← Chapters

အပိုင်း (၄၄၉) – ယုံကြည်မှုနှင့် စီးပွားရေးသဘောတူညီမှု

Vol. 005 Ch. 449

အပိုင်း (၄၄၉) – ယုံကြည်မှုနှင့် စီးပွားရေးသဘောတူညီမှု

Vol. 005 Ch. 449

ရှီမာယူယူသည် ရှက်ရွံ့ခြင်းမရှိပဲ ပြောလိုက်သည် “တည်ဆောက်မှု ပြင်ပြီးသွားပြီဆိုတော့ ကျွန်တော် တို့ အရင်ပြန်လိုက်ပါဦးမယ်၊ မပြန်တာကြာရင် အဘိုးနဲ့ တခြားသူတွေ စိတ်ပူနေမှာစိုးလို့ပါ”

တကယ်တော့ သူမသည် ဒီမှာခဏနေမည်ဖြစ်ကြောင်း ဝေကျိရွှီတို့ကို မိခင်ကျောက်တုံးနှင့် ပြောပြီး  ဖြစ်လေသည်။ သူတို့ စိုးရိမ်ရန် အကြောင်းမရှိပေ။

“အဲလိုဆိုရင် သခင်ကြီးကို လိုက်ပို့ပါရစေ” ကျောင်ဟိုင်မို ပြောလိုက်သည်။

“ရပါတယ် လမ်းပြဖို့ လူပဲထည့်ပေးလိုက်ပါ” ရှီမာယူယူ ပြောလိုက်သည် “တည်ဆောက်မှုက ပြင်ပြီး သွားပြီဆိုတော့ ခင်ဗျားတို့ ဆွေးနွေးစရာတွေ ရှိနေမယ်ထင်တယ် အိမ်တော်သခင်ကြီးကို ထပ်ပြီး မနှောင့်ယှက်  တော့ပါဘူး”

“အဲလိုလုပ်လို့ မဖြစ်ဘူးလေ ဘယ်လိုပဲဖြစ်ဖြစ် သခင်ကြီးကို လိုက်ပို့ကအရေးကြီးဆုံးပဲ” ကျောင်ဟိုင်မို

ပြောလိုက်သည်။

သူသည် လိုက်ပို့ရန် ထပ်တလဲလဲပြောနေသဖြင့် ရှီမာယူယူတို့ မငြင်းတော့ပဲ ကောင်းကင်ကျား အိမ်တော်မှ ထွက်လာခဲ့လိုက်သည်။

သူတို့ တည်းခိုဆောင်သို့ ပြန်ရောက်သောအခါ ရှီမာလိုင်နှင့် တခြားသူများသည် သူတို့၄ယောက်  ဘေးကင်းစွာ ပြန်ရောက်လာသည်ကို တွေ့သောအခါမှပင် သက်ပြင်းချမိတော့သည်။

“အဘိုး နည်းနည်းလောက်ပြင်လိုက်တော့ သမီးတို့ မနက်ဖြန်သွားကြမယ်” ရှီမာယူယူ ပြောလိုက်သည် “ဆိုင်ရှင်ချူ ဘာလို့မရှိတာလဲ”

“သူဒီရက်ပိုင်း တည်းခိုဆောင်မှာ မရှိဘူး” ရှီမာလိုင် ပြောလိုက်သည် “ဘာဖြစ်လို့လဲ သူတို့ကို တွေ့စရာ အကြောင်းရှိလို့လား”

“မရှိပါဘူး သူ့ကို မေးစရာလေးတွေရှိလို့ပါ” ရှီမာယူယူ ပြောလိုက်သည်။

အစေခံသည် လျှောက်လာရာ သူမ ပြောသည်ကို ကြားလိုက်ရသည်။ သူ ပြောလိုက်သည် “ဆိုင်ရှင်က သူ့ကို လိုတယ်ဆိုရှင် ၂ရက်လောက်စောင့်ပေးပါတဲ့”

“ငါ သူ့ကို ရှာမယ်ဆိုတာ သူသိနေတာလား” ရှီမာယူယူ သိချင်စွာဖြင့် မေးလိုက်သည်။

“ဟီးဟီး ကျွန်တော်တို့ ဆိုင်ရှင်က ဒီမြို့မှာ သူမသိတာမရှိဘူး” အစေခံ ပြောလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်ပြီးနောက် သူမ အခန်းသို့ ပြန်သွားလေသည်။

သူမ သူ့အားရှာမည်ကို ဆိုင်ရှင်သိနေသည့်အကြောင်းကို သူမ အလွန်သိချင်မိသည်။

ဆိုင်ရှင်ချူ ပြန်လာသည်အထိ ရှီမာယူယူတို့သည် နောက် လတစ်ဝက်လောက် စောင့်ရသည်။ အားလုံး သည် ထိုရက်များတွင် ကျင့်ကြံကြကာ တချို့ရက်များတွင် တံခါးပိတ်ကျင့်ကြံကြသည်။

