← Chapters

“အရေးပေါ်ကိစ္စတစ်ခုဖြစ်နေပြီ”

Vol. 52 Ch. 800

“အရေးပေါ်ကိစ္စတစ်ခုဖြစ်နေပြီ”

Vol. 52 Ch. 800

အဝါရောင်ဝတ်စုံနှင့်လူသည် မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး မောပန်းနေ၏။ သူသည် ယိုင်တိယိုင်တိုင်ဖြင့် လမ်းလျှောက်နေကာ ပေါင်ခြံကြားနှင့် တင်ပါးတိုါတွင် သွေးများစိုစွတ်နေသည်ကို သတိထားလိုက်မိသည်။ သူသည် မြို့တော်စိန့်ပီတာစဘာ့တ်မှ ချမ်းဘော့ဒ်သို့ မရပ်မနားဖြင့် မြင်းစီးကာ ခရီးနှင်လာခဲ့ကြောင်းထင်ရှားလှသည်။ ထို့ကြောင့် သူ၏ပေါင်အရေပြားများ စုတ်ပြဲကုန်ခြင်းပင်။

သူစကားပြော၍ မပြီးသေးခင်မှာပင် စာတစ်စောင်ကိုဆွဲထုတ်လိုက်ပြီး သတိလစ်မေ့မျောသွားတော့သည်။

ထို့နောက်တွင် ကျယ်လောင်သည့်အော်ငြီးသံတစ်ခုထွက်ပေါ်လာပြီး သူစီးလာသည့်မြင်းမှာလည်း မြေပြင်ပေါ်သို့ပစ်လဲကာ အမောဖောက်၍ သေဆုံးသွားတော့သည်။

လူတိုင်း တုန်လှုပ်သွားကြသည်။

လေဂုဏ်သတ္တိမှော်စွမ်းအင်များဖြင့် အားဖြည့်ပေးထားသည့် မြင်းလှတစ်ကောင်သည်သေဆုံးသွားခဲ့ပြီး ကျွမ်းကျင်သည့် စီးနှင်သူမှာလဲ ပင်ပန်းမှုဒဏ်ကြောင့်မေ့လဲသွားခဲ့သည်။ ဘာတွေဖြစ်ကုန်တာလဲ ဘာတွေအရေးကြီးနေလို့လဲ

ဖှေး၏ အမူယာ တည်တံ့သွားသည်။ အဝါရောင်ဝတ်ရုံနှင့်လူသည် ချမ်းဘော့ဒ်တိုင်းပြည်၏ သတင်းအချက်လက် စုံစမ်းရေးဌာန [စာချွန်လွှာ]ရုံးမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သောကြောင့်ပင်။

ယနေ့ညတိုက်ပွဲအတွက် ဖှေးသည် သူပုန်စခန်း၏စစ်ရေးခေါင်းဆောင် ခက်ရှာကို ဆင့်ခေါ်ခဲ့ရသဖြင့် သူမသည် တယ်လီပေါ့တ်မှော်အစီရင်ကိုအသုံးပြု၍ ဖှေးထံသို့ သတင်းပို့နိုင်ခဲ့ခြင်းမရှိပေ။

Hail The King

အပိုင်း(၈၀၀) Part B

ထို့ကြောင့် သူတို့သည် အတော်ဆုံးမြင်းစီးသမားတစ်ယောက်အား အမြန်ဆုံးမြင်းတစ်ကောင်နှင့် စေလွှတ်ကာ အလွန်၀ေးလှံသည့်မြို့တော်စိန့်ပီတာစဘာ့တ်မှ သတင်းကို ပို့ဆောင်ခိုင်းလိုက်ခြင်းပင်။

"အတော်လေးအရေးကြီးတဲ့ကိစ္စတစ်ခုကြောင့်နေမယ့် နို့မို့သာဆိုရင် ပုံမှန်အေးအေးဆေးဆေးနေတတ်တဲ့ မိုဒရစ်က ဒီလောက်စိုးရိမ်ပြီးချက်ချင်းသွားပို့ဖို့အမိန့်ပေးခဲ့မှာမဟုတ်ဘူး..." ဖှေးတွေးလိုက်မိသည်။

