"သမိုင်း၀င်မည့်တိုက်ပွဲ ၁"
Vol. 52 Ch. 805
"ဟားဟား ရီစရာကောင်းတယ်...မင်းပဲလား..မင်းတစ်ယောက်ထဲတင်လား"
ဓားတစ်လက်သူရဲကောင်းသည် ဖှေး၏စကားကြောင့်ဒေါသဖြစ်သွား၏။ ယခုအချိန်တွင် စိတ်တိုလွယ်နေသည့်လူသည် သူ၏သွေးဆာနေသည့်မျက်လုံးများကို ပြူးကျယ်နေအောင်ဖွင့်လိုက်ရာ နတ်ဆိုးတစ်ကောင်လိုပင်။
"၀ှစ်..."
ကြောပေါ်တွင် လွယ်ထားသည့် ဓားမှအသံတစ်ခုထွက်ပေါ်လာပြီး ခုန်တက်ကာ သူ၏လက်ထဲသို့ အလိုလိုရောက်ရှိလာ၏။ ဓားကိုယ်ထည်သည် ချောမွေ့နေသည့်အတွက် ရေကန်မျက်နှာပြင်လိုပင်။ တောက်ပသည့်အလင်းရောင်များလွှမ်းခြုံထားပြီး ဓားသည်အသက်ရှိနေသည့်အတိုင်းပင်။ အဆင့်မြင့် လက်စွဲတော်လက်နက်တစ်ခုဖြစ်ပုံရ၏။
"ဒီနေ့ငါမင်းရဲ့ခေါင်းကိုဖြတ်ပြီးတော့ ချမ်းဘော့ဒ်ဘုရင်ဆိုတာ အားနည်းတဲ့ ပုရွတ်ဆိတ်တစ်ကောင်ပဲဆိုတာကို ဇီးနစ်ကကောင်တွေသိအောင်လုပ်ပေးရမှာပေါ့။ မင်းင့ါကို ဘယ်တော့မှအနိုင်ယူနိုင်တော့မှာမဟုတ်ဘူး။ ငါ့ကိုတွေ့ခဲ့တာက မင်းဘ၀ရဲ့အကြီးမားဆုံးအမှားတစ်ခုပဲ..."
ဓားတစ်လက်သူရဲကောင်းအော်ဟစ်ကာ ဓားသွားစွမ်းအင်များကိုထုတ်လွှတ်လိုက်သည်။ တောက်ပသည့်အလင်းရောင်များကဲ့သို့ပင် ဓားစွမ်းအင်အလင်းတန်းများပေါင်းစည်း၍ ပိုက်ကွန်တစ်ခုကို ဖန်တီးလိုက်ပြီး ဖှေးထံသို့ ပျံသန်းလာတော့၏။
ဘုရင်သည် တည်တည်ငြိမ်ငြိမ်ပင်။
ဤတစ်ကြိမ်တွင် သူသည်အနောက်သို့ မဆုတ်ပဲ အရှေ့သို့တိုးလာပြီး ဓားစွမ်းအင်များဖြင့်ပြုလုပ်ထားသည့်ပိုက်ကွန်ထံသို့ တိုး၀င်လာတော့၏။
ဖှေး၏လက်ထဲတွင်ကိုင်ထားသည့် မသေမျိုးဘုရင်၏တူသည် ဘုရင်တစ်ပါးဒေါသဖြစ်နေသလို ဆူညံသံများကိုပြုလုပ်လိုက်ပြီး တူ၏ကိုယ်ထည်တွင်ပါရှိသည့်မှော်အစီရင်များသည်လည်း အသက်၀င်လာသလိုတောက်ပလာတော့၏။ ကိုယ်ပိုင်အသက်၀ိဉာဥ်တစ်ခုပိုင်ထိုင်ထားသလိုပင် အစီရင်များထံမှ အလင်းတန်းများထွက်ပေါ်လာပြီး ရွှေရောင်နဂါးများအဖြစ်သို့ပြောင်းလဲသွားတော့သည်။ ဤသည်မှာ လူရိုင်းဇာတ်ကောင်၏ စွမ်းအားအမြင့်မားဆုံးသိုင်းကွက်များထဲမှ တစ်ခုဖြစ်သည့် ဓားမုန်တိုင်းသိုင်းကွက်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။
"ဖုန်း ဖုန်း ဖုန်း"
