← Chapters

"တစ်ခါအမှား...တစ်သက်တာ၀မ်းနည်းမှု"

Vol. 52 Ch. 808

"တစ်ခါအမှား...တစ်သက်တာ၀မ်းနည်းမှု"

Vol. 52 Ch. 808

အရှေ့တွင်မြင်နေရသည့် ရင်းနှီးသည့်မျက်နှာကြောင့် ဖှေးသည် အခိုက်တန့်တစ်ခုခန့် ဘာပြောရမလဲမသိဖြစ်သွား၏။

"အမှားတစ်ခုကြောင့် တစ်သက်လုံး၀မ်းနည်းရနိုင်တယ်..." ဓားတစ်လက်သူရဲကောင်း၏မျက်နှာသည် နောင်တတို့ဖြင့် ပြည့်နှက်နေ၏။

နှစ်၀က်ခန့်ကြာသွားသော်လည်း ဓားတစ်လက်သူရဲကောင်းသည် ယခင်အတိုင်းရှိနေဆဲပင်။ လွန်ခဲ့သည့်အချိန်က နတ်ဆိုးတစ်ယောက်နှင့်မတူပဲ ကွဲပြားလှ၏။

ခနတာရပ်တန့်သွားပြီးသည့်နောက်တွင် ဓားတစ်လက်သူရဲကောင်းသည် မျက်နှာပေါ်တွင် ခါးသက်သည့်အပြုံးတစ်ခုဖြင့် ဆက်ပြောလိုက်သည်။ "င့ါကိုသတ်ပြီးတော့ ဇီးနစ်အင်ပါယာအတွက်လက်စားခြေချင်သေးလား ချမ်းဘော့ဒ်ဘုရင်..."

ဖှေး ဆွံ့အသွားသည်။ ဖြေးညှင်းစွာပင် သူကြည့်ကာမေးလိုက်၏။ "သစ္စာဖောက်ခဲ့တာက...မင်းရဲ့ဆုံးဖြတ်ချက်လား...ဒါမှမဟုတ် မင်းကို၀င်ပူးခဲ့တဲ့ နတ်ဆိုးကြောင့်လား.."

"ဘာထူးလို့လဲ..." ဓားတစ်လက်သူရဲကောင်းသည် ကောင်းကင်ပေါ်တွင်ရှိနေသည့် ကြယ်ပွင့်များကို မော့ကြည့်လိုက်ပြီး နောင်တရစွာဖြင့်ပြောလိုက်သည်။ "အခုအချိန်မှာဆိုရင် အမှောင်ခေတ်ရောက်လာပြီဆိုတာကို အင်ပါယာတစ်ခုလုံးသိနေကြပြီး ဓားတစ်လက်သူရဲကောင်းဖြစ်တဲ့ငါက အကြီးမားဆုံးသစ္စာဖောက်ပဲ။ လီယွန်အင်ပါယာနဲ့ အော်မွန်းအင်ပါယာတို့ပေါင်းစည်းထားတဲ့ တပ်ဖွဲ့ကြီးကို ငါကိုယ်တိုင်ဦးဆောင်ပြီးတော့ ဇီးနစ်အင်ပါယာကိုတိုက်ခိုက်ခဲ့တယ်။ မြို့တော်စိန့်ပီတာစဘာ့တ်ကို ၀ိုင်းထားခဲ့သည်။ ဒါကအမှန်တရားတစ်ခုပဲ ဇီးနစ်အင်ပါယာရဲ့စုံစမ်းစစ်ဆေးရေးဌနာက ဒီအကြောင်းကို မှတ်တမ်းတင်ထားပြီးပြီ။ လူတွေက ရွှေရောင်အရိုးစုတစ်ခု၀င်ပူးခံထားရတယ်ဆိုတဲ့ ပုံပြင်တစ်ခုကို ယုံမယ်လို့ မင်းထင်လို့လား..."

ဖှေး အနည်းငယ်တွေ၀ေသွားပြီး စဥ်းစားကြည့်ကာ ပြောလိုက်သည်။ "ငါတော့ မင်းကိုယုံပါတယ်..."

