မုန်တိုင်းမတိုက်ခင် ထိတ်လန့်စရာ
Vol. 116 Ch. 4.1256
"ဟုတ်ပါတယ် ငါ့မှာ ကန့်ကွက်စရာ မရှိပါဘူး ငါ့ရဲ့တစ်ခုတည်းသော မျှော်လင့်ချက်၊ ငါအမြဲတမ်း မျှော်လင့်ထားတဲ့အရာက လူတိုင်း ဒီနေရာကနေ ရုန်းထွက်ဖို့ပဲ..."
လုရွှမ်ရဲ့ အသံက ငြိမ်သက်နေပြီး ခံစားချက်လုံးဝ မရှိ။ ဖေးလော့နဲ့ ယောင်ကျားတို့ဟာ လုရွှမ်နဲ့ ဟောက်ထျန်းကို ကြည့်ပြီး ကျိုးယိနဲ့ ခမ်ဟွေးကိုလည်း ထူးဆန်းတဲ့ အမူအရာတွေနဲ့ ကြည့်နေခဲ့ကြသည်။
အသန်မာဆုံး မဟုတ်ရင်တောင် ရှင်သန်နိုင်သူတွေဟာ တိုက်ပွဲဝင်ဖို့ အဖွဲ့လိုက် လက်တွဲလုပ်ဆောင်ရဲသူတွေပါ။ အနည်းဆုံးတော့ သူတို့ရှေ့က လူတွေက အားကောင်းပြီး အစွမ်းထက်တဲ့ မျက်လုံးတွေ ရှိသည်။ သေရေးရှင်ရေးတဲ့ ရင်ဆိုင်ရတဲ့အခါ နည်းနည်း ပိုသူရဲကောင်းဆန်ကြသည်။
"ကောင်းပြီလေ ငါတို့ မိုက်မဲတဲ့စကားတွေ ပြောနေစရာ မလိုတော့ဘူး ကောင်းကောင်း အနားယူကြရအောင်... နေရောင်တွေ ပွင့်လာတဲ့အခါ အကျဥ်းထောင်ကို သွားကြမယ်"
ကျိုးယိက လူတိုင်းကို ကြည့်ကာ ဆိုသည်။ ချီတုံချတုံဖြစ်ဟန် မရှိသော်လည်း ဉာဏ်ကောင်းသူတွေမို့ ပြတ်ပြတ်သားသားပဲ ကြည့်နေသည်။ ခမ်ဟွေးဟာ နေရောင်အောက်တွင် စူးစူးရှရှ မျက်လုံးများဖြင့် ရပ်နေကာ သက်ရှိဗုဒ္ဓရုပ်ပွားတော်နှင့်တူ၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်ဖျော့ဖျော့ တောက်ပနေသဖြင့် လူအများက သူ့ကို လျှော့မတွက်ဝံ့ကြပေ။
ကျင့်ကြံသူတွေဟာ ကျိုးယိနဲ့ ခမ်ဟွေးကို နားမလည်နိုင်စွာ ကြည့်နေပေမယ့် လုရွှမ်ကို ကြည့်တုန်းကထက် သူတို့နှစ်ယောက်အပေါ် ယုံကြည်မှုလမ်းကြောင်း ရှိကြောင်း ရှင်းရှင်းလင်းလင်း မြင်ရသည်။
"အေးအေးဆေးဆေး အနားယူကြရအောင်...အဲဒီလူနှစ်ယောက်လည်း တစ်နေ့လုံး ဟန်ဆောင်နေတာ ပင်ပန်းနေလောက်ပြီ ငါတို့ရဲ့ လွတ်လပ်မှုနဲ့ ယှဉ်လို့မရပါဘူး"
ဟောက်ထျန်းက ဆိုရင်း လုရွှမ်ပုခုံးကို ပွေ့ဖက်ပြီး ထွက်သွားသည်။ ဟောက်ထျန်း ဂုဏ်ယူစွာဖြင့် ပြောနေသော်လည်း လုရွှမ်ကတော့ ဟောက်ထျန်း၏ မျက်လုံးများထဲက အထီးကျန်မှု အရိပ်အမြွက်ကို မြင်နိုင်သည်။
