← Chapters

အမှောင်ခေတ်၏ ကနေဦး"

Vol. 52 Ch. 802

အမှောင်ခေတ်၏ ကနေဦး"

Vol. 52 Ch. 802

"ငုံ့ထားကြ..." အပျက်ဆီးများကို မြင်တွေ့လိုက်ရသည့်အချိန်တွင် အိုလက်ဂ်၏ မျက်လုံးများနီရဲသွားသည်။

ဥပဒေပြုအရာရှိအဖွဲ့ကိုတည်ထောင်ခဲ့ပြီးစဥ်မှစ၍ ချမ်းဘော့ဒ်တိုင်းပြည်သည် ဤကဲ့သို့ အထိမနာဖူးသေးပေ။

အိုလက်ဂ်သည် အလွန်ဒေါသဖြစ်သွားသည့်အတွက် စည်းမျဥ်းများအားလုံးကို လျစ်လျူရှုလိုက်သည်။

"လယ်ဗယ်၇ အော်မွန်းအင်ပါယာလဲ သေလိုက်၊ ဒီရွှမ်းကယ်လဲသေလိုက်..သေစမ်းကွာ..."

သူသည် ကြုံး၀ါးရင်းဖြင့် မြေဂုဏ်သတ္တိစွမ်းအင်များပေါက်ကွဲသွားပြီး သူ၏လက်ထဲမှ ကြီးမားသည့်တူကြီးသည်လည်း ဖှေး၏အမိန့်မတိုင်ခင်ပျံသန်းသွားတော့သည်။

ကြီးမားသည့် တူကြီးသည် လေပေါ်တွင်ပျံသန်းနေသည့် ရွှမ်းကယ်အားရိုက်ခတ်လိုက်ပြီး ကောင်းကင်ပေါ်တွင် အ၀ါရောင်စက်၀န်းပျက်တစ်ခုကို ထင်ကျန်စေလိုက်သည်။ အိုလက်၏ လက်နှင့်သွယ်ဆက်ထားသည့် သံမဏိချိန်းကြိုးများသည်လည်း အကန့်သက်မဲ့သလို ပျံသန်းသွား၏။ ကြီးမားသည့် မြွေကြီးတစ်ကောင်သည် ထိုရွှမ်းကယ်ထံသို့ ပျံသန်းသွားသလိုပင်။

ဒေါသဖြစ်နေသည့်အချိန်တွင် အိုလက်ဂ်၏ စွမ်းအားများသည် မြင့်တက်သွားပြီး အလယ်လတ်အဆင့်လယ်ဗယ်၁လသစ်အဆင့်နှင့်ညီမျှသည် စွမ်းအားများကိုအသုံးပြုလိုက်တော့သည်။

စွမ်းအားများမြင့်တက်သွားသည့်အတွက်ကြောင့် ဖှေးအနည်းငယ်ပင်အံ့သြသွားပြီး တွေးလိုက်မိသည်။ "ဒေါသဖြစ်နေတဲ့အချိန် ဒီကောင့်စွမ်းအားတွေက မဆိုးဘူးပဲ။ ဒီကောင့်ကို တစ်ပတ်တစ်ခါလောက်ဒေါသဖြစ်အောင်လုပ်ပေးသင့်လားမသိဘူး။ အဲ့လိုသာဆိုရင် စွမ်းအားတွေပိုပြီးမြန်မြန်မြင့်တက်လာလောက်မယ်..."

ကြီးမားသည့် တူကြီးသည် ရွမ်းကယ်အား ဥက္ကာပျံခဲတစ်ခုကဲ့သို့ ပျံသန်းသွားသည်။

"ဖုန်း"

လေပေါ်တွင်တွင် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး ထိုစစ်သင်္ဘောကြီးသည် တုန်ခါသွား၏။

