ဒီဝိုင်က ထူးဆန်းတာလား? ဒီလိုလက်ရာမျိုးဘယ်လိုလုပ်ရှိ?
Vol. 25 Ch. 375
လျိုယီက ချင်လင်၏အဖြေရလျှင် အလေးအနက်ကျေးဇူးတင်ပြီး မင်မြို့တော်ပြန်သွားသည်။ ထို့နောက် မင်မြို့တော်မှနာမည်ကျော်လန်ဟွေ့ဟိုတယ်သို့ ချက်ချင်းသွားလိုက်၏။
သူ့နိုင်ငံခြားစီးပွားဖက်က ဒီဟိုတယ်မှာတည်းသည်။
ဟိုတယ်ထဲတွင် ဧည့်ခန်းပါသောဟိုတယ်ခန်းအပြင်ဘက်ရောက်သောအခါ မုတ်ဆိတ်မွေးနှင့်သက်လတ်ပိုင်းလူဖြူတစ်ယောက်က လျိုယီအား အခန်းထဲကြိုဆိုလိုက်သည်။
တစ်ဖက်လူက သူ့စီးပွားဖက် ဒေါက်ကလပ်ပင်။
သူဝင်ဝင်ချင်း လူငယ်တစ်ယောက်က ရွှေရောင်ဆံပင်ရှိသောအမျိုးသမီးတစ်ဦးနှင့် ဗီဒီယိုစကားပြောနေသည်ကိုကြားရသည်_ ''Liz... ငါပြောတာယုံ... တရုတ်တန်းက နာမည်ကြီးတွေအကုန်အလကား... တရုတ်အစားအစာက တကယ်တော့ အဲလောက်မကောင်းပါဘူး... သူတို့ရဲ့အတော်ဆုံးတရုတ်စားဖိုမှူးချက်တဲ့အစားအစာက ငါလုပ်တာနဲ့တခြားစီပဲ''
''လျို... အားနာလိုက်တာ... Lasda က သူ့ကိုယ်သူအရမ်းအထင်ကြီးတာ'' ဒေါက်ကလပ်ကတောင်းပန်လိုက်သော်လည်း လုံးဝပြုံးရွှင်နေသည်။
သူ့လိုစားသောက်ကုန်လုပ်ကိုင်တဲ့သူအတွက် သူ့သားရဲ့ကြယ်သုံးပွင့်မီချီလင်စားဖိုမှူးဆိုတဲ့အထောက်အထားက အားသာချက်အကြီးကြီးပင်။
ဘာပဲဖြစ်ဖြစ် ကမ္ဘာမှာ မီချီလင်ကြယ်သုံးပွင့်စာဖိုမှူးတွေက နည်းနည်းပဲရှိတာလေ။


အတော်ဆုံးတရုတ်စားဖိုမှူးကိုအနိုင်ယူပြီးနောက် သူတို့ဂုဏ်သတင်းလည်း ပိုတက်လာနိုင်သည်။ ဒါလည်းအကျိုးရှိသည်။
ဘာပဲဖြစ်ဖြစ် လျိုယီကိုယ်တိုင် အတော်ဆုံးတရုတ်စားဖိုမှူးကိုရှာပြီး သူကိုယ်တိုင်ပြောခဲ့ခြင်းဖြစ်သည်။
လျိုယီကမျက်မှောင်ကြုတ်၍_ ''ဒေါက်ကလပ်... ကိစ္စမရှိပါဘူး... ဒါပေမဲ့ ခင်ဗျားမပြန်ခင် မနက်ဖြန် နောက်ထပ်အရသာရှိအစားအစာနဲ့ဧည့်ခံချင်သေးတယ်''
ဒေါက်ကလပ်ကပြုံးပြီး_ ''ခင်ဗျားရဲ့စေတနာကို ငြင်းဖို့ခက်ပါတယ်... မနက်ဖြန်စားကောင်းသောက်ဖွယ်တွေစားဖို့မျှော်နေမယ်''
လျိုယီက ဒေါက်ကလပ်ကိုအသိပေးပြီး ဟိုတယ်မှပြန်ထွက်လာသည်။
လျိုယီထွက်သွားပြီးနောက် Lasda ကပြုံးလိုက်ပြီး_ ''အဖေ... အဖေ့ရဲ့တရုတ်မိတ်ဆွေက အရင်တစ်ခါရှုံးတာကိုအစာမကြေတဲ့ပုံပဲ... တရုတ်စားဖိုမှူးက ကျွန်တော့်လက်ရာကိုနိုင်မယ်ထင်နေတယ်... နောက်စာဖိုမှူးတစ်ယောက်ရှာထားတာမလား?''
