"သမိုင်းတွင်မယ့် တိုက်ပွဲ ၂"
Vol. 52 Ch. 806
ထိုသန်သန်မာမာနှင့်လူသည် အားအင်ချိနဲ့နေပုံရသည့် မြှောက်ပင့်နေသူများကိုကြည့်ကာ အော်ဟစ်လိုက်သည်။ "မင်းတို့ အမှိုက်သရိုက်ကောင်တွေ မင်းဘာသိလို့လဲ။ ဓားတစ်လက်သူရဲကောင်းရော ဒီမြို့ခံရောက နေအဆင့်သခင်တွေကွ။ မင်းတို့ကို လက်တစ်ချောင်းတည်းနဲ့ အခါတစ်သောင်းလောက်အကြိမ်ကြိမ်သတ်လို့ရတယ်။ ငါတို့အော်မွန်းအင်ပါယာကို ကျင့်ကြံသူတွေရဲ့စွမ်းအားနဲ့ တည်ထောင်ခဲ့တာပဲ...အဲ့တာကြောင့် စွမ်းအားမြင့်သိုင်းဆရာတွေအားလုံးကို ငါတို့လေးစားတယ်။ ဒီမြို့ခံတွေက အရှိန်၀ါသေးငယ်တဲ့လူတွေဆိုပေမယ့် ရဲရင့်တဲ့စစ်သည်တော်တွေပဲ။ မင်းတို့တွေအားလုံးထက်သာတယ်...ထွက်သွားကြစမ်း...အရှင့်သား ရှန်ချူအာကို မင်းတို့မဖျက်ဆီးကြနဲ့..."
ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် သန်သန်မာမာလူ၏ အော်ဟစ်ခြင်းကိုခံလိုက်ရသည့်အတွက်ကြောင့် ထိုလူငယ်များသည် ဒေါသဖြစ်သည့်ပုံရှိနေ၏။ သို့သော် သူတို့အားလုံးသည် ပါးစပ်များပိတ်ထားပြီး ဘာမှပြန်မပြောကြပေ။ သူတို့သည် ဤလူအား ကြောက်လန့်သည်မှာ ထင်ရှားလှသည်။
"ဟားဟားဟား စိတ်မဆိုးပါနဲ့ ခေါင်းဆောင်ပီဒစ် သူတို့တွေဘယ်လောက်ပဲစွမ်းအားကြီးကြီး ဒီကောင်တွေက အဆင့်နိမ့်တဲ့ကောင်တွေပါ။ ဒီကောင်တွေရဲ့ သွေးမျိုးကိုကတည်းက နိမ့်ကျနေပြီး ကျွန်ဖြစ်ဖို့လောက်ပဲ အသုံး၀င်တဲ့ကောင်တွေ။ သူတို့ဘာလုပ်နိုင်မှာမို့လို့လဲ ဒီအရာကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်မှာလား။ အခုဆိုရင် အင်ပါယာစစ်သည်တွေကလည်း၀င်လာပြီ။ ဇီးနစ်မြို့တော်ကို သိမ်းနိုင်ဖို့ကလည်း စက္ကန့်ပိုင်းလောက်ပဲကြာလိမ့်မယ်။ တကယ်တန်းပြောရမယ်ဆိုရင် ဒီလိုမြို့ငယ်လေးတစ်ခုကို ဖျက်ဆီးဖို့က အတော်လွယ်ကူတဲ့ကိစ္စပါဗျာ။ စွမ်းအားမြင့်မားတဲ့မြို့ခံအနည်းငယ်ရှိနေမယ်ဆိုရင်တောင် သူတို့ဘာမှမတတ်နိုင်ပါဘူး။ ဓားတစ်လက်သူရဲကောင်းကိုပဲကြည့်လိုက် ဒီကောင်ဘယ်လောက်စွမ်းအားမြင့်မြင့် ကျုပ်စကားကို ခွေးလိုနားထောင်ရတာပဲမို့လား...ပီဒစ်ခင်ဗျားအစိုးရိမ်လွန်နေတာပဲ..."
