← Chapters

မျက်နှာပျက်ပြီ

Vol. 116 Ch. 4.1252

မျက်နှာပျက်ပြီ

Vol. 116 Ch. 4.1252

"လုရွှမ် တကယ်ပဲ ဘာလုပ်ချင်နေတာလဲ..

သူတကယ် မလုပ်ချင်တော့ဘူးလား"

ယောင်ကျား မေးလိုက်သည်။

မူလက လုရွှမ်သည် သူမအား မယုံကြည်ခဲ့​စေသော်လည်း သူ၏ရဲရင့်သော ထင်မြင်ချက်များသည် မှန်ကန်ပြီး အမြော်အမြင် အပြည့်ရှိကြောင်း အကြိမ်ကြိမ် အတည်ပြုခဲ့သည်။ အကြိမ်ပေါင်း ထောင်ပေါင်းများစွာ တွေးကြည့်လျှင်ပင် သူမသည် ထိုကဲ့သို့ အမြော်အမြင်နှင့် ဉာဏ်ပညာကို လုံးဝ ကျော်လွန်နေမည် မဟုတ်ကြောင်း ကောင်းကောင်း သိသည်။

ဤကဲ့သို့သော လူသည် သူမတို့ကို အမှန်တကယ် သယ်ထုတ်သွားနိုင်သူသာ ဖြစ်နိုင်သည်။ နတ်သမီးဖေးလော့က ညင်သာစွာ ပြုံးလိုက်ပြီး။

"ဖြည်းဖြည်းပဲ ကြည့်လိုက်ရအောင်.... လုရွှမ်မှာ သူ့ကိုယ်ပိုင် စိတ်ကူးတွေ ရှိလောက်တယ်"

ယောင်ကျား: "နင်က ဘယ်လိုထင်လို့လဲ ဒီမှာလူအရမ်းများနေတယ်လေ!... လုရွှမ်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလို့ ဆိုလိုတာချင်တာလား!"

"အော်မီတော်ဖော်... ရည်ရွယ်ချက်ရှိရှိ မရှိရှိ လေ့လာနေဖို့ မလိုအပ်ပါဘူး... ဒါပေမဲ့ အရေးပေါ်အခြေအနေမှာ ဒါက တကယ့်ကို ထူးထူးခြားခြား လုပ်ဆောင်မှုတစ်ခုပဲ... လုရွှမ် လုပ်နေတာက အားနည်းသူတွေကို အကာအကွယ် ပေးဖို့မဟုတ်ဘူး... အုပ်စုဖွဲ့တာကလည်း အားနည်းသူတွေကို အကာအကွယ် ပေးဖို့မဟုတ်ဘဲ ခိုင်မာသေချာစေဖို့ စုစည်းဖို့ပဲ...”

ဟောင်ကျား: "ကြောက်စရာ ကောင်းတဲ့လူပဲ"

ဟောက်ထျန်းက အသံမထွက်ဘဲ ယောင်ကျားကို မျက်လုံးသာ ပြူးပြလိုက်သည်။ သူက ကျိုးယိနဲ့ ခမ်ဟွေးတို့ကိုလည်း လှောင်ပြောင်သရော်သည့် အရိပ်အမြွက်ဖြင့် ကြည့်နေလိုက်​သေးသည်။ ထိုနှစ်ယောက်မှာတော့ ဟောက်ထျန်းရဲ့ သဘောထားကို စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိထားပြီးသားပါ။

သူတို့ရဲ့ အဆင့်အတန်း၊ နောက်ခံအင်အားကြောင့်ပဲ ဖြစ်ဖြစ် သူတို့နှစ်ယောက်က မတ်တပ် ထရပ်သင့်ပေမယ့် တစ်ယောက်က တုံးဟန်ဆောင်ပြီး နောက်တစ်ယောက်ကတော့ ကြင်နာဟန်ဆောင်နေသည်။ လုရွှမ်က ငယ်ရွယ်ပြီး တက်ကြွနေရာ ထောင်ချောက် ခန်းမထဲကို ဝင်သွားသည့်အတိုင်ပင်။

ဤအခိုက်အတန့်တွင် လုရွှမ်သည် သူ့ဝန်ကို အချိန်မီ ဖယ်ထုတ်လို၍ အဆုံးတွင် အသက်ရှင်လျက် လွတ်မြောက်နိုင်သူ ဖြစ်လိမ့်မည်။ ထိုပူးပေါင်း ကြံစည်မှုများနှင့် လျှို့ဝှက်ဆန်းကြယ်မှုများကို မေ့ပစ်လိုက်ပြီး မိမိ၏ကိုယ်ပိုင် စွမ်းအားကို အားကိုးသွားမည့်သူပင်။

