"အမုန်းတရား"
Vol. 52 Ch. 814
အခြေအနေသည် အလွန်အန္တရာယ်များနေပြီး သင်္ဘောကျွန်များအားလုံးထိတ်လန့်သွားကြကာ ရုန်းကန်နိုင်ရန်အတွက် ကြိုးစားနေကြ၏။
ယခုအချိန်တွင် စပဲရိုးနှင့် ဘာဘလိုဆာတို့နှစ်ယောက်လုံးသည် ညစ်ပတ်ပြီး ဉာဏ်ညီဉာဏ်နက်များသည်လည်းများဖြစ်သည်ကို ဖှေးအတည်ပြုပြီးဖြစ်သည်။
ရွှမ်းကယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျတော့မည်ဖြစ်သော်လည်း သူသည် စိုးရိမ်သည့်ပုံမရှိပေ။
အချိန်သည်အကန့်သက်ရှိနေသည့်အတွက်ကြောင့် သူတို့စိတ်ဖြင့်သစ္စာခံရန်မစောင့်တော့ပဲ တွန်းအားပေးလိုက်ရတော့၏။
စဥ်းစားပြီးသည့်အချိန်တွင် သူ၏ ၀ိဉာဥ်စွမ်းအားသည် ခန္ဓာကိုယ်အတွင်းမှ ထွက်ခွာသွားပြီး ထိုနှစ်ယောက်ထံသို့ ပျံသန်းသွားတော့သည်။
ထို့နောက်တွင် ဖှေးလက်ခုပ်တီးကာရယ်မောလိုက်သည်။ "မင်းတို့နှစ်ယောက်သာ ငါသဘောကျတဲ့လူနှစ်ယောက်နဲ့မတူဘူးဆိုရင် င့ါရဲ့လူသတ်ချင်စိတ်ကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ မင်းတို့နှစ်ကောင်ကိုသာ မသိမ်းသွင်းချင်ဘူးဆိုရင်..မင်းတို့တွေ.မင်းတို့က ဉာဏ်များပြီးအကျင့်မကောင်းတဲ့လူတွေဆိုတာကိုငါသိတယ်...ဒါပေမယ့် မင်းတို့ ဉာဏ်မများဖို့တော့ ငါအကြံပေးချင်တယ်..မင်းတို့ခန္ဓာကိုယ်ထဲမှာ ငါ၀ိဉာဥ်အချုပ်နှောင်တွေထည့်ထားလိုက်ပြီ တကယ်လို့ မင်းတို့အေဇာရုတိုက်အစွန်းထိပြေးတယ်ဆိုရင်တောင် ငါမင်းတို့ကို လွယ်လွယ်ကူကူပဲရှာနိုင်တယ်..ကြယ်ခြောက်လုံးအဆင့်စစ်သည်နှစ်ယောက်ကိုသတ်ရတာက ငါ့အတွက် ပုရွတ်ဆိတ်သတ်ရတာလောက်ပဲ။ ဒါမင်းတို့အတွက် နောက်ဆုံးအခွင့်ရေးပဲ...ငါ့ရဲ့စိတ်ရှည်နိုင်မှုကို လာမစမ်းကြနဲ့တော့..."
ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ရွှေရောင်စွမ်းအင်မီးတောက်များတောက်ပလာပြီး ဖှေးသည် မောင်းနှင်ခန်းအတွင်းမှ ပျောက်ကွယ်သွားတော့သည်။
စပဲရိုးနှင့် ဘာဘိုဆာတို့နှစ်ယောက်လုံးမျက်မှောင်ကြုံ့လိုက်ကြသည်။
သူတို့နှစ်ယောက်သည် ဉာဏ်များသည့်လူများဖြစ်သော်လည်း သူတို့သည် ဖှေးအားကြောက်လန့်သည့်အတွက် အခိုက်တန့်တစ်ခုကြာခန့်ဘာမှမလုပ်ရဲပဲရှိနေကြ၏။
နောက်စက္ကန့်တွင် မှော်ဖန်သားပြင်ကိုကြည့်နေကြသည့် သင်္ဘောကျွန်များထံမှ အော်ဟစ်သံများထွက်ပေါ်လာသည်ကို သူတို့ကြားလိုက်ကြသည်။
ကြည့်လိုက်ရာတွင် အနက်ရောင်ဆံပင်နှင့်ဘုရင်ငယ်သည် ရွှမ်းကယ်၏အောက်သို့ရောက်ရှိသွားသည်ကို သူတို့တွေ့လိုက်ရ၏။
သူ၏လက်ကိုမြှောက်၍ ရွှမ်းကယ်၏ အောက်ခြေသို့ကိုင်မလိုက်သည်။ သူသည် အားများစွာသုံးလိုက်ပုံမရပဲ ရွှမ်းကယ်သည် တန်ပေါင်းများစွာအလေးချိန်ရှိသော်လည်း အောက်သို့ကျဆင်းနေခြင်းသည် ဖြေးညှင်းစွာဖြင့်ရပ်တန့်သွား၏။
"ဟာ..." မောင်းနှင်ခန်းထဲတွင် အာမေဍိတ်သံများထွက်ပေါ်လာ၏။
သင်္ဘောကျွန်များအားလုံးသည် သူတို့မြင်လိုက်ရသည့်အရာကြောင့် တုန်လှုပ်သွားကြသည်။
အဖိုးကြီးအာရန်းနှင့် ရော်ဘင်တို့သည် ဘုရင်၏ရဲစွမ်းသတ္တိနှင့် စွမ်းအားတို့ကို သိရှိပြီးဖြစ်သည့်အတွက်ကြောင့် များစွာအံ့သြခြင်းမရှိပေ။
သို့သော် စပဲရိုးနှင့် ဘာဘိုဆာတို့သည် ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားကာ အခြင်းခြင်းဖက်ကာ အော်ဟစ်လုနီးပါးပင်။
အော်မွန်းအင်ပါယာအား စွမ်းအားမြင့်မားသည့်သိုင်းဆရာများတည်ထောင်ထားပြီး အရည်ချင်းရှိသည့်လူများစွာရှိသော်လည်း အနက်ရောင်ဆံပင်နှင့် လူငယ်ကဲ့သို့ စွမ်းအားမြင့်မားသည့်လူအား သူတို့နှစ်ယောက်မြင်ဖူးခြင်းမရှိသေးပေ။
သူတို့သည် ဤရွှမ်းကယ်ပေါ်တွင်နေထိုင်လာသည်မှာ နှစ်ပေါင်းဆယ်နှစ်ကျော်ပြီဖြစ်ပြီး ပေါ့ပါးသည့် သံမဏိသစ်များဖြင့်ပြုလုပ်ထားသော်လည်း အနည်းဆုံးတန်ရာနှင့်ချီကာလေးလံသည်ကို သူတို့နှစ်ယောက်လုံးသိကြသည်။
"ဒီလူငယ်က လေပေါ်မှာပျံပြီးတော့ ကိုယ်ပိုင်ခွန်အားနဲ့ ဒီရွှမ်းကယ်ကို သယ်နေတာပဲ။ နောက်ပြီးတော့ ငှက်မွှေးလေးတစ်ချောင်းသယ်ရသလို သူ့လက်ထဲမှာပေါ့ပါးနေတယ်...ဒီလိုစွမ်းအားမျိုးက..." ဖှေး၏ခွန်အားသည် သူတို့၏ အရူးသွပ်ဆုံးသောစိတ်ကူးများထက်ပင် ကျော်လွန်နေ၏။
"ဒီလူငယ်ကဘယ်သူလဲ..." စပဲရိုးနှင့် ဘာဘိုဆာတို့တွေးလိုက်မိကြသည်။ "ဒီလိုသူရဲကောင်းဆန်ပြီး စွမ်းအားမြင့်မားတဲ့လူတစ်ယောက်က ၀ေးလံခေါင်ဖျားတဲ့နေရာမှာ ဘာလုပ်နေတာလဲ..."
