ပြင်ဆင်ခြင်း
Vol. 116 Ch. 4.1247
"ငါတို့မှာ အချိန်သိပ်မရှိတော့ဘူး"
ကောင်းကင်ပေါ်က အနီရောင် နေမင်းကြီးကို ကြည့်လိုက်တော့ အရောင်က အရင်ကထက် သိသိသာသာ မှုန်လာပြီ။ အနီရောင် နေရောင်ပေါ်မှာ အနက်ရောင် လေနည်းနည်း ပြန့်ကျဲနေတာကိုတောင် မြင်နေရပြီ ဖြစ်သည်။
၎င်းသည် ကြည့်ရတာ အလွန်ရုပ်ဆိုးပြီး အုံ့မှိုင်းသော ရောင်ဝါမျိုးဖြင့် ဖုံးလွှမ်းထားသည်။
ကျိုးယိ: "လုရွှမ်.... နတ်နဂါး မိသားစုက ငါတို့ကို ဘယ်မှာထားခဲ့မယ် ထင်လဲ ဒါမှမဟုတ် သူတို့ဘယ်မှာ ပုန်းနေခဲ့မယ်လို့ ထင်လား"
လုရွှမ်သည် ဤပြဿနာကို အချိန်အတော်ကြာ စဉ်းစားခဲ့ပြီး ယခုအခိုက်အတန့်တွင် မတုံ့ဆိုင်းဘဲ ပြောခဲ့သည်။
"ပထမဆုံးအနေနဲ့.... ငါတို့သတိထားရမယ့်အချက်က ဒီလိုပြင်ဆင်မှုတွေကို ဒီနတ်ဆိုးတွေက မရှာတွေ့ရဘူး ဒါကြောင့် သူတို့ရှိတဲ့အရပ်၊ သိမ်းဆည်းထားတဲ့ နေရာတွေက အရမ်းကို သိုဝှက်ထားတဲ့ နေရာတွေ ဖြစ်ရမယ်....ငါတို့ မမျှော်လင့်ထားတဲ့ နေရာမျိုးမှာ ထိန်းသိမ်းထားနိုင်တဲ့ ဖြစ်မယ်”
လူအတော်များများက ခေါင်းညိတ်ကြပြီး လုရွှမ် ပြောတာက အဓိပ္ပာယ် ရှိလှတယ်လို့ ထင်ကြ၏။
"ဒုတိယအနေနဲ့ ဒီပြင်ဆင်မှုကို ကောင်းကောင်းဖုံးကွယ်ထားမယ်... သေချာတဲ့ စမ်းသပ်မှုတစ်ခုပြီးမှ ထုတ်မယ်... တကယ်တော့ လူတစ်ယောက်က နတ်နဂါး မိသားစုက သတ်မှတ်ထားတဲ့ စာမေးပွဲကိုတောင် မကျော်နိုင်ခဲ့ဘူးဆိုရင် အဲဒီဘီလူးတွေကို ဘယ်လိုလုပ် ခုခံနိုင်မှာလဲ.... နတ်နဂါး မိသားစုက လူတွေက ဒီအခွင့်အရေးကို မတတ်နိုင်ခဲ့ဘူး”
လူများစွာ၏ မျက်လုံးများက လင်းထိန်နေသည်။ လုရွှမ်၏ ခွဲခြမ်းစိတ်ဖြာချက်သည် အလွန်ကျိုးကြောင်း ဆီလျော်ပြီး သူပြောသမျှကို နားထောင်ရင်း ဤအရာအားလုံးကို လုရွှမ် ကိုယ်တိုင်က ခန့်မှန်းထားပုံမပေါ်ဘဲ နတ်နဂါးမိသားစုက တစ်ခုခုကို အမှန်တကယ် ချန်ထားခဲ့တာသလိုပင် ခံစားလာရသည်။
"ဘိုးဘွားခန်းမ၊ စာဖတ်ခန်း၊ အဂ္ဂိရတ်ခန်း၊ စစ်လေ့ကျင့်ရေးခန်း အဲဒီနေရာ တော်တော်များများကို ငါရှာခဲ့တယ်... ဒါပေမဲ့ ဘာမှမတွေ့ဘူး အဲဒါကို စဉ်းစားကြည့်တော့ မင်းတို့အရင်က ထူးဆန်းတဲ့ပုံ ဒါမှမဟုတ် ထူးဆန်းတဲ့ ကိစ္စ တစ်ခုခုတော့ ကြုံဖူးကြတယ်မလား?"
