"သမိုင်း၀င်မည့်တိုက်ပွဲ ၃"
Vol. 52 Ch. 807
သို့သော် အံ့သြစွာပင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့်အသံတစ်ခုထွက်ပေါ်လာသည်။
"ချွင်"
ဖှေး သူ၏တူမှ အလွန်ပြင်းထန်သည့် တွန်းကန်အားတစ်ခုကိုခံစားလိုက်ရပြီး ဆုပ်ကိုင်ထားသည့်သူ၏လက်များပင် ထုံကျင်သွား၏။ သူ၏ တူသည် လက်သီးနှင့်တိုက်ခတ်လိုက်ခြင်းမဟုတ်ပဲ သံမဏိတောင်ကြီးအားရိုက်ခတ်လိုက်မိသလိုခံစာလိုက်ရသည်။
ကျယ်လောင်သည့်သတ္တခြင်းရိုက်ခတ်သံတစ်ခုထွက်ပေါ်လာပြီး တောက်ပသည့် မီးပွားစများသည် တိုက်ခတ်မှု၏ဗဟိုချက်နေရာမှ ထွက်ပေါ်လာ၏။
ဤသည်မှာ ထူးဆန်းလှသည်။
နေအဆင့်သခင်များပင် မသေမျိုးဘုရင်တူချက်ကို ခုခံနိုင်ခြင်းမရှိသောကြောင့်ပင်။
ဘာအတွက်ကြောင့်လဲ။
ဖှေးတုန်လှုပ်သွားသည့်အတွက်ကြောင့် သေချာကြည့်လိုက်သည်။
သူ၏အရှေ့တွင် ဓားတစ်လက်သူရဲကောင်းသည်လုံး၀ပင်စိတ်ဖောက်ပြန်သွားပြီဖြစ်သည်။ သူ၏လက်သီးသည် ကြေမွသွားပြီး လက်ချောင်းများပေါ်တွင်ရှိနေသည့်အသားစများအားလုံးအငွေ့ပျံသွားသည်။ သို့သော် သူ၏အရိုးများသည် သာမန်လူများကဲ့သို့အဖြူရောင်မဟုတ်ပေ။ ထိုအစားရွှေရောင်များဖြစ်နေပြီး လရောင်အောက်တွင်တောက်ပနေသည်။ အရိုးများအားလုံးသည် အနုပညာလက်ရာတစ်ခုလို ပြီးပြည့်စုံနေ၏။
ထိုရွှေရောင်အရိုးများသည် မသေမျိုးဘုရင်၏တူကိုခုခံလိုက်ခြင်းပင်။
ထို့အပြင် အနီရင့်ရောင်စွမ်းအင်မြူခိုးများသည် အရိုးများအတွင်းမှ စိမ့်ထွက်လာကာ ဓားတစ်လက်သူရဲကောင်း၏ခန္ဓာကိုယ်ကိုလွှမ်းခြုံနေသည်ကိုလည်း ဖှေးသတိထားမိလိုက်သည်။
"ရွှေရောင်အရိုးတွေလား..."