ဤအရာကိုမြင်ပြီးသည့်နောက်တွင် ဉာဏ်များသည့်လူနှစ်ယောက်တို့မှာ သူတို့၏ မကောင်းသည့်စိတ်ကူများကို စွန့်လွှတ်လိုက်ရပြီး ပို၍ရိုးရှင်းလာကြတော့သည်။
သူတို့သည် ရက်စက်ကြမ်းကြုတ်သော်လည်း စွမ်းအားမြင့်မားသည့်သိုင်းဆရာများမဟုတ်ကြပေ။ ထို့အပြင် အင်အားကြီးအင်ပါယာများ၏ ကျောထောက်နောက်ခံလဲမရှိပေ။ သူတို့အတွက် ဖှေးကဲ့သို့သော သာလွန်သည့်သိုင်းဆရာတစ်ယောက်လက်အောက်တွင် အမှုထမ်းရန်မှာမကောင်းသည့်အရာတစ်ခုမဟုတ်လှပေ။
နေရာတွင်ရှိနေသည့်လူများလုံး ဤအရာကိုမြင်လိုက်ရသည်။ ရွှမ်းကယ်ထဲတွင်ရှိနေသည့် သင်္ဘောကျွန်များသည်လည်း သေရတော့မည့်မဟုတ်တော့သည့်အတွက် ပျော်ရွှင်စွာအော်ဟစ်လိုက်ကြသည်။ စွမ်းအင်အကာရံဖြင့်ကာကွယ်ခြင်းထံထားရသည့် ချမ်းဘော့ဒ်မြို့တော်ထဲမှလူများသည်လည်း သူတို့၏ဘုရင်အစွမ်းပြသည်ကိုမြင်ရသည့်အတွက် ပျော်ရွှင်စွာအော်ဟစ်အားပေးလိုက်ကြသည်။
ဖှေးသည် ယခုအချိန်တွင် ရွှမ်းကယ်အားထိန်းချုပ်ထားပြီး မြေပြင်ပေါ်သို့ အလျှင်စလိုဆင်းသက်ခြင်းမရှိသေးပေ။
လှည့်ပတ်ကြည့်ရှုပြီး အကြံတစ်ခုရရှိလိုက်ပြီး ရွှမ်းကယ်အားလက်နှစ်ဖက်ဖြင့်မကာ ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများထံသို့ ပျံသန်းသွားလိုက်သည်။
သူသည် ဓားငါးလက်တောင်တန်းသို့ လျှင်မြန်စွာရောက်ရှိသွားပြီး ဘေးတွင်သိပ်၍မက်စောက်ခြင်းမရှိသည့် တောင်တစ်လုံးကိုတွေ့လိုက်ရသည်။
ထို့နောက်တွင် ရွှမ်းကယ်အားလက်တစ်ဖက်ထဲဖြင့်မလိုက်ပြီး ကျန်လက်တစ်ဖက်အား၀ှေ့ရမ်းလိုက်ရာ ရွှေရောင်ဓားစွမ်းအင်တစ်ခုပျံသန်းသွားပြီး တောင်ထိပ်အားပိုင်းဖြတ်လိုက်ခါ ၂၀ဧကခန့်ကျယ်၀န်းသည့် မြေပြင်ညီတစ်ခုကို ဖန်တီးလိုက်သည်။
ထိုမြင်ကွင်းသည် သင်္ဘောကျွန်များကို ထက်မံ၍တုန်လှုပ်သွားစေ၏။
ထို့နောက်တွင် ဖှေးသည် ဖြေးညှင်းစွာဆင်းသက်ပြီး ရွှမ်းကယ်အားထိုမြေပြင်ပေါ်တွင်ချလိုက်၏။
မောင်းနှင်ခန်းထဲတွင်ရှိနေသည့် လူတိုင်းဤမြင်ကွင်းကို ရှင်းလင်းစွာမြင်လိုက်ရပြီး တစ်ခြားသင်္ဘောကျွန်များထက်အတွေ့ကြုံပိုများသည် စပဲရိုးနှင့် ဘာဘိုဆာတို့သည် အသဲခိုက်သည်အထိတုန်လှုပ်သွားကြ၏။ သူတို့၏ ဘ၀တွင် ဤမျှစွမ်းအားမြင့်မားသည့်လူအား မြင်တွေ့ဖူးခြင်းမရှိသောကြော့င်ပင်။
"သူက တောင်တွေကိုဖြိုနိုင်ပြီးတော့ ပင်လယ်ကိုတော့တကယ်ရွေ့လျားနိုင််လောက်တယ်။ ဆံပင်အနက်ရောင်နဲ့ ဘုရင်က အတော်လေးလဲငယ်သေးတယ်..သူ့ရဲ့ကျင့်ကြံခြင်းလမ်းစဥ်က တောက်ပနေတယ်...အနာဂတ်မှာဆိုရင် သူဘယ်လောက်တောင်စွမ်းအားမြင့်မားနေမလဲ.."