ချမ်းဘော့ဒ်သားများသည် ဤဖြစ်ရပ်ကိုဂရုတစ်စိုက်ဖြင့် ကြည့်နေလျှက်ရှိသည်။

အိုလတ်ဂ်၏ တူသည် ရွှမ်းကယ်နှင့်အနီး မီတာ၂၀ခန့်သို့ရောက်သည့်အချိန်တွင် အစိမ်းရောင်စွမ်းအင်အလွှာတစ်ခုသည် ရုတ်တရက်ထွက်ပေါ်လာ၏။ သင်္ဘောပေါ်တွင်ရှိနေသည် မှော်အစီရင်များစွာစတင်၍တောက်ပလာနေပြီး ထိုအစီရင်များမှထွက်ပေါ်လာသည့် စွမ်းအင်အကာရံသည် အိုလတ်ဂ်၏ တူချက်အားကာရံလိုက်၏။

"ဖွင့်စမ်းကွာ..."

ဒေါသဖြစ်နေသည့် အိုလတ်ဂ်သည် အော်ဟစ်လိုက်၏။ သူသည် ဒရော့ဂ်ဘာနှင့် ပီးရာ့စ်ထက်ပင် ပို၍သွေးရူးသွေးတန်းဖြစ်နေ၏။ သူ၏ကြီးမားသည့်ခန္ဓာကိုယ်သည် ကောင်းကင်ပေါ်သို့ ဖြေးညှင်းစွာပျံတက်သွားပြီး ချိန်းကြိုးများဖြင့် သွယ်ဆက်ထားသည့်တူကြီးကို ၀ှေ့ရမ်းလိုက်သည်။

သံမဏိချိန်းကြိုးများအခြင်းခြင်းပွတ်ဆွဲသွားပြီး တချွင်ချွင်အသံများထွက်ပေါ်လာကာ အိုလက်ဂ်၏တူသည် ရွှမ်းကယ်အား တစ်ခါပြီးတစ်ခါရိုက်ခတ်နေ၏။

"ဖုန်း"

ကောင်းကင်ပေါ်တွင် ပေါက်ကွဲသံများစွာထက်မံ၍ ထွက်ပေါ်လာ၏။

ဆက်တိုက်တိုက်ခိုက်ခံနေရသည့်အတွက် စစ်သင်္ဘောကြီး၏ ကိုယ်ထည်သည် စတင်၍ တုန်ခါလာတော့သည်။ အိုလက်ဂ်၏တူချက်သည် စစ်သင်္ဘောအား ကာရံထားသည့် စွမ်းအင်အလွှာအားဖျက်ဆီးနိုင်ခြင်းမရှိသော်လည်း သင်္ဘောကိုယ်ထည်ကိုပြင်းထန်စွာတုန်ခါစေနေသည်။ စစ်သင်္ဘော၏ပဲ့ပိုင်းတွင်ရှိသည့် မှော်အမြှောက်သည် ထက်မံ၍ လင်းထိန်လာပြီး အနီရောင်စွမ်းအင်တိမ်တိုက်များထွက်ပေါ်လာသည်။ ထိုစွမ်းအင်တိမ်တိုက်များသည် ပုံသဏာန်အမျိုးမျိုးပြောင်းလဲလျှက်ရှိနေလေရာ ထက်မံတိုက်ခိုက်ရန်အတွက် စွမ်းအင်ကို တည်ငြိမ်အောင်မလုပ်နိုင်ကြောင်းထင်ရှားလှသည်။

"မင်းတို့ ကျွန်မျိုးတွေ...မင်းတို့လို ပိုးစုန်းကြူးတွေက ကောင်းကင်ပေါ်မှာရှိနေတဲ့လမင်းနဲ့ ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ...လစ်စမ်းကွာ..." မောက်မာသည့်အသံတစ်ခုထွက်ပေါ်လာ၏။ အသံသည် ကောင်းကင်ကိုပင် အက်ကွဲနိုင်သယောင်ပင်။ ထို့နောက်တွင် စူးရှသည့်ဓားသွားစွမ်းအင်တစ်ခုသည် ရွှမ်းကယ်ပေါ်မှကျဆင်းလာ၏။