သန်မာသည့်လူ၏ ဆိုစကားကြောင့် အနည်းငယ်အရှိန်ပျက်သွားသော်လည်း ဉာဏ်ရည်နိမ့်ကာ အသုံးမ၀င်သည့်ပုံရှိသည့် မင်းသားရှန်ချူအာသည် ဒေါသဖြစ်ခြင်းမရှိပေ။ အံ့သြစွာပင် သူသည် ခေါင်းငြိမ့်ကာ နောက်ပြောင်သည့်ဟန်ဖြင့် ပြန်ပြောလိုက်၏။
ယုံကြည်ချက်ရှိကာအရာအားလုံးကိုတွက်ဆထားသည့်အပြုံးတစ်ခုသည် သူ၏မျက်နှာပေါ်တွင်ပေါ်လာ၏။ သူသည် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သလိုပင်။
ခနတာရပ်တန့်သွားပြီးသည့်နောက်တွင် ရှန်ချူအာသည် သူ၏မေးစေ့ကိုပွတ်လိုက်ပြီး စိတ်မရှည်စွာဖြင့်ပြောလိုက်သည်။ "ကောင်းပြီလေ ဆူဆူညံညံမလုပ်ကြနဲ့တော့။ ဒီတိုက်ပွဲကိုပဲအေးဆေးကြည့်ရအောင်။ ညစ်ပတ်တဲ့ တိရစ္ဆာန်နှစ်ကောင်က ငါတို့ကိုအကောင်းဆုံးဖျော်ဖြေနေတာပဲ။ ဟားဟား ခေါင်းဆောင်ပီဒစ် ခင်ဗျားလည် လပြည့်နောက်ဆုံးအဆင့်မှာတင် ဆက်ပြီးအဆင့်မတက်နိုင်ဖြစ်နေတာ တစ်နှစ်ခွဲတောင်ကြာပြီမလား။ ဒီတိုက်ပွဲကြည့်ပြီးတော့ ခင်ဗျားလည်းအဆင့်တက်ရင်တက်နိုင်မှာပေါ့....ဒီနှစ်ကောင်လုံးအခြင်းခြင်းတိုက်ခိုက်ပြီးတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားရင် ကျွန်တော်တို့ ဒီကောင်တွေကိုဖမ်းပြီးတော့ စစ်မေးလို့ရတယ်လေ။ အဲ့အချိန်ကျရင် အော်မွန်းအင်ပါယာမှာ နေအဆင့်ကျင့်ကြံခြင်းနည်းစနစ်နောက်ထပ်နှစ်ခုတောင်ရရှိသွားလိမ့်မယ်..."
ပီဒစ်ဟုခေါ်သည့်လူသည် အနည်းငယ်အံ့သြသွားပြီး သူ၏မျက်နှာပေါ်တွင် စိတ်သက်သာသည့်အပြုံးတစ်ခုပေါ်လာ၏။
ထို့နောက်တွင် သူဖြေးညှင်းစွာခေါင်းငြိမ့်၍ လေးနက်စွာ ပြန်ဖြေလိုက်သည်။ "အရှင့်သားရှန်ချူအာ အရှင်ကကစားနေတာပါပဲ...အင်း ကျွန်တော်က အရှင့်သားကို ဒီအမှိုက်သရိုက်တွေဖျက်ဆီးမှာ စိတ်ပူနေတာ...ကျွန်တော်ပီဒစ် အရှင့်သားအပေါ်မှာ သစ္စာခံပါတယ်..."
ထို့နောက်တွင် သူသည် တစ်ဖက်သို့လှည့်ကာ ဓားတစ်လက်သူရဲကောင်းနှင့် ဖှေးတို့၏တိုက်ပွဲကို ဂရုစိုက်၍ကြည့်ရှုနေ၏။ ဖြည်းဖြည်းခြင်းဖြင့် သူသည် တိုက်ပွဲ၏ဖမ်းစားခြင်းကိုခံလိုက်ရသည်။ နေအဆင့်အောက်တွင်ရှိနေသည့် လူတိုင်းအတွက် ဤကဲ့သို့သောတိုက်ပွဲအား အနီးကပ်မြင်ရခြင်းသည် ရှားပါးသည့်အခွင့်ပေးတစ်ခုပင်။
"ဒီကောင်တွေက ညစ်ပတ်တဲ့မြို့ခံတွေပဲ ဒီကစားပွဲမှာဆိုရင် ဒီကောင်တွေကသားကောင်တွေပဲ။ သားရဲတွေထက်တောင်ပိုပြီးတော့ နိမ့်ကျသေးတယ်..အေး ဒီလို ညစ်ပတ်တဲ့တိရစ္ဆာန်တွေကို တစ်ခါတလေ ကြည့်ရတာကလည်း ပျော်စရာပါပဲ..."