သင်္ဘောကျွန်များသည် ရွှမ်းကယ်ပေါ်တွင်အကျဥ်းကျနေခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် နေရောင်အစစ်မှန်ကိုမမြင်ရသည်မှာပင်ကြာပြီဖြစ်သည်။
သူတို့အားလုံးသည် လွတ်လပ်မှုသည့်နှစ်သက်သည့်လူများဖြစ်သည့်အတွက်ကြောင့် လက်ဆက်သောလေအားရှူရှိုက်ခွင့်ရပြီး နွေးထွေးသည့်နေရောင်ခြည်ကိုခံစားနိုင်ပါက အသက်ပင်ပေးဆပ်မည်ဟုခံယူထားကြ၏။
သူတို့အားလုံးသည် လွတ်လပ်မှုကိုအလိုရှိပြီး တုပ်နှောင်ထားခြင်းကိုမခံလိုပင်။
ဤနှစ်များထဲတွင် သူတို့သည် လွတ်မြောက်မှုအတွက်တိုက်ခိုက်နေခဲ့ကြသည်။
စပဲရိုးနှင့် ဘာဘိုဆာတို့၏ အစီစဥ်အောက်တွင်သင်္ဘောကျွန်များသည် နှစ်ပေါင်းများစွာအချိန်ယူ၍ ရွှမ်းကယ်အားမည်ကဲ့သို့ထိန်းချုပ်မောင်းနှင်ရမည်ကို လျို့၀ှက်လေ့လာနေခဲ့ကြ၏။
သူတို့သည် ရွှမ်းကယ်အားလုယူ၍ အော်မွန်သားများ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ရန်အခွင့်ကောင်းတစ်ခုကို စောင့်ဆိုင်းနေခဲ့ကြသည်။
ထို့ကြောင့် ဖှေးအော်မွန်းသားများနှင့်တိုက်ခိုက်နေသည့်အချိန်တွင် သူတို့အားလုံးပုန်ကန်ခဲ့ကြခြင်းပင်။ သူတို့သည် မောင်းနှင်သူများကိုသတ်ဖြတ်၍ မောင်းနှင်ခန်းကိုသိမ်းပိုက်ခဲ့ကြသည်။ သူတို့၏အစီစဥ်သည် အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီဟုထင်ခဲ့ကြသည်။ သို့သော် ဖှေး၊အဖိုးကြီးအာရန်းနှင့် ရော်ဘင်တို့ရောက်ရှိလာပြီး ရွှမ်းကယ်အား ပြန်လည်သိမ်းပိုက်ခဲ့ကြသည်။
အစပိုင်းတွင် သင်္ဘောကျွန်များသည် ဖှေးအားဖီဆန်ချင်ကြသည်။
သို့သော် စပဲရိုးနှင့် ဘာဘိုဆာတို့သည် ဆက်လက်၍စဥ်းစားကြည့်ခဲ့ကြသည်။
သူတို့၏ မူလအစီစဥ်သည် ရွှမ်းကယ်အားလုယူ၍ ထွက်ပြေးကာ ရွှမ်းကယ်၍ စွမ်းအားကိုအသုံးပြု၍ ကောင်းကင်အားစိုးမိုးနိုင်သည့် ကြေးစားစစ်သည်ဓားပြအဖွဲ့တစ်ခုကိုတည်ထောင်ကာ ထာ၀ရလွတ်မြောက်ရန်ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူတို့၏မူလအစီစဥ်ကို ပြန်လည်စဥ်းစားကြည့်ပါက ထင်သလောက်လွယ်ကူလိမ့်မည်မဟုတ်ကြောင်းသိလိုက်ကြ၏။ စွမ်းအားလုံလုံလောက်လောက်မရှိပဲ သူတို့သည် အော်မွန်းအင်ပါယာ၏ အင်အားစုများလက်အောက်မှ လွတ်မြောက်နိုင်ကြလိမ့်မည်မဟုတ်ပေ။ တစ်ခြားအင်အားစုများသည်လည်း ရွှမ်းကယ်ကိုလိုချင်သည့်အတွက် သူတို့အားတိုက်ခိုက်လာနိုင်၏။ လအဆင့်သိုင်းဆရာများကပင် သူတို့အားကြီးမားစွာအန္တရာယ်ပေးနိုင်သည့်အတွက်ပင်။
