← Chapters

"ကပ္ပတိန်စပဲရိုးနှင့်ကပ္ပတိန်ဘာဘိုဆာ"

Vol. 52 Ch. 813

"ကပ္ပတိန်စပဲရိုးနှင့်ကပ္ပတိန်ဘာဘိုဆာ"

Vol. 52 Ch. 813

အနည်းငယ်ရယ်မောလိုက်ပြီးသည့်နောက်တွင် ဖှေးသည် သင်္ဘောကျွန်နှစ်ယောက်အား လျစ်လျူရှုလိုက်ပြီး ရော်ဘင်ကိုကြည့်လိုက်သည်။

ရော်ဘင်သည် ဖှေး၏ အမိန့်ကိုချက်ချင်းနားလည်သွား၏။ သူ၏ဓားကိုဆွဲထုတ်လိုက်ပြီး သူတို့အားဆဲဆိုအော်ဟစ်နေသည့် အော်မွန်းအင်ပါယာမှခေါင်းဆောင်အရာရှိများကို သတ်ပစ်လိုက်သည်။ ထို့နောက်တွင် သူသည်အလောင်းများကို သင်္ဘောကျွန်များသတ်ဖြတ်ထားသည့် မောင်းနှင်သူများ၏အလောင်းများထံသို့ ပစ်ထည့်လိုက်၏။

ထိုအရာကိုမြင်သည့်အချိန်တွင် သင်္ဘောကျွန်များအားလုံးရေခဲသေတ္တာထဲတွင်ထိုင်နေရသလို အေးစက်သွားတော့၏။

"ဒီလူတွေက ရွှမ်းကယ်ပေါ်မှာရှိနေတဲ့ အော်မွန်းအင်ပါယာက သိုင်းဆရာတွေကို လွယ်လွယ်ကူကူပဲသတ်ပစ်လိုက်တယ်ဆိုတော့ ကြင်နာတတ်တဲ့လူတွေတော့မဟုတ်လောက်ဘူး။ သူတို့အလိုရှိရင် ငါတို့ကိုလည်း လွယ်လွယ်ကူကူသတ်ပစ်လို့ရတယ်...အော်မွန်းသားတွေထက်တောင်ပိုပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့ပုံပဲ..." သင်္ဘောကျွန်များတွေးလိုက်မိကြသည်။ ရက်စက်ကြမ်းကြုတ်သည့် ၀ံပုလွေများကို သူတို့သတ်ဖြတ်ပြီးသည့်အချိန်တွင် ပို၍ကြောက်မက်ဖွယ်ကောင်းသည့် ခြင်္သေ့များရောက်ရှိလာသည်ကို သင်္ဘောကျွန်များသဘောပေါက်လိုက်ကြသည်။

"တကယ်လို့ ရွှမ်းကယ်မြေပြင်ပေါ်သို ပျက်ကျတယ်ဆိုရင်တော့ ဒီသုံးယောက်က လွယ်လွယ်ကူကူပဲလွတ်မြောက်သွားနိုင်တယ်...ငါတို့ကောင်တွေကတော့ လှုပ်တောင်မလှုပ်နိုင်ဘူး။ ငါတို့ဘာပဲဖြစ်ဖြစ်သေမှာပဲ..." သင်္ဘောကျွန်များသည် ထက်မံ၍ တွေးလိုက်ကြ၏။

အခြေအနေသည်ကောင်းလာသည်မဟုတ်ပဲ ပို၍ပင်ဆိုး၀ါးလာသည်ကိုသူတို့နားလည်သွားကြ၏။

နဖူးတွင်အနီရောင်ခေါင်းစည်းနှင့်လူသည် ယခုအချိန်တွင်ပို၍ရိုးးသားလာပြီဖြစ်သည်။ စိုးရိမ်ပူပန်မှုများကို သူ၏မျက်နှာပေါ်တွင်မြင်နေရ၏။ "ငါတို့အရှုံးပေးပါတယ်..ဟုတ်ပြီလား..ငါတို့အရှုံးပေးတယ်...အရှင်မင်းကြီး အရှင့်အမိန့်ကိုကျွန်တော်တို့အားလုံးနာခံပါ့မယ်..ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကိုလွှတ်ပေးပါ...ဒီရွှမ်းကယ်ကို မြေပြင်ပေါ်လုံလုံခြုံခြုံဆင်းသက်နိုင်အောင် ကျွန်တော်တို့ကူညီပေးပါ့မယ်...ဒါက အတော်လေးစွမ်းအားမြင့်မားတဲ့ရွှမ်းကယ်တစ်စီးပါ...ဒီရွှမ်းကယ်နဲ့ဆိုရင် အရှင့်ရဲ့စစ်သည်တွေက ကောင်းကင်ကိုစိုးမိုးနိုင်ပါလိမ့်မယ်..."