ဒေါက်ကလပ်ခေါင်းညိမ့်လိုက်သည်_ ''ငါငတုံးမဟုတ်ဘူး... လျိုကဘာသဘောလဲ ငါသိတယ်... ဒါဆိုရင် မနက်ဖြန် မင်းရဲ့အစွမ်းပြပြီး လျိုလုံးဝလက်မြောက်သွားအောင်လုပ်ကြတာပေါ့''
''မပူပါနဲ့!'' Lasda ကအပြုံးနှင့်ပြောလိုက်သည်_ ''ဘာပဲဖြစ်ဖြစ် ကမ္ဘာမှာ ကျွန်တော့်လိုကြယ်သုံးပွင့်မီချီလင်စာဖိုမှူးက ဆယ်ယောက်လောက်ပဲရှိတာလေ''
…
နောက်တစ်နေ့_
လျိုယီက မနက်ပိုင်းကုမ္ပဏီအတွက်အစီအစဉ်များဆွဲပြီး လန်ဟွေ့ဟိုတယ်သွား၍ ဒေါက်ကလပ်နှင့် Lasda ကိုခေါ်လိုက်သည်။ ထို့နောက် ချင်းလင်စံအိမ်၌အချိန်ဖြုန်းလိုက်သည်။
ကားရပ်လိုက်သည်။
လျိုယီက ကားထဲမှ ဒေါက်ကလပ်၊ Lasda တို့နှင့်အတူထွက်လာသည်။
Lasda ကကားထဲမှထွက်ထွက်ချင်း ထူးထူးဆန်းဆန်းအံ့ဩသံပြုလိုက်သည်_ ''ဒါရှုမျှော်ခင်းနေရာနဲ့တူတယ်... ဦးလေးလျို... ခင်ဗျားပြောတဲ့စားကောင်းသောက်ဖွယ်က ဒီရှုမျှော်ခင်းနေရာမှာတော့မဖြစ်နိုင်ဘူးမလား? ဒီလိုဆိုရင် ကျွန်တော်စိတ်ပျက်ရလိမ့်မယ်''
''တကယ့်အစားအသောက်ကောင်းတဲ့စားသောက်ဆိုင်တွေက ရှုမျှော်ခင်းနေရာတွေမှာမရှိဘူး... နောက်ပြီး ရှုမျှော်ခင်းနေရာတွေက စားလို့သောက်လို့ကောင်းတဲ့ပတ်ဝန်းကျင်မျိုးမဟုတ်ဘူး... ထိပ်တန်းအနောက်တိုင်းအစားအစာကိုဖယ်ထုတ်ရမယ့်ပထမဆုံးနေရာက ရှုမျှော်ခင်းနေရာတွေပဲ''
''ဝိုင်နီ အသား ဆော့ ယာယီမဏ္ဍပ် ဖယောင်းတိုင် အလင်းဖျော့ဖျော့... ပတ်ဝန်းကျင် အရသာ ဝိုင် ခံစားချက်... စားသောက်ဆိုင်ကောင်းကောင်းနဲ့အစားအသောက်ကောင်းကောင်း ဘာမှမလိုဘူး... အစားအစာအနှစ်သာရမှာ အဲဒါတွေအကုန်ရှိရမယ်''


လျိုယီမငြင်း။ အနောက်တိုင်းအစားအစာက ပိုပြီးစတိုင်ကျသည်မှန်သော်လည်း လူကြီးလူကောင်းလိုလိုနှင့် အရိုင်းအစိုင်းအုပ်စုလည်းရှိသည်။ နောက်ပြီး လောင်ရန်လှည့်စားတာခံရပြီးနောက် လက်ရှိပြန်ငြင်းနိုင်သောအနေအထားလည်းမရှိချေ။
လောင်ရန်၏သားမျက်နှာမှာ အရိုက်ခံရပြီး ရောင်ကိုင်းတော့မည်။
ဒီအရူးကြီးကို ယုံခဲ့မိသည်။
ချင်းလင်စံအိမ်မူလခန်းမထဲ၌_
ဆရာလင်းမှာ သူ့ရှေ့ကသဘာဝပစ္စည်းများ၊ ကကတစ်ငါး၊ ရေချိုငါးများကိုကြည့်ရင်း စိတ်လှုပ်ရှားစွာနှင့်_ ''သူဌေး... ဟိုကကြယ်သုံးပွင့်မီချီလင်စာဖိုမှူးနော်... ဒါကျုပ်ကိုချက်ခိုင်းမှာမဟုတ်ဘူးမလား? ကျုပ်မလုပ်နိုင်ဘူး... ခင်ဗျားဘာသာလုပ်''