ထိုနေ့တွင် အစေခံသည် ဆိုင်ရှင်ချူပြန်ရောက်ပြီဖြစ်ကြောင်းကို ရှီမာယူယူတို့အား လာပြောကာ သူနှင့် တွေ့ရန် နောက်ဖေးခန်းသို့ ဖိတ်ကြားလေသည်။

နောက်ဖေးခန်းဟုသာ ခေါ်သော်လည်း အလွန်ဝေးသည်။ သူမသည် သတိမထားမိခဲ့သော်လည်း တည်းခိုဆောင်အနောက်ဖက် တစ်ခုလုံးသည် နောက်ဖေးခန်းဖြစ်လေသည်။

အစေခံသည် အိမ်သို့ အားလုံးကို ခေါ်သွားကာ အခန်းထဲသို့ သူမတစ်ယောက်တည်းသာ ဝင်စေသည်။

အိမ်သည် မှောင်လွန်းကာ တံခါးပိတ်လိုက်လျှင် အထဲတွင်ဖြစ်နေသမျှကို မမြင်နိုင်ပေ။

“ခင်ဗျား ဒဏ်ရာရထားတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းအနံ့ခံကောင်းလိုက်တာ” ဆိုင်ရှင်ချူ၏ အသံသည် အမှောင်ထဲမှ ထွက်ပေါ်လာလေသည်။

“သွေးနံ့က အရမ်းပျင်းတယ်၊ ကျွန်တော် မရှုချင်ရင်တောင် အနံ့ရနေတယ်” ရှီမာယူယူသည် မီးဖျော့ဖျော့  လေးထွန်းလိုက်ရာ အိမ်တွင် လင်းသွားလေသည်။ ဆိုင်ရှင်ချူသည် ခုတင်ပေါ်တွင် လှဲနေလေသည်။ “ဒီက လူတွေကို စိတ်မကုန်ဘူးလား၊ ခင်ဗျား ဒဏ်ရာရလာတာပဲ ဘယ်လိုဒဏ်ရာရလာတယ်ဆိုတာ အစေခံက မသိဘူးလား”

ဆိုင်ရှင်ချူသည် ခါးသက်စွာ ရယ်လိုက်ကာ ပြောလေသည် “ငါသူ့ကို မပြောဘူး၊ သူ့ကို ခြောက်သလို  ဖြစ်သွားမှာစိုးလို့”

“ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားသေသွားရင်တော့ သိမှာပဲ” ရှီမာယူယူသည် တစ်အိမ်လုံး မြင်ရသည်နှင့် မီးလုံးအား ပစ်လိုက်ရာ တစ်အိမ်လုံးလင်းသွားလေသည် “ကျွန်တော့်ကို ဘာလို့ခေါ်တာလဲ”

“အစေခံကို အစိမ်းရောင်ဗိဗ္မာန်ကို ခေါ်သွားပေးဖို့ အကူအညီတောင်းမလို့ အဟွတ် အဟွတ် ပြီးရင် သူ့ ကို တိမ်တိုက်ပျံနန်းတော်ရဲ့ နန်းတော်သခင်ဆီ ပို့ပေးပါ” ဆိုင်ရှင်ချူ ပြောလိုက်သည်။

“အဲတော့  ခင်ဗျားက အစိမ်းရောင်ဗိဗ္မာန်က လူပေါ့” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်တို့က ရင်းမှ မရင်းနှီးတာ ခင်ဗျားတောင်းဆိုတာကို မဘောမတူမှာ မကြောက်ဘူးလား”

“ငါ့မှာ မင်းစွဲမက်လောက်စေတာ ရှိတယ်” ဆိုင်ရှင်ချူ ပြောလေသည်။

“ကျွန်တော် အဲပစ္စည်းယူပြီး လုပ်မပေးမှာ မစိုးဘူးလား” သူမ ထပ်မေးလေသည်။

“ဟားဟား…” ဆိုင်ရှင်ချူ ရယ်မောကာ ပြောလိုက်သည် “ငါ နှစ်တွေအများကြီး နေလာပြီးပြီ ငါ လူ အကဲခတ်တော်တယ်၊ မင်းက အဲလိုလူမဟုတ်ဘူး”