လူတိုင်းက လေးလေးနက်နက် စဉ်းစားလာသည်။ ဟောက်ထျန်းက သူ့ခေါင်းကို ပထမဆုံး ခါလိုက်သည်။
"မရှိဘူး"
ခမ်ဟွေးနဲ့ ကျိုးယိကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းယမ်းလိုက်ကြသည်။ ယောင်ကျားက ခေါင်းယမ်းလိုက်သော်လည်း နတ်သမီးဖေးလော့၏ မျက်လုံးများက ရှုပ်ထွေးမှုများဖြင့် တောက်ပနေသည်။
"ကျွန်မ တစ်ခုခုတော့ ရှာတွေ့ပြီ ထင်တယ်!"
နတ်သမီးဖေးလော့၏ အမူအရာမှာ အနည်းငယ် ထူးဆန်းနေသယောင်ဖြင့်။
"မနေ့ညက ယောင်ကျား နဲ့ ကျွန်မ ထွက်သွားတုန်းက နေရာတစ်ခုကို ဖြတ်သွားခဲ့တယ်... အဲဒီနေရာကို လှမ်းကြည့်လိုက်ပေမယ့် ခဏကြာတော့ ရုတ်တရက် ပျောက်သွားပြီး ကျွန်မတို့အတွက် ဘာမှ မကျန်တော့ဘူးလေ.... ရှင်မပြောရင် ကျွန်မလည်း သတိရမှာ မဟုတ်ဘူး”
လုရွှမ်၏ မျက်လုံးများ တောက်ပလာကာ: "ဒါက ငါတို့ရှာနေတဲ့ နေရာ ဖြစ်နိုင်တယ်"
တခြားရှာဖွေရန် နေရာမရှိသောကြောင့် ၎င်းတို့ခြောက်ဦး ထိုနေရာသို့ ထွက်လာခဲ့ကြသည်။
နတ်သမီးဖေးလော့မှာ တည်နေရာကို ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်တော့ရာ သူမအတွက်လည်း အလွန်ထူးဆန်းလှသည်။ ဤအခိုက်အတန့်တွင် သူတို့သည် မူလလမ်းကြောင်းအတိုင်း လိုက်လာသော်ငြား နတ်သမီးဖေးလော့ ပြောသည့်အတိုင်း ထူးထူးခြားခြား မခံစားရကြောင်း တွေ့ရှိလာရသည်။
ဒါပေမဲ့ ဒါက ပြဿနာအရှိဆုံး အပိုင်းပါပဲ။ မိနစ်အနည်းငယ် ကြာအောင် ဂရုတစိုက် ရှာဖွေပြီးနောက် နတ်သမီးဖေးလော့က နောက်ဆုံးတွင် နေရာတစ်ခုကို ရွေးချယ်ခဲ့သည်။
အရင်က တစ်ခါမှမတွေ့ဖူးတဲ့ ပုလဲအစုအဝေးမှာ သူတို့ရှေ့မှာ ငါးမျက်လုံးတွေလို ပေါ်ထွက်လာသည်။ နတ်သမီးဖေးလော့သည် ထျန်းကျီးဂိုဏ်းမှ ဆင်းသက်လာထိုက်သူ ဖြစ်ထိုက်၏။ လုရွှမ် သူ့ကိုယ်သူ ပြန်ကြည့်ရင်း အားနည်းနေသေးသည်ဟု ခံစားမိလာသည်။
သူမသည် သန့်ရှင်းတဲ့မြေမှ ဆင်းသက်လာထိုက်သူ ဖြစ်ပြီး အမှန်တကယ် ထူးချွန်သူဖြစ်သည်။ နတ်သမီးဖေးလော့ ထောက်ပြပြီးနောက် လူတိုင်းက အမြန်ရှာဖွေခဲ့သည်။ အရင်က ဘယ်လိုမှ ရှာမတွေ့ဘူးဆိုတာ စိတ်ကူးရခက်နေပြီဆိုတာ အခုမှ သိသာရ၏။
၎င်းပုလဲလုံးများသည် အနီးနားရှိ ကျောက်တုံးများနှင့် မတူဘဲ အလွန်ရိုးစင်းသော ကျောက်တုံးတစ်တုံး ဖြစ်သည်။
ဖေးလော့က ၎င်းကို လက်ညိုးများဖြင့် စူးစမ်းစွာ တောက်ကြည့်သော် သူ့လက်ဖဝါးသည် ကျောက်တုံးထဲသို့ တိုက်ရိုက် တိုးဝင်သွားကာ နောက်အခိုက်အတန့်တွင် သူမ စုပ်ယူခံလိုက်ရတော့သည်။
"စိတ်မပူပါနဲ့ ကျွန်မ အဆင်ပြေပါတယ်.."
