← Chapters

အခန်း (၈၁၀)

Vol. 52 Ch. 810

အခန်း (၈၁၀)

Vol. 52 Ch. 810

"ခေါင်းဆောင် ပီဒစ်...ကျွန်တော်ခင်ဗျားကို ကူဖို့လာနေပြီ..." ရှန်ချူအာသည် ရယ်မောရင်းဖြင့် အရှေ့သို့ ခုန်၀င်လာကာ တိုက်ပွဲထဲသို့၀င်ရောက်လာ၏။

သူ၏ဓားဖြင့် ဓားတစ်လက်သူရဲကောင်းအား အညှာတာကင်းမဲ့စွာပိုင်းဖြတ်လိုက်သည်။

မင်းသားရှန်ချူအာ၏ အကူညီဖြင့် အန္တရာယ်များသည့်အခြေအနေသို့ကျရောက်နေခဲ့သည့် ပီဒစ်သည် လိုအပ်သည့်အထောက်ပံ့ကိုရောက်ရှိသွားပြီဖြစ်သည်။

ယခုအချိန်တွင် နှစ်ယောက်တစ်ယောက်တိုက်ခိုက်နေ၏။ မင်းသားရှန်ချူအာနှင့် ခေါင်းဆောင်ပီဒစ်တို့သည် တစ်ဦးနှင့်တစ်ဦးကောင်းမွန်စွာပူးပေါင်းတိုက်ခိုက်နိုင်ကြပြီး သူတို့၏ ဓားသိုင်းကွက်များသည် လိုက်ဖက်ညီလှ၏။ အပြန်လှန်ဆက်သွယ်ကာခုခံတိုက်ခိုက်နေကြ၏။

တဖြည်းဖြည်းဖြင့် မင်းသားရှန်ချူအာသည် ပီဒစ်ထက်ပင်ပို၍ရူးသွပ်သည့် သူ၏အမူကျင့်ကိုပြသလာလျှက်ရှိသည်။

သူသည် အော်ဟစ်ရင်းဖြင့် တိုက်ခိုက်နေလေရာ ရူးသွပ်နေသည့် ခြသင်္သေ့တစ်ကောင်လိုပင်။ ယခင်က ဓားတစ်လက်သူရဲကောင်းအားသာနေခဲ့သည့်အခြေအနေသည် ယခုအချိန်တွင် ၅၀-၅၀ ညီမျှနေ၏။

အချိန်များပိုကြာလာပါက ဓားတစ်လက်သူရဲကောင်းသည် ရှုံးနိမ့်သည့်ဘက်သို့ရောက်လာမည်ဖြစ်ကြောင်းကို ဖှေးရိပ်မိလိုက်သည်။

ဓားတစ်လက်သူရဲကောင်းသည် နတ်ဆိုးစွမ်းအင်အကျွင်းကျန်များနှင့် သူ၏ အသက်၀ိဉာဥ်တို့ကို လောင်ကျွမ်းထားသည့် အတွက်ရရှိလာသောစွမ်းအင်များစုပေါင်းကာ လက်ရှိတွင်နေအဆင့်သို့ရောက်ရှိနေသော်လည်း သူသည် နေအဆင့်သခင်အစစ်မှန်တစ်ပါးမဟုတ်ပေ။ ထို့ကြောင် သူ၏ စွမ်းအားများကို ထိထိရောက်ရောက်အသုံးပြုနိုင်ခြင်းမရှိပေ။ ထို့ကြောင့် လအဆင့်သာရှိသေးသည့် ပီဒစ်နှင့် မင်းသားရှန်ချူအာ တို့သည် အခြေအနေအား ဖြေးညှင်းစွာဖြင့် ပြောင်းလဲနေနိုင်လျှက်ရှိသည်။

ဤကဲ့သို့ ဆက်သွားပါက ဓားတစ်လက်သူရဲကောင်းသည် သေချာပေါက်ရှုံးနိမ့်တော့မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် အချိန်သိပ်မကျန်တော့သည့်အတွက်ပင်။

ဖှေး ၀င်ရောက်တိုက်ခိုက်ရန်အတွက် တွေးနေသည့်အချိန်တွင် ရွှမ်းကယ်ပေါ်မှ တိုက်ပွဲသည် ထက်မံ၍ပြောင်းလဲသွားပြန်၏။