"ဟုတ်ပါတယ် ကျွန်တော်တို့ကရဲရင့်ပြီး သစ္စာရှိတဲ့လူတွေပါ။ အရှင်မင်းကြီးက ကျွန်တော်တို့ကို သောက်အော်မွန်းသားတွေလက်ထဲကနေကယ်တင်ခဲ့တယ်...အရှင်ကကျွန်တော်တို့ရဲ့ကယ်တင်ရှင်ပါပဲ...ဒီနေ့ကစပြီးတော့ အရှင်မင်းကြီးလက်အောက်မှာ ကျွန်တော်မျိုးတို့အမှုထမ်းပါ့မယ်..." ခြေတုနှင့်လူသည် စိတ်ရင်းနှင့်ပြောလိုက်၏။

ဤအခိုက်တန့်တွင် ရွှမ်းကယ်သည် မီတာ၄၀၀ခန့်ဆင်းသက်ပြီးပြီဖြစ်သည်။ ဖန်သားပြင်ပေါ်တွင် မြေပြင်ပေါ်တွင်ရှိသော အဆောက်ဦးများကိုပင်မြင်နေရပြီဖြစ်၏။

ဤအရာများကို မြင်နေရသော်လည်း ဖှေးသိပ်ပြီးစိုးရိမ်ခြင်းမရှိပေ။ သူသည် မောင်းနှင်ခန်းအလည်တွင်ရှိသော ထိုင်ခုံပေါ်တွင်ထိုင်ကာ သင်္ဘောကျွန်များကိုနောက်တစ်ကြိမ်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏မျက်လုံးများသည် ခေါင်းစည်းအနီလူနှင့် ခြေတုနှင့်လူတို့အပေါ်တွင်ကျရောက်သွား၏။ ထိုနှစ်ယောက်သည် သင်္ဘောကျွန်များ၏ ခေါင်းဆောင်များဖြစ်ကာ အရှိန်၀ါတစ်ချို့ရှိသည့်ဟန်ပင်။

ဖှေးသည် အပြုံးတစ်ခုနှင့်အတူ ထိုနှစ်ယောက်အားကြည့်လိုက်ပြီး ဘာမှမပြောပေ။

သူတို့နှစ်ယောက်လုံးချက်ချင်းပင် ပါးစပ်များပိတ်သွားတော့၏။

အကြောင်းပြချက်တစ်ချို့ကြောင့် သူတို့အားလုံးအနည်းငယ်ကြောက်လန့်နေကြသည်။

"ဒီအနက်ရောင်ဆံပင်နဲ့လူငယ်က ဉာဏ်များတဲ့ပုံမပေါ်ပေမယ့် သူ့အကြည့်တွေက စူးရှနေတယ်...ငါ့ရဲ့လျို့၀ှက်ချက်တွေအကုန်လုံးကို မြင်နိုင်နေသလိုပဲ.." သူတို့နှစ်ယောက်တွေးလိုက်မိကြသည်။

ဖှေးသည် ထိုနေရာတွင်ပြုံးလျှက်သာထိုင်နေသော်လည်း သူ၏အရှိန်၀ါသည် ဤလူနှစ်ယောက်အားလုံး၀ပင်စိုးမိုးသွား၏။ သူတို့နှစ်ယောက်လုံးကြောက်လန့်ကာ အားနည်းသလိုခံစားနေရ၏။

"မင်းတို့နာမည်တွေက..." ဖှေးသည် အနီရောင်ခေါင်းစည်းနှင့်လူအားကြည့်လိုက်ပြီး ရုတ်တရက်မေးလိုက်သည်။ သူ၏အသံသည် မင်းဟိန်မင်းဟန်ပါနေသည့်အတွက်ကြောင့် ကျန်သည့်လူများဖီဆန်နိုင်ခြင်းမရှိပေ။

အနီရောင်ခေါင်းစည်းနှင့်လူ တုန်လှုပ်သွားသည်။ သူသည် ခုခံလိုသော်လည်း လုပ်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် သူအရိုးသားဆုံးသာဖြေလိုက်ရ၏။ "ကျွန်တော်ဒီသောက်ရွှမ်းကယ်ပေါ်မှာ အဖမ်းခံထားရတာ နှစ်ပေါင်း၁၁နှစ်ရှိပြီ။ ဒီသောက်အော်မွန်းသားတွေက ကျွန်တော့ကို တိရိစ္ဆာန်တစ်ကောင်လိုပဲ ဆက်ဆံကြတယ်။ ကျွန်တော့နာမည်ကိုတောင် ကျွန်တော်မမှတ်မိတော့ပါဘူး..."