ဓားတစ်လက်သူရဲကောင်းအနည်းငယ်အံ့သြသွားသည် သူဖှေးကိုကြည့်လိုက်၏။

နွေးထွေးသည့်အပြုံးတစ်ခုဖြင့် သူပြောလိုက်သည်။ "ချမ်းဘော့ဒ်ဘုရင်က င့ါကို ယုံတဲ့လူဖြစ်မယ်လို့ ငါထင်မထားခဲ့ဘူး...ငါနောင်တရပါတယ်။ အဲ့ရွှေရောင်အရိုးစုနတ်ဆိုးကမ်းလှမ်းတာကို ငါစွမ်းအားမြင့်တက်ဖို့ သဘောတူလက်ခံခဲ့မိတာကိုနောင်တရတယ်။ င့ါရဲ့၀ိဉာဥ်ကို စွမ်းအားနဲ့မလဲခဲ့သင့်ဘူး..."

"မင်းသိခဲ့လား ငါမင်းသားအာရှဗင်နဲ့ စပါတပ်အင်ပါယာစစ်မြေပြင်ကိုသွားခဲ့တုန်းက မင်းသတင်းတွေကို ငါကြားခဲ့တယ်။ မင်းလအဆင့်ကိုရောက်သွားတဲ့အချိန်မှာ ငါကကြယ်၇လုံးအဆင့်ကနေတောင်မတက်နိုင်သေးဘူး အဲ့ခံစားချက်ကသေတာထက်တောင်ဆိုး၀ါးခဲ့တယ်..."

"ငါက သစ်သားချောင်းကိုင်နိုင်တဲ့အရွယ်ကစပြီးတော့ ဓားပညာကိုလေ့လာခဲ့တယ် ကျန်တဲ့ကလေးတွေဆော့ကစားနေတဲ့အချိန်မှာ ငါကနေ့ရောညရော ဓားပညာကိုပဲလေ့ကျင့်နေခဲ့တယ်။ ငါကြီးပျင်းလာတဲ့အချိန်မှာ ငါ့ရဲ့ဓားကပဲ ငါ့ဘေးမှာရှိတယ်...ငါလည်းတစ်နေ့ကျရင် အင်ပါယာအရှင်သခင်ယရှင်းလိုဖြစ်လာနိုင်မယ်လို့ မျှော်လင့်ခဲ့မိတယ်။ ငါလည်းအချိန်တစ်ခုကြာလောက် တောက်ပခဲ့ပါတယ်...ဒါပေမယ့် မြို့တော်စိန့်ပီတာစဘာ့တ်မှာ မင်းနဲ့တွေ့ပြီးတဲ့အချိန်ကစပြီးတော့ င့ါရဲ့တောက်ပမှုတွေက ရပ်တန့်သွားခဲ့တယ်..."

ယခုအချိန်တွင် ဓားတစ်လက်သူရဲကောင်း၏ လက်နှစ်ဖက်လုံးအတွင် အသားများမရှိတော့ပေ။ သွေးများသည် အဆက်မပြတ်စီးကျနေလျှက်ရှိသည်။ သို့သော် သူသတိထားမိပုံမရပေ။

ဖှေး သူ့အားကြည့်ကာ ပြောလိုက်သည်။ "ငါမင်းကို မြို့တော်စိန့်ပီတာစဘာ့တ်ပြိုင်ပွဲမတိုင်ခင်ကတည်းက တွေ့ဖူးပါတယ်.."

"ဟမ်"

"လွန်ခဲ့တဲ့တစ်နှစ်လောက်က ချမ်းဘော့ဒ်အရှေ့ဘက်တောင်တန်းပေါ်က ထီးနန်းတင်မြှောက်ပွဲမှာ ငါတို့တွေ့ခဲ့ကြသေးတယ်။ မင်းရောက်လာပြီး မင်းသမီးတာနာရှာကိုကယ်တင်ခဲ့တယ်.."