သို့သော် သူတို့သည် ဤဘုရင်ငယ်၏ ထောက်ပံ့ကာကွယ်မှုကိုရရှိပါက ကောင်းကင်အားစိုးမိုးနိုင်သည့် ကြေးစားစစ်သည်အဖွဲ့တစ်ခုတည်ထောင်ရန်မှာ ပို၍လွယ်ကူမည်ဖြစ်သည်။
ဖှေး၏လက်အောက်တွင်အလုပ်လုပ်ခြင်းသည် သူတို့ပါသာအလုပ်လုပ်ခြင်းထက်ပို၍ဘေးကင်းလုံခြုံထိရောက်လိမ့်မည်ဖြစ်သည်။
စပဲရိုးနှင့် ဘာဘိုဆာတို့တွေးကြည့်လိုက်ကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အခြင်းခြင်းနားလည်သွားကြတော့သည်။
ယခုအချိန်တွင် သူတို့၏အပြုမူများကြောင့် ဘုရင်ငယ်စိတ်ဆိုးသွားမည်ကိုပင် သူတို့နှစ်ယောက်လုံး စိုးရိမ်နေကြ၏။
ဤသည်မှာ လူ့စိတ်ပင်။
တစ်ခါတစ်ရံတွင် ရိုးရှင်းသည့်အတွေးတစ်ခုသည် လူများ၏ယုံကြည်မှုတို့အားလုံး၀ပင်ပြောင်းလဲပစ်နိုင်၏။
အဖိုးကြီးအာရန်းနှင့် ရော်ဘင်တို့၏စောင့်ကြည့်မှုအောက်တွင် သင်္ဘောကျွန်တစ်ရာခန့်သည် ရွှမ်းကယ်အတွင်းမှ ထွက်လိုက်ကြသည်။
သူတို့အပြင်သို့ရောက်လျှင်ရောက်ခြင်းပင် မြေပြင်ပေါ်တွင်ဒူးထောက်၍ ရူးသွပ်သွားသလိုပင် ငိုလိုက်ရယ်လိုက်ဖြစ်နေကြ၏။ သူတို့သည် လက်ဆတ်သည့်လေများကို လောဘတကြီးရှူရှိုက်နေကြပြီး ကောင်းကင်ပေါ်တွင်ရှိနေသည့် ကြယ်များကို မျက်ရည်များဖြင့်ကြည့်နေလျှက်ရှိကြသည်။ သူတို့အားလုံး အရူးအုပ်စုတစ်ခုလိုပင်။
စပဲရိုးနှင့် ဘာဘိုဆာတို့သည် သူတို့၏စိတ်ခံစားချက်များကို ထိန်းချုပ်ရန်အတွက် ကြိုးစားနေကြသော်လည်း မျက်လုံးများထဲမှ မျက်ရည်များစီးကျလာနေလျှက်ရှိသည်။ သူတို့သည် အပြင်လောကသို့မရောက်ရသည်မှာ ဆယ်စုနှစ်တစ်ခုပင်ကြာခဲ့သည့်အတွက်ပင်။
သာမန်သင်္ဘောကျွန်များသည် စပဲရိုးနှင့်ဘာဘိုဆာတို့ကဲ့သို့ဉာဏ်များသူများမဟုတ်ကြပေ။
ထို့ကြောင့် ဖှေး၏စွမ်းအားကိုမြင်ပြီးသည့်အချိန်တွင် သူတို့၏အတွေးများလုံး၀ပင်ပြောင်းလဲသွားကြတော့၏။
ဖှေးကြောင့်သာမဟုတ်ပါက သူတို့အားလုံး ရွှမ်းကယ်အထဲမှထွက်ကာ ကောင်းကင်အားမြင်တွေ့ခွင့်ရလိမ့်မည်မဟုတ်ပေ။ လက်ဆတ်သောလေညှင်းကိုလည်း ရူရှိုက်ခွင့်ရတော့မည်မဟုတ်ပေ။