"ခင်ဗျားကရော..." ဖှေး ခြေတုနှင့်လူဘက်သို့လှည့်ကာမေးလိုက်သည်။

"လွန်ခဲ့တဲ့၁၆နှစ်လုံး ဒီကောင်တွေက ကျွန်တော့ကို သံမဏိခြေထောက်လို့ပဲခေါ်ကြတယ်..." ညစ်ပတ်ထူထဲသည့် မုတ်ဆိတ်မွှေးများနှင့်လူသည် အံကြိတ်ကာပြန်ဖြေလိုက်သည်။

ဖှေးခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဒီနေ့ကစပြီးတော့ မင်းကို ဘာဘိုဆာလို့ခေါ်မယ်။ ဟက်တာ-ဘာဘိုဆာ...ခင်ဗျားကိုတော့..."

အနီရောင်ခေါင်းစည်းနှင့်လူဘက်သို့လှည့်ကာ ပြုံး၍ပြောလိုက်သည်။ "ခင်ဗျားကိုတော့...စပဲရိုး...ဂျက်စပဲရိုးလို့ခေါ်တာပေါ့"

"သေစမ်း..သောက်ကလေး..မင်းကိုယ်မင်းဘာထင်နေလဲ...ဘာဖြစ်လို့ မင်းစကားကို ငါတို့ကနားထောင်ရမှာလဲ..." သူတို့နှစ်ယောက်လုံးတစ်ချိန်တည်းမှာပင် ပြန်ပြောလိုက်သည်။

သင်္ဘောကျွန်အများစုသည် မောက်မာရိုင်းစိုင်းသည့်လူများဖြစ်ပြီး အထူးသဖြင့် ဤနှစ်ယောက်သည် အဆိုးဆုံးပင်။ သူတို့သည် ဉာဏ်များအရှက်မရှိပဲ တစ်ကိုယ်ကောင်းဆန်ကြသည်။ ဘုရင်သည် ခန့်ညားထည်၀ါသည့် မင်းဟိတ်မင်းဟန်ရှိသော်လည်း သူတို့နှစ်ယောက်အား အမိန့်နာခံအောင်ပြုလုပ်နိုင်မည်မဟုတ်ပေ။

သူတို့နှစ်ယောက်၏ စကားကိုကြားရသည့်အချိန်တွင် ဖှေးစိတ်ဆိုးခြင်းမရှိပေ။ ညင်သာသည့်အပြုံးတစ်ခုဖြင့် သူပြောလိုက်သည်။ "ရိုးရှင်းပါတယ်...ခင်ဗျားတို့ ကျုပ်စကားကိုနားမထောင်ရင် ခင်ဗျားတို့ သေရမှာပေါ့..."

ဖှေး၏စကားကိုကြားသည့်အချိန်တွင် သင်္ဘောကျွန်များ၏ ခေါင်းဆောင်နှစ်ယောက်လုံးပါးစပ်ပိတ်သွားပြီး အနည်းငယ်ကြောက်လန့်သွားသည့်ပုံရှိ၏။ သူတို့သည် ရွှမ်းကယ်ထဲတွင် ဖမ်းဆီးခံထားရပြီး အလုပ်ကြမ်းများလုပ်နေခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ သူတို့သည် လူပေါင်းများစွာကိုတွေ့ခဲ့ဖူးပြီး တိုက်ပွဲပေါင်းများစွာကိုလည်း ဖြတ်သန်းခဲ့ဖူးသည်။

သူတို့သည် လူကဲခတ်ကောင်းသည့်အတွက် ဤလူငယ်သည် နောက်ပြောင်နေခြင်းမဟုတ်သည်ကို သိလိုက်၏။ အကယ်၍ သူတို့ ဤလူငယ်၏ အမိန့်ကိုဖီဆန်ပါက သူတို့၏ ဇာတ်သိမ်းသည်လည်း အော်မွန်းအင်ပါယာမှ ခေါင်းဆောင်များကဲ့သို့ပင်ဖြစ်သွားမည်ဖြစ်သည်။

