← Chapters

"ရွှမ်းကယ်၏ အတွင်းပိုင်း"

Vol. 52 Ch. 811

"ရွှမ်းကယ်၏ အတွင်းပိုင်း"

Vol. 52 Ch. 811

ရှန်ချူအာသည် သူ၏ပါးစပ်ကို ဖွင့်လိုက်ရာ သွေးများစီးကျလာ၏။ မျက်နှာပေါ်တွင် ခါးသက်သည့်အပြုံးတစ်ခုဖြင့် သူပြောလိုက်သည်။ "ဟီးဟီး..ဒါ..ဒါက တိုက်ပွဲအစစ်မှန်ပဲပေါ့...လေ့ကျင့်တာထက်ပိုပြီးတော့ ရက်စက်ကြမ်းကြုတ်တာပဲ...ငါ..ငါ..သတိလွတ်သွားခဲ့တယ်..ဒါပေမယ့်...ဟားဟား..အင်ပါယာမင်းသားတစ်ပါးအနေနဲ့ အော်မွန်းအတွက် အသက်ပေးရတာငါ့အတွက်ဘာမှမဟုတ်ပါဘူး..စစ်..စစ်မြေပြင်မှာ။ ခေါင်းဆောင် ပီဒစ်..ခင်ဗျားက အင်ပါယာအပေါ်မှာ တကယ်သစ္စာရှိတဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ပါ..ခင်ဗျား..လွတ်အောင်ဆုတ်ခွာရမယ်..လွတ်အောင်ဆုတ်ခွာပြီး ခမည်းတော်ကိုပြောလိုက်ပါ။ မြို့ခံကောင်တွေကို အထင်မသေးပါနဲ့လို့...သူတို့ကလည်း ရဲရင့်တဲ့စစ်သည်တော်တွေပဲ..."

ပြောအပြီးတွင် ရှန်ချူအာသည် ကျန်ရှိနေသည့် ခွန်အားဖြင့် သူ၏လက်ကောက်၀တ်တွင်ပတ်ထားသည့် ကျောက်စိမ်းလက်ကောက်မှတဆင့် တယ်လီပေါ့တ်မှော်အစီရင်ကိုအသက်သွင်းလိုက်သည်။

ပီဒစ်ဘာမှမပြောနိုင်သေးခင်မှာပင် ရှန်ချူအာသည် ခေါင်းဆောင်ပီဒစ်အား ပေါ်တယ်အတွင်းသို့ တွန်းပို့လိုက်ပြီးနောက်တွင် ပေါ်တယ်သည်လည်း ကုန်းဘက်ပေါ်မှပျောက်ကွယ်သွားတော့သည်။

"ဖုန်း.."

ရှန်ချူအာသည် ကုန်းဘက်ပေါ်သို့ လဲကျသွား၏။

ဤအော်မွန်းအင်ပါယာ၏ အတွက်ဆကောင်းသောမင်းသားငယ်သည် အမှောင်ခေတ်ထဲတွင် သူ၏စွမ်းအားများနှင့် ဗျူဟာစီစဥ်မှုအစွမ်းတို့ကိုပြသရမည်ဖြစ်သည်။ သို့သော် သူ၏ တခနတာဂရုမစိုက်ခဲ့မှုနှင့် မောက်မာမှုတို့ကြောင့် အဆင့်နိမ့်အင်ပါယာတစ်ခု၏စွမ်းအားကို အထင်သေးခဲ့မိပြီး ချမ်းဘော့ဒ်တိုင်းပြည်၏ ကောင်းကင်ပေါ်တွင် သေဆုံးသွားခဲ့ရသည်။ ဤသည်မှာ သနားစရာဇာတ်လမ်းတစ်ပုဒ်ပင်။