အတွေးတစ်ခုသည် ဖှေး၏ဦးနှောက်ထဲသို့ ၀င်ရောက်လာပြီးအရာများအားလုံးကိုနားလည်သွားတော့သည်။
ထိုရွှေရောင်အရိုးများသည် ဓားတစ်လက်သူရဲကောင်းအား အချိန်တိုအတွင်းတွင် လျှင်မြန်စွာအဆင့်တက်စေခဲ့ခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်နိုင်၏။
ရွှေရောင်အရိုးများအား ဓားတစ်လက်သူရဲကောင်း၏ အသားစများပျက်ဆီးသွားသည့်အချိန်တွင် အနည်းငယ်မျှသာမြင်လိုက်မိသော်လည်း ထိုအရိုးအားတစ်နေရာရာတွင်မြင်ခဲ့ဖူးသလိုဖှေးခံစားလိုက်ရ၏။ ဒဏာရီလာနန်းတော်ထဲသို့ ဖှေး၀င်ခဲ့သည့်အချိန်တွင် ဒဏာရီလာနတ်စင်၏ဘေးတွင် မြေပြင်ပေါ်တွင်ထိုးစိုက်ခြင်းခံထားရသည့် ရွှေရောင်အရိုးစုအား ဖှေးပြန်လည်သတိရသွားသည်။ ထိုအရိုးစုသည်လည်း ဖှေးထိုးစိုက်ထားသည့် တိုင်အားဆွဲနုတ်လိုက်ခဲ့သည့်အချိန်တွင် လျို့၀ှက်စွာဖြင့် ပျောက်ဆုံးသွားခဲ့သည့်အတွက်ပင်။
"ငါဒီအရိုးစုကိုစမြင်ခဲ့ဖူးတုန်းက အသက်စွမ်းအင်ရှိနေတုန်းသလိုခံစားနေရတယ်။ အရိုးစုကမသေသေးဘူး ကမ္ဘာကျောက်တုံးကိုသန့်စင်ဖို့ တိုင်ကို ဆွဲနုတ်လိုက်တုန်းက အဲ့အရိုးစုက တစ်နည်းအားဖြင့် ပျောက်ဆုံးသွားပြီး ကောင်းကင်နန်းတော်ထဲကနေလွတ်မြောက်သွားတာပဲ။ မဟုတ်မှလွှဲရော ဓားတစ်လက်သူရဲကောင်းကို အဲ့အရိုးစုက၀င်ပူးထားတာလား...ဒါပေမယ့် အဲ့ရွှေရောင်အရိုးစုကို ငါတွေ့ခဲ့တုန်းက ဓားတစ်လက်သူရဲကောင်းရဲ့ခန္ဓာကိုယ်ထက် အများကြီးကြီးတယ်လေ..."
ဖှေး၏ စိတ်ထဲတွင် မေးခွန်းများစွာထွက်ပေါ်လာ၏။
ထိုမေးခွန်းများ၏ အဖြေကို စဥ်းစားနေသည့်အချိန်တွင် ဓားတစ်လက်သူရဲကောင်းမှစတင်တိုက်ခိုက်တော့သည်။
"ဟီးဟီးဟီး..." နာကျင်မှုမခံစားရသည့် သားရဲကောင်းတစ်ကောင်လိုပင် ဓားတစ်လက်သူရဲကောင်းသည် သူ၏နှုတ်ခမ်းများကိုလျှာဖြင့်သပ်ကာ ဖှေးထံသို့ပြေး၀င်လာ၏။ သူသည် ဖှေးအားထိုးလိုက်သည်။ ရွှေရောင်လက်ချောင်းရိုးများကို ဆုပ်လိုက်ပြီး ဖှေးအားတားမြစ်ထားသည့်စွမ်းအားများဖြင့် ရိုက်ခတ်လိုက်၏။
နေရာအာကာသတွင် အက်ကွဲကြောင်းများထွက်ပေါလာသည်။ အနီရင့်ရောင်စွမ်းအင်မြူခိုးများသည် သွေးခြောက်များလိုပင်။ လေနှင့်အတူရွေ့လျားနေသည်ဟုထင်ရပြီး ပြင်းထန်သောအမုန်းတရားနှင့် ဖျက်ဆီးခြင်းအသက်၀ိဉာဥ်တို့ပါ၀င်နေပြီး လူတိုင်း၏အသက်၀ိဉာဥ်များကို ပျက်ဆီးစေနိုင်၏။