လုရွှမ်၏ ခွန်အားသည် ယခုအခိုက်အတန့်တွင် အလွန်တိုးမြင့်လာပြီမို့ ကျိုးယိနှင့် ခမ်ဟွေးတို့ကိုပင် ထိပ်တိုက် ရင်ဆိုင်ရန် သတ္တိရှိနေပြီ။ ထုံးစံအတိုင်း ဒီလူငယ်ကို အလေးအနက် မထားဘဲ အမြန်ပြေးပြီး အခြေအနေကို အခွင့်ကောင်းယူကာ နောက်မှ လွင့်ပျံသွားဖို့ စောင့်ကြည့်နေသူလည်း ရှိသေးသည်။

လုရွှမ်: "လူတစ်​​ယောက်​​သေရင်​ အဲ့ဒီ​လှောင်​အိမ်​ထဲက အာကာသသားရဲ တစ်​​ကောင်​​ ပျောက်​သွားလိမ့်​မယ်​ ဒါ​ကြောင့်​ မင်းတို့ကို ထပ်​သတ်​ပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး... မင်းတို့ ဒီမှာဆက်​​စောင့်​နေလည်း ငါဂရုမစိုက်ဘူး... ညဘက်​​ရောက်​ရင်​ အဲဒီနေရာတွေက တိရစ္ဆာန်တွေ ထပ်လာနိုင်တယ် လူတွေသေတာများရင် ငါတို့ အသက်ရှင်ဖို့ အခွင့်အလမ်း ပိုကောင်းလေပဲ"

လုရွှမ်က သူ့လက်တွေကို ဖြန့်ပြီး ကျိုးယိနဲ့ တခြားသူတွေကို လက်ညှိုးထိုးပြလိုက်သည်။

"မင်းတို့ မယုံရင် သူတို့ကို မေးလို့ရတယ်... အခုအခြေအနေက ဒါပဲ"

"အကြီးတန်းအစ်ကို ကျိုးယိ လုရွှမ်ပြောတာ မှန်လား"

"ဆရာတူအစ်ကို ခမ်ဟွေး...မင်းက ငါတို့ကိုပြောပြ... ဒါတွေအားလုံးက မမှန်ဘူး ဟုတ်တယ်မလား"

"နတ်သမီးဖေးလော့... မင်းရဲ့ ထျန်းကျီးသန့်ရှင်းတဲ့မြေမှာ နတ်ဘုရားတွေနဲ့ သရဲတစ္ဆေတွေရဲ့ အနာဂတ်ကို ကြိုတင်ဟောကိန်း ထုတ်နိုင်တဲ့ စွမ်းအားရှိတယ်ဆို... တခြားနည်းလမ်း ရှိရမယ် ဆိုတာကို ငါတို့ကို ပြောစမ်းပါဦး"

လုရွှမ်သည် လူတိုင်း ထိန်းသိမ်းထားသည့် မျက်နှာစာအား ရုတ်ခြည်း ချိုးဖျက်လိုက်ရာ အားလုံး ထိတ်လန့်သွားကာ တစ်ယောက်ပြီးတစ်ယောက် ကျယ်လောင်စွာ အော်ပြောလာကြသည်။

ဟောက်ထျန်းက ညင်သာစွာပြုံးပြီး "ဟုတ်တယ်" ဟု အရင် ပြောလာသည်။

လုရွှမ်ကလည်း ဟောက်ထျန်းဘက်သို့ ဆုတ်သွားသည်။

"ငါ အထီးကျန်သူတစ်ယောက်ပဲ... ငယ်ငယ်ရွယ်ရွယ်နဲ့ ညီအကို မောင်နှမတွေ မရှိဘူး သူတို့ဘဝနဲ့ သေခြင်းက ငါ့အတွက် ဘာများ သက်ဆိုင်မှာလဲ"

ဟောက်ထျန်း: “သွားကြရအောင်.... ငါက သေရည်ကောင်းကောင်း တစ်ခွက်ကို အမြဲပြင်ဆင်ထားပေမယ့် လူယုံ​တော့ မရှာတတ်ဘူး"

"ကြွပါ!"