ထိုလူ၏ လက်ထဲမှ စာအား ယူပြီးသည့်နောက်တွင် ဖှေးသည် တိုးရိစ်အား ခေါ်ကာ အ၀ါရောင်၀တ်စုံနှင့်လူအား ဆေးကုသပေးရန်ညွှန်ကြားလိုက်သည်။

လူတိုင်း၏အကြည့်များအောက်တွင် ဖှေးစာကိုဖွင့်ဖတ်လိုက်သည်။ စာဖတ်ပြီးသည့်အချိန်တွင် သူမ၏အမူယာပြောင်းလဲသွားပြီး အခိုက်တန့်တစ်ခုကြာခန့်ဘာမှမပြောပဲရှိနေ၏။

ထို့နောက်တွင် သူ၏လက်ကိုမြှောက်၍ ထိုစာကို VIPခုံတွင်ထိုင်နေသည့် မင်းသားဒိုမင်းဂူထံသို့ ပျံသန်းပို့စေလိုက်သည်။

နားမလည်နိုင်သည့် အမူယာဖြင့် ဒိုမင်းဂူသည် ဖှေးအားကြည့်လိုက်ပြီး စာကိုဖတ်ကြည့်လိုက်သည်။

နောက်အခိုက်တန့်တွင် ပုံမှန်အားဖြင့် တည်တည်ငြိမ်ငြိမ်နေလေ့ရှိသည့် မင်းသားဒိုမင်းဂူသည် တုန်လှုပ်သွားတော့၏။ စာကိုင်ထားသည့် သူ၏လက်များပင် တုန်ယင်လာပြီး စိုးရိမ်ပူပန်သည့်အမူယာတစ်ခုသည် သူ၏မျက်နှာပေါ်တွင်ပေါ်လာတော့သည်။

ဤမြင်ကွင်းကြောင့် သူ၏ဘေးပတ်ပတ်လည်တွင်ရှိနေသည့် လူများပို၍သိချင်လာကြသည်။

"ဘာတွေဖြစ်ကုန်တာလဲ။ ချမ်းဘော့ဒ်ဘုရင်နဲ့ မင်းသားဒိုမင်းဂူဘာလို့များဒီလောက်ထိတုန်လှုပ်နေရတာလဲ..." သူတို့တွေးလိုက်မိကြသည်။

စာအားဖတ်ကြည့်ပြီးသည့်နောက်တွင် မင်းသားဒိုမင်းဂူသည် ထိုစာအား သူ၏လူယုံနှစ်ယောက်ဖြစ်ကြသည့် ပဲရစ်နှင့် ဂရန်နယ်လိုအား ဖတ်စေလိုက်သည်။

ထိုနှစ်ယောက်သည်လည်း စာဖတ်ပြီးသည့်အချိန်တွင် မယုံနိုင်စရာကောင်းသည့်အရာတစ်ခုအားသိလိုက်ရသလို မျက်နှာအမူယာများပြောင်းလဲကုန်တော့၏။ နောက်အခိုက်တန့်တွင် သူတို့အားလုံးသည် ပုလ္လင်ပေါ်တွင်ထိုင်နေသည့်ချမ်းဘော့ဒ်ဘုရင်အား ကြည့်လိုက်ကြသည်။

ဒိုမင်းဂူသည် VIPခုံများမှထလာပြီး ဖှေးအားမျက်နှာခြင်းဆိုင်ကြည့်လိုက်သည်။ ခနတာရပ်တန့်သွားပြီးနောက်တွင် ဖှေး၏မျက်လုံးများကိုစိုက်ကြည့်ကာ လေးလေးနက်နက်အမူယာဖြင့်မေးလိုက်၏။ "ချမ်းဘော့ဒ်တိုင်းပြည်က ဒီကိစ္စကို လျစ်လျူရှုမှာလားအလတ်ဇန္ဒား..."

