← Chapters

မိမိကိုယ်ကို ဖျက်ဆီးခြင်း

Vol. 116 Ch. 4.1259

မိမိကိုယ်ကို ဖျက်ဆီးခြင်း

Vol. 116 Ch. 4.1259

လုရွှမ် မှန်ကန်စွာ မှန်းဆထားသည့်အတိုင်း မကြာမီပင် အာကာသသားရဲကြီး ပြေးထွက်လာသည်။ ၎င်းက သူ့အနောက်မှ ခိုးထွက်လာခဲ့ခြင်းသာ။

လုရွှမ်၏ စိတ်ဝိညာဉ်စွမ်းအားသည် သူ့ပတ်ဝန်းကျင်တွင် ပျံ့နှံ့ထားတာကြောင့် အာကာသသားရဲ၏ အသက်ရှူသံ အတက်အကျများကို ချက်ချင်းဆိုသလို ခံစားလိုက်ရသည်။ ဒါပေမဲ့ ရှောင်တိမ်းဖို့ ဒီအတက်အကျလှိုင်းကို အားကိုးချင်တယ်ဆိုရင်တော့ အရမ်းနောက်ကျနေပါပြီ။

သူ့စိတ်ထဲတွင် ပထမဆုံးအကြိမ် တုံ့ပြန်လိုက်သောအခါ ခန္ဓာကိုယ်သည် ရုတ်တရက် ဘေးဘက်သို့ ရွေ့လျားသွားပြီး အာကာသသားရဲက သူ့အား အရှိန်အဟုန်ဖြင့် ကျော်တက်သွားခဲ့သည်။

ကြီးမားသော ခန္ဓာကိုယ်ကြီးသည် လုရွှမ်၏ခန္ဓာကိုယ်ကို မပွတ်တိုက်မိသော်လည်း ပြင်းထန်သော လေထုလှိုင်းက ဖြစ်ပေါ်လာခဲ့ပြီး လုရွှမ်အား ဟန်ချက်ကို တုန်လှုပ်လုနီးပါး ဖြစ်သွား​စေသည်။

လုရွှမ်၏ မျက်လုံးများသည် ရုတ်တရက် အလင်းမှုန်တွေဖြင့် တောက်ပလာသည်။ သူ့ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားတဲ့ ၎င်းကို ရှောင်ရင်း ချီထျန်းပုနဲ့ သူ့ခန္ဓာကိုယ်နောက်ကွယ်ရှိ ဖီးနစ်အတောင်ပံများက အရှိန်အဟုန်ဖြင့် လွင့်ပျံသွားကာ အာကာသသားရဲ၏ အမွေးကို ဖမ်းနိုင်ခဲ့သည်။

တဟုန်ထိုး မြည်သံနှင့်အတူ အနက်ရောင် လေတစ်ဆုပ်၏ အနံ့အသက်များ ထွက်လာပြီး သူ့လက်ဖဝါးထဲသို့ ရုတ်တရက် စိမ့်ဝင်လာသည်။ သူ့ကို အကြိမ်ပေါင်းများစွာ အဆိပ်ခတ်နေသလို ဖြစ်​နေသော်လည်း နာကျင်မှုမရှိပေ။

လုရွှမ်အတွက်တော့ ဒီနာကျင်မှုဟာ လေ့ကျင့်ခန်း တစ်ခုလိုပါပဲ။ သူ့ခန္ဓာကိုယ်ကို တွန်းအားပေးပြီး အာကာသသားရဲရဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက် နင်းမိသွားအောင် ကြိုးစားလိုက်သည်။

အောက်ရှိ အမွေးများထဲမှ အနက်ရောင် စွမ်းအင်များ ထွက်ပေါ်လာပြီး လုရွှမ်၏ ခန္ဓာကိုယ်ကို ဆက်လက် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

လုရွှမ်သည် အတိတ်မှ သင်ခန်းစာယူခဲ့ပြီး သဘာဝအတိုင်း သူသည် ခန္ဓာကိုယ်အပေါ်ပိုင်းကို ကာကွယ်ရန် ယွမ်ယန်စွမ်းအင်ကို လည်ပတ်စေသည်။ ကောင်းကင်မီးက ခန္ဓာကိုယ်အောက်ပိုင်းကို ကာကွယ်ရန် ပေါက်ကွဲထွက်နေခဲ့ပြီ။

