အာကာသသားရဲ
Vol. 116 Ch. 4.1248
အာကာသသားရဲ?
ဘာကိုဆိုလိုတာလဲ? အာကာသကို ဖြတ်သန်းသွားမှာလား?
လုရွှမ်ဆိုတာ သေးငယ်သော ကမ္ဘာမှ တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့သူ ဖြစ်ပြီး အာကာသထဲတွင် ထူးဆန်းသော သတ္တဝါများ မွေးဖွားလာပါက အံ့သြနေမည် မဟုတ်ပေ။
အခုစဉ်းစားကြည့်တော့ ဒီအာကာသသားရဲရဲ့ရုပ်ခန္ဓာဟာ အလွန်အမင်း အစွမ်းထက်တဲ့အတွက် အာကာသထဲက နားမလည်နိုင်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိအားတွေကို ခံနိုင်ရည်ရှိအောင် စွမ်းဆောင်နိုင်မှာတော့ သေချာလေသည်။
ပြီးတော့ အံ့သြရဆုံး အရာကတော့ အဲဒီကောင်တွေရဲ့ ခန္ဓာကိုယ်မှာ နိယာမစွမ်းအင် လိုင်းတွေလို သေးငယ်တဲ့ အပိုင်းအစတွေ ပေါက်လာလိမ့်မယ် ဆိုတာပါပဲ။
"အားလုံး.... ဘာကိုစောင့်နေတာလဲ ချလိုက်ကြရအောင်!"
လုရွှမ်က သူ့ရဲ့ ချင်ထျန်းဓားကို မြှောက်လိုက်ပြီး သူ့ဆီ ပြေးလာတဲ့ အာကာသသားရဲကို ခုတ်ချလိုက်ပါ၏။
ဝူး!
ဟစ်အော်သံနှင့်အတူ အာကာသသားရဲက ရှောင်ထွက်သွားသည်။ လုရွှမ်လက်ထဲရှိ ချင်ထျန်းဓားဆီက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို သိသိသာသာ ခံစားလိုက်ရပုံပါပဲ။
သို့သော် ၎င်းမှာ ကြောက်လန့်သွားတာမျိုး မရှိပေ။ ၎င်း၏ ချိုနှစ်ဘက်မှ အနက်ရောင်လျှပ်စီးကြောင်းတစ်ခု ထွက်လာကာ စူးရှသောအသံကို ထုတ်၍ လုရွှမ်ဆီ ပစ်ခတ်ခဲ့သည်။ အနက်ရောင် မိုးခြိမ်းသံနှင့် လျှပ်စီးတို့သည် ထွက်လာသည်နှင့် တပြိုင်နက် သေခြင်းတရားနှင့်အတူ ပုပ်သိုးနေသော အနံ့အသက် တစ်ခုပါ ကပ်ပါလာသည်။
"သတိထား.... အနက်ရောင် လျှပ်စီးကြောင်းဆီကို မချဉ်းကပ်မိစေနဲ့"
နတ်သမီးယောင်ကျားက အရေးတကြီးနဲ့ ရှက်ကိုးရှက်ကန်း အရိပ်အမြွက်ပြပြီး ပနောက်ကနေ အော်လိုက်သည်။ အနက်ရောင် လျှပ်စီးကြောင်းကို မြင်လိုက်ရတော့ လုရွှမ်လည်း ဒါက ဒီအာကာသသားရဲတွေ သူတို့ကို ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်း ဖြစ်သင့်တယ်ဆိုတာ သိလိုက်သည်။
လုံခြုံဘေးကင်းစေရန် အတွက် လုရွှမ် ဓားစွမ်းအင်ဖြင့်သာ တိုက်ခိုက်ခဲ့သည်။ သူ့ဓားစွမ်းအင်က တားဆီးမှု တစ်စုံတစ်ရာမရှိဘဲ အနက်ရောင်လျှပ်စီးကြောင်းကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။
တလျှပ်လျှပ် အသံနဲ့အတူ ခရမ်းရောင်နတ်မိုးကြိုး လျှပ်စီးကြောင်း ထွက်ပေါ်လာသည်။ လုရွှမ်ဆီက ခရမ်းရောင်လျှပ်စီးကြောင်းနှင့် အနက်ရောင်လျှပ်စီးတို့ တပြိုင်နက်တည်း ရိုက်ခတ်သွားသည်။
ခဏလောက် ခုခံပြီးနောက် ခရမ်းရောင် လျှပ်စီးကြောင်းသည် တဖြည်းဖြည်း အနက်ရောင်သို့ ပြောင်းလဲသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
ပြီးတော့ အနက်ရောင် လျှပ်စီးကြောင်းပေါ်က သေခြင်းစွမ်းအင် ရောင်ဝါဟာ ပြာကနေ ပြန်လည်မွေးဖွားလာသလို ရုတ်တရက် ပြင်းထန်လာသည်။ အမှန်တကယ်တော့ အာကာသသားရဲက တစ္ဆေသရဲ ဝိညာဥ် အနည်းငယ်ကို ထပ်လောင်းထည့်လိုက်တာပဲ ဖြစ်ပေ၏။