ပီဒစ်သည် ရုတ်တရက်သူ၏ဓားဖြင့် အလျှားလိုက်ခုတ်ပိုင်းလိုက်သည်။ သူ၏ ဓားသွားသည် တောက်ပလာ၏။

ဤအခိုက်တန့်တွင် ဓားတစ်လက်သူရဲကောင်း၏ ဓားသွားသည် မင်းသားရှန်ချူအာအား ဖိအားပေးနေသည့်အတွက်ကြောင့် ပီဒစ်သည် တိုက်ခိုက်ကာ ဓားတစ်လက်သူရဲကောင်းအား ပြန်လည်ဖိအားပေးရန်ကြံစည်ထား၏။

တစ်ဖက်တွင် မင်းသားရှန်ချူအာသည် ဓားတစ်လက်သူရဲကောင်းမှ ပီဒစ်၏ဓားချက်ကိုရှောင်တိမ်းမည်ဟုထင်ထားသည့်အတွက် သူ့ထံသို့ ရောက်ရှိလာနေသည့် တိုက်ခိုက်မှုကိုလျစ်လျူရှုလိုက်သည်။

သို့သော် ဤအခိုက်တန့်တွင် မထင်မက်ထားသည့်အရာတစ်ခုဖြစ်ပျက်သွား၏။

"ဟားဟားဟား" ဓားတစ်လက်သူရဲကောင်းသည် ရန်သူ၏ဓားချက် ခေါင်းကိုမထိစေရန်အတွက် ရုတ်တရက်သူ၏ခေါင်းကိုသာ အနည်းငယ်တိမ်းစောင်းလိုက်သည်။ ဤသည်မှာ သူလုပ်လိုက်သည့် တစ်ခုတည်းသောလှုပ်ရှားမှုပင်။

ပီဒစ်၏ဓားချက်အား ရှောင်ရှားရမည့်အစား ဓားတစ်လက်သူရဲကောင်းသည် သူ၏ ဓားကို ပို၍ပင်အရှိန်ပြင်းပြင်းခုတ်ပိုင်းကာ ထင်မထားသည့် မင်းသားရှန်ချူအာ၏ ဘယ်ရင်ဘက်သို့ ချက်ချင်းထိုးစိုက်လိုက်သည်။

"မင်း..." ရှန်ချူအာ၏ မျက်နှာပေါ်မှ အပြုံးရပ်တန့်သွားပြီး သူ၏မျက်လုံးများမြင်နေရသည့်အရာကိုယုံနိုင်ခြင်းမရှိပဲ သူ၏ရင်ဘက်ထဲသို့ စိုက်၀င်နေသည့် သံချေးတက်နေသည့် ဓားကိုငုံ့ကြည့်လိုက်သည်။ ယခုအချိန်တွင် သံချေးတက်နေသည့် ဓားကိုယ်ထည်မှသွေးများစီးကျလာနေလျှက်ရှိသည်။

"ဖွီးးးး"

သွေးများပန်းထွက်လာသည်။

ပီဒစ်၏ ဓားသည်လည်း ဓားတစ်လက်သူရဲကောင်း၏ ပခုံးပေါ်သို့ ကျဆင်းလာကာ ဓားတစ်လက်သူရဲကောင်း၏ ဘယ်လက်ကိုပိုင်းဖြတ်လိုက်သည်။ ဒဏ်ရာသည် အလွန်နက်ရှိုင်းသည့်အတွက်ကြောင့် လက်တစ်ဖက်လုံးပြတ်ကျတော့မလိုပင်။

သို့သော် ထိုအရာများအားလုံး အသုံး၀င်ခြင်းမရှိပေ။

ရဲရင့်ပြတ်သားသည့် အော်မွန်းအင်ပါယာ၏ တပ်ဖွဲ့ခေါင်းဆောင်ပီဒစ်သည် သူ၏အင်ပါယာမင်းသား၏နှလုံးသားဓားဖြင့် ထိုးစိုက်ခံလိုက်ရသည်ကို ကြည့်ရုံသာတတ်နိုင်တော့၏။ ထိုမင်းသားအတွက် အသက်ရှင်နိုင်ဖွယ်မရှိတော့ပေ။

ပီဒစ်၏ ခေါင်းတစ်ခုလုံးထူပူသွား၏။ သူ၏မျက်လုံးများထဲတွင် မြင်နေရသည့်မြင်ကွင်းများအားလုံး ၀ေ၀ါးသွားသည်။