ထိုဓားသွားစွမ်းအင်သည် အလွန်တောက်ပသည့်အတွက် ကြယ်တစ်ပွင့်လိုပင်။ ဓားသွားစွမ်းအင်ထဲတွင်ပါ၀င်နေသည့် စွမ်းအင်များသည် မည်သည့်အရာကိုမဆိုတွန်းလှန်နိုင်နေသလိုပင်။

ထိုကဲ့သို့သော စွမ်းအားကို အိုလတ်ဂ်ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

အန္တရာယ်အရိပ်ယောင်ကို အာရုံခံလိုက်မိသည့်အတွက်ကြောင့် ဖတ်တီးအိုလတ်ဂ်သည် ဒေါသဖြစ်နေရာမှ ပြန်လည်ကာသတိ၀င်လာ၏။ သူ၏ ရဲစွမ်းသတ္တိသည်လည်း ချက်ချင်းပင် ပျောက်ဆုံးသွားတော့သည်။

အော်ဟစ်ရင်းဖြင့် အနက်ရောင်တူကြီးဖြင့် သူ၏ခန္ဓာကိုယ်အား ဒိုင်းကာကဲ့သို့ကာကွယ်ရန်ကြိုးစားလိုက်သည်။

"ဖုန်းးးး"

ဓားသွားစွမ်းအင်သည် တူကြီးအားရိုက်ခတ်လိုက်သော်လည်း ကောင်းကင်ပေါ်တွင်ရှိနေသည့် ကြယ်ပွင့်များသည် ရုတ်တရက်တောက်ပလာ၏။ ရွှေရောင်ကြယ်ပွင့်များတောက်ပလာပြီး ကောင်းကင်ပေါ်တွင်ကြီးမားသည့် ဂဏန်းကြီးတစ်ကောင်၏ ပုံရိပ်ကိုထင်ဟပ်စေကာ ကြယ်အလင်းရောင်များသည် ကောင်းကင်ပေါ်မှကျဆင်းလာပြီး အိုလတ်ဂ်၏ တူကိုအားဖြည့်ပေးလိုက်သည်။

ထို့နောက်တွင် ဖတ်တီးနှင့် ကြီးမားသည့်တူကြီးသည် ကောင်းကင်ပေါ်မှနေ၍ ဥက္ကာပျံခဲတစ်ခုကဲ့သို့ ကျဆင်းလာတော့၏။

ဖှေးသည် အိုလတ်ဂ်အား ကယ်တင်ရန်စီစဥ်နေကဲ့သော်လည်း ဤအရာကိုမြင်သည့်အချိန်တွင် ရပ်တန့်လိုက်သည်။ ရွှေရောင်စိန့်-ကန်ဆာ အိုလတ်သည် အရေးကြီးသည့်အချိန်တွင် ကြယ်ပွင့်များ၏ စွမ်းအားကိုငှားရမ်း၍ မိမိကိုယ်မိမိကယ်တင်နိုင်ခဲ့သည်။

သို့သော် အိုလတ်ဂ်အား တိုက်ခိုက်လိုက်သည့် ဓားသွားစွမ်းအင်ကို ဖှေးရင်းနှီးသလိုခံစားနေရသည်။ သူသည် ဤဓားသိုင်းကွက်ကို တစ်နေရာရာတွင်မြင်ဖူးခဲ့သလို ခံစားနေရပြီး မည်သည့်နေရာမည်သည့်အချိန်ကဖြစ်သည်ကိုမူ သေချာမသိချေ။

"အယ်လီနာ အန်ဂျယ်လာကို ကာကွယ်ပြီးတော့ ဓားငါးလက်တောင်တန်းကို ပြန်လိုက်ပါ။ င့ါအမိန့်ကိုပေးလိုက် မြို့တော်ကာကွယ်ရေးမှော်အစီရင်ကို စတင်လိုက်တော့။ ဗျူဟာမှူးအာရန်းနဲ့ ရော်ဘင်ကတော့ နေခဲ့။ ကျန်တဲ့လူတွေက ဒဏ်ရာရနေတဲ့ ချမ်းဘော့ဒ်သားတွေကို သွားကယ်တင်ပေးလိုက်..."