လုရွှမ် သတိမပေါ့ဝံ့ဘဲ သိုလှောင်လက်စွပ်ထဲမှ မြေကြီးမီးဖြင့် ခဲထားသော ဓားတစ်ချောင်းကို နောက်လက်ထဲ ထုတ်ကာ အနက်ရောင်လျှပ်စီးကြောင်းကို ခုတ်ထစ်လိုက်သည်။
စူးရှသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် သာမန်မျက်စိဖြင့် မြင်နိုင်သည့်အကြား ဓားက ဆွေးမြေ့သွားတော့သည်။ အနက်ရောင်လျှပ်စီးကြောင်းသည် ယခုအခိုက်အတန့်တွင် မီးခိုးနက်ဘောလုံး အဖြစ်သို့ ပြောင်းလဲသွားပြီ။ ၎င်းက လုရွှမ် ဒုတိယထုတ်လာသော ဓားကို ရစ်ပတ်ကာ ဓားပေါ်မှ ကောင်းကင်နှင့် မြေကြီး၏ ထွက်သက်ဝင်သက်များ လျင်မြန်စွာ လွတ်မြောက်သွားသည်။
လုရွှမ် သူ့လက်ထဲမှ ဓားရှည်ကြီးကို အမြန်လွှတ်လိုက်ပြီး ဓားသည်လည်း မြေပြင်ပေါ်သို့ အလိုလိုပြုတ်ကျကာ အပိုင်းပိုင်းများစွာ ကျိုးသွားလေသည်။ သူ တခြားသူတွေကို ပြန်ကြည့်လိုက်တော့ သူတို့အားလုံးက ဒီအာကာသသားရဲရဲ့ အစွမ်းသတ္တိကို လုံးဝ လျှော့တွက်မိကြောင်း သဘောပေါက်သွား၏။
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့လက်ထဲမှာ ကောင်းကင်မီး ဘောလုံးတစ်ခု ပေါ်လာပြီး အာကာသသားရဲကို ပစ်သွင်းလိုက်သည်။
ဝူး!
ကောင်းကင်မီးကို အလွန်သတိထားမိတဲ့ အာကာသသားရဲကြီးက အော်ဟစ်လိုက်ပါ၏။
လုရွှမ်က သံပူကြီးလို ရှေ့သို့ ပြေးသွားသော်လည်း အာကာသသားရဲသည် အမှန်တကယ် လှည့်၍ ထွက်ပြေးသွားလေသည်။ လုရွှမ်လည်း သူ့ခြေထောက်ကို လှုပ်လိုက်ပြီး ချီထျန်းပုကို သုံးလိုက်သည်။ သူ့အရှိန်က နှစ်ဆတိုးလာပြီး အာကာသသားရဲရဲ့ ခန္ဓာကိုယ်ပေါ်ကို ကောင်းကင်မီးဖြင့် ဖိချနိုင်လိုက်ပါ၏။
ကောင်းကင်မီးကြောင့် အာကာသသားရဲ မီးလောင်ရာအရပ်မှ ချီချီရှဲရှဲ အသံများဖြင့် စတင်လောင်ကျွမ်းလာသည်။ ၎င်းကိုယ်ပေါ်မှ နံစော်နေသော အဖုအထစ်များ ထလာလေကာ အာကာသသားရဲ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း တောက်ပလာ၍ ၎င်း၏ခန္ဓာကိုယ်က အမှောင်ထုထဲမှ ပေါ်လာတော့သည်။
သူ့ပတ်ဝန်းကျင်ရှိ အာကာသသားရဲများမှာ လုရွှမ် အသုံးပြုသည့် ကောင်းကင်မီးကြောင့် ကြောက်လန့်တကြား အော်ဟစ်ကာ နောက်ပြန်ဆုတ်သွားခဲ့သည်။ ဟောက်ထျန်းနဲ့ တခြားသူတွေကတော့ လုရွှမ်လက်ထဲက ကောင်းကင်မီးကို ကြည့်ပြီး မနာလိုစိတ်တွေ အပြည့်နဲ့။
သူတို့သည် သန့်ရှင်းတဲ့မြေနှင့် ရှေးဟောင်းမိသားစု၏ ဂုဏ်ယူဖွယ် သားတော်များပင်။ သူတို့အတွက် ကောင်းကင်မီးနှင့် မြေကြီးမီးကဲ့သို့သော အရာများသည် ကြုံတွေ့ရနိုင်သော်လည်း ရှာမတွေ့နိုင်သော အရာများသာဖြစ်ချေ၏။
ဤအရာသည် ကောင်းကင်နှင့်မြေကြီးရဲ့ အငွေ့အသက်ကို သဘာဝအတိုင်း သယ်ဆောင်ထားသည်ဟု သိထားရမည်။ ဒါကို လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ အတူတကွ ထားရှိရန် မဖြစ်နိုင်ပေ။ အတင်းအကျပ် နေရာချပေးမယ်ဆိုရင် တုန့်ပြန်မှု ဖြစ်ပေါ်လာမှာ သေချာပါသည်။