တစ်စုံတစ်ခုကို စုံစမ်းရှာဖွေနေသလို ဖှေး၏မျက်လုံးများထဲမှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာသည်။
"ချွင် ချွင် ချွင် ချွင် ချွင်"
ကြောက်မက်ဖွယ် သတ္တုခြင်းရိုက်ခတ်သံများစွာ ထက်မံ၍ ထွက်ပေါ်လာသည်။
ဖှေး၏လက်မောင်းပေါ်တွင်ရှိနေသည့် အသားစများအားလုံးပျက်ဆီးသွားပြီဖြစ်ပြီးလက်မောင်းရင်းမှစ၍ အသားများမရှိတော့ပေ။ အသားများအောက်တွင်ရှိနေသည့် ရွှေရောင်လက်မောင်းရိုးကိုမြင်လိုက်ရပြီး တောက်ပနေကာ အနီရင့်ရောင်မြူခိုးများထုတ်လွှတ်နေပြီး မကောင်းဆိုး၀ါးအရှိန်၀ါများထွက်ပေါ်နေ၏။
ထိုလက်မောင်းရိုးများသည် မသေမျိုးဘုရင်၏တူနှင့်တိုက်ရိုက်တိုက်ခိုက်နိုင်ပြီး ကြိုးပဲ့ခြင်းမရှိပေ။
ဖှေးနှင့် ဓားတစ်လက်သူရဲကောင်းတို့တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ ဆူညံသံများ၊ မီးပွားစများထွက်ပေါ်လာ၏။
"ဓားတစ်လက်သူရဲကောင်းက အခုဆိုရင်သေသွားလောက်ပြီ။ ဒီရွှေရောင်အရိုးစုမှာလည်း ကိုယ်ပိုင်ရည်ရွယ်ချက်ရှိတဲ့ပုံပဲ။ ဓားတစ်လက်သူရဲကောင်းရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နေတယ်...သူဘာလိုချင်လို့လဲ ဘာလို့ အော်မွန်းအင်ပါယာက ရွှမ်းကယ်နဲ့ ချမ်းဘော့ဒ်တိုင်းပြည်ကို လာတိုက်ခိုက်ရတာလဲ..." ဖှေးတွေးလိုက်မိသည်။
အခြေအနေအား စဥ်းစားကြည့်ပြီးသည့်နောက်တွင် ဖှေးထိန်းချုပ်ထားခြင်းမရှိတော့ပေ။
သူ၏တူအား၀ှေ့ရမ်း၍ မရဏငရဲခက်ခဲမှုအဆင့်လူရိုင်းဇာတ်ကောင်၏စွမ်းအားများအားလုံးကိုထုတ်လွှတ်ကာ သူ၏ရန်သူအား အနောက်သို့ မီတာ၁၀၀ခန့်လွှင့်ထွက်သွားစေခဲ့သည်။ ထို့နောက်တွင် သူ၏လက်ကိုမြှောက်လိုက်ရာ ရှေးကျသည့် မှော်စာလိပ်တစ်ခုသည် သူ၏လက်ထဲသို့ရောက်ရှိလာ၏။ ထိုစာလိပ်ကို၀ှေ့ရမ်း၍ ဖွင့်လိုက်ရာ စာလိပ်အတွင်းမှ အသက်၀ိဉာဥ်စွမ်းအားများဖြင့်ပြည့်နှက်နေသည့် မှော်အစီရင်များထွက်ပေါ်လာပြီး ဖှေးအားလွှမ်းခြုံလိုက်၏။
နောက်အခိုက်တန့်တွင် ဖှေး၏စွမ်းအားများသည် နောက်အဆင့်တစ်ခုသို့ ရောက်ရှိသွားတော့သည်။
