ပေါ့''

''နောက်ပြီး ကျုပ်အရင်က တံခါးနီစားသောက်ပွဲမှာစားဖူးတယ်... လောင်ရန်ရဲ့ဟင်းချက်လက်ရာကို ကျုပ်သိတယ်... ဒီမီချီလင်ကြယ်သုံးပွင့်စာဖိုမှူးယှဉ်နိုင်တာမျိုးမဟုတ်ဘူး... ကျုပ်ကစားသောက်ကုန်လုပ်ငန်းဆိုတော့ လောင်ရန်နဲ့အဆက်အသွယ်ရှိတယ်... အဲဒါကြောင့် သူ့ကိုလုပ်ခိုင်းဖို့ဖိတ်ခဲ့တာ''

''လောင်ရန်က သူနဲ့ယှဉ်ပြိုင်ဖို့ သေချာပေါက်ကတိပေးခဲ့တယ်... လောင်ရန်က ကျုပ်ကိုလှည့်စားပြီး သူ့သားနဲ့ယှဉ်ခိုင်းမယ်လို့ ဘယ်ထင်မှာလဲ? သူကသူ့သားကို ဒီမီချီလင်ကြယ်သုံးပွင့်စာဖိုမှူးကိုအနိုင်ယူခိုင်းပြီး နာမည်ကြီးလာရင် တံခါးနီစားသောက်ပွဲကိုပြန်ပြီးအသက်သွင်းစေချင်တာ''

''ဒါပေမဲ့ လောင်ရန်ရဲ့တပည့်လက်ရာမအောင်သလို သူ့သားလက်ရာလည်းမအောင်ဘူး... လောင်ရန်က ကမ္ဘာမှာ ၁၀ ယောက်မပြည့်တဲ့ ကြယ်သုံးပွင့်မီချီလင်စာဖိုမှူးကိုအထင်သေးလို့ရတယ်... ဒါပေမဲ့ သူ့သားကအဲလိုလုပ်ခွင့်ရှိလို့လား?''

''နောက်ဆုံး... လောင်ရန်ရဲ့သားက အပြတ်အသတ်ရှုံးသွားပြီး ခေါင်းမထောင်နိုင်အောင် အလှောင်ခံလိုက်ရတယ်... လောင်ရန်ကဒေါသထွက်လွန်းလို့ ဦးနှောက်သွေးယိုစီးပြီး ဆေးရုံတင်လိုက်ရတယ်''

''သူကိုယ်တိုင်ထွက်ခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး... ဒါပေမဲ့ ကျုပ်ကိုလှည့်စားခဲ့တာမလား? အခု ကျုပ်စီးပွားဖက်ရဲ့သားက ပြန်ဖို့ပြင်နေပြီ... ဩဇာအရှိဆုံးတရုတ်စားဖိုမှူးကိုအနိုင်ယူခဲ့တယ်လို့ကြေညာပြီး သူ့ကိုယ်သူပြည်ပမှာနာမည်ယူဖို့လုပ်နေတယ်''

''သူတကယ်ဒီလိုကြော်ငြာရင် ကျုပ်မှာမျက်နှာပြစရာမရှိတော့ဘူး... အဲဒါကြောင့် အကြီးအကဲစားပွဲကိုတစ်ကြိမ်အသုံးချပြီး သူ့ကိုစမ်းကြည့်မလို့ သူဌေးချင်ကိုပဲတောင်းဆိုရတာ''

သူက ချင်းလင်စံအိမ်၏အကြီးအကဲစားပွဲနှင့် ကြယ်သုံးပွင့်မီချီလင်စာဖိုမှူး၏လက်ရာကိုစားဖူးပြီ။ တိတိကျကျပြောရလျှင် စံအိမ်စားဖိုမှူးချက်သောအရသာရှိဟင်းပွဲတချို့မှာ တစ်ဖက်လူနှင့်မတိမ်းမယိမ်းပင်။

ဒီလောက်ဆိုရပြီ။

နှစ်ဖက်သရေကျနေသရွေ့ တစ်ဖက်လူက အတော်ဆုံးတရုတ်စားဖိုမှူးကိုနိုင်ခဲ့ပြီဟုဆိုစရာ မျက်နှာမရှိပေ။

နောက်ပြီး သရေကျတာရှက်စရာမဟုတ်။ ဘာပဲဖြစ်ဖြစ် ကြယ်သုံးပွင့်မီချီလင်စားဖိုမှူးက ကြယ်သုံးပွင့်စားဖိုမှူးတွေကြားမှာအခွင့်ထူးခံပဲ။ ကမ္ဘာမှာ ၁၀ ယောက်မပြည့်။

ကမ္ဘာ့ထိပ်တန်းအဆင့်လည်းဖြစ်သည်။

ပြီးတော့ တရုတ်စားဖိုမှူးတိုင်းက လောင်ရန်မှမဟုတ်တာ။ အဲဒီကမ္ဘာ့ထိပ်တန်းအနောက်တိုင်းစားဖိုမှူးတွေကိုလျစ်လျူရှုထားလို့ရသည်။

အခုလောင်ရန်က ဦးနှောက်သွေးယိုစီးပြီး ဆေးရုံတင်ထားရပြီ။ မင်စီရင်စုတစ်ခုလုံးမှာ ဒီလိုစားဖိုမှူးမျိုးဘယ်အချိန်မှပေါ်လာမလဲ ဘယ်သူမှမသိပေ။





All Chapters