မီးတောက်က ပိုပြင်းလေ တုံ့ပြန်မှု ကြီးလေပါပဲ။ ထို့ကြောင့် ကျင့်ကြံသူ အများစုနီးပါးသည် ၎င်းတို့၏ဘဝတွင် နတ်ဆိုးမီး တစ်မျိုးတည်းကိုသာ ထိန်းချုပ်နိုင်သော်လည်း ကံကောင်းပါက ထူးဆန်းသော မီးတစ်မျိုးကိုလည်း ရရှိနိုင်သည်။
ဒါပေမဲ့ အဲ့နှစ်မျိုးက အတူယှဉ်တွဲ နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ တစ်ဖက်ကို တစ်ဖက် ဝါးမျိုးပြီး အပြင်းအထန် တိုက်ကြလိမ့်မယ်။ လုရွှမ်ကတော့ မီးတောက်များနှင့် အလွန်နီးကပ်နေပုံရကာ မီးတောက်အမျိုးအစား များစွာကိုလည်း ပြသထားပြီးပြီ။
သူတို့ရဲ့ အသိဥာဏ်ကို လုံးဝ ကျော်လွန်သွားပါပြီ။
ဒါပေမဲ့ ဒီအချိန်မှာ လူတိုင်းက လုရွှမ်ရဲ့လက်ထဲက ကောင်းကင်မီးရဲ့ စွမ်းအားတွေ ပိုအားကောင်းလာပြီး ဒီအာကာသသားရဲတွေကို သတ်နိုင်လိမ့်မယ်လို့ သဘာဝကျကျ မျှော်လင့်ခဲ့ကြပါ၏။
အာကာသသားရဲ၏ ကိုယ်ခန္ဓာသည် တောက်လောင်နေသော မှော်မီးခွက်ကဲ့သို့ တောက်ပနေသည်။ ၎င်း၏အရွယ်အစားသည် ပို၍ကြီးမားလာကာ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ အကြေးခွံတွေကြားက အနက်ရောင်လေများ လျှံထွက်ရာ လေထုကလည်း အနံ့အသက်ဆိုးများဖြင့် ပြည့်နှက်တော့သည်။
"ပေါက်ကွဲတော့မယ်!"
ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ အာကာသသားရဲ ပေါက်ကွဲသွား၏။ အနက်ရောင် အငွေ့ဘောလုံးများသည် ၎င်း၏ခန္ဓာကိုယ်မှ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကာ အခြားအာကာသသားရဲများ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ဤအာကာသသားရဲများက စွမ်းအင် ဖြန့်ဝေပေးနိုင်ပုံပါပဲ။ ၎င်းတို့၏ ခန္ဓာကိုယ်သည် မျက်စိတစ်မှိတ်အတွင်း ကြီးထွားလာကာ ရောင်ဝါငလည်း သိသိသာသာ တိုးလာသည်။ သူတို့၏ မျက်လုံးများထဲတွင်တော့ အမုန်းတရားများဖြင့် ပြည့်နှက်နေ၏။
ယောင်ကျား: "အခု ငါတို့ ဘာလုပ်သင့်လဲ"
ဤအတိုင်း အာကာသသားရဲများကို ဆက်၍ သတ်ဖြတ်ပါက အသေကောင်များကို ပို၍ အစွမ်းထက်စေမည် ဖြစ်သော်လည်း ၎င်းတို့ကို မသတ်ဘဲ တိုက်ခိုက် ခွင့်ပြုခြင်းသည်လည်း ကျင့်ကြံသူတို့အတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။
"ဒါက အရမ်းရိုးရှင်းပါတယ်... သူတို့ကို သတ်လိုက်ရအောင်... အကြီးအကဲ လုံဝူကျီက ငါတို့ကို သတ်စေချင်တဲ့ အကောင်ကလည်း နောက်ဆုံး အာကာသသားရဲပဲ ဖြစ်လိမ့်မယ်... သူ့ရဲ့ စမ်းသပ်မှုက ဒီလောက် ရိုးရှင်းမယ်လို့တော့ မထင်ဘူးမလား"
ယောင်ကျား မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်ပြသည်။
"ဟုတ်တယ် ဒီပြဿနာကို ရိုးရိုးရှင်းရှင်း ဖြေရှင်းလိုက်ရင် ငါတို့ကို ချန်ထားမှာမဟုတ်ဘူး"
"သတ်ပစ်မယ်!"