ရှန်ချူအာသည် သူ၏ရွှေပုလ္လင်ပေါ်တွင်ထိုင်နေရင်းဖြင့် တိုက်ပွဲကိုသိပ်ပြီးစိတ်ပါ၀င်စားခြင်းမရှိပေ။ သူသည် အနည်းငယ်ပျင်းရိနေသလိုဖြစ်နေပြီးတစ်စုံတစ်ခုကို တွေးလိုက်မိသည်။ ရုတ်တရက် သူသည် စစ်သည်များ၀ိုင်း၀န်းတိုက်ခိုက်နေသည့် အဖိုးကြီးအာရန်းနှင့်ရော်ဘက်တို့ကိုတွေ့လိုက်ပြီး သူတို့နှင့်အတူရှိနေသည့် ငွေရောင်စွမ်းအင်အကာရံတစ်ခုထုတ်လွှတ်ထားသော ကစဥ့်ကလျားပုလ္လင်ကိုမြင်လိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးများတောက်ပသွားတော့သည်။
ပြင်းထန်သည့် တိုက်ပွဲသည်ကောင်းကင်ပေါ်တွင် ဆက်လက်ဖြစ်ပွားနေလျှက်ရှိသည်။
ဖှေး၏ စွမ်းအားများသည် အမြင့်ဆုံးသို့ရောက်ရှိသွားပြီး ရွှေရောင်စွမ်းအင်မီးတောက်များသည် အရပ်မျက်နှာအနှံ့သို့ ကျယ်ပြန့်လာတော့သည်။ ကောင်းကင်ပေါ်တွင် နောက်ထပ်နေမင်းတစ်ခုတောက်ပနေသလိုပင် ခံစားနေရ၏။ လက်ထဲတွင် တူကိုကိုင်ဆွဲထားပြီး ရွှေရောင်မှော်အစီရင်များသည် အနီရောင်အဖြစ်သို့ပြောင်းလဲသွားပြီးပို၍ပင်တောက်ပလာတော့သည်။ အစီရင်များထဲတွင်ရှိနေသည့် မှော်စွမ်းအင်များသည် ပျံသန်းထွက်ပေါ်လာတော့မည့်အတိုင်းပင်။ မြင့်မားကာအရိုင်းဆန်သည့် စွမ်းအားတစ်မျိုးသည် မသေမျိုးဘုရင်၏တူ အတွင်းမှ ထွက်ပေါ်လာတော့မည်ဖြစ်သည်။ ဖှေး၏ မရဏငရဲခက်ခဲမှုအဆင့်လူရိုင်းဇာတ်ကောင်၏အစွမ်းနှင့်ပေါင်းစပ်လိုက်ပါက ဘုရင်သည် စစ်ပွဲနတ်ဘုရားပြန်လည်၀င်စားလာသကဲ့သို့ပင်။
"ချွင် ချွင် ချွင်"
ကြောက်မက်ဖွယ်ကျယ်လောင်သည့်တိုက်ခိုက်သံများထွက်ပေါ်လာပြီးသည့်နောက်တွင် တိုက်ပွဲသည်ပီးဆုံးတော့မည်ဖြစ်သည်။
ဓားတစ်လက်သူရဲကောင်းကိုင်ဆောင်ထားသည့် အဆင့်မြင့်လက်စွဲတော်လက်နက်သည် မသေမျိုးဘုရင်၏တူနှင့်ယှဥ်ပြိုင်နိုင်ခြင်းမရှိပဲ ယခင်ကချောမွေ့နေခဲ့သည့် ဓား၏ကိုယ်ထည်သည် အစင်းကြောင်းများအချိုင့်များဖြင့် ပြည့်နှက်နေတော့၏။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း အက်ကွဲကြောင်းများဖြင့်ပြည့်နှက်နေပြီး အချိန်မရွေးကြေမွသွားတော့မည့်ပုံပင်။
"ခီခီခီ...ခီခီ.."