"ဒီညစ်ပတ်တဲ့မြို့ခံက အတော်လေးအကြောက်တရားကင်းမဲ့တယ်။ သူသေချင်သေပါစေ အရှင့်သားကိုသတ်ဖို့စိတ်ပိုင်းဖြတ်ထားတာပဲ..." သူတွေးလိုက်မိသည်။

"မဟုတ်ဘူး..." ပီဒစ်အော်ဟစ်လိုက်သည်။

သို့သော် နောက်စက္ကန့်တွင် သူ၏ အော်ဟစ်သံရပ်တန့်သွားတော့သည်။

သူသည် အောက်သို့ ငုံ့ကြည့်ကာတုန်လှုပ်သွားသည်။

ရှန်ချူအာ၏ နှလုံးသားကိုထိုးစိုက်သွားခဲ့သည့် သံချေးတက်နေသောဓားသွားသည် သူ၏ဗိုက်အတွင်းသို့ ထက်မံထိုးဖောက်လာသည့်အတွက်ပင်။

မည်သည့်အချိန်ကလည်းမသိချေ ဓားတစ်လက်သူရဲကောင်းသည် မင်းသား၏ခန္ဓာကိုယ်ထဲမှ ဓားကိုဆွဲထုတ်၍ တစ်ဖက်သို့လှည့်ကာ သူ၏ဗိုက်ကိုပြန်လည်ထိုးစိုက်လိုက်သည်။

ထိုဓားသည် ဓားတစ်လက်သူရဲကောင်းအား ထိုးဖောက်သွားပြီး အနောက်တွင်ရှိနေသည့် ပီဒစ်၏ခန္ဓာကိုယ်အတွင်းသို့ ထက်မံကာ စိုက်၀င်သွား၏။ ယခုအချိန်တွင် ပီဒစ်၏ကြောပေါ်တွင်ထွက်နေသည့် ဓားအစွန်းတွင် သွေးများအဆက်မပြတ်စီးကျနေလျှက်ရှိသည်။

ဓားတစ်လက်သူရဲကောင်းသည် အသေခံကာ လူနှစ်ယောက်လုံးကို သတ်ဖြတ်ရန်ဆုံးဖြတ်ချက်ဖြင့် သွေးရူးသွေးတန်းတိုက်ခိုက်လိုက်ခြင်းပင်။

"သောက် မြို့ခံကောင်...သေစမ်းကွာ..."

ပီဒစ်သည် တစ်ချိန်တည်းမှာပင် ကြောက်လန့်ကာ ဒေါသဖြစ်သွားသည်။ သူသည် ဓားတစ်လက်သူရဲကောင်း၏ ကြောပြင်အား လက်ဖြင့်တွန်းထုတ်လိုက်ပြီး ကြီးမားသည့် အားတစ်ခုသည် ဓားတစ်လက်သူရဲကောင်းအားအရှေ့သို့လွှင့်ထွက်သွားစေသည်။

"ဖုန်း..." ဓားတစ်လက်သူရဲကောင်းသည် ရွက်တိုင်တစ်ခုနှင့် ၀င်တိုက်လိုက်မိပြီးအောက်သို့ပြုတ်ကျလာ၏။ သွေးများသည် သူ၏ခန္ဓာကိုယ်မှ ပို၍ပင် စီးကျလာပြီး မကြာခင်သေဆုံးတော့မည်မှာ ထင်ရှားလှသည်။

ပီဒစ်သည် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားသော်လည်း ဆုံးဖြတ်ချက်ပြတ်သားကာ ရဲရင့်သည့်ဟန်ရှိနေဆဲပင်။ သူသည် ရှန်ချူအာထံသို့ပြေးသွားလိုက်ပြီး မင်းသာားအားညင်သာစွာပွေ့ချီလိုက်သည်။ ထို့နောက်တွင် ဆေးပုလင်းများကိုထုတ်ယူကာ စိုးရိမ်စွာအော်ဟစ်လိုက်သည်။ "အရှင့်သား သတိထားပါဦး ဘယ်လိုနေသေးလဲ။ မလှုပ်သေးနဲ့ဦး...အရှင့်သားကို ကယ်တင်ဖို့နည်းလမ်းရှိကိုရှိရမယ်..."

All Chapters