လုရွှမ်မှာ ဒီအကောင်တွေကြောက်တဲ့ ကောင်းကင်မီး ရှိနေပေမယ့် သူတို့ဟာ သန့်ရှင်းတဲ့မြေ၊ ရှေးဟောင်းမိသားစုရဲ့ သားစဉ်မြေးဆက်တွေ ဖြစ်လို့ သူတို့မှာလည်း ဂုဏ်ယူစရာတွေ ရှိပါ၏။
လုရွှမ်ကို အရင် ရှေ့ထွက်စေကာ သူတို့ကတော့ နောက်ကွယ်မှာ ပုန်းနေလိုက်မည်။ ပြီးမှ အခွင့်အရေး ယူ၍ ဝင်တိုက်ခိုက်မည်။
လူငါးဦးသည် သဘာဝအတိုင်း အစွမ်းထက်သော စွမ်းအားများ ရှိကြသည်။ လုရွှမ်၌ ကောင်းကင်မီး မရှိပါကလည်း ၎င်းတို့သည် ဤအာကာသသားရဲများကို သဘာဝအတိုင်း ထိန်းထားနိုင်သည်။ ဒါပေမဲလည်း သူတို့ဟာ အာကာသသားရဲကို အမြန်သတ်ဖို့ နည်းလမ်းအားလုံးကို အသုံးပြုရမည်။
အဲဒါကလည်း နောက်ဆုံးတစ်ကောင် မကျန်မချင်းပင်။
ယခုအချိန်တွင် အာကာသသားရဲသည် ဆယ်ပေနီးပါး မြင့်ပြီး တောင်ငယ်လေးတစ်ခုနှင့်တူလာသည်။ တစ်ကိုယ်လုံးတွင်ရှိသော နိယာမစွမ်းအင် လမ်းကြောင်း၏ အသွင်အပြင်သည် တောက်ပနေပြီး သေမင်း၏ ပြင်းထန်သော ရောင်ဝါကို ထုတ်ပေးလျက် ရှိသည်။
အနက်ရောင်လျှပ်စီးများသည် ချိုနှစ်ချောင်းစလုံးတွင် လင်းလက်နေပြီး ကောင်းကင်မှ လွင့်နေသော မိုးကြိုးနှစ်စင်းကဲ့သို့ လင်းလက်နေတဲ့အပြင် ၎င်းတို့သည် သေမင်း၏ အရိပ်အာဝါသနှင့်လည်း ပြည့်နေသေးသည်။ ပေါက်ကွဲသံနှင့်အတူ အနက်ရောင် လျှပ်စီး လက်သွားသည်နှင့် ချက်ချင်းဆိုသလိုပင် လူခြောက်ယောက်ကို လွှမ်းခြုံသွားသည့် မိုးကြိုးများ ဖြာထွက်သွား၏။
အရှိန်က အရမ်းမြန်လွန်းတော့ သူတို့ခြောက်ယောက်က တုံ့ပြန်ဖို့ အချိန်ပင် မရှိလိုက်ပေ။ မိုးခြိမ်းသံကို ခဏတာ တားဆီးဖို့ သူတို့ရဲ့ စွမ်းအင်တွေကိုပဲ သုံးနိုင်ကြသည်။
ဟောက်သံနှင့်အတူ ဤအခိုက်တွင် အာကာသသားရဲ၏ ခြေလေးချောင်းတို့သည် ဧရာမတိုင်ကြီးလေးခုနှင့် တူပြီး လူခြောက်ယောက်ဆီသို့ ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်ကြသည်။