ဓားတစ်လက်သူရဲကောင်း၏မျက်လုံးများနီရဲနေပြီး လူသားခံစားချက်များကိုမြင်တွေ့ရခြင်းမရှိပေ။
သူသည် သိဉာဏ်မရှိသော နတ်ဆိုးသားရဲတစ်ကောင်ကဲ့သို့ အေးစက်ရက်စက်နေကာ ကြမ်းရှရှအသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူသည် လုံး၀ရူးသွပ်သွားသည့်ပုံပင်။
ဖြေးညှင်းစွာပင် အနီရင့်ရောင်စွမ်းအင်မြူဆိုင်တစ်ခုသည် သူ့အားလွှမ်းခြုံလာပြီး ထိုမြူဆိုင်သည် ပို၍ပို၍ပင် ထူထပ်လာ၏။
ခနကြာသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်အား မြူစိုင်ထဲတွင်မြင်တွေ့ရခြင်းမရှိတော့ပဲ တောက်ပနေသည့် သူ၏မျက်လုံးများကိုသာမြင်တွေ့ရတော့၏။ သူသည် ကြောက်မက်ဖွယ်နတ်ဆိုးတစ်ကောင်လိုပင်။
ထိုအနီရင့်ရောင်မြူဆိုင်များထဲတွင် သေစေနိုင်သည့် စွမ်းအင်တစ်မျိုးပါရှိပြီး အသက်၀ိဉာဥ်ကိုပင် စွန်းထင်းညစ်နွမ်းစေနိုင်၏။
သို့သော် ဘုရင်အတွက်ပြသနာမရှိလှပေ။
ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် နတ်ဆိုးများစွာနှင့်တိုက်ခိုက်ဖူးသည့်အတွက်ပင်။ အေဒရီရယ်နှင့် ဒူရီရယ်တို့ကဲ့သို့သော နတ်ဆိုးအငယ်စားများ၊ ဒိုင်ယာဘလို၊ ဘေးလ်နှင့် မီဖက်ဆိုတို့ကဲ့သို့သော စွမ်းအားမြင့်မားသည့် နတ်ဆိုးကြီးများကိုလည်း ရင်ဆိုင်ခဲ့ဖူးသည်။ ထို့ကြောင့် ဓားတစ်လက်သူရဲကောင်း၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် နတ်ဆိုးစွမ်းအင်များသည် ဖှေးအတွက် ချိမ်းခြောက်မှုမပေးနိုင်ပေ။
အရိုးရှင်းဆုံးပြောရပါက ဖှေးသည် ကမ္ဘာပေါ်တွင် အဆိုးသွမ်းဆုံးသောနတ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ဖူးသည်။ ထို့အပြင် နတ်ဆိုးများနှင့်တိုက်ခိုက်ရာတွင်လည်း အလွန်အတွေ့ကြုံမြင့်မားပြီး ကျွမ်းကျင်သူတစ်ယောက်ဟုပင်ဆိုနိုင်၏။ ဓားတစ်လက်သူရဲကောင်း၏ နတ်ဆိုးစွမ်းအင်မြူဆိုင်သည်စွမ်းအားမြင့်မားသော်လည်း ဖှေးသည် မရဏငရဲခက်ခဲမှုအဆင့်လူရိုင်းဇာတ်ကောင်တစ်ယောက်အနေဖြင့် လျစ်လျူရှုနိုင်၏။
သူ၏ ခမ်းနားထည်၀ါသောရွှေရောင်စွမ်းအင်မီးတောက်များ အပြင်သို့ပို၍ကျယ်ပြန့်လာသည်နှင့်အမျှ အနီရင့်ရောင်မြူဆိုင်များသည် အငွေ့ပျံသလို စတင်အက်ကွဲလာ၏။ ထိုမြူဆိုင်များသည် ဖှေး၏အနီးသို့ကပ်လာနိုင်ခြင်းမရှိပေ။
ဖှေး၏ ရွှေရောင်စွမ်းအင်များသည် နတ်ဆိုးစွမ်းအင်အား သဘာ၀အလျှောက်ပင် ပြန်လည်တုန့်ပြန်တိုက်ခိုက်နိုင်နေ၏။
"ချွင်..."