နှစ်ယောက်သား တိုက်ရိုက်ထွက်သွားကြပြီး တိတ်ဆိတ်သော နေရာကို ရွေးကာ သေရည် ထိုင်သောက်​နေကြသည်။ ညက တစ်ဖန်ပြန်ကျလာပြီး နှစ်ယောက်သား မူးနေပေမယ့် အပြင်ဘက်က အသံတွေကို ပြတ်ပြတ်သားသား ကြားနေရတုန်းပါပဲ။

သေရင် နတ်နဂါးမိသားစုထဲက လူတွေလို ဖြစ်နိုင်သလို ကိုယ်တိုင်လည်း သေခြင်းတရားကို တကယ် ရင်ဆိုင်ရတဲ့အခါ ဘယ်သူကမှ မသေချင်​ကြ​တော့ပါဘူး။

သေပြီး ပြန်အသက်မရှင်နိုင်ရင် ဘယ်လိုလုပ်မလဲ။

ထို့အပြင် လုရွှမ်နှင့် အခြားလူခြောက်ဦးတို့သည် ဤအကြောင်းအရာကို အမြဲရှင်းလင်းစွာ ဖုံးကွယ်ထားခဲ့ရာ ၎င်းတို့ကို ထပ်မံ သံသယဖြစ်စေခဲ့သည်။ ဒါက လုပ်ကြံမှုတစ်ခု ဖြစ်နိုင်သည်။ သို့သော် ၎င်းတို့သည် ခွန်အားမရှိသောကြောင့် သူတို့ကို ဆန့်ကျင်ရန် ကြံစည်သူအဖြစ်သာ သတ်မှတ်ခံရသည်။

ရုတ်တရက် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီး အပြင်ဘက်က အာကာသသားရဲ အော်သံများသာ ကျန်တော့သည်။

စူးရှပြီး ဖရိုဖရဲ ဖြစ်နေသော လူသတ် ရောင်ဝါသည် လက်နက်သန့်စင်ရေး တောင်ကြားကို ကျူးကျော် ဝင်ရောက်လာသည်။ တစ်ဆက်တည်း ရက်စက်ယုတ်မာသော ရောင်ဝါတစ်ခုကလည်း တိုးဝင်လာသည်။

ဝူး!

ဟောက်သံတွေက တစထက်တစ နီးကပ်လာသည်။

"အား ကြည့်!"

လူတစ်ယောက်က အော်ဟစ်လိုက်သည်။

လူတိုင်းသည် ထိုလူ၏ လက်ချောင်းများ ထိုး​ပြရာကို လိုက်ကြည့်ကြသည်။ တောင်ကား အလယ်ဗဟိုရှိ မြေပြင်မှ မီးတောက်များသည် ကျောက်ဆောင်များ အတွင်းသို့ တဖြည်းဖြည်း လျော့နည်း ​ပြန်ဝင်​ရောက်သွားသည်ကို တွေ့လိုက်ကြရပြီး အချို့နေရာများတွင် မှောင်နေသော ဂူဝင်ပေါက်များပင် ထွက်ပေါ်လာသည်။

အထဲမှ မြေမီးက သိသိသာသာ ကျဆင်းသွားပြီ။

ဤမြေအောက်မီးသည် ၎င်းတို့၏မူလအရွယ်အစား၏ ထက်ဝက်သို့ လျှော့ချရန် အချိန်မကြာလိုက်ပေ။ သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် လျင်မြန်စွာ ကျုံ့သွားသော်ငြား မြေအောက်မီး လောင်ကျွမ်းရန်တော့ အချိန်များစွာ မယူနိုင်ပါ။

မြေကြီးမီး၏ အကာအကွယ်မပါဘဲ ဤအာကာသသားရဲများ ပြေးဝင်လာကြရင် ဘယ်လို ခုခံကြမလဲ။

ကျိုးယိနဲ့ ခမ်ဟွေးတို့က တစ်ယောက်ကို တစိယောက် တစ်ချက်ကြည့်လိုက်ပြီး သူတို့နှစ်ဦးစလုံး၏ မျက်လုံးများတွင် ထိတ်လန့်မှုနှင့် နောင်တရမှု အရိပ်အယောင်များ ရှိနေသည်။ သူတို့နှစ်ယောက်လုံးက နားမလည်ခဲ့ရုံသာ။ လုရွှမ်နဲ့ ဟောက်ထျန်းက က ဒါကိုမြင်ပြီး​​လေပြီ။

လုရွှမ်သည် အန္တရာယ်ကို ထပ်ခါတလဲလဲ သတိပေးပြီး ရှင်သန်ရန် အသက်စွန့်ခဲ့သော်လည်း မည်သူမျှ ဂရုမစိုက်ခဲ့။ ဤကျင့်ကြံသူများအားလုံးသည် ၎င်းတို့၏ ဂိုဏ်း၌ မွန်မြတ်စွာ မွေးဖွားလာခြင်းအတွက် မောက်မာမနေသူများသာ ဖြစ်သည်။

တွန်း၊ ကြိတ်၊ စောင့်!