ခနတာလေ့လာပြီးသည့်နောက်တွင် သူသည် ဤရွှမ်းကယ်၏ အကြောင်းကိုအကြမ်းဖျင်းနားလည်သွားလိုက်၏။ ထို့ကြောင့် သူသည် အစီစဥ်တစ်ခုလျှင်မြန်စွာဆွဲလိုက်သည်။

အယ်လီနာခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။ "ဂရုစိုက်ပါ အလတ်ဇန္ဒား.."

ထို့နောက် သူမသည် အန်ဂျယ်လာ၏ လက်ကောက်၀တ်ကိုကိုင်ကာ အပြာရောင်အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီး ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများထံသို့ ပျောက်ကွယ်သွားတော့သည်။

ပီတာနှင့် တိုးရီစ်တို့ကဲ့သို့သော ချမ်းဘော့ဒ်စစ်သည်တော်များသည်လည်း အမိန့်အတိုင်းလိုက်ပါဆောင်ရွက်လိုက်ကြသည်။ သူတို့သည် ပြိုလဲနေသည့် ခံတပ်နံရံထံသို့ ပြေးသွားပြီး ကျောက်တုံးများအောက်တွင်ပိနေကြသည့် ဥပဒေပြုအရာရှိများကိုကယ်တင်နေကြသည်။

ဤအခိုက်တန့်တွင် ကောင်းကင်ပေါ်တွင်ရှိနေသည့် ရွှမ်းကယ်သည် စတင်၍ လှုပ်ရှားလာတော့၏။ အနီရောင်အလင်းတန်းများတောက်ပလာပြီး သင်္ဘောကိုယ်ထည်ကြီးသည် ထက်မံ၍ တုန်ခါလာ၏။ ထူထပ်သည့် စွမ်းအင်အလင်းတန်းတစ်ခုအား လဲပျိုနေသည့် ခံတပ်နံရံအစိတ်ပိုင်းထံသို့ ပစ်လွှတ်လိုက်၏။ ပစ်လွှတ်လိုက်သည့်အရှိန်ကြောင့် ရွှမ်းကယ်၏ ကိုယ်ထည်ပင်အနောက်သို့ အနည်းငယ်ယိမ်းယိုင်သွား၏။

ဖှေး သူ၏လက်သီးကို ကိုင်မြှောက်လိုက်သည်။

ရွှေရောင်စွမ်းအင်မီးတောက်များထွက်ပေါ်လာပြီး ရွှေရောင်လက်သီးရာကြီးသည်ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး မှော်အမြှောက်ထံမှ ပစ်လွှတ်လိုက်သည့်စွမ်းအင်အလင်းတန်းနှင့် တိုက်ခတ်လိုက်သည်။

"ဖုန်း..."

လေပေါ်တွင် နေတစ်လုံးပေါက်ကွဲသွားသလိုပင် ကြောက်မက်ဖွယ်မီးတောက်များနှင့် စွမ်းအင်များသည် နေရာအနှံ့သို့ လွှင့်စင်သွားပြီး တောက်ပသည့်အလင်းရောင်များသည် ကြည့်နေကြသည့်လူများ၏ မျက်လုံးကိုပင် နာကျင်စူးရှသွားစေသည်။ နောက်ဆုံးနေ့ရက်တစ်ခုလိုဖြစ်နေပြီး ကြောက်မက်ဖွယ်ပင်။

ဖှေး၏ လက်သီးချက်သည် ရန်သူဘက်မှ ပစ်လွှတ်လိုက်သည့် စွမ်းအင်အလင်းတန်းကို ကောင်းမွန်စွာကာရံလိုက်နိုင်သည်။

ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် စွမ်းအားအမြင့်မားဆုံးဖြစ်သည့် ဘုရင်သာလျှင် ဤကဲ့သို့ဆောင်ရွက်နိုင်၏။ အကယ်၍ တစ်ခြားလူသာ ဤစွမ်းအင်အလင်းတန်းကို မကာရံလိုက်နိုင်ပါက ချမ်းဘော့ဒ်တိုင်းပြည်၏ နေရာနောက်တစ်ခုသည် ပြာပုံဖြစ်သွားမည်ဖြစ်ပြီး သေကြေမှုများထက်မံဖြစ်ပွားလာမည်ဖြစ်သည်။