အားလုံး တုန်လှုပ်သွားချိန်မှာပဲ နတ်သမီးဖေးလော့ရဲ့အသံက ကျောက်တုံးထဲကနေ ထွက်လာ၏။ သို့နှင့် လူငါးယောက်လည်း တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။
နေရာကတော့ အရင်ကရောက်ဖူးတဲ့ ဘိုးဘွားခန်းမတွေနဲ့ ယှဉ်ရင် ဒီနေရာကမှ ဘိုးဘွားခန်းမနဲ့ ပိုတူလေ၏။
အထိမ်းအမှတ် သစ်သားပြားတွေကို တစ်ချပ်ပြီး တစ်ချပ် စီစီရီရီ ချထားသည်။ ၎င်းတို့ကို ထူထပ်စွာ ထုပ်ပိုးထားကာ တစ်ချက်ကြည့်လိုက်လျှင် ၎င်းတို့သည် သောင်းဂဏန်းထက်မနည်း ရှိနေသည်ကို တွေ့ရပေသည်။ မီးခွက်များသည် သစ်သားပြားတိုင်း၏ရှေ့တွင် ချထား၏။ လုရွှမ်နှလုံးသားက တုန်လှုပ်သွားသည်။ ထိုအထဲက မီးလုံးများသည် ခန္ဓာကိုယ်ထဲရှိ နတ်မီးလုံးများ အတိုင်းပဲ ဖြစ်၏။
တချို့သော နတ်မီးတို့သည် ကြည်လင်လျက် ရှိသည်။ တချို့မှာ ညအခါ၌ ထွန်းညှိထားနိုင်သော ဆီမီးခွက်ကဲ့သို့ လွင့်မျောလျက် ရှိကြသော်လည်း တချို့နတ်မီးတို့သည် ဆီမီးကုန်သကဲ့သို့ ငြိမ်းသွားလေပြီ။
"အာ.... နောက်ထပ် ရှိသေးတယ်"
ယောင်ကျားက ရုတ်တရက် ထအော်လိုက်သည်။ သူမ ညွှန်ပြသော နေရာတွင် အထိမ်းအမှတ် သစ်သားပြားတွေ အမှန်တကယ် ရှိသော်လည်း ၎င်းတို့ရှေ့က နတ်မီး အများစုမှာ ငြိမ်းသတ်ထားသလို ခမ်းခြောက်သွားခဲ့ပါပြီ။
ထိုအချိန်တွင် နတ်မီးလုံး အနည်းငယ် ရုတ်တရက် လွင့်ပျံလာပြီး လူပုံသဏ္ဌာန်အဖြစ် တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။ လုရွှမ် ဤလူ့ပုံစံကို ကောင်းကောင်းသိ၏။ နတ်နဂါး မိသားစုကို တည်ထောင်ခဲ့သော ဘိုးဘေးဖြစ်သူ လုံဝူကျီ ဖြစ်ကာ လုရွှမ် စစ်တုရင် ကစားနည်းတွင် ထိုလူကြီးနှင့် တွေ့ဖူးသည်။
တခြားလူများက မသိပေ။ သူတို့သည် သန့်ရှင်းတဲ့နယ်မြေနဲ့ ရှေးဟောင်းမိသားစု၏ နေရာများကို တည်ထောင်သူများနှင့် ပတ်သက်၍ သဘာဝအားဖြင့် အလွန်ရှင်းလင်းကြသည်။ လုံဝူကျီကို တွေ့လိုက်သောအခါ အားလုံး၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားကာ တိတ်တဆိတ် စုစည်းလိုက်ကြသည်။
"အငယ်တန်း လုရွှမ်က အကြီးအကဲ လုံဝူကျီကို ဂါဝရပြုပါတယိ"
လုရွှမ် မဆိုင်းမတွပင် ချက်ချင်း ဂါဝရပြုလိုက်သည်။
လုံဝူကျီသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ မရေမတွက်နိုင်သော နှစ်က ရှေးဘိုးဘေးတစ်ယောက် ဖြစ်သော်ငြား လုရွှမ်ကို ကြည့်နေသေယ တုံ့ပြန်မှုကို ကြည့်ရင် ဤလူသည် အမှန်တကယ် အသက်ရှင်နေသေးသည့် အတိုင်း ခံစားရစေ၏။