မဟာဂိုဏ်းနှင့် သန့်ရှင်းတဲ့မြေက မိသားစုတွင် မွေးဖွားခြင်းကြားက ခြားနားချက်မှာ မနည်းလှပေ။ မည်မျှပင် ထက်မြက်ပြီး တန်ခိုးကြီးသည်ဖြစ်စေ မွေးဖွားလာတဲ့ နေရာကြောင့် ဤလူများက သန့်ရှင်းတဲ့မြေက မိသားစုကို ပိုမိုယုံကြည်ကြသည်။
ဘယ်လောက်ပဲ အားထုတ်နေပါစေ မွေးဖွားလာပြီးချိန်မှာတော့ အဆင်မပြေပါဘူး။ ယနေ့ ဟောက်ထျန်း အေးစက်သော ကိုယ်ရည်ကိုယ်သွေးရှိပြီး အရာအားလုံးကို အေးစက်သောမျ က်လုံးဖြင့် ကြည့်နေသည်မှာ အကြောင်းပြချက်တစ်ခုသာ ရှိ၏။
လုရွှမ်လည်း ဟောက်ထျန်းရဲ့ ပုခုံးကို ပုတ်လိုက်သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ နူးညံ့စွာ ပြုံးပြရင်း အနားယူရန်နေရာကို ရွေးချယ်လိုက်သည်။ တခြားလူတွေကလည်း ငြိမ်သက်စွာ အတူတကွ အနားယူနေကြသည်။
"ခဏလေးအတွင်းမှာ တစ်ယောက်ယောက်က လွတ်မြောက်နိုင်မယ်လို့ မင်းထင်လား"
ဟောက်ထျန်းက ရုတ်တရက် အသံပို့လာသည်။ လုရွှမ် စိတ်ထဲကနေ ရယ်မောပြီး။
"လူတစ်ယောက်က လွတ်မြောက်ဖို့ကို စောင့်နေပြီ ဒါပေမဲ့ ကျိုးယိနဲ့ ခမ်ဟွေး ဘာလုပ်မယ်ဆိုတာကို ငါမြင်ချင်ပါသေးရဲ့ "
အချိန်တွေ ဖြည်းညှင်းစွာ ကုန်သွားသည်။ လူတိုင်းက အနားယူနေကြပေမယ့် ဘယ်သူမဆို အိပ်ပျော်အောင် လုပ်ဖို့ တွန်းအားပေးနေရသည်။ အန္တရာယ်တွေ ကြုံလာရလို့ သေလုနီးပါး ဖြစ်နေတဲ့ စစ်ပွဲကို ဘယ်သူက ငြိမ်သက်အောင် လုပ်နိုင်ပါ့မလဲ။
ဘဝနှင့် သေခြင်းကြားက ရွေးချယ်မှုဟာ ခက်ခဲတဲ့ ရွေးချယ်မှု တစ်ခုလိုပါပဲ။ လူတွေရဲ့ နှလုံးသားထဲမှာ အဆက်မပြတ် လှုပ်ရှားနေတဲ့ စိတ်ကို ဆွဲဆောင်နေသည့် အတိုင်းပင်။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် အနောက်သို့ ဂရုတစိုက် ဆုတ်ခွာသွားပြီးနောက် အမြန် ထွက်ပြေးသွားခဲ့သည်။
ဓားစွမ်းအင်တစ်ခု လင်းလက်သွားသည်။ ထိုလူရဲ့ လမ်းကို ပိတ်ဆို့လိုက်တော့ ကျိုးယိပင်။
"ငါ မသေချင်ဘူး!"