ဤကဲ့သို့ တိုက်ခိုက်လိုက်သည်မှာ အချိန်မိနစ်အနည်းငယ်ရရှိစေရန်ဖြစ်သည်။ မြို့တော်ထဲတွင် အပြာရောင်စွမ်းအင်လှိုင်းများထွက်ပေါ်လာ၏။ မကြာမှီတွင် အပြာရောင်စွမ်းအင်အကာရံကြီးသည် မြို့တော်၏ ကောင်းကင်ပေါ်တွင်ပေါ်လာပြီး ချမ်းဘော့ဒ်မြို့တော်တစ်ခုလုံးကို စက်လုံးခြမ်းပုံသဏာန်လွှမ်းခြုံကာ ကာကွယ်လိုက်၏။

"ဖုန်း ဖုန်း ဖုန်း ဖုန်း"

တစ်ချိန်တည်းမှာပင် ရွှမ်းကယ်၏ ကုန်းဘက်ပေါ်တွင်ရှိနေသည့်ပို၍သေးငယ်သောလက်နက်များသည် အပြာရောင်မီးတောက်များကို ပစ်လွှတ်လိုက်ရာ ထိုအပြာရောင်မီးတောက်များသည် စွမ်းအင်စက်လုံးပေါ်သို့ ကျဆင်းလာ၏။ စွမ်းအင်များသည် စက်လုံးပေါ်သို့ကျဆင်းလာသော်လည်း စက်လုံးအားထိုးဖောက်၍ ချမ်းဘော့ဒ်တိုင်းပြည်အတွင်းသို့ ကျဆင်းလာနိုင်ခြင်းမရှိပေ။

"ဒါကတွေက မှော်အမြှောက်အငယ်စားတွေပဲ။ ဒီလိုအဆင့်ရှိတဲ့ ရွှမ်းကယ်ပေါ်မှာ ဒီလိုအမြှာက်မျိုး၁၀၀ကျော်ရှိလောက်တယ်။ သင်္ဘောရဲ့အရှေ့ပိုင်းနဲ့အနောက်ပိုင်းမှာတော့ စစ်ပွဲနတ်ဘုရားအဆင့်အမြှောက်ကြီးတွေ တပ်ဆင်ထားတယ်။ ဒီအမြှာက်တွေနဲ့ တိုက်ခိုက်လိုက်လို့ ချမ်းဘော့ဒ်ခံတပ်နံရံပြိုကျလာတာပဲ.." အဖိုးကြီးအာရန်းသည် ချက်ချင်းပင် ရှင်းပြလိုက်သည်။

"ဗျူဟာမှူး...ခင်ဗျားက ရွှမ်းကယ်တွေနဲ့ ပတ်သက်ပြီးကျွမ်းကျင်တဲ့ပုံပဲ။ ဘယ်လိုမောင်းနှင်ရတယ်ဆိုတာကိုရောသိလား..." ဖှေးသည် အဖိုးကြီးအာရန်းကိုကြည့်ကာ မေးလိုက်သည်။

"ဟုတ်ပါတယ် ဒီရွှမ်းကယ်တစ်စင်းကို လူအနည်းငယ်လောက်နဲ့တော့ မောင်းနှင်လို့မရဘူး။ အနည်းဆုံး ကြယ်တစ်လုံးအဆင့်အထက်မှာရှိတဲ့ မှော်ဆရာအယောက်၅၀နဲ့ စက်ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ အလုပ်သမား၁၀၀လောက်လိုအပ်တယ်.." အဖိုးကြီး အာရန်းသည် ခေါင်းရမ်းကာ ဖှေးအားသိသမျှပြောပြလိုက်သည်။