“ခင်ဗျား ကျွန်တော့်ကို အထင်ကြီးနေတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားကို  တစ်ယောက်  ယောက်က ဒီအခြေအနေဖြစ်အောင် လုပ်လိုက်တာမလား ကျွန်တော် အစေခံကို ခေါ်သွားပြီး ကောင်းကင် ကျားအိမ်တော်က ထွက်သွားမယ်ဆိုရင် အစိမ်းရောင်ဗိဗ္မာန်မရောက်ခင်ကို အဲတစ်ယောက်ယောက်က ကျွန်တော့်ကို သတ်လိုက်မှာ စိုးတယ်”

“မင်းက တကယ်ဉာဏ်ကောင်းတာပဲ ငါ ထင်ထားတာထက်ကို ဉာဏ်ပြေးတယ်” ဆိုင်ရှင်သည် သူ၏ စိတ်ပြင်းပြမှုကို မထိန်းနိုင်တော့ချိန်တွင် သူ၏ ရောင်ဝါသည် ကျောင်ဟိုင်မိုထက်ပင် သန်မာလေသည်။ “ဒါဆို မင်း ခေါ်သွားမှာလား မခေါ်သွားဘူးလား၊ ငါ မင်းကို လုံလုံလောက်လောက် ပေးမှာပါ”

ရှီမာယူယူ လျှောက်လာကာ ခုံအားဆွဲပြီးပြောလေသည် “ကျွန်တော် ခင်ဗျားပေးမဲ့ ပစ္စည်းကို စိတ်ဝင် စားပါတယ်၊ အဲပစ္စည်းက ကျွန်တော် စိတ်ဝင်စားလောက်အောင် လယ်လောက် ထူးခြားလဲဆိုတာ ပြောပြပါဦး”

ဆိုင်ရှင်သည် တွေးလိုက်သည်နှင့် သေတ္တာတစ်လုံးသည် သူ့ဘေးက စားပွဲပေါ်တွင် ပေါ်လာလေသည်။ ရှီမာယူယူသည် သေတ္တာယူကာ ဖွင့်ကြည့်လိုက်သည်။ အထဲတွင် အမှန်တကယ်ပင် ကြီးမားသော တည်ဆောက် မှု ကျောက်ရှိလေသည်။

ကြီးမားသော တည်ဆောက်မှုကျောက်တုံးသည် အဆင့်မြင့် တည်ဆောက်မှုကို စုဝေးစေသည်။ တည်ဆောက်မှု ကျောက်တုံးအများစုသည် နှင်းသီးအရွယ်အစားရှိသည်။ ပိုကောင်းသော ကျောက်သည် လိုင်ချီး သီး အရွယ်အစားရှိသည်။ ရှားပါးသော ကျောက်များသည် ကြက်ဥအရွယ်အစားရှိသော်လည်း ဒီကျောက် သည် သူမ လက်ဝါးအရွယ်အစားရှိလေသည်။

သူမကဲ့သို့ ဘဝအတွေ့အကြုံများသော သူကဲ့သို့ပင် အလွန်စိတ်လှုပ်ရှားသွားသည်။

“ဘယ်လိုလဲ” ဆိုင်ရှင်ချူ မေးလိုက်သည်။

ရှီမာယူယူသည် သေတ္တာယူကာ ပြောလေသည် “ကျွန်တော် စဉ်းစားနေတာ ခင်ဗျားမှာ ရတနာတွေ အများကြီးရှိနေတာ ခင်ဗျားသေသွားရင် ကျွန်တော် ယူလို့ရတာပဲ၊ ခင်ဗျားမှာ ဒီတည်ဆောက်မှုကျောက်ထက် ပိုကြီးတာရှိမှာပဲ၊ အဲလိုဆိုရင် ခင်ဗျားရဲ့ အစေခံကလည်း ခိုးစရာမလိုတော့ဘူး ခင်ဗျားရဲ့ ခေါင်းကို ခင်ဗျားရဲ့ ရန်သူဆီသွားပေးလိုက်ရင် သူတို့က ကျွန်တော့်ကို ဆုတောင်ပေးဦးမယ်”

ဆိုင်ရှင်ချူသည် ရှီမာယူယူ ပြောသမျှကို တိတ်ဆိတ်စွာ နားထောင်လေသည်။ သူသည် စိတ်လှုပ်ရှား ခြင်းရော ဒေါသထွက်တာရော ဖြစ်မနေပါ။ သူမသည် နောက်ပြောင်နေခြင်းသာဖြစ်သည်။ သူ သူမ စကားဆုံး  အောင် နားထောင်ပြီးချိန်တွင် မေးလိုက်သည် “မင်း အပေးအယူကို လက်ခံမှာလား လက်မခံဘူးလား”