"မင်းပြောတာမှန်တယ် ငါချမ်းဘော့ဒ်ကိုတစ်ခါလာခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့အချိန်တုန်းက ငါမင်းကို သိပ်ပြီး အာရုံမစိုက်ခဲ့မိဘူး...ဒါပေမယ့် တစ်နှစ်အတွင်းမှာပင် မင်းကငါ့အတွက် မနာလိုစရာလူတစ်ယောက်ဖြစ်လာခဲ့တာပဲ..."

ဓားတစ်လက်သူရဲကောင်းပြောရင်းဖြင့် သူ၏အမူယာသည် ပို၍ပင် ခါးသက်လာ၏။

ခနတာရပ်တန့်သွားပြီးသည့်နောက်တွင် သူဆက်ပြောလိုက်သည်။ "ငါကြားခဲ့ရတဲ့သတင်းတွေအရ ငါနေ့တိုင်းညတိုင်းလေ့ကျင့်ရင်တောင် မင်းကိုမမှီနိုင်တော့ဘူးဆိုတာကို သိလိုက်ရတယ်။ တကယ်တန်းပြောရမယ်ဆိုရင် ငါဘယ်လောက်ကြိုးစားကြိုးစား ငါတို့ကြားထဲက ကွာခြားချက်က ပိုပြီးတော့ ကြီးမားလာနေတာပဲ။ ငါမျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာ အဲ့ရွှေရောင်အရိုးစုနတ်ဆိုးနဲ့ငါတွေ့ခဲ့တယ်။ စွမ်းအားမက်ပြီးတော့ င့ါရဲ့ဘ၀မှာ အကြီးမားဆုံးအမှားကြီးတစ်ခုကို လုပ်ခဲ့လိုက်မိတယ်။ ငါဒီရက်ပိုင်းမှာ လုပ်ခဲ့တဲ့အရာတွေကို ငါသိနေခဲ့တယ်။ ငါ့မှာ သာလွန်တဲ့စွမ်းအားတွေကိုပိုင်ဆိုင်ထားပေမယ့်..ငါ့ကိုယ်ငါမထိန်းချုပ်နိုင်ခဲ့ဘူး။ င့ါအမှားတွေကို ပြန်ပြင်လို့မရနိုင်ပါဘူး..."

ဓားတစ်လက်သူရဲကောင်း၏ အဖြစ်ကိုကြားသည့်အချိန်တွင် ဖှေးသက်ပြင်းချကာ ဘာပြောရမှန်းမသိဖြစ်သွား၏။

ဇီးနစ်အင်ပါယာမှ ယခင်နံပါတ်၁ပါရမီရှင်လူငယ်သည် ဤကဲ့သို့အခြေအနေသို့ရောက်ရှိသွားခဲ့သည်။ ကံကြမ္မာ၏ လှည့်စားခြင်းဟုသာဆိုနိုင်တော့၏။

"ငါက မကြာမှီသေရတော့မှာပါ ချမ်းဘော့ဒ်ဘုရင်...ငါမသေခင် မင်းစီမှာတစ်ခုတောင်းဆိုလို့ရနိုင်မလား.." ဓားတစ်လက်သူရဲကောင်းသည် ဖှေးအားမျှော်လင့်ချက်မျက်လုံးများဖြင့် ကြည့်ကာပြောလိုက်သည်။

"ဘာကိုလဲ..."

"ငါဒီတစ်ကြိမ်မှာတော့ အမှားကြီးကြီးမားမားလုပ်ခဲ့တဲ့အတွက် သေဖို့ထိုက်တန်ပါတယ်။ ဒါပေမယ့် ဟူလန်တိုင်းပြည်ကတော့ အပြစ်ကင်းတယ်...ငါအရင်ကလည်း အင်ပါယာအတွက်တိုက်ခိုက်ပေးဖူးတာတွေရှိတော့ မင်းဟူလန်တိုင်းပြည်ကို နည်းနည်းလောက်တော့ ကာကွယ်ပေးနိုင်မလား.."