မင်းသားသည် ဤကဲ့သို့သောမေးခွန်းကို ဘာအတွက်ကြောင့်မေးမှန်းမသိသည့်အတွက် လူများနားမလည်နိုင်ဖြစ်နေကြသည်။

သို့သော် ဖှေးခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။ "ချမ်းဘော့ဒ်တိုင်းပြည်က ဇီးနစ်အင်ပါယာအဖွဲ့၀င်တိုင်းပြည်တစ်ခုပဲ။ အဲ့တာကြောင့် ငါတို့လဲ ဒီတိုင်းရပ်ကြည့်နေမှာမဟုတ်ဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ချမ်းဘော့ဒ်တိုင်းပြည်အတွက် ၀င်ပါဖို့အချိန်ကောင်းမဟုတ်သေးဘူး"

ဒုတိယမင်းသားဒိုမင်းဂူသည် ဖှေးအားစိုက်ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်ခန့်ကြာသွားပြီးသည့်နောက်တွင် သူခေါင်းငြိမ့်ကာပြန်ပြောလိုက်သည်။ "ကောင်းပြီလေ..ငါမင်းကို ယုံပါတယ်။ မိတ်ဆွေတစ်ယောက်အနေနဲ့ မင်းမှန်ကန်တဲ့ဆုံးဖြတ်ချက်ချလိမ့်မယ်ဆိုတာကို ငါယုံတယ်..."

ထို့နောက်တွင် မင်းသားသည် တစ်ဖက်သို့လှည့်ကာ သူ၏လူများထံသို့ ပြန်သွားကာ အမိန့်ပေးလိုက်သည်။ "သံတမန်အဖွဲ့ကလူတွေအားလုံးအသင့်ပြင်ထားလိုက်ကြတော့။ လေးလံတဲ့ပစ္စည်းတွေအားလုံးကို ထားခဲ့ပြီး လိုတာတွေလောက်ပဲ သယ်ခဲ့။ ငါတို့ ဆယ်မိနစ်အတွင်းထွက်ခွာကြမယ်။ မြို့တော်စိန့်ပီတာစဘာ့တ်ကို အတတ်နိုင်ဆုံးမြန်မြန်ရောက်ဖို့လိုတယ်..."

ထို့နောက်တွင် သူတို့အဖွဲ့သည် လျှင်မြန်စွာပင်ထွက်ခွာသွားကြတော့သည်။

"ကျွန်မတို့ ဒီဘ၀မှာပြန်ဆုံတွေ့နိုင်သေးဖို့မျှော်လင့်ပါတယ်..." မထွက်ခွာသေးခင် ပဲရစ်သည် အနောက်သို့လှည့်ကာ ဖှေးအား ခန့်မှန်းရခက်သည့်အမူယာတစ်ခုဖြင့်ကြည့်ကာပြောလိုက်သည်။ သူမ၏ အသံသည် မျက်နှာပေါ်တွင်ရှိနေသည့် အပြုံးနှင့်ဆန့်ကျင်ကာ ၀မ်းနည်းသည့်အရိပ်ယောင်များပါ၀င်နေ၏။ ထို့နောက်တွင် သူမ၏ လူများနှင့်အတူ လျှင်မြန်စွာထွက်ခွာသွားကြတော့သည်။

"ဇီးနစ်အင်ပါယာမြို့တော်မှာ အတော်လေးအရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်သွားခဲ့တဲ့ပုံပဲ။ ဘာများပါလိမ့်...မဟုတ်မှလွဲ မဟုတ်မှလွဲရော ရောဂါပြင်းထန်နေခဲ့တဲ့အင်ပါယာအရှင်သခင်ယရှင်းများ နတ်ရွာစံသွားတာလား။ အင်ပါယာအရှင်သခင်ယရှင်းမရှိတော့ရင် အင်ပါယာပုလ္လင်လုပွဲကအဆုံးသက်တော့မှာပဲ..." ဉာဏ်အမျှော်မြင်ရှိသည့်လူတစ်ချို့သည် စတင်၍ တွေးခေါ်ကြည့်နေကြပြီဖြစ်သည်။

"ချမ်းဘော့ဒ်ဘုရင်က ဘယ်သူ့ဘက်ကထောက်ခံပေးလောက်လဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ချမ်းဘော့ဒ်ဘုရင်နဲ့ မင်းသားအာရှဗင် ထိပ်တိုက်တွေ့ပြီးသွားပြီ အဲ့တာကြောင့် သူတို့နှစ်ယောက်ဆက်ဆံရေးက လက်ရှိမှာတော့ အခြေအနေမကောင်းလှဘူး။ ဒုတိယမင်းသားဒိုမင်းဂူကတော့ ချမ်းဘော့ဒ်ဘုရင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိလို့ အားသာနေတယ်။ ချမ်းဘော့ဒ်ဘုရင်ရဲ့ ရန်သူဖြစ်လာတာ မင်းသားအာရှဗင်ကံမကောင်းတာပဲ။ တကယ်လို့ သူသာ ချမ်းဘော့ဒ်တိုင်းပြည်ဒီနေ့ညပြခဲ့တဲ့အင်အားကိုသိရင်အတော်နောင်တရနေလောက်တယ်..."