သို့သော် အမှောင်ခေတ်သည် ရက်စက်ကြမ်းကြုတ်လှသည်။

လူတစ်ယောက်မည်မျှအရည်ချင်းရှိ၍ အရှိန်၀ါကြီးမားစေကာမူ သူသည် လူတိုင်းလိုပင် အန္တရာယ်ရှိနေ၏။ အကယ်၍ စစ်ပွဲထဲတွင် သေဆုံးသွားခဲ့ပါက သူတို့၏အလောင်းများသည် မြေသြဇာအဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်သည်။

"ဟားဟားဟား ငါဓားသိုင်းကျင့်ခဲ့တာ ၂၉နှစ်ကျော်ခဲ့ပြီ...ငါရန်သူတွေကို ဆက်ပြီးတော့ သတ်ဖြတ်ချင်သေးတယ်..ဒါပေမယ့် ငါလုပ်ခဲ့မိတဲ့အမှားက ကြီးမားလွန်းခဲ့တယ်...ငါနောင်တရပါတယ်..နောင်တရပါတယ်..."

ရွက်တိုင်ဘေးတွင်လှဲလျောင်းနေရင်းဖြင့် ဓားတစ်လက်သူရဲကောင်း၏ပါးပြင်ပေါ်တွင်မျက်ရည်များစီးကျလာ၏။

သူသည် အမှားတစ်ခုပြုလုပ်ခဲ့မိပြီးအော်မွန်းအင်ပါယာမှ ကျူးကျော်လာသူများကို ဇီးနစ်အင်ပါယာအတွင်းပိုင်းသို့ ဦးဆောင်လာခဲ့သည်။ သူသည် အမှားကိုပြန်ပြင်နိုင်တော့မည်မဟုတ်ပေ။

သူ၏ ခန္ဓာကိုယ်တစ်ပိုင်းပြတ်လုနီးနီးဒဏ်ရာရရှိထားသော်လည်း သွေးများစီးကျလာခြင်းမရှိတော့ပေ။ သူ၏ စွမ်းအင်များ၊ အသက်၀ိဉာဥ်နှင့် သွေးများကို လောင်ကျွမ်းထားသည့်အတွက်ပင်။

သူ၏သံချေးကိုက်နေသည့် ဓားအား တောင်၀ှေးတစ်ခုအဖြစ်အသုံးပြု၍ ရွှမ်းကယ်၏ အစွန်းသို့ လမ်းလျှောက်သွားကာ ကုန်းမြေကိုငုံ့ကြည့်လိုက်သည်။ မျက်ရည်များပို၍စီးကျလာ၏။ ထို့နောက်တွင် ရုတ်တရက်တစ်ဖက်သို့လှည့်ကာ ဖှေးအားကြည့်လိုက်ပြီး ရယ်မောလိုက်သည်။ "ဟားဟား ချမ်းဘော့ဒ်ဘုရင် မင်းဇီးနစ်အင်ပါယာကို ကာကွယ်နေတာကို ကြယ်တွေနဲ့အတူငါကြည့်နေပါ့မယ်..နောက်ပြီး အဲ့ရွှေရောင်အရိုးစုနတ်ဆိုးကိုလည်း မင်းသတိထားပါ"

ထို့နောက်တွင် သူလေထဲသို့ ခုန်ဆင်းလိုက်၏။

ငှက်တစ်ကောင်ကဲ့သို့ပင် သူသည် ညကောင်းကင်ပေါ်တွင်ကျဆင်းကာ သူ၏ခန္ဓာကိုယ်သည် ပြာမှုန်များအဖြစ်သို့ပြောင်းလဲပြီး လေနှင့်အတူလွှင့်ပါသွားတော့သည်။