"ကျေးဇူးပါအရှင်မင်းကြီး ဒီနေ့ကစပြီးတော့ ကျွန်တော်မျိုးရဲ့နာမည်က ဂျက်စပဲရိုးဖြစ်သွားပါပြီ...အတော်ကောင်းတဲ့နာမည်ပါပဲ..ကျွန်တော်မျိုးသဘောကျနှစ်သက်မိပါတယ်..." အနီရောင်ခေါင်းစည်းနှင့်လူသည် တောက်ပသည့်အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။ သို့ရာတွင် သူ၏မျက်လုံးများသည် တောင်မြောက်ပြေးလွှားနေဆဲပင်။

"အဲ့လိုဆိုရင်တော့ ကျွန်တော့နာမည်လဲဘာဘိုဆာပဲပေါ့...ဟားဟား သင်္ဘောကျွန်ဘာဘိုဆာ..." ခြေတုနှင့်လူသည်လည်း ပို၍ရိုးသားပွင့်လင်းလာသည့်ပုံပင်။

ဖှေးထံတွင် အတွေ့ကြုံများစွာရှိသည့်အတွက် ထိုလူနှစ်ယောက်လိမ်ညာနေသည်ကို ပြောနိုင်၏။ သူ၏ အရှိန်၀ါသည် ထိုလူနှစ်ယောက်အား ရိုသေကျိုးနွံလာအောင်မပြုလုပ်နိုင်သည့်အတွက် အနည်းငယ်စိတ်ပျက်မိသော်လည်း ခက်ခဲသည့်အရာတစ်ခုဖြစ်ကြောင်းကို သူနားလည်လိုက်၏။

ခနတာခန့်စဥ်းစားပြီးသည့်နောက်တွင် သူလေထုကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ထို့နောက်တွင် ရွှေရောင်စွမ်းအင်အလင်းတန်းတစ်ခုသည် ထိုလူနှစ်ယောက်ထံသို့ ပျံသန်းသွားတော့သည်။

ထိုကဲ့သို့ဖြစ်ပြီးသည်နှင့်တပြိုင်နက် ထိုလူနှစ်ယောက်သည် မြေပြင်ပေါ်မှထရပ်ကာ ဂိတ်တံခါးထံံသို့ ချက်ချင်းပြေးသွားတော့သည်။ သူတို့သည် အလွန်မြန်ဆန်လှ၏။

သူတို့သည် မြန်ဆန်လှသော်လည်း ရော်ဘင်က ပို၍မြန်ဆန်၏။

လေညှင်းတစ်ခုလိုပင် ရော်ဘင်သည် မောင်းနှင်ခန်းဂိတ်တံခါး၀သို့ ချက်ချင်းရောက်ရှိသွားပြီး သူ၏ဓားကို၀ေ့ရမ်းကာ ထိုလူနှစ်ယောက်ထံသို့ ဓားစွမ်းအင်များစွာပစ်လွှတ်လိုက်သည်။

ထိုလူနှစ်ယောက်သည် ဉာဏ်များသည့်လူများဖြစ်ကြသော်လည်း ရော်ဘင်၏ ဓားသွားစွမ်းအင်များသည် သူတို့တွေ့ကြုံခဲ့ဖူးသည်ထက်များစွာပို၍စွမ်းအားမြင့်မားလှသည့်အတွက် အနောက်သို့သာဆုတ်လိုက်ရ၏။

ဓားသွားစွမ်းအင်များသည် သူတို့နှစ်ယောက်ကို အနောက်သို့ ပို၍တွန်းပို့လိုက်သည်။

သူတို့နှစ်ယောက်လုံးနံရံသို့ကပ်သွားပြီး ထပ်ဆုပ်နိုင်ခြင်းမရှိတော့သည့်အချိန်တွင် ဓားစွမ်းအင်များသည်လည်း မည်သည့်အချိန်ကမှ မရှိခဲ့သလိုပျောက်ကွယ်သွားတော့၏။

သင်္ဘောကျွန်ခေါင်းဆောင်နှစ်ယောက်တုန်လှုပ်သွားသည်။ ခပ်ပိန်ပိန်နှင့်စစ်သည်တော်သည် သူတို့ထက်များစွာပို၍စွမ်းအားမြင့်မားကြောင်းကိုသိရှိသွား၏။ အကယ်၍ ထိုစစ်သည်သာ သူတို့အား သတ်ဖြတ်လိုပါက လွယ်လွယ်ကူကူပင် ဆောင်ရွက်နိုင်၏။