သူတို့သည် သေဆုံးသွားခဲ့သည့် တစ်ခြားသင်္ဘောကျွန်များလိုပင် တစ်နေရာရာတွင်အလောင်းများပစ်ချခံရသည့်အချိန်မှသာလျှင် သင်္ဘောအတွင်းမှထွက်နိုင်တော့မည်ဖြစ်သည်။
ထို့ကြောင့် သူတို့အားလုံးဖှေးကိုကျေးဇူးတင်နေကြသည်။
ထို့ကြောင့် ဖှေးကုန်းဘက်ပေါ်သို့ ပြန်လည်ရောက်ရှိလာသည့်အချိန်တွင် သူတို့အားလုံးဒူးထောက်ကာ ဖှေးအားကျေးဇူးတင်စကားဆိုလိုက်ကြသည်။
ဖှေးသည် ဤနေရာတွင် အချိန်ဖြုန်းလိုခြင်းမရှိတော့ပေ။ ထို့ကြောင့် စပဲရိုးနှင့် ဘာဘိုဆာတို့ကို ထက်မံသတိပေးကာ ရော်ဘင်အား ရွှမ်းကယ်၏ အကြီးကဲအဖြစ်တာ၀န်ပေးခဲ့ပြီး အဖိုးကြီးအာရန်းနှင့်အတူ ချမ်းဘော့ဒ်တိုင်းပြည်သို့ ပြန်လာခဲ့တော့သည်။
ယခုအချိန်တွင် ဆုံးရှုံးမှုအချက်လက်မှတ်တမ်းများထွက်ပေါ်လာပြီဖြစ်သည်။
ချမ်းဘော့ဒ်တိုင်းပြည်အားရွှမ်းကယ်၀င်ရောက်တိုက်ခိုက်ခဲ့သည့်အချိန်တွင် ပထမဆုံးအမြှောက်ချက်ကြောင့် ဥပဒေပြုအရာရှိ၃၆ဦး၊ အနိမ့်တန်းစိန့်-ဆဲယာ၇ဦးတို့ကျဆုံးခဲ့သည်။ ထို့အပြင် နဂါးသတ်ဒူးလေးကြီးနှစ်လက်လဲပျက်ဆီးသွားခဲ့သည်။ အိမ်ခြောက်လုံး၊ ရုပ်တုများ၊ နန်းတော်ဆောင်များပျက်ဆီးခဲ့ပြီး မြို့တော်အနောက်ဘက်ပိုင်းတွင်ရှိသော မှော်စွမ်းအင်စနှစ်၊ ရေစနစ်၊ မိလ္လာစနစ်စသည့်အရာများတို့တွင် ထိခိုက်မှုတစ်ချို့ရှိခဲ့သည်။ စုစုပေါင်းဆုံးရှုံးမှုအားတွက်ချက်ကြည့်ပါက ရွှေဒင်္ဂါး၆၀၀၀၀ခန့်ရှိလိမ့်မည်ဖြစ်သည်။
ဖှေး၏အမူယာသည် အလွန်လေးနက်နေ၏။
စုစုပေါင်းဆုံးရှုံးမှုကိုသာတွက်ချက်ကြည့်ပါက ချမ်းဘော့ဒ်တိုင်းပြည်အတွက်အားသာနေခဲ့သည်။ အော်မွန်းအင်ပါယာဘက်မှ ဆုံးရှုံးသွားခဲ့သည့်ရွှမ်းကယ်သည် အနည်းငယ်သန်းနှင့်ချီသောရွှေဒင်္ဂါးများစွာ တန်ဖိုးရှိပြီး ရွှမ်းကယ်အား ၀ယ်ယူ၍ပင်ရသည်မဟုတ်ပေ။
သို့သော် ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်တော်၄၃ယောက်ကျဆုံးသွားခဲ့သည့်အတွက်ကြောင့် မည်သူမှ ပျော်ရွှင်နိုင်ခြင်းမရှိကြပေ။
ဖှေးအုပ်ချုပ်သည့်အချိန်မှစ၍ ချမ်းဘော့ဒ်သည်တိုက်ပွဲများစွာဖြတ်ကျော်ခဲ့သော်လည်း အသေဆုံးမရှိပဲ တိုက်ပွဲတိုင်းကိုအောင်နိုင်ခဲ့သည်။ ဤသည်မှာ ချမ်းဘော့ဒ်တိုင်းပြည်အတွက် ပထမဆုံးအနေဖြင့် စစ်သည်တော်များစွာကျဆုံးဖူးခြင်းပင်။