အင်ပါယာ၏ ပါရမီရှင်ဓားသမားတစ်ယောက် အဆုံးသက်ပင်။

ဖှေးဤမြင်ကွင်းကို မြင်တွေ့လိုက်ရပြီးမည်ကဲ့သို့ တုန့်ပြန်ရမလဲမသိဖြစ်နေ၏။

ဤကဲ့သို့သော မြင်ကွင်းကို သူယခင်ကလည်းမြင်တွေ့ခဲ့ဖူးသည့်အတွက်ပင်။

သိုင်းပညာတောင်ထပ်တွင် အင်ပါယာကာကွယ်စောင့်ရှောက်သူခါဆစ်သည်လည်း ဤကဲ့သို့ ပြာမှုန်များအဖြစ်သို့ပြောင်းလဲကာဇာတ်သိမ်းသွားခဲ့ရသည်။

ဓားတစ်လက်သူရဲကောင်းသည် သူ၏ကျင့်ကြံခြင်းလမ်းကြောင်းတွင် အမှားတစ်ခုကို လုပ်ခဲ့လိုက်မိပြီး ဇီးနစ်အင်ပါယာသို့ စစ်ပွဲတစ်ခုယူဆောင်လာသော်လည်း စစ်ပွဲသည် ရှောင်လွှဲ၍မရနိုင်ပေ။ ဇီးနစ်အင်ပါယာသည် ဓားတစ်လက်သူရဲကောင်းကြောင့်မဟုတ်စေကာမူ အမှောင်ခေတ်အားအနှေးနှင့်အမြန်ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

ဓားတစ်လက်သူရဲကောင်းသည် ဖြစ်ပေါ်လာနှင့်ပြီးဖြစ်သည့် ပြဇာတ်တစ်ပုဒ်တွင် ကံမကောင်းသည့် ဇာတ်ကောင်တစ်ယောက်သာဖြစ်၏။

တကယ်တန်းတွင် ဖှေးသည် ဓားတစ်လက်သူရဲကောင်းအား အနည်းငယ်ပင် ကိုယ်ခြင်းစာမိသည်။ ထိုလူသည် ဇာတ်သိမ်းမလှသော ပါရမီရှင်တစ်ယောက်ဖြစ်သည့်အတွက်ပင်။

အမှောင်ခေတ်တွင် လူ့အသတ်များသည် မြက်ပင်လောက်ပင်အဖိုးမတန်ပဲ သူရဲကောင်းများ၊ ပါရမီရှင်များ သေဆုံးကြသည်မှာ အထူးဆန်းမဟုတ်ပေ။

တကယ်တန်းတွင် ဖှေးသည် မင်းသားရှူချန်အာ၏ အပြုမူကိုပင်အံ့သြခဲ့မိသည်။ ထိုလူ၏ ဇာတ်သိမ်းကိုလည်း သူလေးစားမိသည်။

အေဇာရုတိုက်သည် ပန်းချီကားတစ်ချပ်ကဲ့သို့ပင် လှပပြီး ပါရမီရှင်များစွာနှင့် သူရဲကောင်းများစွာတို့ကို မွေးဖွားပေးခဲ့သည်။

ဘုရင်သည် အရှေ့သို့ပျံသန်းသွားပြီး သူ၏လက်ချောင်းများနှင့် လေပေါ်တွင်ရေးဆွဲလိုက်သည်။ ရွှေရောင်စွမ်းအင်တစ်ခုသည် ရွှမ်းကယ်၏ စွမ်းအင်အကာရံအားဖျက်ဆီးလိုက်၏။

သူကုန်းဘက်ပေါ်သို့ ဆင်းသက်ပြီးသည့်အချိန်တွင် ကစဥ့်ကလျားပုလ္လင်ကိုဆင့်ခေါ်လိုက်သည်။

"အသက်ရှင်နေသေးတဲ့ အော်မွန်းစစ်သည်တွေကိုသုတ်သင်ပြီးတော့ ဒီရွှမ်းကယ်ကို ထိန်းချုပ်ကြတာပေါ့..."