ဤမှော်စာလိပ်အား ဒိုင်ယာဘလိုကမ္ဘာမှ အလုပ်တစ်ခုပြီးမြောက်ခဲ့သည့်အတွက်ကြောင့် ဆုလာဘ်အနေဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဖှေးသည် သာမန်ခက်ခဲမှုဆင့်နှင့် အိမ်မက်ဆိုးခက်ခဲမှုအဆင့်တို့တွင် တူညီသည့်အလုပ်နှစ်ခုကို ပြီးသည့်အချိန်တွင် စာလိပ်တစ်ခုကိုရရှိခဲ့သည်။ ဖှေး၏ ခုခံနိုင်စွမ်းကို၁၀ရာခိုင်နှုန်းတိုးမြှင့်ပေးနိုင်သည့် မှော်စာလိပ်များပင်။ ထိုစာလိပ်များကို ဖှေးဤကဲ့သို့သော အရေးပေါ်အခြေနေမျိုးအတွက် သိမ်းထားခဲ့သည်။
ယနေ့သည် စာလိပ်တစ်ခုအာ ထုတ်သုံးသင့်သည့်အချိန်ဖြစ်သည်ဟုဖှေးခံစားမိသည့်အတွက် သူ၏ တိုက်ခိုက်နိုင်စွမ်းသည် အဆပေါင်းများစွာမြင့်တက်သွား၏။
ဖှေးနှင့် ဓားတစ်လက်သူရဲကောင်းတို့နောက်တစ်ကြိမ်ထက်မံတိုက်ခိုက်ကြသည့်အချိန်တွင် ဖှေးသည် သူ၏ရန်သူအား လုံး၀ပင်ဖိနှိပ်နိုင်ခဲ့သည်။
မသေမျိုးဘုရင်၏တူအား အလွန်လျှင်မြန်စွာ၀ှေ့ရမ်းနေသည့်အတွက် လျှပ်စီးလတ်သလိုဖြစ်နေပြီး ပါ၀င်သေးစွမ်းအားများသည် တောင်တစ်လုံးကိုပင်လွယ်ကူစွာပြိုလဲနိုင်စေ၏။ ဖှေး၀ှေ့ရမ်းလိုက်သည့်အချိန်တိုင်းတွင် တူကိုယ်ပေါ်တွင်တောက်ပနေသည့် အနီရောင်မှော်အစီရင်များသည် လေပေါ်တွင်ပုံရိပ်ယောင်များကိုချန်ထားခဲ့၏။
တိုက်ပွဲရှည်ကြာလာသည်နှင့်အမျှ ဓားတစ်လက်သူရဲကောင်း၏ရွှေရောင်လက်သီးပေါ်တွင် အက်ကွဲကြောင်းလေးများ၊ အချိုင့်များ ဖြစ်ပေါ်လာတော့၏။
ဖှေး၏ စွမ်းအားများမြင့်တက်လာသည်နှင့်အမျှ သူ၏ရန်သူသည် ဆက်လက်ခုခံနိုင်ခြင်းမရှိတာ့ပေ။ တိုက်ခိုက်လိုက်သည့်အချိန်တိုင်းတွင် ဓားတစ်လက်သူရဲကောင်း၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အရိုးစုသည် တုန်ခါသွားသလိုဖြစ်နေပြီး ဓားတစ်လက်သူရဲကောင်း၏ ခန္ဓာကိုယ်ထဲမှ ရိုက်ထုတ်ခံနေရသလိုပင်။
ယခုအချိန်တွင် ရွှေရောင်အရိုးစုသည် ရှုံးနိမ့်သည့်အနေထားသို့ရောက်ရှိနေပြီး အရိုက်ခံနေရကာ ထိထိရောက်ရောက်ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိပေ။
"မဖြစ်နိုင်ဘူး...ဒါက နတ်ဘုရားတစ်ပါးရဲ့စွမ်းအားပဲ။ မင်းက သာမန်သေမျိုးတစ်ယောက်ပဲ။ ဘာဖြစ်လို့ မင်းမှာ ဒီလိုစွမ်းအားမျိုးပိုင်ဆိုင်ထားတာလဲ..." စွမ်းအားမြင့်မားသော်လည်းဒေါသဖြစ်နေသည့် ၀ိဉာဥ်စွမ်းအားတစ်ခုသည် ရွှေရောင်အရိုးစုထံမှ ထွက်ပေါ်လာ၏။ ဖှေးသည် ရွှေရောင်အရိုးစုနှင့် အနီးဆုံးနေရာတွင်ရှိနေသည့်အတွက် ထို၀ိဉာဥ်စွမ်းအားအား ဘာသာပြန်နားလည်လိုက်နိုင်သည်။
"ချွင်..."