ကျဆုံးသွားသောစစ်သည်တော်များ၏ မိဘများ၊ ဇနီးမယားများနှင့် သားသမီးများသည် အလောင်းများဘေးတွင် ငိုကြွေးနေလျှက်ရှိကြသည်။ လူတိုင်းကြေကွဲနေကြပြီး အော်မွန်းအင်ပါယာအပေါ်တွင်ထားရှိသည့်အမုန်းတရားများသည်လည်း ကြီးထွားလာနေလျှက်ရှိသည်။
"ကျွန်တော့အဖေအတွက် လက်စားချေချင်လို့ပါ အရှင်မင်းကြီး..." အသက်လေးနှစ်အရွယ်ခန့်သာရှိသေးသည့် ကောင်လေးတစ်ယောက်သည် ဖှေး၏အရှေ့တွင်ဒူးထောက်ကာ လျှောက်တင်လိုက်သည်။
ထိုကလေးငယ်၏ ကြီးမားသောမျက်လုံးများထဲတွင် အမုန်းတရားဒေါသတို့ဖြင့်ပြည့်နှက်နေ၏။
ဖှေးထိုကောင်လေးကို ပွေ့ဖက်ကာ နဖူးကိုနမ်းလိုက်၏။
လူတိုင်း၏အကြည့်များအောက်တွင် ဘုရင်မှ ကြေငြာလိုက်သည်။ "ဒီနေ့တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ကြတဲ့ စစ်သည်တော်တွေအားလုံးကို သူရဲကောင်းဘွဲ့ပေးမယ်...ကျန်ခဲ့တဲ့မိသားစု၀င်တွေကိုလည်း တော်၀င်မိသားစုက စောင့်လျှောက်ပေးသွားမယ်။ သူတို့ရဲ့ကလေးတွေကို အကောင်းဆုံးပညာသင်ပေးပြီးတော့ စောင့်ရှောက်ပေးသွားမယ်...ဘုရင်တစ်ပါးအနေနဲ့ သူတို့အနာဂတ်ကောင်းမွန်စေဖို့ ငါကတိပေးပါတယ်..."
ချမ်းဘော့ဒ်တိုင်းပြည်၏ ဥပဒေများထဲတွင် ကျဆုံးသွားခဲ့သောစစ်သည်များ၏ မိသားစု၀င်များကိုစောင့်ရှောက်သည့် ဥပဒေလည်း ဖှေး၏အမိန့်အတိုင်းထည့်သွင်းထားသည်။
ဤသည်မှာ ပထမဆုံးအနေဖြင့် ထိုဥပဒေကိုအသုံးပြုလိုက်ရခြင်းပင်။
ကျဆုံးသွားခဲ့သော စစ်သည်တော်များ၏ မိသားစု၀င်များသည် ဒူးထောက်ကာ ဘုရင်အား ကျေးဇူးတင်စကားဆိုလိုက်ကြသည်။ ကျန်ရှိနေသည့် ချမ်းဘော့ဒ်စစ်သည်တော်များသည်လည်း ဖှေးအားလေးစားသည့်မျက်လုံးများဖြင့်ကြည့်လိုက်ကြသည်။
ဤစနစ်သည် ချမ်းဘော့ဒ်စစ်သည်များကို ဂုဏ်ယူစေပြီး သူတို့သဘောကျကြသည်။ ဤစနစ်ကြောင့် သူတို့သည် ကျန်ရစ်ခဲ့မည့် မိသားစု၀င်များအတွက် စိတ်ပူစရာမလိုပဲ တိုင်းပြည်အတွက်တိုက်ခိုက်နိုင်၏။
လေးစားခြင်းခံရသည်ကိုနှစ်သက်သော်လည်း ဖှေးပျော်ရွှင်နိုင်ခြင်းမရှိပေ။
ဤလောကထဲသို့ရောက်ရှိလာခဲ့သည်မှာ တစ်နှစ်ကျော်ပြီဖြစ်သောကြောင့် ဖှေးသည် နိုင်ရာစားဥပဒေများနှင့်ပို၍ရင်းနှီးလာခဲ့သည်။