ဟူလန်တိုင်းပြည်သည် ဇီးနစ်အင်ပါယာထဲတွင်ပါ၀င်သည့် ဓားတစ်လက်သူရဲကောင်း၏ ဇာတိတိုင်းပြည်ဖြစ်သည်။

ဓားတစ်လက်သူရဲကောင်းသစ္စာဖောက်သည့်အကြောင်းကိုလူများသိရှိသွားပါက ဇီးနစ်မြို့သူမြို့သားများ၏ မုန်းတီးခြင်းကိုခံရမည်ဖြစ်သည်။ ဇီးနစ်တော်၀င်မိသားစုသည်လည်း အခွင့်ရေးရပါက ဟူလန်တိုင်းပြည်အား ပြာပုံအဖြစ်ပြောင်းလဲကာ လက်စားခြေမည်ဖြစ်သောကြော့င်ပင်။

ဓားတစ်လက်သူရဲကောင်းသည် ပြန်ပြင်၍မရနိုင်တော့သည့်အမှားတစ်ခုကိုလုပ်လိုက်မိသည့်အတွက်ကြောင့် သူ၏ အမှားကို ဟူလန်တိုင်းပြည်ပါ ပေးဆပ်ရမည်ကိုစိုးရိမ်နေ၏။ သူသည် ဟူလန်တိုင်းပြည်၏ မင်းသားတစ်ပါးဖြစ်သည့်အတွက်ပင်။

ထို့ကြောင့် သူ၏တိုင်းပြည်နှင့် မိသားစုအား ကာကွယ်ပေးရန် ဓားတစ်လက်သူရဲကောင်းသည် ဖှေးအားတောင်းဆိုနေခြင်းပင်။

"ကောင်းပြီလေ..." ဖှေးသည် စိတ်ရင်းနှင့်ခေါင်းငြိမ့်လိုက်သည်။

"ဟားဟားဟား ကောင်းတယ်...ဘုရင်အလတ်ဇန္ဒားဆိုတာက ကတိတည်တဲ့လူတစ်ယောက်ပဲ။ အခုဆိုရင် ငါစိတ်အေးသွားပါပြီ..." ဓားတစ်လက်သူရဲကောင်းသည် ဖှေး၏စကားကိုကြားသည့်အချိန်တွင် ရယ်မောကာ သေခါနီးလူတစ်ယောက်နှင့်မတူပဲ တက်ကြွနေလျှက်ရှိသည်။

သူ၏ ရယ်မောသံသည် စိတ်အေးတည်ငြိမ်နေ၏။

ဤအခိုက်တန့်တွင် မယုံနိုင်စရာကောင်းသည့် စွမ်းအင်များစွာသည် အားအင်ချိနဲ့ကာ သေဆုံးနေပြီဖြစ်သည့် ဓားတစ်လက်သူရဲကောင်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။

အနီရင့်ရောင်နတ်ဆိုးစွမ်းအင်များသည် သူ့အားချက်ချင်းပင်လွှမ်းခြုံသွားပြီး အက်ကွဲသည့်အသံများထွက်ပေါ်လာတော့သည်။

သူ၏လက်မောင်းများတွင် အသားများအရိုးများပြန်ပြည့်လာကာ ပြန်လည်ကုသလာနေတော့သည်။

တစ်စက္ကန့်အတွင်းမှာပင် လက်မောင်းအသစ်နှစ်ဖက်ပြန်လည်ရောက်ရှိလာ၏။

ဓားတစ်လက်သူရဲကောင်း သူ၏လက်ချောင်းကို ၀ှေ့ရမ်းလိုက်သည့်အချိန်တွင် သံချေးတက်ကာ အိုဟောင်းနေသည့်ဓားတစ်လက်သည် သူ၏လက်အတွင်းသို့ ပျံသန်းလာ၏။ ဓားအားလက်ချောင်းဖြင့် ခေါက်ကြည့်လိုက်ပြီး ထွက်ပေါ်လာသည့်အသံသည် ဓားတစ်လက်သူရဲကောင်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခုကိုထွက်ပေါ်လာစေ၏။ သူသည် ရှားပါးသည့်ရတနာပစ္စည်းတစ်ခုကို တွေ့လိုက်ရသည့်အတိုင်းပင်။