ဒီနေ့မီချီလင်ကြယ်သုံးပွင့်စာဖိုမှူးအတွက်ချက်ပြီး ပညာပြရမှာမှန်းသိ၍ စံအိမ်၏ဂုဏ်သတင်းကိုမပျက်စီးစေချင်။
ဘာပဲဖြစ်ဖြစ် တစ်ဖက်လူကကြယ်သုံးပွင့်မီချီလင်စာဖိုမှူးလေ။ တရုတ်နှင့်အနောက်တိုင်းစားဖိုမှူးတွေက မသင့်မြတ်ကြသော်လည်း တစ်ဖက်လူကကမ္ဘာ့အဆင့်မီလက်ရာရှိနေသရွေ့ သူလိုစားဖိုမှူးယှဉ်နိုင်မည့်သူလုံးဝမဟုတ်။
သူ့အတိုင်းအတာ သူသိသည်။
''ဆရာလင်း... ခင်ဗျားကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိရမယ်... သူ့မှာဘယ်လိုလက်ရာမျိုးရှိလို့လဲ?'' ချင်လင်ကလုံးဝစိတ်မပူ။
လျိုယီက သူ့ကိုလာပြီးအကူအညီတောင်းတယ်ဆိုမှတော့ မီချီလင်စားဖိုမှူးရဲ့လက်ရာက အရသာ +၂ ပါဝင်ပစ္စည်းတွေနဲ့ ဆရာလင်းချက်တဲ့ဟင်းပွဲတွေထက်ပိုမကောင်းလို့ပေါ့။
ဘာပဲဖြစ်ဖြစ် လျိုယီအရင်က ဆရာလင်းရဲ့အကြီးအကဲစားပွဲကိုစားဖူးတာပဲ။ သူ့စိတ်ထဲမှာ နှိုင်းယှဉ်ကြည့်ပြီးဖြစ်ရမည်။
ဆရာလင်းက သူ့ကိုမယှဉ်နိုင်ရင် လျိုယီသူတို့ကိုလာရှာဖို့စိတ်ကူးပေါက်မှာမဟုတ်။
သူတို့စကားပြောနေစဉ် လျိုယီက နိုင်ငံခြားသားနှစ်ယောက်နှင့်ရောက်လာသည်။
ဒေါက်ကလပ်က သူ့သား Lasda နှင့်အတူ လျိုယီနောက်လိုက်၍ ခန်းမထဲဝင်လာသည်။ သူကပတ်ဝန်းကျင်ကိုမျက်မှောင်ကြုတ်ကြည့်လိုက်၏။ ပထမဆုံးသူတွေးမိတာ ဒီနေရာကတော်တော်ဆိုးရွားသည်ဟုပင်။
Lasda ကမျက်မှောင်ကြုတ်ပြီး ပေါ်တင်ပြောချလိုက်သည်_ ''ဒါစားသောက်ဆိုင်နဲ့တောင်မတူဘူး.. ဒီလိုနေရာမျိုးမှာ အစားအသောက်ကောင်းတကယ်ရှိပါ့မလား? အစားအသောက်ကောင်းက အဆင့်အတန်းနိမ့်လွန်းရင် ဘယ်သူမှစာဖိုမှူးဖြစ်မှာမဟုတ်ဘူးမလား?''
ပိုဆိုးတာက သူကထိုစကားကို သူမကျွမ်းသောတရုတ်စကားနှင့်ပြောလိုက်ခြင်းဖြစ်သည်။ ချင်လင်နှင့်ဆရာလင်းက အထင်သေးပြီးရန်စသောစကားကိုကြားသွားသည်။
သူတို့နှစ်ယောက်လုံး Lasda ကိုမျက်မှောင်ကြုတ်ကြည့်လိုက်၏။
ဆရာလင်းကတိုးတိုးပြောလာသည်_ ''သူဌေး... ဒီနိုင်ငံခြားသားလူငယ်က ဘဝင်မြင့်လိုက်တာ''
''ဥက္ကဌချင်'' လျိုယီက ချင်လင်နားအလောတကြီးလျှောက်လာပြီး_ ''ကျုပ် မစ္စတာဒေါက်ကလပ်နဲ့ သူ့သား Lasda ကိုဧည့်ခံချင်လို့... ခင်ဗျားကိုဒုက္ခပေးရတာ အားနာလိုက်တာ''