လူများတွေးကြည့်နေသည့်အချိန်တွင် ချမ်းဘော့ဒ်ဘုရင်သည် ပုလ္လင်ပေါ်မှထရပ်လိုက်သည်။ ထို့နောက်တွင် ပတ်၀န်းကျင်သို့လှည့်ပတ်ကြည့်ရှုကာပြောလိုက်၏။ "လက်ထပ်ပွဲအခမ်းနားက ဒီမှာတင်ပြီးပါပြီ။ လာရောက်ဂုဏ်ပြုပေးတဲ့အတွက် ခင်ဗျားတို့အားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ ချမ်းဘော့ဒ်တိုင်းပြည်ထဲမှာ ရက်အနည်းငယ်လောက်ထပ်ပြီးတော့ အနားယူကြဦးမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် ခင်ဗျားတို့အားလုံးအတွက်လဲလက်ဆောင်ပစ္စည်းတွေပြင်ဆင်ထားပေးတာမို့ ခင်ဗျားတို့ဘုရင်တွေ၊ အင်ပါယာအရှင်သခင်တွေစီကို ယူဆောင်သွားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ချမ်းဘော့ဒ်တိုင်းပြည်နဲ့ ခင်ဗျားတို့အသီးသီးရဲ့အဖွဲ့စည်းတွေရင်းနှီးမှုကလည်း ထာ၀ရတည်တံ့နေမယ်လို့ စိတ်ရင်းနဲ့ မျှော်လင့်မိပါတယ်..."

ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် ဖှေးသည် ချမ်းဘော့ဒ်တိုင်းပြည်မှ သိုင်းဆရာများစွာနှင့်အတူ တီနာမန်ရင်ပြင်မှထွက်ခွာသွားတော့၏။

သံတမန်များနှင့် ဧည့်သည်တို့သည် ဖြစ်ပျက်နေသည့်အရာများကို သိချင်နေကြသော်လည်း မမေးရဲကြပေ။ သူတို့သည် မတ်တပ်ရပ်၍ ဖှေးအားနောက်တစ်ကြိမ်ဂုဏ်ပြုပေးပြီးသည့်နောက်တွင် လျှင်မြန်စွာထွက်ခွာသွားတော့သည်။

အမှောင်ထုသည် သမိုင်း၀င်တိုက်ပွဲဖြစ်ပွားခဲ့သည့် တီနာမန်ရင်ပြင်အားလွှမ်းခြုံသွားပြီး ချမ်းဘော့ဒ်မြို့တော်တစ်ခုလုံးတိတ်ဆိတ်သွားတော့၏။

ဖှေးသည် သိုင်းဆရာများ၊ အရာရှိများနှင့်အတူ အလျင်စလိုထွက်လာခဲ့ကြသည်။ ချမ်းဘော့သားများသည် သိချင်နေကြသော်လည်း နက်ရှိုင်းစွာတွေးခေါ်နေသည့်ဘုရင်ကို နှောင့်ယှက်လိုခြင်းမရှိကြပေ။ ရိုးရှင်းသောစိတ်ရှိသည့် ဒရော့ဂ်ဘာနှင့် ပီးရာ့စ်သာလျှင် အခြင်းခြင်းတီတိုးပြောကြားနေကြ၏။ သူတို့အားလုံးသည်လည်း လက်ရှိကိစ္စကိုသိချင်နေကြ၏။

သူတို့သည် လက်ရှိတွင် ချမ်းဘော့ဒ်အုပ်ချုပ်ရေးဗဟိုဌာနဖြစ်သည့် ယခင်ဘုရင့်နန်းတော်သို့ရောက်ရှိလာသည့်အချိန်တွင် ဖှေးသည်နောက်သို့ လှည့်ကာပြောလိုက်သည်။ "အဆင့်မြင့်အရာရှိတွေနဲ့ ချမ်းဘော့ဒ်တက္ကသိုလ်က ဘွဲ့ယူခါနီးကျောင်းသားတွေကိုပြောလိုက်။ သူရဲကောင်းမြို့တော်က နံပါတ်၁အစည်း၀ေးခန်းမှာဆုံကြမယ်လို့..."