အနက်ရောင်စွမ်းအင်များ မ၀င်ရောက်မီ ကောင်းကင်မီးနှင့် ယွမ်ယန်စွမ်းအင်တို့က လုံးဝ လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။ အာကာသသားရဲ၏ ခွန်အားနှင့် အရှိန်ဖြင့် လုရွှမ်သည် ၎င်း၏နောက်သို့ ပြန်တက်နိုင်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဘဲ အာကာသသားရဲကိုယ်တိုင်က သူ့ကို အခွင့်အရေး ပေးလိမ့်မည်ဟုလည်း မမျှော်လင့်ခဲ့ပေ။

ယခု သူသည် အာကာသသားရဲ၏ နောက်ကျောကို စီးနင်းလိုက်နိုင်ပါက သားရဲကို တိုက်ခိုက်ရန် ပိုမိုလွယ်ကူလာမည်။

အာကာသသားရဲသည် အလွန်အမင်း ဒေါသထွက်နေသည်မှာ ထင်ရှားပေ၏။ မာနကြီးသော အာကာသသားရဲ အနေဖြင့် ၎င်းသည် လူသားများကို လုံးဝ မျက်လုံးထဲ မထည့်ခဲ့သော်ငြား ဤလူသားက အမှန်တကယ်ပင် ၎င်းနောက်သို့ လိုက်ပါသွားနိုင်ကြောင်း ထင်ရှားသည်။

သူဂုဏ်ယူနေတဲ့ အနက်ရောင်စွမ်းအင်က လုရွှမ်အပေါ် သက်ရောက်မှုမရှိပါဘူး။ လုရွှမ်သာ တခြားသူဖြစ်ခဲ့ရင် အနက်ရောင် စွမ်းအင်တွေရဲ့ လွှမ်းမိုးမှုခံရလိမ့်မယ်။ တစ်ဖန် သားရဲဆီက အစိမ်းရောင် အငွေများ ပွက်ပွက်ထလာကာ အဆုံးမဲ့အပုပ်နံ့ကို ထုတ်လွှတ်လာတာကြောင့် လုရွှမ် အသက်ရှုကြပ်သွားခဲ့သည်။

သို့သော် မကြာမီက ဤကောင်းကင်မီးဟာ မျှော်စင်နယ်ပယ်ရှိ အာကာသသားရဲများ အပေါ်တွင် အလွန်အစွမ်းထက်ကြောင်း တွေ့ရှိခဲ့ရသော်လည်း နတ်ခြေလှမ်းနယ်ပယ်ရှိ အာကာသသားရဲများအပေါ် လောင်ကျွမ်းသောအခါတွင် ၎င်း၏အမြန်နှုန်းမှာ သိသိသာသာ လျော့ကျသွားခဲ့သည်။

ပြီးတော့ အနက်ရောင် စွမ်းအင်စီးကြောင်းတွေက သူ့ခန္ဓာကိုယ်ကို ပြုပြင်နေသယောင်နဲ့ အမွေးတွေကြားက ထွက်လာ၏။ ကောင်းကင်မီးရဲ့ တောက်လောင်မှု အရှိန်က တော်တော်လျော့သွားပြီ။

အာကာသသားရဲသည် ပြင်းထန်စွာ ရုန်းကန်ပြီး လုရွှမ်ကို လှဲချရန် ကြိုးစားရင်း ခုန်လိုက်သည်။ သို့သော် လုရွှမ်သည် အာကာသသားရဲပေါ်က လုံးဝ ပြုတ်မကျသွားဘဲ တောင်ကဲ့သို့ တည်ငြိမ်စွာ ဆုပ်ကိုင်ထားသည်။

ကျစ်!