အဖိုးကြီးအာရန်း၏ ဦးဆောင်မှုအောက်တွင် ဖှေးနှင့်ရော်ဘင်တို့သည် ကုန်းဘက်ပေါ်တွင်ကျန်ရှိနေသည့်ရန်သူများကိုလျှင်မြန်စွာပင်သုတ်သင်လိုက်ကြသည်။

ထို့နောက်တွင် ပင်မရွက်တိုင်ကြီးဘေးတွင်ရှိသော ထိန်းချုပ်ရေးအဆောက်ဦးထံသို့သွားလိုက်ပြီး အတွင်းခန်းထဲသို့၀င်လိုက်ကြသည်။

ရွှမ်းကယ်၏ အတွင်းပိုင်းသည် အလွန်ကျယ်ပြန့်၍ အရာအားလုံးကိုစနစ်တကျစီစဥ်ထားသည်။ သံမဏိသစ်ဖြင့်ပြုလုပ်ထားသည့် အနက်ရောင်နံရံများသည် တောက်ပနေ၏။ ဖှေးယခင်ဘ၀မြေကမ္ဘာမှ လေယာဥ်တင်သင်္ဘောကြီးများလိုပင်။ ကွာခြားသည်မှာ နည်းပညာဖြင့်မောင်းနှင်ခြင်းမဟုတ်ပဲ မှော်ပညာအစီရင်များဖြင့် ထိန်းချုပ်မောင်းနှင်ခြင်းပင်။

သူတို့သုံးယောက်သည် ပင်မလမ်းကြောင်းအတိုင်းလျှောက်လာရင်းဖြင့် ဖှေးနှင့်ရော်ဘင်တို့သည် အော်မွန်းအင်ပါယာမှ ခုခံနေသည့် စစ်သည်များကိုလမ်းလျှောက်တွင်သုတ်သင်ခဲ့သည်။

ရွှမ်းကယ်၏ အတွင်းပိုင်းထဲတွင် တိုက်ခိုက်ခြင်း၊ ခုခံခြင်းမှော်အစီရင်များစွာနှင့် ပြည့်နှက်နေပြီး မှော်ပညာရှင်များစွာဖန်တီးထားကြသည်မှာ ထင်ရှားလှသည်။

မှော်အစီရင်များအပြင် စက်ယန္တရားများ၊ ထူထဲသည့်ဂိတ်တံခါးများ၊ ထောင်ချောက်များတို့သည် အော်မွန်းအင်ပါယာ၏ ရန်သူများကို အရှေ့သို့ဆက်သွားရန်ခက်ခဲစေ၏။

ရွှမ်းကယ်အား စတင်ဖန်တီးခဲ့စဥ်က ဖန်တီးသူများသည် ရန်သူများအတွင်းပိုင်းသို့ရောက်နိုင်သည့်အချိန်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့ကြသည့်ပုံပင်။

ကံမကောင်းစွာပင် ယခုအချိန်တွင် အော်မွန်းအင်ပါယာ၏ ရန်သူမှာ ဖှေးကဲ့သို့မကောင်းဆိုး၀ါးတစ်ကောင်ဖြစ်နေခြင်းပင်။

ဖှေး၏ မှော်အစီရင်များအပေါ်နားလည်တက်ကျွမ်းမှုသည် အဆင့်မြင့်သည့်အနေထားသို့ရောက်ရှိနေ၏။ သူ၏ ၀ိဉာဥ်စွမ်းအားများကိုဖြန့်ကျက်လိုက်ရုံဖြင့်ပင် ဖှေးသည် မှော်အစီရင်များ၏ သီအိုရီ၊ ဒီဇိုင်းတို့ကို ချက်ချင်းနားလည်နိုင်၏။ ထို့အပြင် ၀ိဉာဥ်စွမ်းအားများကိုလည်း အစိုင်ခဲအဖြစ်သိပ်သည်းနိုင်သည့်အတွက်ကြောင့် ဖှေးသည် မှော်အစီရင်များ၏ ဗဟိုချက်ကိုဖျက်ဆီးကာ အစီရင်ထောင်ချောက်များကိုအသက်ကင်းမဲ့စေလျှက်ရှိသည်။