ရုတ်တရက် ဖှေးတစ်စုံတစ်ခုကို စဥ်းစားလိုက်မိပြီး ပြုံးကာပြန်ပြင်ပြောလိုက်သည်။ "ထားလိုက်တော့ မင်းတို့ကောင်တွေအားလုံးလဲပင်ပန်းနေကြပြီး အဲ့တာကြောင့် ညပြန်အိပ်ပြီးအနားယူလိုက်ကြဦး ဥပဒေပြုအရာရှိတွေကတော့ မြို့တော်ကိုကင်းလှည့်နေမှရမယ်။ မြို့တော်နဲ့ ပတ်ပတ်လည်ကီလိုမီတာ၅၀ကိုလည်း ကင်းထောက်စစ်သည်တွေစေလွှတ်ထားလိုက်။ တစ်ခုခုဖြစ်တာနဲ့ င့ါကို တိုက်ရိုက်သတင်းပို့။ အစည်း၀ေးပွဲကိုတော့ မနက်မှပဲလုပ်ကြတာပေါ့။ ဟားဟား ဒီနေ့ကင့ါရဲ့မင်္ဂလာဦးညပဲ ဒီလုပျင်းစရာကောင်းတဲ့ကိစ္စတွေအပေါ်မှာ အချိန်မဖြုန်းသင့်ဘူး..."

ထို့နောက်တွင် သူခက်ရှာဘက်သို့လှည့်ကာပြောလိုက်သည်။ "အားနာပေမယ့် မြို့တော်ကလူတွေနဲ့ ဆက်သွယ်ဖို့ ကျွန်တော်အမကိုတော့ ဆက်ပြီးဒုက္ခပေးရဦးမယ်။ စာချွန်လွှာရုံးကလူတွေကို လျို့၀ှက်ထားပြီး စွမ်းအားချွေတာပြီး နောက်ထပ်အမိန့်ကိုစောင့်ဖို့ မိုဒရစ်ကို ပြောပေးပါ..."

ခက်ရှာသည် ခေါင်းငြိမ့်ပြပြီး အယ်လီနာထံသို့ လမ်းလျှောက်သွားလိုက်သည်။

ပုံမှန်အားဖြင့်စကားနည်းသည့် သူပုန်စခန်း၏ စွမ်းအားအမြင့်မားဆုံးစစ်သည်တော်ခက်ရှာသည် ပြုံးကာ အယ်လီနာ၏ ပခုံးကိုပုတ်လိုက်သည်။ သမီးအရင်းကဲ့သို့သော အယ်လီနာအား ကြည့်နေရင်းဖြင့် တစ်ခုခုပြောရန်ပြင်လိုက်သည်။ သို့သော် မပြောတော့ရန်ဆုံးဖြတ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ ပေါ်တယ်အတွင်းသို့ ၀င်ရောက်၍ချက်ချင်းပျောက်ကွယ်သွားတော့သည်။

ဖှေးပြုံးကာ တစ်ခုခုပြောရန်ပြင်လိုက်သည်။ သို့သော် သူသည် ရုတ်တရက် ထူးခြားသည့် အရှိန်၀ါတစ်ခုကို အာရုံခံလိုက်မိ၏။ သူ၏မျက်နှာသည်အရောင်ပြောင်းလဲသွားပြီး ညကောင်းကင်၏ တောင်ဘက်သို့ တစ်စုံတစ်ခုအား စောင့်ဆိုင်းနေသလို စိုက်ကြည့်နေ၏။ သူသည် အလွန်တုန်လှုပ်နေသည့်အတွက်ကြောင့် နတ်ပူးခံထားရသလိုပင်။

လူတိုင်းနားမလည်နိုင်ဖြစ်လာပြီး မေးခွန်းများမေးတော့မည့်အချိန်တွင် လမ်းပါ့ဒ်ကဲ့သို့သော လအဆင့်သိုင်းဆရာများသည်လည်း တုန်လှုပ်သွားကြပြီး ဖှေးကဲ့သို့ တောင်ဘက်ကောင်းကင်ပေါ်သို့ စိုက်ကြည့်လိုက်ကြတော့သည်။

All Chapters