ကျိုးယိ၏ မျက်နှာတွင် ဒေါသလှိုင်းများ ပွက်ပွက်ဆူလာ၏။ ရှောင်ပြေးသူက ဤမျှ မြန်မြန်ဆန်ဆန် ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
"မင်း မသေချင်ဘူး သူများတွေလည်း မသေချင်ဘူး ဘယ်သူမှ မသေချင်ဘူး ထွက်ပြေးရင်ရော မင်း လွတ်မြောက်နိုင်မယ်လို့ ထင်နေလား"
ဤသူသည် သန့်ရှင်းတဲ့မြေက တပည့်တစ်ဦး ဖြစ်သော်လည်း ကျိုးယိကို တွန်းထုတ်သွားရန် အရည်အချင်း မပြည့်မီလှပေ။
လူငယ်: “မင်းက အသံကောင်းနေတာပေါ့... မင်းက အချိန်တန်ရင် ငါတို့ကို စွန့်ပစ်ထားတဲ့ ကလေးတွေလို ဆက်ဆံသွားမှာပဲလေ!"
ဓားတစ်ချောင်း ပြေးထွက်လာကာ ထိုလူငယ်အား နှစ်ပိုင်းခွဲ ဖြတ်သွားခဲ့သည်။ ကျိုးယိ ထိတ်လန့်တကြား လှည့်ကြည့်လိုက်တော့ ဓားကိုသိမ်းနေသူ လုရွှမ်ကို တွေ့လိုက်ရ၏။
"မင်းမလုပ်နိုင်ဘူး ဆိုမှတော့ ငါလုပ်မယ်!"
ဟောက်ထျန်းလည်း သူ့လက်ထဲက ဓားဖြင့်ဝှေ့ယမ်းကာ ထွက်ပြေးသွားသော အခြားဘုန်းကြီးတစ်ပါး မြေပေါ်သို့ လဲကျသွားသည်။
"လုရွှမ် မင်းမလုပ်နိုင်ခဲ့ရင် ငါ လုပ်မယ်!!"
ကျိုးယိသည် မာနကြီးသော်လည်း လွန်စွာစိတ်ရှုပ်ထွေးနေသည်။ သူသည် အစောက လူကို သတ်ပစ်ချင်သော်လည်း သူ့ရာထူးနှင့် ဂုဏ်သတင်းကြောင့် အလွယ်တကူ မပြုလုပ်နိုင်ခဲ့ဘဲ အချိန်အတော်ကြာအောင် တည်ခဲ့သော ဂုဏ်သတင်းကို မဖျက်ဆီးပစ်လိုက်ချင်ပေ။
လုရွှမ်နဲ့ ဟောက်ထျန်းက သဘာဝအားဖြင့် သူ့ကို များစွာ ကူညီပေးခဲ့ကြသော်လည်း ၎င်းတို့သည် ယခင်က သူ့မျက်နှာကို တိုက်ရိုက် ပျက်စေခဲ့ပြီးသားပင်။ ယခု ၎င်းတို့ကို မည်သို့ပင် ကြည့်နေပါစေ သိမ်ငယ်စိတ်များ ရှိနေသလို ခံစားရစေ၏။
"အော်မီတော်ဖော်... ဘယ်လောက်ကောင်းလိုက်လဲ ဘယ်လောက်ကောင်းလိုက်လဲ"
ရဟန်းငယ်က ခမ်ဟွေးကလည်း လက်ဝှေ့ယမ်းကာ မြတ်စွာဘုရား၏ အလင်းရောင်ကို ဖြန့်ကာ အသက်ရှုနေဆဲ လူနှစ်ယောက်ကို လွှတ်လိုက်သည်။
"ငါမှ ငရဲမသွားရရင် ဘယ်သူက ငရဲသွားမှာလဲ"
ယခု သူတို့အားလုံးသည် တစ်လှေတည်းစီးတွေ ဖြစ်နေပြီ။ တခြား ကျင့်ကြံသူတွေလည်း ထိတ်လန့်လာပြီး ကြောက်လန့်တကြားနဲ့ လူလေးယောက်ကို ကြည့်လာ၏။ သူတို့အမြင်အရတော့ ဒီလူလေးယောက်မှာ ဟောက်ထျန်းနဲ့ လုရွှမ်က တာဝန်ရှိတယ်ဆိုရင် ကျိုးယိနဲ့ ခမ်ဟွေးက နောက်ကွယ်က အုပ်ထိန်းသူတွေပါပဲ။
မကြာခင် မွန်းတည့်ချိန် ရောက်လာသည်။ အားလုံးက မနေ့ကနဲ့ နှိုင်းယှဥ်တာတောင် အချိန်တစ်နာရီနီးပါး တိုသွားပုံရတယ်လို့ ခံစားနေရသည်။ ဤကဲ့သို့ သိသာထင်ရှားသော ပြောင်းလဲမှုသည် အားလုံးကို ပို၍ပင် ထိတ်လန့်လာစေပါသည်။