လုံဝူကျီက လူငယ်တချို့ကို ကြည့်ပြီး ဖြည်းညှင်းစွာ ပြောသည်။
"နှစ်တွေဘယ်လောက် ကြာသွားပြီလဲ... မင်းတို့က ဒီနေရာကို ပထမဆုံး ရှာတွေ့တဲ့ လူတွေပဲ... မင်းတို့က နောက်ဆုံးအသုတ်လည်း ဖြစ်နိုင်တယ်.... မင်းတို့အားလုံးက နတ်မီးနယ်ပယ်တွေပဲ...နည်းနည်းနိမ့်တယ် ဒါပေမဲ့ တော်တော်ကြီး နိမ့်နေတာလည်း မဟုတ်ဘူး"
"သွားပြီး မင်းတို့ရဲ့ ကန့်သတ်ချက်တွေကို စိန်ခေါ်လိုက်ပါ... အခု နတ်နဂါး မိသားစုရဲ့ အသက်နဲ့ သေဆုံးမှုက မင်းတို့အပေါ်မှာပဲ လုံးလုံး မူတည်နေတယ်"
လုံဝူကျီရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။ အောက်ဖက်မှ နတ်မီးလုံးများကလည်း လမ်းကြောင်း တစ်ခုဆီသို့ တဖြည်းဖြည်း ရွေ့လျားလာကာ အဝေးသို့ တိုးဝှေ့သွား၏။
လူတော်တော်များများက လုရွှမ်ကို သဘောကျတဲ့ အရိပ်အမြွက်နဲ့ ကြည့်နေကြသည်။
"ဝင်ကြရအောင်"
လူခြောက်ယောက် ပြေးဝင်ကာ အမှောင်ထဲသို့ တိုးဝင်လာသည်။ အမှောင်ထဲမှ တောက်ပသော လူခြောက်ဦး၏ မျက်လုံးများသည် ရုတ်တရက် ပေါ်ထွက်လာသည့် တည်နေရာကို မြင်လိုက်ရသည်။
ဝုန်း!
ဟောက်သံများက အနီး တစ်ဝိုက်တွင် ပဲ့တင်ထပ်နေကာ သွေးဆာနေသော ရောင်ဝါများက လှည့်ပတ်နေသည်။ နေရာတိုင်းတွင်လည်း လူသတ်ချင်တဲ့ အငွေ့အသက်တွေလည်း ပြေးလွှားနေ၏။
လုရွှမ် လှည့်ကြည့်လိုက်သည်နှင့် သူတို့သည် သားရဲကွင်းနှင့်တူသော နေရာတွင် ရှိနေကြောင်း မြင်လိုက်ရသည်။ သူတို့ပတ်ဝန်းကျင်မှာ သူတို့အရင်က မြင်ဖူးခဲ့တဲ့ ဘီလူးကောင်ရေက တစ်ဒါဇင်ကျော်လောက် ဟိန်းဟောက်ပြီး သူတို့ဆီ ဦးတည်၍ ပြေးလာနေကြသည်။
"လူတိုင်း လူစုခွဲလိုက်...."
လုရွှမ် မြန်မြန် လှည့်အော်လိုက်ပြီး သူ့ခန္ဓာကိုယ်က တစ်ဖက်ကို ဖျတ်ကနဲ ပြေးထွက်သွားသည်။ လူငါးယောက်က မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး ချက်ချင်း ထွက်သွားကြသည်။ ထိုအခိုက် လုံဝူကျီရဲ့ အသံက ကောင်းကင်အထက်ကနေ ပျံ့လွင့်လာ၏။
"ဒီလို သတ္တဝါမျိုးကို အာကာသသားရဲလို့ ခေါ်တယ်... အမည်မသိ အာကာသထဲကနေ ပြေးဝင်လာတယ်လို့ ပြောကြတယ် သူတို့ရဲ့ ခန္ဓာကိုယ်တွေက အားကောင်းတယ် စိတ်ဝိညာဉ်တွေက ခိုင်မာတယ်.... သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က နိယာမစွမ်းအင် မျဉ်းကြောင်းတွေက ထူထပ်လာတယ် အဲဒါက စွမ်းအင်တိုက်ခိုက်မှု အားလုံးကို ခံနိုင်ရည်ရှိတယ်... သူတို့ကို သတ်ချင်ရင် ကောင်းကင်နဲ့ မြေကြီးရဲ့ အငွေ့အသက် ရှိတာက အကောင်းဆုံးပဲ!"