ဒါပေမယ့် အခုအချိန်မှာတော့ အန္တရာယ်က နောက်ဆုံးတော့ ရောက်လာပြီ။ တွန်းမချနိုင်တော့ဘူး ဆိုရင်တောင် မစောင့်နိုင်တော့ဘူး။

"လူတိုင်း စည်းစည်းလုံးလုံးနဲ့ လက်တွဲပြီး တိုက်ရမယ်.... မဟုတ်ရင် မိုးလင်းတဲ့အထိ ခုခံနိုင်မှာ မဟုတ်ဘူး"

ရဟန်းခမ်ဟွေးကလည်း ပုတီးစိပ်ကို ကိုင်ကာ ခြင်္သေ့တစ်ကောင်လို ဟောက်သည်။

"စိတ်အေးအေးထားပါ... အားလုံး စည်းလုံးညီညွတ်ရမယ် မဟုတ်ရင် ငါတို့သေမှာ သေချာတယ်"

ယောင်ကျား လှုပ်ရှားဖို့ ပြင်လိုက်သော်လည်း နတ်သမီးဖေးလော့က သူမကို လှမ်းဆွဲထားသည်။

"ဘာလုပ်နေတာလဲ ဒီလူတွေကို ကယ်ချင်ရင်တောင် အချည်းနှီး မကြိုးစားစမ်းနဲ့... နင် ကောင်းတာလုပ်ရင်တောင် နင့်ရဲ့ကြင်နာမှုကို ဘယ်သူမှ ဂရုမစိုက်ဘူး...ကောင်းတာ မလုပ်မိရင်တော့ ဆူးက နင်ပဲ ဖြစ်လာလိမ့်မယ်"

နတ်သမီးယောင်ကျား၏ မျက်နှာသည် ရုန်းကန်မှုများနှင့် ပြည့်နှက်နေလေသည်။

"အဲ့ဒီကောင်လေး လုရွှမ်ကိုလည်း အဝေးကပဲ ကြည့်ပြီး လွှတ်ထားလိုက်.... ဒီလူတွေက မအောင်မြင်ပေမယ့် ကျရှုံးဖို့ အလားအလာပိုများတယ် နင့်ရဲ့လူတွေကို ဂရုစိုက်ပါ... မဟုတ်ရင် နင်ဒီလူတွေဆီက တိုက်ခိုက်ခံရရင် ဒုက္ခရောက်လိမ့်မယ်"

ဟိုးအဝေးက ဟောက်ထျန်းနဲ့ လုရွှမ်ကတော့ အရက်သောက်နေတုန်းပဲ။ အစွမ်းထက်သောရန်သူနှင့် ရင်ဆိုင်ရသောအခါတွင် မည်သူမျှ အသောက်အစား များများလုပ်ရင် မျက်လုံးများ ကြည်လင်လာအောင် မလုပ်နိုင်ချေ။

"လုရွှမ် ဒီညမှာ လူဘယ်နှစ်ယောက် သေမယ်ထင်လဲ?"

လုရွှမ်သည် ကျင့်ကြံသူတွေကို အော်ဟစ်တားမြစ်နေသော ကျိုးယိနဲ့ ခမ်ဟွေးတို့ကို တစ်ချက်ကြည့်လိုက်ပြီး။

“ငါက​တော့ လူနှစ်ဆယ်လောက် အသက်ရှင်ဖို့ မျှော်လင့်တယ်”

"အို ဒါဆို ငါတို့နှစ်ဆယ်ထဲက တစ်ယောက်မှ အလျင်စလို နထွက်နိုင်မှာကို မကြောက်ဘူးလား"

လုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "အစ်ကို ဟောက်ထျန်း... မင်းလည်း သိပ်ယုံကြည်မှု မရှိဘူးလား"

"အခြားသူတွေဆီက အကူအညီ တောင်းတာထက် ကိုယ့်ကိုကိုယ် တောင်းလိုက်တာက ပိုကောင်းပါတယ်....သောက်!"

All Chapters