နောက်ဆုံး တူချက်ဖြင့် ရွှေရောင်အရိုးစုအား ဓားတစ်လက်သူရဲကောင်း၏ခန္ဓာကိုယ်အတွင်းမှ ရိုက်ထုတ်လိုက်သည်။
ထိုအရိုးစုသည် ဖှေးထင်ထားသလိုပင် ဒဏာရီလာနန်းတော်တွင် လျို့၀ှက်သည့်တိုင်ဖြင့် ထိုးစိုက်ခံထားရသည့်တစ်စိတ်တစ်ပိုင်းကျိုးပဲ့နေခဲ့သောအရိုးစုပင်။
ကွာခြားသည်မှာ ကျိုးပဲ့နေခဲ့သည့်အရိုးများသည် ပြန်ကောင်းနေပြီဖြစ်ပြီး တောက်ပနေ၏။ ဖှေးစတွေ့တုန်းကလို သေဆုံးနေခြင်းမရှိတော့ပေ။
ထို့အပြင် ပြန်ကောင်းလာပြီဖြစ်သောကြောင့် သူ၏မျက်လုံးများထဲတွင်လည်း အနီရင့်ရောင်မီးတောက်များတောင်လောင်နေ၏။
ဖှေး ထိုမီးတောက်နှစ်ခုကို စိုက်ကြည့်လိုက်သည့်အချိန်တွင် ဖျက်ဆီးခြင်း၊ ကြမ်းတမ်းခြင်းနှင့် လက်စားခြေလိုသည့်ဆန္ဒတို့ကို အာရုံခံလိုက်မိသည်။
ထိုရွှေရောင်အရိုးစုသည် ဖှေးအားတစ်စက္ကန့်မျှသာစိုက်ကြည့်လိုက်ပြီး အချိန်ဖြုန်းခြင်းမရှိပေ။
သူ၏လက်ရာရနေသည့် လက်ချောင်းရိုးများဖြင့် နေရာအာကာသကိုလွယ်ကူစွာဆုတ်ဖြဲကာ နတ္တိလောကထဲသို့ ၀င်ရောက်၍ ပျောက်ကွယ်သွားတော့သည်။
သူ့နောက်သို့ ပြေးလိုက်ရန်ဖှေးတွင် အချိန်မရှိပေ။ ထိုအစားသူသည် ရွှေရောင်စွမ်းအင်တိမ်တိုက်များကိုပစ်လွှတ်လိုက်ပြီး ကောင်းကင်ပေါ်မှပြုတ်ကျလာနေသည့် ဓားတစ်လက်သူရဲကောင်း၏ခန္ဓာကိုယ်ကို ညင်သာစွာသယ်ဆောင်လိုက်သည်။
အံ့သြဖွယ်ကောင်းစွာပင် ဓားတစ်လက်သူရဲကောင်းသည် သေဆုံးခြင်းမရှိသေးပဲ တစ်နည်းအားဖြင့် အသက်ရှင်နေသေး၏။
ယခုအချိန်တွင် ဓားတစ်လက်သူရဲကောင်းသည် လူသားဆန်သည့်အနေထားသိုပြန်ရောက်နေပြီဖြစ်သည်။ သူ၏အရှိန်၀ါသည် အားအင်ချိနဲ့နေသော်လည်း ယခင်ကကဲ့သို့ အထီးကျန်ဆန်ကာ ဂုဏ်သရေမြင့်မားသည့်အရှိန်၀ါမျိုးပြန်ဖြစ်နေ၏။
သူ၏မျက်လုံးများကိုဖွင့်လိုက်သည့်အချိန်တွင် ဓားတစ်လက်သူရဲကောင်းအစစ်မှန်ပြန်ရောက်လာပြီဖြစ်ကြောင်းကို ဖှေးပြောနိုင်၏။ သူသည် ရေခဲတုံးလိုပင် အေးစက်နေပြီး ထိုကဲ့သို့အရှိန်၀ါအားမည်သူမှ တုပနိုင်ခြင်းမရှိပေ။
"မတွေ့တာကြာပြီပဲ ချမ်းဘော့ဒ်ဘုရင်..." ဓားတစ်လက်သူရဲကောင်းသည် အပြုံးတစ်ခုဖြင့် ဖြေးညှင်းစွာပြောလိုက်သည်။