ဒါပေမဲ့ အနက်ရောင် လျှပ်စီးကြောင်းက အာကာသသားရဲရဲ့ ဦးချိုနှစ်ချောင်းကနေ ထွက်လာခဲ့ပြန်သည်။

လုရွှမ် သူ့ပါးစပ်ကို ဟလိုက်တဲ့အခါ အနက်ရောင် နဂါးလေးများပါသော ခရမ်းရောင် နဂါးဘောလုံးကြီးသည် ဟောက်သံနှင့်အတူ မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းတို့ဖြင့် ထွက်လာ၏။ လုရွှမ်ဆီက နတ်မိုးခြိမ်းသံ၏ စွမ်းအားမှာ အနည်းငယ် မလုံလောက်ခဲ့ရာ သားရဲ၏ တိုက်ခိုက်မှုက သူ့ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်သွားသည်။

လုရွှမ်ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်သွားတာကြောင့် သူ့လက်များက အာကာသသားရဲ၏ အမွေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရသည်။ အနက်ရောင် လျှပ်စီးကြောင်းများက သူ့ခန္ဓာကိုယ်ကို အနည်းငယ်တုန်ခါသွားစေသော်လည်း သူ့လက်အားများက မလျော့သွားပေ။

ဤအာကာသသားရဲကို သတ်ရန် အခြားနည်းလမ်းများ ရှိနိုင်သည်ကို သူကောင်းစွာ သိသည်။ ဒါပေမဲ့ အာကာသသားရဲရဲ့ နောက်ကျောကို တက်ဖို့ နောက်ထပ် အခွင့်အရေး ရချင်တယ်ဆိုရင်တော့ အခွင့်အရေးဆိုတာ မရှိသလောက်ပါပဲ။

အခု တက်လာပြီမလို့ လုံးဝဆင်းလို့ မဖြစ်။

ဘာပဲဖြစ်ဖြစ် မိုးကြိုးပစ်ခံရတာတော့ သေချာပေါက် အားကောင်းပေမယ့် ယွမ်ယန်စွမ်းအင်ရဲ့ ကာကွယ်မှုအပြီးမှာတော့ လုရွှမ်ဟာ မကောင်းတဲ့ စွမ်းအင်မှန်သမျှကို ဂရုမစိုက်​တော့ပါဘူး။

လျှပ်စီးကြောင်းက သူ့ခန္ဓာကိုယ်ကို ရိုက်ချလိုက်တဲ့အခါ သူ့အရိုးပေါ်က မိုးကြိုးနိယာမ ပုံစံတွေက အလိုအလျောက် စုပ်ယူသွားပြီး အဲဒီလို မကောင်းတဲ့ အရာတွေကို ယွမ်ယန်စွမ်းအင်ကလည်း ဖယ်ရှားပစ်လိုက်သည်။

ထိုအရာက ခန္ဓာကိုယ်ကို အားကောင်းစေရုံသာမက ခန္ဓာကိုယ်အတွင်းရှိ မိုးခြိမ်းသံများကိုပါ အားကောင်းလာစေပါသည်။

နောက်ဆုံးတွင် ဤအာကာသသားရဲသည် မသေမျိုးနယ်ပယ်ထဲ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ၎င်း နားလည်နိုင်သော နတ်မိုးကြိုး နိယာမက သဘာဝအရ ပို၍ကြီးမားပါသည်။ ဤနတ်မိုးကြိုးက အနက်ရောင် နတ်မိုးခြိမ်းသံဖြစ်သည်ဟု ခံစားမိသော်လည်း ဆိုးသွမ်းသည့် အရာတချို့က ၎င်းကို ထောက်ပံ့ပေးထားသေးသည်။

လုရွှမ်သည် သဘာဝအတိုင်း ကောင်းသောနတ်မိုးခြိမ်းသံကို စုပ်ယူကာ မကောင်းသောအရာများကို သဘာဝအတိုင်း ချေဖျက်ပစ်လိုက်သည်။

အာကာသသားရဲသည်လည်း လုရွှမ်က သူ ပစ်ခတ်လိုက်သော အနက်ရောင် မိုးကြိုးကို အမှန်တကယ် ဖြိုခွဲနိုင်မည်ဟု လုံး၀ မမျှော်လင့်ထားဘဲ လုရွှမ်ကို တိုက်ခိုက်ရန် ကြိုးစားနေဆဲဖြစ်သည်။

မကြာခင်မှာပဲ လုရွှမ် သူ့ခန္ဓာကိုယ်ကို ပေါက်ကွဲနေတဲ့ နတ်မိုးခြိမ်းသံရဲ့ နာကျင်မှုကို သူ မခံစားနိုင်တော့ဘဲ သူ့ခမျာ အသုံးချခံလိုက်ရသလို ဖြစ်သွားသည်။