ထို့အပြင် သူသည် နေအဆင့်သခင်တစ်ယောက်၏ ခွန်အားဖြင့်လည်းအရာအားလုံးကို အကြမ်းနည်းသုံးကာ ဖျက်ဆီးနိုင်၏။

ဤရွှမ်းကယ်အားအမိန့်ပေးသည့် ဓားတစ်လက်သူရဲကောင်းသည် ရုတ်တရက်အသိတရားပြန်၀င်လာပြီး မင်းသားရှန်ချူအာအားသတ်ဖြတ်ပစ်ခဲ့ကာ ခေါင်းဆောင်ပီဒစ်သည်လည်း ပေါ်တယ်အတွင်းသို့၀င်ရောက်ကာ ပျောက်ကွယ်သွားခဲ့သည့်အတွက်ကြောင့် ရွှမ်းကယ်ပေါ်တွင်ကျန်ရစ်ခဲ့သည့် အော်မွန်းမှစစ်သည်များ၊ ခေါင်းဆောင်များသည် ကစဥ့်ကလျားဖြစ်နေကြ၏။ ထို့ကြောင့် ဖှေးအား ထိထိရောက်ရောက်တားဆီးနိုင်ခြင်းမရှိကြပေ။

ရွှမ်းကယ်၏ နက်ရှိုင်းသည့်အတွင်းပိုင်းထဲသို့ရောက်သည့်အချိန်တွင် ဖှေးသည် မြင်လိုက်ရသည့်အရာကြောင့် အံ့သြကာ ခြေလှမ်းများရပ်တန့်သွား၏။

မောင်းနှင်ရေးဌာန၏ ဂိတ်တံခါးနားတွင် သန်မာထွားကျိုင်းသည့်လူအယောက်၁၀၀ခန့်ရှိနေ၏။ သူတို့အားလုံးစုတ်ပြဲနေသည့် အ၀တ်စားများကို၀တ်ဆင်ထားကြပြီး မျက်နှာပေါ်တွင် အမာရွတ်များဖြင့်ပြည့်နှက်နေကာ လက်ကောက်၀တ်နှင့် ခါးတို့တွင် သံမဏိချိန်းကြိုးများဖြင့် အတုတ်နှောင်ခံထားရသည်။ သို့သော် သူတို့အားလုံးသည် ရက်စက်ကြမ်းကြုတ်ကာ သတ်ဖြတ်မည့်အရှိန်၀ါများရှိနေကြ၏။

သူတို့၏ဘေးတွင် အော်မွန်းအင်ပါယာမှ စစ်သည်တစ်ချို့၏အလောင်းများရှိနေကြ၏။ ဒဏ်ရာများသည် လက်ဆက်နေဆဲဖြစ်သည့်အတွက်ကြောင့် အသတ်ခံထားရသည်မှာ ကြာသေးပုံမရပေ။

"သူတို့ကဘယ်သူတွေလဲ...ဘာလို့ ဒီနေရာမှာရှိနေတဲ့ အော်မွန်းစစ်သည်တွေကိုသတ်လိုက်ကြတာလဲ..." ဖှေးတွေးလိုက်မိသည်။