ရွှေရောင်နဂါးများနှင့် တောက်ပနေသည့် ဓားသွားစွမ်းအင်တို့တွေ့ဆုံလိုက်ကြပြီး ငွေရောင်နှင့် ရွှေရောင်စွမ်းအင်များသည် အရပ်မျက်နှာအနှံ့သို့ပျံသန်းကုန်ကာ ကောင်းကင်ပေါ်တွင် နတ္တိလောကနှင့်ဆက်ဆက်နေသည့် အမဲရောင်အက်ကွဲကြောင်းများစွဦဖြစ်ပေါ်လာစေ၏။ မုန်တိုင်းများလည်းတစ်ခုပြီးတစ်ခုဖြစ်ပေါ်လာကာ အာကာသနေရာပင်မတည်မငြိမ်ဖြစ်လာတော့သည်။ ပါးလွှာသောစက္ကူစတစ်ခုလိုပင် အချိန်မရွေးစုတ်ပြဲသွားနိုင်သည်ဟုထင်ရ၏။
ဤအခိုက်တန့်တွင် ဖှေးသည် ကစဥ့်ကလျားစွမ်းအင်လှိုင်းများကိုဖြတ်ကျော်ကာ ဓားတစ်လက်သူရဲကောင်း၏အရှေ့သို့ ရုတ်တရက်ရောက်ရှိသွား၏။
"ချွင် ချွင် ချွင် ချွင်"
သတ္တုခြင်းရိုက်ခတ်သံများစွာထွက်ပေါ်လာပြီး မီးပွားစများသည်လည်း နေရာတိုင်းသို့လွှင့်စင်ကုန်တော့သည်။
တစ်စက္ကန့်အတွင်းမှာပင် ဖှေးနှင့် ဓားတစ်လက်သူရဲကောင်းတို့သည် တစ်ဦးနှင့်တစ်ဦးအကြိမ်ပေါင်းများစွာတိုက်ခိုက်ပြီးဖြစ်ပြီး မသေမျိုးဘုရင်၏တူနှင့် ဓားတစ်လက်သူရဲကောင်၏ ဓားသွားတို့သည်လည်း အခြင်းခြင်းအကြိမ်ပေါင်းများစွာတွေ့ဆုံလိုက်ကြ၏။ သူတို့၏လှုပ်ရှားမှုများသည် လျှင်မြန်လှသည့်အတွက်ကြောင့် သာမန်မျက်စိဖြင့်မြင်နိုင်ရန်ခဲယဥ်းလှသည်။
ဖှေးသည် ရန်သူမှ ဓားစွမ်းအင်များပစ်လွှတ်နိုင်ခြင်းမရှိစေရန်အတွက် ဓားတစ်လက်သူရဲကောင်းအား အနီးကပ်တိုက်ခိုက်ရန်စီစဥ်ထား၏။
ဒိုင်ယာဘလိုကမ္ဘာတွင် ဇာတ်ကောင်အမျိုးမျိုးရှိသည့်အနက် လူရိုင်းဇာတ်ကောင်သည် အနီးကပ်တိုက်ပွဲများတွင်အထိရောက်အကျွမ်းကျင်ဆုံးဇာတ်ကောင်တစ်ကောင်ဖြစ်သည်။ သူတို့သည် ကိုင်ဆွဲထားသည့်လက်နက်များသာမက မည်သည့်ခန္ဓာကိုယ်အစိတ်ပိုင်းကိုမဆိုလက်နက်ကဲ့သို့အသုံးပြုနိုင်ကြသည်။
ဤတိုက်ပွဲတွင် ဖှေးသည် ထိုအရာများကိုသရုပ်ဖော်ပြသခဲ့သည်။
သုံးမီတာခန့်ရှည်လျားသည့် စစ်ပွဲသုံးတူကြီးသည် သူ့အားနှောင့်နှေးစေခြင်းမရှိပေ။ ထိုအစားအနီးကပ်တိုက်ခိုက်ရာတွင် ဖှေးထင်ထားသည်ထက်ပင် ပို၍အသုံး၀င်နေသေးသည်။ တူရိုက်ချက်တစ်ချက်ခြင်းစီတိုင်းသည် သေစေနိုင်လောက်၏။
"ဟားဟား အနီးကပ်တိုက်ပွဲမှာ မင်းတစ်ယောက်ထဲပဲကျွမ်းကျင်တယ်လို့ ထင်နေတာလားချမ်းဘော့ဒ်ဘုရင်။ မင်းက သေကြောင်းကြံနေတာပဲ..."