တစ်ဖက်မှာလည်း အာကာသသားရဲသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို လျင်မြန်စွာ တွေ့ရှိခဲ့ပြီး သူ့အပေါ်မှာ စီးနေသည့် ဘီလူးအမျိုးအစားကို မယုံနိုင်​အောင် ဖြစ်လာခဲ့သည်။ အနက်ရောင် စွမ်းအားတွေကို မကြောက်တဲ့အပြင် မိုးခြိမ်းသံက နက်နဲတဲ့ မိုးကြိုးကိုလည်း မကြောက်ချေ။ ဒါက နတ်မီးနယ်ပယ် တတိယအဆင့်ကို ရောက်နေတဲ့ လူ ဖြစ်နိုင်ရဲ့လား။

လူသားကျင့်ကြံသူတွေ ဘယ်တုန်းက ဒီလောက် တန်ခိုးကြီးလာတာလဲ။

လုရွှမ်၏ လက်ဖဝါးသည် ကောင်းကင်မီးကို ဆက်လက် လောင်ကျွမ်းစေပြီး ယွမ်ယန်စွမ်းအင်ကိုလည်း လည်ပတ်နေသည်။ မကောင်းတဲ့ အရာတိုင်းအတွက် ယွမ်ယန်စွမ်းအင်က ပြင်းထန်သော ထိုးနှက်ချက် ဖြစ်သည်။

ယွမ်ယန်စွမ်းအားဖြင့် ကောင်းကင်မီး၏ လောင်ကျွမ်းမှု အရှိန်မှာ သိသာထင်ရှားစွာ အရှိန်မြှင့်လာသည်။ ကောင်းကင်မီးက အာကာသသားရဲ၏ ခန္ဓာကိုယ်ထဲသို့ အမှန်တကယ် ထိုးဖောက် ဝင်ရောက်သွားသည်မှာ သေချာပါ၏။

ဝူး!

အာကာသသားရဲမှ ဝမ်းနည်းစွာ အော်လိုက်သည်။

ကျယ်လောင်စွာ ဟောက်လိုက်ပုံမှာ ၎င်းခန္ဓာကိုယ်မှ မှော်စွမ်းအား ကဏ္ဍအားလုံးကို လုရွှမ် ချုပ်ကိုင်ထားသလိုပင်။ သူ့တွင် နတ်ခြေလှမ်းနယ်ပယ်သို့ တက်လှမ်းရန် လေ့ကျင့်ထားသော်လည်း နတ်မီးနယ်ပယ်က ကျင့်ကြံသူဆီ ဖိနှိပ်မှုကို ခံခဲ့ရသည်။

ဒီကောင်းကင်မီးကို ခံနိုင်ရည်ရှိဖို့ လုံးဝ မတားနိုင်ပါဘူး။ ဒါကြောင့်မို့ လုရွှမ်ကို မှောက်ချဖို့က ပိုလို့တောင် မဖြစ်နိုင်ပေ။ လုရွှမ်၏ လက်ဖဝါးသည် ၎င်း၏ကိုယ်တွင်း အင်္ဂါများနှင့် စိတ်ဝိညာဉ်ကို ဆက်လက် လောင်ကျွမ်းသွားကာ ၎င်း၏ခန္ဓာကိုယ် အတွင်းအထိ ထိုးဖောက်ဝင်ရောက်သွားသည်ကို ခံစားမိနေပြီ ဖြစ်သည်။

ထိုလူသားက အဘယ်ကြောင့် ဤကဲ့သို့သော စွမ်းအားကို အသုံးပြုနိုင်ကြောင်း သူ့ဝိညာဉ်က တဖြည်းဖြည်း ခံစားလာရသည်။ ဤစွမ်းအားမျိုးသည် ၎င်းတို့လို အမှောင်ထဲက အာကာသသတ္တဝါ အားလုံး အကြောက်ဆုံးအရာ ဖြစ်နေလို့ပါပဲ။

ဤကျင့်ကြံသူဟာ အာကာသသတ္တဝါ အားလုံး၏ အကြီးမားဆုံးရန်သူ ဖြစ်လာရန် ရည်မှန်းထားလေပြီ။ အာကာသသားရဲသည် ချက်ချင်းသေရန် ဆုံးဖြတ်ချက် ချခဲ့သော်လည်း ၎င်း၏သေဆုံးခြင်းကို လုရွှမ်က ချုပ်ကိုင်ထားလေ၏။

All Chapters