ထို့နောက်တွင် ဓားတစ်လက်သူရဲကောင်း၏ခန္ဓာကိုယ်လှုပ်ရမ်းသွားပြီး စွမ်းအင်များစွာထွက်ပေါ်လာပြီး ၀တ်ဆင်ထားသည့် မှော်ချပ်၀တ်နှင့် သားနားသည့်အ၀တ်စားတို့ကို ချက်ချင်းပင် ပျက်ဆီးသွားစေ၏။

ယခုအချိန်တွင် ဤလူ၏ခန္ဓာကိုယ်ပေါ်တွင်ဘာမှ မရှိတော့ပဲ သူ၏ကြွက်သားများကိုအတိုင်းသားမြင်နေရ၏။

"အ၀တ်စားမပါတာက ရှက်စရာကောင်းပေမယ့် ရန်သူရဲ့အ၀တ်စားတွေနဲ့ တိုက်ခိုက်ရတာကပိုပြီးတော့ ရှက်စရာကောင်းတယ်။ ငါက အမှားတစ်ခုကို လုပ်ပြီးသွားပြီ ရန်သူပေးထားတဲ့ချပ်၀တ်တွေနဲ့တော့ ငါမတိုက်ခိုက်နိုင်ဘူး။ ငါဘာမှမ၀တ်ပဲမွေးလာခဲ့တာ...ဘာမှမ၀တ်ပဲသေဆုံးသွားမယ်.."

ရယ်မောရင်းဖြင့် သူရဲကောင်းဆန်သည့်အရှိန်၀ါတစ်ခုသည် ဓားတစ်လက်သူရဲကောင်းထံမှ ထွက်ပေါ်လာ၏။ ဓားတစ်လက်သူရဲကောင်းသည် ထွက်ခွာသွားခြင်းမရှိသေးသည့် ရွှမ်းကယ်ထံသို့ ပျံသန်းသွားကာ ရယ်မောလိုက်သည်။ "ငါမင်းကို နောက်ဆုံးလက်ဆောင်တစ်ခုပေးလိုက်မယ် ချမ်းဘော့ဒ်ဘုရင်..."

သူ၏အသံသည် ကောင်းကင်ပေါ်တွင် ပဲ့တင်နေ၏။ လက်ထဲတွင်ကိုင်ထားသည့် သံချေးတက်နေသည့် ဓားသည်လည်း တောက်ပလာတော့သည်။ စက္ကူစတစ်ခုကို စုတ်ဖြဲလိုက်သည့်အတိုင်းပင်။ ရွှမ်းကယ်၏ စွမ်းအင်အကာရံကို ဆုတ်ဖြဲကာထိုးဖောက်၀င်ရောက်သွား၏။

"သတ်ပစ်..."

ဓားတစ်လက်သူရဲကောင်း၏ ဓားထံမှ စွမ်းအင်များစွာထွက်ပေါ်လာပြီး ထိုလူသည် သက်ညှာခြင်းမရှိပေ။

ရှေ့သို့ ပြေး၀င်လာသည့် ရန်သူစစ်သည်၂၀ခန့်သည် ခါးမှစ၍ နှစ်ပိုင်းပြတ်သွားတော့သည်။ ဓားစွမ်းအင်များသည် အလွန်လျှင်မြန်လှသည့်အတွက်ကြောင့် စစ်သည်များသည် ဓားဖြင့်ပိုင်းဖြတ်ခံလိုက်ရသည်ကိုပင်မသိပဲ ရှေ့သို့ ခြေလှမ်းအနည်းငယ်ဆက်ပြေးပြီးအချိန်မှသာလျှင် ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အောက်ပိုင်းပြုတ်ထွက်သွားကြ၏။

ချက်ချင်းပင် ရွှမ်းကယ်၏ ကုန်းဘက်ပေါ်တွင် သွေးအိုင်ကြီးတစ်ခုပေါ်လာတော့သည်။

All Chapters