ဓားတစ်လက်သူရဲကောင်းသည် ရူးသွပ်စွာရယ်မော၍ သူ၏ ငွေရောင်ဓားအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူ၏ အနီးကပ်ဓားသိုင်းကွက်များသည်လည်း စွမ်းအားမြင့်မားလှ၏။
ဓားတစ်လက်သူရဲကောင်း၏ ဓားကွက်များသည် လက်ရှိအေဇာရုတိုက်ပေါ်တွင်ခေတ်စားနေသည့် ဓားကွက်များနှင့်မတူပဲထူးခြားနေ၏။ ဒဏာရီလာနတ်ဘုရားများခေတ်မှ သိုင်းကွက်များဖြစ်သည်ဟူ၍ပင် ဖှေးခံစားနေရသည်။ အနုစိတ်ဆန်ဆန်လှပခြင်းမရှိပဲ သူ၏ဓားကွက်များသည် ရိုးရှင်းနေ၏။ သို့သော် အလွန်ထိရောက်ကာ ဓားကွက်တစ်ခုနှင့်တစ်ခုပေါင်းစပ်လိုက်ပါက စွမ်းအားသည် အံ့မခန်းပင်။
တိုက်ပွဲပြင်းထန်လာသည်နှင့်အတူ အနီရင့်ရောင်စွမ်းအင်များသည် ဓားတစ်လက်သူရဲကောင်း၏ခန္ဓာကိုယ်ပေါ်တွင်ပေါ်လာပြီး တားမြစ်ထားသည့်စွမ်းအင်တစ်မျိုးသည်သူ့အားလွှမ်းခြုံသွား၏။
"ချွင် ချွင် ချွင် ချွင်"
တူနှင့် ဓားတို့သည်လည်း အဆက်မပြတ်ထိတွေ့နေလျှက်ရှိသည်။ ဥက္ကာပျံခဲများသည်ကမ္ဘာမြေကြီးအား၀င်တိုက်နေသလိုပင် တိုက်ခိုက်မှုတစ်ခုခြင်းစီတိုင်းသည် ကျယ်လောင်တုန်ခါသည့်အသံများကိုဖြစ်ပေါ်နေစေလျှက်ရှိသည်။
တိုက်ပွဲနှင့် နီးကပ်နေသည့်နေရာတွင်ရှိနေသည့်ရွှမ်းကယ်ပေါ်တွင် အော်မွန်းအင်ပါယာမှ ကြယ်အဆင့်သိုင်းဆရာတစ်ချို့သည် အသံလှိုင်းများဒဏ်ကိုခံနိုင်ရည်မရှိကြပေ။ သူတို့၏မျက်လုံးများ၊ နားများအတွင်းမှ သွေးများစီးကျကာ ယိမ်းယိုင်နေကြ၏။ သူတို့၏ နာကျင်စွာအော်ဟစ်သံများကလည်း လေထဲတွင်ဟိန်းနေလျှက်ရှိသည်။
အချိန်များကုန်ဆုံးလာသည်နှင့်အမျှ တိုက်ပွဲသည်လည်းအရှိန်အမြင့်ဆုံးသို့ရောက်ရှိလာတော့သည်။
ယခုအချိန်တွင် ဓားတစ်လက်သူရဲကောင်းသည် လုံး၀ပင်အသွင်ပြောင်းသွားတော့၏။
သူ၏ကြွက်သားများတောင့်တင်းလာကာ အရေပြားသည်လည်းအနီရင့်ရောင်အဖြစ်သို့ပြောင်းလဲသွား၏။ သူ၏ အညိုရောင်ဆံပင်ရှည်များသည်လည်း သွေးများဖြင့်စိုရွှဲနေကာ မျက်လုံးများသည်လည်း နီရဲနေ၏။