"ဟားဟားဟား ဘယ်လိုမောင်းရမလဲဆိုတာကို ခင်ဗျားသိတယ်ဆိုတော့ ပိုပြီးလွယ်ကူသွားတာပေါ့။ ကျွန်တော်တို့ ချမ်းဘော့ဒ်မှာ လေတပ်အင်အားသိပ်ပြီးမပြည့်စုံသေးဘူး..." ဖှေးသည် တစ်စုံတစ်ရာကိုစဥ်းစားလိုက်မိပြီး ကစဥ့်ကလျားပုလ္လင်ကိုဆင့်ခေါ်လိုက်သည်။ အဖိုးကြီးအာရန်းနှင့် ရော်ဘင်တို့ကို ပုလ္လင်၏ လှေကားထစ်များပေါ်တွင်တင်ဆောင်ကာ သူတို့သုံးယောက်သည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားကြပြီး ရွှမ်းကယ်၏အရှေ့သို့ ရောက်လာခဲ့ကြသည်။

ကြီးမားသည့်အရိပ်မဲကြီးတစ်ခုသည် သူတို့အားချက်ချင်းပင်လွှမ်းခြုံသွားသည်။

အရွယ်စားခြင်းနှိုင်းယှဥ်ကြည့်ပါက အံ့မခန်းပင်။ ကြီးမားသည့် ရွှမ်းကယ်နှင့်နှိုင်းယှဥ်ကြည့်ပါက သူတို့သုံးယောက်သည် ပုရွတ်ဆိတ်များကဲ့သို့ပင်။

ဤအခိုက်တန့်တွင် စစ်သင်္ဘာ၏ထိပ်မှ အနီရောင်အလင်းတန်းများတောက်ပလာ၏။ ကြီးမားသည့် မှော်အမြှောက်ကြီးကို အားသွင်းနေခြင်းဖြစ်သောကြောင့် တုန်ခါသံများထက်မံ၍ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်စွမ်းအင်အလင်းတန်းကြီးနောက်တစ်ခုကို ပစ်လွှတ်လိုက်ပြီး ရန်သူများသည် ချမ်းဘော့ဒ်တိုင်းပြည်၏ စွမ်းအင်အကာရံကိုဖျက်ဆီးလိုသည်မှာ ထင်ရှားလှသည်။

ဖှေးနှာခေါင်းရှုံ့ကာ သူ၏လက်ကိုမြှောက်လိုက်သည်။

[ပြိုင်ဘက်ကင်းအင်ပါယာလက်သီး]

ဆယ်မီတာခန့်အကျယ်ရှိသည့် ကြီးမားသည့်စွမ်းအင်လက်သီးသည် အမြှောက်မှပစ်လွှတ်လိုက်သည့်အလင်းတန်းကိုလွယ်ကူစွာပင် ဖျက်ဆီးလိုက်သည်။

"သေစမ်း င့ါအစွမ်းကိုမပြရသေးဘူးဆိုရင် မင်းတို့ကောင်တွေက င့ါကို စောက်ပိန်းထင်နေကြတာလား..."

ဖှေး၏မျက်နှာပေါ်တွင် ခံစားချက်တစ်စုံတစ်ရာပြသခြင်းမရှိသော်လည်း အမည်မသိရွှမ်းကယ်မှ ချမ်းဘော့ဒ်တိုင်းပြည်အား တစ်ကြိမ်ပြီးတစ်ကြိမ်တိုက်ခိုက်နေသည့်အတွက်ကြောင့် ဒေါသဖြစ်နေလျှက်ရှိသည်။

ငွေရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး ကစဥ့်ကလျားပုလ္လင်သည် ရွှမ်းကယ်၏အစိမ်းရောင်စွမ်းအင်အကာရံကို ဖြတ်ကျော်ကာ ကုန်းဘက်အနားသို့ ရောက်ရှိသွား၏။

ယခုအချိန်တွင် ဖှေးသည် ရွှမ်းကယ်ပေါ်တွင်ဖြစ်ပျက်နေသည့်အရာများကို အသေးစိတ်မြင်နိုင်နေပြီဖြစ်သည်။

All Chapters