ရှီမာယူယူသည် ဆိုင်ရှင်ချူ ဒေါသမထွက်သည်ကို တွေ့သောအခါ ဆက်ပြီးမနောက်တော့ပေ။ သူမ ပြန်ဖြေလိုက်သည် “ခင်ဗျားက အခြေအနေကို အရမ်းကြည့်တတ်တာပဲ၊ ကျွန်တော်က ဒီတည်ဆောက်မှု  ကျောက်တုံးကို သိပ်စိတ်ဝင်စားပေမဲ့ ခင်ဗျားရဲ့ ကိစ္စတွေကို ဝင်ပါဖို့ စိတ်မဝင်စားဘူး”

ဆိုင်ရှင်ချူ၏ မျက်လုံးများသည် မှိတ်တုပ်မှိတ်တုပ်ဖြစ်သွားလေသည်။

“ဒါပေမဲ့ ကျွန်တော် အပေးအယူလုပ်ပါမယ်” သူမ ဆက်ပြောလေသည်။

“ဘာအပေးအယူလဲ”

“ခင်ဗျားဒဏ်ရာကို ကျွန်တော်ကုပေးမယ် ကျွန်တော့်ကို ဒီကျောက်ပေး၊ အစေခံအတွက်ကတော့ ခင်ဗျား  စောင့်ရှောက်သွားတာပဲ ကောင်းပါလိမ့်မယ် သဘောတူလား”

“မင်းက သမားတော် မဟုတ်ရင် အဂ္ဂိရတ်ပညာရှင်လား”

“နှစ်ခုလုံးပဲ” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုလဲ သဘောတူလား မတူ့ဘူးလား၊ ထပ်ပြီး အချိန် ဆွဲမယ်ဆိုရင် ကျွန်တော် အပေးအယူမလုပ်တော့ဘူး၊ ဈေးကိုတောင် မြင့်လိုက်မယ်”

“မင်းက တည်ဆောက်မှုသခင်လေ” ဆိုင်ရှင်ချူ ပြောလိုက်သည်။

“ဒါပေမဲ့ အဲဒါက ကျွန်တော် ပထမအဆင့် အဂ္ဂိရတ်ပညာရှင်ဖြစ်တာကို မတားနိုင်ဘူးလေ”

“သဘောတူတယ်”

“မိုက်တယ်” ရှီမာယူယူသည် သူမပေါင်အားရိုက်ကာ တည်ဆောက်မှုကျောက်ပါသော သေတ္တာအား ဝိညာဉ်စေတီအတွင်းထည့်လိုက်လေသည်။ ထို့နောက်တွင် သူမသည် အပ်များထုတ်ကာ ခုတင်ပေါ်တွင် လှဲနေ ခိုင်းလိုက်လေသည်။ သူမသည် သူ၏ အဝတ်များကို ချွတ်လိုက်ရာ အတွင်းခံသာကျန်တော့လေသည်။

ဆိုင်ရှင်ချူသည် ရှီမာယူယူ အပ်များထုတ်လိုက်သည်ကို တွေ့လိုက်သည်နှင့် တစ်စုံတစ်ယောက်က ဒီလို နည်းလမ်းနှင့် ကုသခြင်းကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။

“ငါ့ကို သောက်ဖို့ဆေးပေးမှာ မဟုတ်ဘူးလား၊ ဘာလို့ အပ်တွေသုံးတာလဲ” သူသည် မေးလိုက်သည်။

“ဆေးလည်းပေးမှာပါ ဒါပေမဲ့ ခင်ဗျားရဲ့ ခန္ဓာကိုယ်က လုပ်ဆောင်ချက်တွေ မမှန်ဘူး၊ အဲဒါ ပုံမှန် လည်ပတ်ဖို့အတွက် ဒီအပ်တွေမသုံးရင် ဆေးသောက်လည်းအသုံးမဝင်ဘူး”

ရှီမာယူယူသည် ဆေးထုတ်ကာ ပြောပြီးသည်နှင့် သူ့ပါးစပ်ထဲသို့ ထည့်ကာ ကိုယ်ထဲမှ အဆိပ်ထုတ်ရန် လက်နှစ်ဖက်ဖြင့် အပ်သုံးလိုက်လေသည်။ သူမသည် အပ်များကို ယူကာ ဆိုင်ရှင်ချူ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုး လိုက်လေသည်။

ဆိုင်ရှင်ချူသည် အပ်စိုက်ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကာ သူ၏ အဓိကသွေးကြောများကို ဦးတည် ချက်ထားသည်ကို တွေ့လိုက်ရလေသည်။ နာကျင်မည်ဟု သူချက်ချင်း သိလိုက်သည်။

အပ်များစိုက်လိုက်သည့်အခါ သူ မသိလိုက်ဘာသာပင် မျက်လုံးမှိတ်မိလိုက်သည်။

All Chapters