ဖှေးတွေးနေသည် အဖိုးကြီးအာရန်းသည် တစ်စုံတစ်ခုကို စဥ်းစားလိုက်မိသည်။

သူသည် ဖှေးအနားသို့ကပ်ကာပြောလိုက်သည်။ "သူတို့က ရွှမ်းကယ်ပေါ်က သင်္ဘောကျေးကျွန်တွေပဲ။ သူတို့ထဲကအများစုက ရာဇ၀က်မှုကျူးလွန်ခဲ့တဲ့စစ်သည်တွေ၊ စစ်သုံ့ပန်းတွေ၊ ဖျော်ဖြေရေးတိုက်ခိုက်ကွင်းထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့တိုက်ခိုက်သူတွေပါ။ သူတို့ကို ရွှမ်းကယ်ရဲ့ အတွင်းပိုင်းမှာပိတ်လှောင်ထားပြီးတော့ အန္တရာယ်ရှိတဲ့အလုပ်တွေစေခိုင်းပါတယ်။ သူတို့က နေရောင်ကိုတောင်မြင်ရတာရှားတယ်။ သူတို့ထဲကအများစုက လူသတ်သမားတွေဆိုတော့ အခွင့်ရေးရတုန်းမှာ အော်မွန်းစစ်သည်တွေကိုသတ်ဖြတ်ပြီး လွတ်မြောက်ဖို့ကြံစည်နေကြတာပဲ.."

"သင်္ဘောကျွန်တွေလား.." ဖှေးခေါင်းငြိမ့်လိုက်သည်။

ထိုလူများထံမှ ဖော်ပြရန်ခက်ခဲသည့် အရိုင်းဆန်သည့် အရှိန်၀ါများကိုခံစားနေရသည်။ သူတို့သည် လူသားများနှင့်မတူပဲ တောထဲမှ သားရဲကောင်များလိုပင်။ အလင်းရောင်မမြင်ရသည်မှာကြာသောကြောင့် ဖြစ်ပေလိမ့်မည် သူတို့၏မျက်လုံးအရောင်များပြောင်းလဲနေပြီး မျက်အိမ်များသည်လည်း သာမန်လူများနှင့်မတူကြပေ။ ကြောက်မျက်လုံးများကဲ့သို့ဖြစ်နေ၏။

သင်္ဘောကျွန်များသည် အရွယ်စားအမျိုးမျိုးဖြစ်နေပြီး ခင်မင်ရင်းနှီးသည့်ပုံမရှိပေ။ အရေပြားများသည်လည်း ရွှမ်းကယ်၏ ကိုယ်ထည်ထဲတွင်နှစ်ပေါင်းများစွာနေခဲ့ရသည်အတွက်ကြော့င် သွေးစုပ်ဖုတ်ကောင်များကဲ့သို့ ဖြူဖွေးချောမွေ့နေ၏။

ထိုလူများသည် စွမ်းအားမြင့်မားသူများမဟုတ်ကြပေ။ အများစုသည် ကြယ်တစ်လုံးနှစ်လုံးအဆင့်ရှိပြီး သူတို့ထဲမှ စွမ်းအားအမြင့်မားဆုံးလူသည် ကြယ်ငါးလုံးအဆင့်ခန့်သာရှိ၏။ ထိုလူသည် သင်္ဘောကျွန်များ၏ခေါင်းဆောင်ဖြစ်ပုံရသည်။

အဖိုးကြီးအာရန်းသည် ဖှေး၏နားအတွင်းသို့ တစ်စုံတစ်ရာကပ်ပြောလိုက်ရာ ဘုရင်၏ မျက်နှာအမူယာပြောင်းလဲသွား၏။ သူသည် ချက်ချင်းပင် မောင်းနှင်ဌာနထံသို့ လမ်းလျှောက်သွားလိုက်သည်။

ထိုအရာကိုမြင်သည့်အချိန်တွင် သင်္ဘောကျွန်များသည် ဒေါသဖြစ်သည့် သားရဲကောင်များကဲ့သို့အော်ဟစ်ကာ ဖှေးတို့သုံးယောက်အား၀ိုင်းလိုက်ကြသည်။ သူတို့သည် ဖှေးအား မောင်းနှင်ခန်းထဲသို့၀င်ရောက်ခြင်းမှ တားဆီးရန်ပြင်လိုက်ကြ၏။

"နောက်ဆုတ်ကြစမ်း" ဖှေးသည် ကြောက်မက်ဖွယ်ခွန်အားများဖြင့်ပေါင်းစပ်ထားသောအသံဖြင့်အော်ဟစ်လိုက်သည်။ အသံလှိုင်းများသည် အနားတွင်ရှိနေသည့် သင်္ဘောကျွန်များအား ရိုက်ခတ်သွားပြီး သွေးများအန်ထွက်လာစေ၏။