ကြမ်းရှရှအသံတစ်ခုဖြင့် အဆက်မပြတ်အော်ဟစ်နေပြီး သူသည် စိတ်ဖောက်ပြန်ကာ နတ်ဆိုးတစ်ကောင်အဖြစ်သို့ ကူးပြောင်းသွားသလိုပင်။
ဖှေးတစ်စုံတစ်ခုကို နားလည်သွားလိုက်သည်။
ဓားတစ်လက်သူရဲကောင်းထံတွင် ဒိုင်ယာဘလိုကမ္ဘာကဲ့သို့သော ရွှေလက်ချောင်းမရှိပေ။ သို့သော် သူသည် အချိန်တိုအတွင်းမှာပင် ကြယ်ခြောက်လုံးအဆင့်မှ နေအဆင့်သို့ရောက်ရှိခဲ့သည်။ သူသည် တားမြစ်တားသည့် ကျင့်ကြံနည်းတစ်ခုခုကို အသုံးပြုခဲ့သည်မှာထင်ရှားလှသည်။
မြင်ရသည်အရ စွမ်းအားမြင့်မားသည့်နတ်ဆိုးတစ်ကောင်သည် သူ၏ခန္ဓကိုယ်အား၀င်ပူးကပ်ထားသလိုပင်။ တစ်ခြား၀ိဉာဥ်တစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲတွင်နေထိုင်နေ၏။ ထိုနတ်ဆိုး၏ စွမ်းအားများကို ငှားရမ်းကာ ဓားတစ်လက်သူရဲကောင်းသည် အချိန်တိုအတွင်းတွင် လျှင်မြန်စွာအဆင့်တက်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ ဓားတစ်လက်သူရဲကောင်းသည် နတ်ဆိုးကို ဆက်လက်ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ပဲ နတ်ဆိုးအသွင်သို့ကူးပြောင်းနေခြင်းပင်။
ဤအခိုက်တန့်တွင် ဓားတစ်လက်သူရဲကောင်းသည် မိမိကိုယ်ပိုင်အသိစိတ်ဖြင့်တိုက်ခိုက်နေခြင်းမျိုးမဟုတ်ပဲ နတ်ဆိုး၏ ထိန်းချုပ်မှုအတိုင်းကမူးရှူးထိုးတိုက်ခိုက်နေခြင်းပင်။
ဖှေးသည် သူ၏တူကို၀ှေ့ရမ်းနေရင်းဖြင့် ရွှေရောင်စွမ်းအင်လှိုင်းများထွက်ပေါ်လာပြီး ဓားတစ်လက်သူရဲကောင်းအား ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်နေ၏။ တကယ်တန်းတွင် သူသည် အနည်းငယ်ပင်အသားစီးရနေ၏။
"ဓားတစ်လက်သူရဲကောင်းကိုယ်ထဲမှာရှိနေတာဘာလဲ...ဒီနတ်ဆိုးကဘာလဲ...ငါဒီစွမ်းအင်ကိုတစ်နေရာရာမှာကြုံခဲ့ဖူးသလိုခံစားနေရတာလဲ..." ဖှေးမျက်မှောင်ကြုံ့လိုက်၏။
"ထင်တောင်မထားဘူး ဒီမြို့ခံက စွမ်းအားမြင့်မားတာပဲ..."