နောက်ထပ် လူလေးယောက် ခေါင်းဖြတ်ခံရပြန်ရာ လုံးလုံး ထိတ်လန့်သွားပြီး စိတ်ဓာတ်တွေလည်း ပျက်စီးသွားသည်။
"သွားရအောင် အချိန်သိပ်မကျန်တော့ဘူး"
ကျိုးယိရဲ့ စကားကို လေက ပဲ့တင်ထပ်လိုက်သလိုပဲ လေညင်းတွေ ရိုက်ခတ်သွားသည်။ သွေးနံ့သင်းသင်းက လူတိုင်းရဲ့နှာခေါင်းကို ကြေမွသွားစေသလို ဝမ်းနည်းမှုတွေကိုလည်း ခံစားရစေ၏။
မနေ့က ရောက်တဲ့ နေရာကို နောက်တစ်ကြိမ် ပြန်ရောက်တော့ လူသုံးဆယ်ကျော် ဖြစ်သွားပြီ။ မနေ့ကကဲ့သို့ပင် မှော်မီးအိမ်၏ လမ်းညွှန်မှုမရှိဘဲ အတွင်းက သားရဲများ၏ ဟောက်သံကို အဝေးကပင် ကြားနိုင်သည်။
"အရင်ဆုံး ရှေ့ကို သွားကြည့်ရအောင်"
လုရွှမ်နဲ့ဟောက်ထျန်းက ရှင်းရှင်းလင်းလင်း သိပ်မပြောနေဘဲ ရှေ့သို့သာ ပြေးသွားခဲ့သည်။ ကျိုးယိနဲ့ ခမ်ဟွေးလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ခမ်ဟွေးက ဖေးလော့တို့ နှစ်ယောက်ဘက် ကြည့်လိုက်သော်လည်း နှစ်ယောက်သားက ညည်းတွားကာ သူ့ကို လျစ်လျူရှုသွားသည်။
"နောက်က သွားလိုက်ရအောင်"
သာမာန် အာကာသသားရဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးပြီ။ ဤလူတို့သည် အာကာသသားရဲများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြသော်လည်း ယခု သားရဲများက မျှော်စင်နယ်ပယ်ကို ကျော်လွန်သွားပြီ။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အာကာသသားရဲများ ရောက်ရှိလာကြလျှင် ကမူးရှူးထိုးနဲ့ ဘယ်သူက တားနိုင်မှာလဲ။
ထိတ်လန့်ကြောက်ရွံ့ပြီး ထွက်ပြေးတာမျိုးကလည်း လွတ်လမ်း မဟုတ်ချေ။
အရူးကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရတုန်းကလို အတင်းအကျပ် သတ်ပစ်ဖို့ ကြိုးစားရုံသာ ရွေးချယ်စရာ ရှိသည်။
အာကာသသားရဲတွေကို တစ်ယောက်ပြီး တစ်ယောက် မြင်လိုက်တဲ့အခါ ကြောက်စရာကောင်းတဲ့ ရောင်ဝါက သူတို့ကို ရိုက်ခတ်သွားတာကြောင့် လူတော်တော်များများလည်း ကြောက်လန့်ပြီး ပြန်ပြေးကြလေ၏။
"ဆရာ... ကျွန်တော် မကစားချင်တော့ဘူး ဂိုဏ်းကို ပြန်သွားချင်တယ်"
"ဖေဖေ ဘယ်မှာလဲ... အိမ်ပြန်ချင်တယ်"
လူငယ် တော်တော်များများအပြင် နတ်သမီးတွေလည်း အော်ငိုကုန်သည်။ နတ်ခြေလှမ်းနယ်ပယ်ကို ရောက်နေတဲ့ အာကာသသားရဲတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။