ကျယ်လောင်သည့် သတ္တုခြင်းရိုက်ခတ်သံကြီးတစ်ခု ကောင်းကင်ပေါ်တွင်ဟိန်းထွက်သွားပြီး မိုးချုန်းသံတစ်ခုလိုပင်။ ၀ေးသည့်နေရာတွင်ရှိနေသည့် တောင်တန်းတစ်ချို့ အသံလှိုင်းများကြောင့် အက်ကွဲကုန်ကြသည်။ ဇူလီမြစ်ထဲတွင် တွင်းနက်ကြီးများဖြစ်ပေါ်လာစေကာ ရေများပန်းထွက်လာကြသည်။
အကယ်၍ မှော်အစီရင်အကာရံများကသာ ရွှမ်းကယ်နှင့် ချမ်းဘော့ဒ်မြို့တော်တို့ကို ကာရံထားခြင်းမရှိပါက ဖုန်မှုန့်များအဖြစ်သို့ပြောင်းလဲနေလောက်ပြီဖြစ်သည်။
တည်တည်ငြိမ်ငြိမ်နှင့်တွက်ဆနေသည့် မင်းသားရှန်ချူအာ ဤအရာကြောင့် အံ့သြသွားသည်။ သူ့အားမြှောက်ပင့်နေကြသည့် လူငယ်များ တုန်လှုပ်သွာကြသည်။ တစ်ဖက်တွင် ခေါင်းဆောင်ပီဒစ်သည် တိုက်ပွဲအား စိတ်ပါ၀င်စားကာကြည့်ရှုနေလျှက်ရှိသည်။
"ဖုန်း..."
နောက်ထပ်ကျယ်လောင်သည့်အသံကြီးတစ်ခုထွက်ပေါ်လာကာ အလင်းစက်များသည် ဥက္ကာပျံခဲမိုးများရွှာသကဲ့သို့နေရာအနှံ့သို့ ပျံ၀ဲသွားသည်။
ဤတစ်ကြိမ်တွင် ဓားတစ်လက်သူရဲကောင်၏ လက်စွဲတော်လက်နက်သည် မသေမျိုးဘုရင်၏တူဒဏ်ကိုခံနိုင်ခြင်းမရှိတော့ပေ။ နောက်ဆုံးတစ်ကြိမ်တိုက်ခိုက်ပြီးသည့်နောက်တွင် ထိုဓားသည် အစိတ်စိတ်အမွှာမွှာကွဲအက်သွားတော့၏။
သိုင်းဆရာများစွာလိုချင်သည့် အဆင့်မြင့်လက်စွဲတော်လက်နက်သည် လုံး၀ပင်ဖျက်ဆီးခြင်းခံလိုက်ရပြီဖြစ်သည်။
ဓားတစ်လက်သူရဲကောင်းသည် သူ၏ဓားပျက်ဆီးသွားသော်လည်း အံ့သြထိတ်လန့်သည့်ပုံမရှိပဲ သားရဲကောင်တစ်ကောင်ကဲ့သို့ ဆက်လက်အော်ဟစ်လျှက်ရှိသည်။ ရှောင်ရှားခြင်းမရှိပဲ သူ၏လက်သီးများဖြင့် ဖှေး၏ တူကိုထိုးနှက်လိုက်သည်။
ဖှေးသည်လည်း သူ၏တူဖြင့် ဓားတစ်လက်သူရဲကောင်းအား အညှာတာကင်းမဲ့စွဦတိုက်ခိုက်လိုက်သည်။ ဤတိုက်ခိုက်မှုသည် အလွန်စွမ်းအားမြင့်မားသည့်အတွက်ကြောင့် လေထဲတွင် ကျယ်လောင်သည့်တုန်ခါသံများပင် ထွက်ပေါ်လာစေ၏။
မြို့တော်စိန့်ပီတာစဘာ့တ်တွင်ဖြစ်ပျက်နေသည်များကို သိရပြီးချိန်တွင် သူသည် ဓားတစ်လက်သူရဲကောင်းကို လွန်စွာစိတ်ပျက်နေ၏။ ယခင်က ပါရမီရှင်ဓားသမားတစ်ယောက်သည် နတ်ဆိုးတစ်ကောင်၏လက်အောက်သို့ကျရောက်သွားပြီဖြစ်သောကြောင့် သူ့ကိုယ်သူထိန်းချုပ်နိုင်ခြင်းမရှိတော့ချေ။ ထို့ကြောင့် ဖှေးသည်လည်း လုံး၀သက်ညှာနေခြင်းမရှိပေ။
သူတိုက်ပွဲမစခင်ပြောခဲ့သလိုပင် ဓားတစ်လက်သူရဲကောင်းအား သတ်ဖြတ်ခြင်းကသာလျှင် နတ်ဆိုးကောင်၏လက်အောက်က လွတ်မြောက်စေပြီး ကောင်းမွန်စွာအနားယူနိုင်စေမည်ဖြစ်သည်။