ရွှမ်းကယ်ပေါ်တွင် ခပ်ပိန်ပိန်အရပ်ပုပုလူတစ်ယောက်သည် ထိန်းချုပ်ရေးအဆောက်ဦးပေါ်တွင်ရှိသော သားနားသည့်ရွှေပုလ္လင်တစ်ခုပေါ်တွင်ထိုင်နေ၏။ သူသည် အရက်သေစာနှင့် မိန်းမကိစ္စလွန်ကျူးမှုတို့ကြောင့် ဖြူဖက်ဖြူယော်ဖြစ်နေလျှက်ရှိသည်။ ဤအခိုက်တန့်တွင် သူ့အား စွမ်းအားမြင့်စစ်သည်များမှ ၀န်းရံထားပြီး သူသည် လက်၀ှေ့ပွဲတစ်ခုကြည့်နေရသလိုပင် ကျေနပ်အားရနေ၏။
"ဟားဟား ကောင်းတယ်ဟေ့ ကောင်းလိုက်တဲ့တိုက်ပွဲကွာ မင်းတို့ကောင်တွေတွေ့လိုက်ရလား။ ဒီ နိမ့်ကျတဲ့ဓားတစ်လက်သူရဲကောင်းက ကံကောင်းပြီးငါတို့အင်ပါယာ ပင်မတပ်ဖွဲ့ခေါင်းဆောင်ဖြစ်လာတယ်ဆိုပေမယ့် အတော်လေးစွမ်းအားမြင့်မားတာပဲကွ။ အဲ့ဆံပင်အနက်နဲ့ မြို့ခံကလဲ စွမ်းအားမြင့်တယ်။ ဟားဟား အဲ့ကောင်ကို င့ါအတွက်ဖမ်းပေးကြစမ်းကွာ...ဒီကောင့်ကိုအင်ပါယာပြန်ပို့လိုက်ရင် ဖျော်ဖြေမှုတိုက်ခိုက်ရေးကွင်းထဲမှာ ထိပ်တန်းဖိုက်တာတစ်ယောက်ဖြစ်လာလိမ့်မယ် ဟားဟားဟား..." သူသည် မောက်မာစွာဖြင့် ရယ်မောလိုက်၏။
ထိုလူသည် အော်မွန်းအင်ပါယာ၏ ဒုတိယမင်းသား ရှန်ချူအာပင်။
"အကြံကောင်းပါပဲ အရှင့်သား ဒီမြို့ခံတွေက ကျွန်ဖြစ်ဖို့မွေးဖွားလာတာပဲ..ကျွန်တော်တို့အတွက် အသက်ပေးသင့်တယ်..."
"အဲ့မြို့ခံကလည်းအတော်စွမ်းအားကြီးတယ် ပြီးကျသူကဘုရင်တစ်ပါးမို့လား သူ့လိုဖိုက်တာတစ်ယောက်က အရှင့်သားကို ဖျော်ဖြေရေးတိုက်ခိုက်ကွင်းထဲမှာ ပိုက်ဆံအများကြီးရှာပေးလိမ့်မယ်..."
"ဒီမြို့ခံတွေအကုန်လုံးကစွမ်းအားမြင့်မားကြတယ် ဒီမြို့လေးကို သိမ်းပိုက်ပြီးတာနဲ့ ရတနာတွေနဲ့မိန်းမတွေကို ကျွန်တော်တို့သိမ်းပိုက်ကြတာပေါ့။ ချမ်းဘော့ဒ်မှာ မိန်းမလှလေးတွေအတော်ပေါတယ်ပြောတယ်။ ကျွန်တော်တို့ မိန်းမအကုန်လုံးကိုဖမ်းပြီးတော့ အရှင့်သားအတွက် အလှဆုံးတွေကိုရွေးပေးပါ့မယ်..."
ရှန်ချူအာဘေးတွင်လည်း လူငယ်များစွာရှိနေပြီး ထိုလူငယ်များအားလုံးသည် သားသားနားနား၀တ်ဆင်ထားကြသည်။ သူတို့သည် အားနည်းသည့် လူချမ်းသာသားသမီးများဖြစ်ကြသော်လည်း သူတို့၏ မြှောက်ပင့်စွမ်းရည်မှာ အံ့မခန်းပင်။ အိုလတ်ဂ်ပင် ဆရာတင်လောက်၏။
မင်းသားရှန်ချူအာ၏မျက်နှာပေါ်တွင်ရှိသည့် ကျေနပ်သောအမူယာကိုမြင်တွေ့လိုက်ရသည့်အတွက်ကြောင့် သူတို့သည် ပို၍ပင်မြှောက်ပင့်လိုက်ကြသေးသည်။
"မင်းတို့ ပိုးမွှားကောင်တွေစောက်ပါးစပ်ပိတ်ထားကြစမ်း။ မြှောက်ပင့်ဖားယားဖို့ကလွဲပြီးတော့ ကျန်တာဘာမှမသိဘူးလား..."
ဤအခိုက်တန့်တွင် ဆံပင်ရွှေရောင်နှင့် ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသော ခပ်တောင့်တောင့်လူတစ်ယောက်သည် ဒေါသဖြင့်အော်ဟစ်လိုက်၏။