သူသည် ရန်သူများကို လွယ်လွယ်ကူကူသတ်ဖြတ်နိုင်သော်လည်း သူ၏လူများဆုံးရှုံးရခြင်းကိုမူ လက်ခံနိုင်ခြင်းမရှိပေ။
ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်သည်တော်၄၃ယောက်သေဆုံးသွားခဲ့ခြင်းသည် အော်မွန်းအင်ပါယာနှင့် ချမ်းဘော့ဒ်တိုင်းပြည်တို့ကြားတွင်နက်ရှိုင်းသည့်အမုန်းတရားတစ်ခုကို ဖန်တီးပေးလိုက်သည်။
ထိုအမုန်းတရားသည် အသွားပြန်ရှိ၏။
အော်မွန်းအင်ပါယာသည်လည်း သူတို့၏မင်းသားတစ်ပါးဤကဲ့သို့သော ၀ေးလံခေါင်ဖျားသည့်နေရာတွင် ကျဆုံးသွားခဲ့သည်ကို လက်ခံနိုင်လိမ့်မည်မဟုတ်ပေ။
ချမ်းဘော့ဒ်တိုင်းပြည်သည် ရန်သူကြီးကြီးမားမားတစ်ယောက်ကို ရရှိခဲ့၏။ ဤသည်မှာ လည်းရှောင်လွှဲလို့မရပေ။
စစ်ပွဲများကယူဆောင်လာတတ်သည့် အရာတစ်ခုပင်။
မိုးကုတ်စက်၀ိုင်းအောက်တွင် ထွက်ပေါ်စပြုနေသည့် နီရဲနေသောနေမင်းကြီးအားကြည့်ရင်းဖြင့် မြို့တော်စိန့်ပီတာစဘာ့တ်တွင်လည်း မည်ကဲ့သို့သွေးထွက်သံယိုတိုက်ပွဲမျိုးဖြစ်ပွားနေသလဲဟု ဖှေးတွေးလိုက်မိသည်။
အော်မွန်းအင်ပါယာနှင့် လီယွန်အင်ပါယာတို့ ပူးပေါင်းထားသည့် တပ်ဖွဲ့သည် ဇီးနစ်အင်ပါယာ၏မြို့တော်ကို ၀န်းရံထားကာခံတပ်နံရံ၏အပြင်ဘက်နှင့်အတွင်းဘက်တို့တွင် အလောင်းများစုပုံနေမည်မှာ အသေချာပင်။
စစ်ပွဲများထဲတွင် စစ်သည်များ၏အသက်သည် တန်ဖိုးမရှိလှပေ။
"မြို့တော်စိန့်ပီတာစဘာ့တ် ဘယ်လောက်ထိများတောင့်ခံနိုင်ဦးမလဲ...အင်ပါယာအရှင်သခင်ယရှင်း ဘယ်လောက်ပဲအတွက်ချက်ကောင်းပါစေ ဒါက အင်ပါယာအတွက်ကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ခုပဲ။ တကယ်လို့ ဇီးနစ်အင်ပါယာသာ ပြိုလဲသွားရင် ချမ်းဘော့ဒ်တိုင်းပြည်အတွက်လဲ အင်ပါယာနှစ်ခုလုံးကို တိုင်းပြည်တစ်ခုထဲရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါမြို့တော်ကို သွားရတော့မယ့်ပုံပဲ..."
ဖှေးဆုံးဖြတ်ချက်ချကာ ဓားငါးလက်တောင်တန်းထံသို့ ပျံသန်းသွားလိုက်၏။
ဤသည်မှာ သူ၏မင်္ဂလာဦးညဖြစ်သော်လည်း ကံတရားမှာ ခါးသီးလှသည်။
လက်ထပ်ခြင်းအခမ်းနားပြီးခဲ့စဥ်ကတည်းက သူ၏ဘုရင်မနှစ်ပါးနှင့် ပျော်ရွှင်အချိန်ကုန်ဆုံးရခြင်းမရှိသေးပေ။
[နောက်အပိုင်းမှာ သရီးစမ်းတာလာပါမယ်xDxD]