"ခင်ဗျားတို့တွေ...အရှင်အလတ်ဇန္ဒားက ခင်ဗျားတို့အပေါ်စိတ်၀င်စားတာကို ခင်ဗျားတို့ဂုဏ်ယူသင့်တယ်။ ဒါကိုတောင် ခင်ဗျားတို့က ထွက်ပြေးဖို့ကြိုးစားရဲတယ်ပေါ့...ခင်ဗျားတို့ သေချင်လို့လား.." ရော်ဘင်သည် ဒေါသဖြစ်သွားကာ သတ်ဖြတ်လိုစိတ်များထွက်ပေါ်လာ၏။ သူသည် ရက်စက်ကြမ်းကြုတ်ကာ တစ်ကိုယ်ကောင်းဆန်သည့် သင်္ဘောကျွန်များကို ကြိုက်နှစ်သက်ခြင်းမရှိသည့်အတွက်ပင်။ ဘုရင်သာ စိတ်၀င်စားသည့်အရိပ်ယောင်မပြပါက သူသည် ထိုနှစ်ယောက်အား ချက်ချင်းသတ်ဖြတ်ပစ်လိုက်မိမည်ဖြစ်သည်။

စပဲရိုးနှင့် ဘာဘိုဆာတို့နှစ်ယောက်လုံး ထွက်မပြေးနိုင်တော့သည်ကို သိရှိသွား၏။ ထို့ကြောင့် သူတို့သည် ထိုင်ချလိုက်ကာ ဆက်လက်လှုပ်ရှားခြင်းမရှိတော့ပေ။

ဖှေးပြုံးကာဘာမှမပြောပေ။

တိရစ္ဆာန်များကဲ့သို့ပင် ရက်စက်ကြမ်းကြုတ်သည့် သင်္ဘောကျွန်များကို သူလည်းကြိုက်နှစ်သက်ခြင်းမရှိပေ။ သတ်ဖြတ်ခြင်းမရှိစေကာမူ သူသည် ဤလူများကိုနယ်နှင်ဒဏ်ပေးမည်ဖြစ်သည်။ သို့သော် ခေါင်းဆောင်နှစ်ယောက်သည် Pirates of the Caribbeanရုပ်ရှင်မှ ကပ္ပတိန်ဂျက်စပဲရိုး၊ ကပ္ပတိန်ဘာဘလိုဆာတို့နှင့်တူနေသည်။ ထိုလူနှစ်ယောက်သည် ရုပ်ဆင်သည်သာမကပဲ အပြုမူစရိုက်အနေထားနှင့်စကားပြောပုံတို့ပါတူနေခြင်းဖြစ်သည်။

ဤလူနှစ်ယောက်သည် ထိုကဲ့သို့ထူးခြားနေသည့်အတွက်ကြောင့် ဘုရင်သည်လည်း သူ၏အရင်ဘ၀မြေကမ္ဘာမှ ဇာတ်လမ်းများအတိုင်းပြုလုပ်ရသည်ကို နှစ်သက်သည့်အကျင့်ကြောင့် သူသည် ဤအခွင့်ရေးကို လက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။

"အမ်..ဟိတ်.." ဖှေးစဥ်းစားနေသည့်အချိန်တွင် ဂျက်သည် ဘုရင်အားလှမ်းခေါ်ကာ မှော်ဖန်သားပြင်ထံသို့ လက်ညိုးထိုးပြလိုက်သည်။

"အမ်..အရှင်မင်းကြီး ကျွန်တော်မျိုးဂျက်သတင်းပို့စရာရှိတာက ဒီရွှမ်းကယ်က မြေပြင်ပေါ်သို့ ပြုတ်ကျတော့မယ်...ကျွန်တော်တို့ကိုသာ ဒီရွှမ်းကယ်ကို မထိန်းချုပ်ခိုင်းဘူးဆိုရင် ပြုတ်ကျပြီးတော့ ကျွန်တော်တို့အားလုံးသေကုန်တော့မှာပဲ..."သူသည် အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလိုက်၏။

ဖှေးသည် မှော်ဖန်သားပြင်အားကြည့်လိုက်သည်။

စပဲရိုးပြောသလိုပင် မြေပြင်ပေါ်တွင်ရှိနေသည့် အဆောက်ဦးများ၊ လူများ၏ပုံရိပ်သည် ပို၍ပီပြင်လာ၏။ ရွှမ်းကယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျရန်အတွက် မီတာ၃၀၀ခန့်သာလိုတော့၏။

All Chapters