ကျန်ရှိနေသည့် သင်္ဘောကျွန်များသည် ရှေ့သို့ တိုးလာနိုင်ခြင်းမရှိတော့ပေ။ သူတို့အားလုံး ကြောက်လန့်သည့်အမူယာများဖြင့် အနောက်သို့ဆုတ်လိုက်ကြသည်။

လူတစ်ချို့သည် ပြန်လည်တိုက်ခိုက်ရန်ကြိုးစားကြသော်လည်း ဖှေးထံမှထွက်ပေါ်လာနေသည့် ဖိအားများသည် တောင်ကြီးများပင်။ သူတို့၏ပခုံးပေါ်တွင် တောင်ကြီးတစ်ခုလုံးအားထမ်းထားရသလို သင်္ဘောကျွန်များခံစားနေရ၏။

နောက်ဆုံးတွင် သူတို့အားလုံး မြေပြင်ပေါ်သို့လဲကျသွားပြီး ခေါင်းပင်မထောင်နိုင်တော့ပေ။

မောင်းနှင်ခန်းဂိတ်တံခါးသည် တင်းကြပ်စွာပိတ်ထားပြီး အစိမ်းရောင်မှော်အစီရင်မီးတောက်များတောက်ပနေ၏။

ရော်ဘင်သည် ဂိတ်တံခါးအား အကြိမ်ပေါင်းများစွာတိုက်ခိုက်ကြည်သော်လည်း ဖွင့်နိုင်ခြင်းမရှိပေ။

ဖှေးကိုယ်တိုင်ထွက်၍ သူ၏လက်ဖ၀ါးကို ဂိတ်တံခါးပေါ်တင်လိုက်သည်။

"ချွတ်..."

ရွှေရောင်စွမ်းအင်မီးတောက်များတောက်ပသွာပြီး သံမဏိသစ်ဖြင့်ပြုလုပ်ထားသည့် ဂိတ်တံခါးကြီးသည် ချက်ချင်းပင်ပွင့်သွားတော့သည်။

မောင်းနှင်ခန်းမှ အာမေဍိတ်သံများစွာထွက်ပေါ်လာ၏။

ဖှေးအထဲသို့ မ၀င်ရသေးခင်မှာပင် ဓားစွမ်းအင်တစ်ခုသည် သူ၏မျက်နှာထံသို့ ပျံသန်းလာ၏။

လူတစ်ယောက်သည် အခွင့်ကောင်းယူ၍ သူ့အားချောင်းမြောင်းတိုက်ခိုက်လိုက်ခြင်းပင်။

တိုက်ပွဲရှည်ကြာပါက မောင်းနှင်ခန်းထဲတွင်ရှိသည့် စက်ယန္တရားများ၊ ခလုပ်များပျက်ဆီးမည်စိုးသည့်အတွက် ဖှေးသည် သူ၏စွမ်းအားအကုန်ထုတ်လွှတ်လိုက်ပြီး မောင်းနှင်ခန်းထဲတွင်အလင်းတန်းတစ်ခုလိုလှည့်ပတ်လိုက်သည်။ ထို့နောက်တွင် သူ့အားချောင်းမြောင်းတိုက်ခိုက်လိုက်သူအပါ၀င် ရန်သူများအားလုံးထံမှ အော်ဟစ်သံများထွက်ပေါ်လာတော့သည်။

စွမ်းအားခြင်းကွာခြားသည့်အတွက်ကြောင့် အော်မွန်းအင်ပါယာမှ အရာရှိ၇ယောက်ခန့်နှင့် သင်္ဘောကျွန်များသည် ဖှေး၏တိုက်ခိုက်မှုများအောက်တွင် မြေပေါ်သို့ လဲကျသွားတော့၏။

All Chapters