အပိုင်း (၄၅၀) – သူတို့နှင့်အတူ ထွက်ခွာခြင်း
Vol. 005 Ch. 450
ပူလောင်ကာ ဖူးရောင်နေသော်လည်း ထင်ထားသလောက် မနာကျင်ပေ။
သူ့မျက်လုံးများဖွင့်လိုက်ရာ ရှီမာယူယူသည် ဖျော်ဖြေနေသည့် လူတစ်ယောက်ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“အဲဒါ ဘယ်လိုကုသတဲ့နည်းလမ်းလဲ” သူ မေးလိုက်သည်။
“အပ်စိုက်ကုထုံး” ရှီမာယူယူသည် သူ့အား အပ်စိုက်ရင်း ပြောလေသည် “ခင်ဗျားရဲ့ ဒဏ်ရာတွေက အခု အရမ်းပြင်းထန်နေတယ် စကားမပြောတာကောင်းမယ် ဆေးအာနိသင်တွေ စုပ်ယူဖို့ စွမ်းအားတွေ ချွေတာဦး”
ဆိုင်ရှင်ချူသည် အမှန်တကယ်ပင် ပင်ပန်းနေပြီဖြစ်သည်။ သို့သော် သူ့မျက်လုံးများ ပွင့်လာကာ ပြောလေသည်၊ “ချူချောင်ထန်”
“ဟင်”
“ငါ့နာမည်” ချူချောင်ထန်သည် မျက်လုံးမှိတ်ကာ ထပ်ပြီးစကားမပြောတော့ပဲ သူ့ခန္ဓာကိုယ်အား ရှီမာယူယူ အပ်စိုက်ရန် အပ်ထားလေသည်။
သူ ငြိမ်သက်နေစဉ်တွင် မှေးမိန်နေသော အားသည် တဖြည်းဖြည်း သက်သာလာသည်ကို ခံစားလိုက်ရ သည်။ သူ့တွင် သေတော့မည့် အရိပ်အရောင် မရှိတော့ပေ။ သူ့ခန္ဓာကိုယ်မှ အဝတ်များနှင့် ရှီမာယူယူ ပြော လိုက်သော စကားကြောင့် သတိပြန်ဝင်လာသည်။
“ကောင်းပြီ အရေးကြီးတဲ့အခြေအနေတော့ ကျော်သွားပြီ”
ချူချောင်ထန်သည် မျက်လုံးဖွင့်ကာ ရှီမာယူယူအား ကြည့်လိုက်သည်။ သူမ မျက်လုံးများသည် ပင်ပန်း သည့်အရိပ်အယောင်များဖြစ်နေသည်။ သူ့အားကယ်ရန် သူမသည် စိတ်စွမ်းအင် တော်တော်များများ သုံးလိုက် ရသည်ထင်သည်။
“ကျေးဇူးပဲ” သူပြောလိုက်ချိန်တွင် အသံသည် အားနည်းနေသေးသည်။
“ကျေးဇူးတင်တယ်ဆိုရင် အခန်းငှားခတွေ မယူနဲ့တော့လေ” ရှီမာယူယူသည် အပ်များကို သိမ်းရင်း ပြော လေသည်။
“ကောင်းပြီ” ချူချောင်ထန်သည် တိုက်ရိုက်ပင် သဘောတူလေသည်။
ရှီမာယူယူသည် အားလုံးအား သိမ်းရင်း ချူချောင်ထန်အား ကြည့်ကာ ပြောလေသည် “ကျွန်တော် မေးဖို့ စောင့်နေတာ အခုမှပဲ မေးရတော့တယ်၊ ကျွန်တော်သာ မကယ်ရင် ခင်ဗျားတော့ ၂နာရီလောက်ပဲ အသက်ရှင် နိုင်တော့မှာ တကယ်ပဲ ခင်ဗျားရဲ့ အစေခံကို မပြောပဲထားတော့မလို့လား”
“သူက လျှန်ဟုန်လို့ခေါ်တယ်” ချူချောင်ထန် ပြောလေသည် “မင်းတို့ သူ့ကို ခေါ်မသွားဘူးဆိုရင် သူ့ကို ဒီမှာပဲ တစ်သက်လုံးနေခိုင်းရတော့မှာပေါ့”
“ရက်စက်လိုက်တာ” ရှီမာယူယူသည် ထိုစကားတစ်လုံးသာ ပြောလေသည်။
“သူကောင်းဖို့ပါ” ချူချောင်ထန်သည် ခါးသက်စွာ ပြုံးလေသည်။
“အခုရော ခင်ဗျားမသေဘူးဆိုတော့ ဒီမှာပဲနေသွားတော့မှာလား”
“စဉ်းစားကြည့်ရမှာပေါ့”
“အချိန်ယူပေါ့” ရှီမာယူယူသည် စားပွဲပေါ်တွင် ကျောက်စိမ်းပုလင်းတင်ကာ ပြောလေသည် “ခင်ဗျား မနက်ဖြန် ဒီအချိန်ကိုပဲ ဆေးသောက်လိုက်ရင် ကောင်းသွားမှာပါ”
“ကျေးဇူးအများကြီးတင်ပါတယ်”
“ရပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လည်း တန်ရာတန်ကြေးယူတာပဲ” ရှီမာယူယူ ပြောလေသည် “ခင်ဗျား မကောင်းသေးဘူးလို့ ခံစားရရင် တည်ဆောက်မှုကျောက်တုံး နောက်တစ်တုံးပေးရင်ရတာပဲ”
“ဝင်ပေါက်က ဟိုမှာပါ ငါလိုက်မပို့တော့ဘူး”
ရှီမာယူယူသည် သူ့အား ဆက်ပြီးမနောက်ပြောင်တော့ပဲ လှည့်ထွက်လေသည်။ သူမသည် ပင်မ ဝင်ပေါက်ကို ဖွင့်လိုက်ရာ အပြင်တွင် လျှန်ဟုန်သည် ရပ်ပြီး ငိုနေသည်ကို တွေ့လိုက်သည်။
“မင်းဝင်သွားလို့ရပါပြီ” သူမသည် ပြောပြီးနောက် ထွက်သွားလေသည်။
လျှန်ဟုန်သည် ထွက်မသွားခဲ့သည်ကို ရှီမာယူယူသိသည်။ ချူချောင်ထန် တစ်ယောက်သာ ဒဏ်ရာ ပြင်းထန်လွန်းသဖြင့် အာရုံခံစားမှုများပျောက်ကာ သူအပြင်တွင်ရှိနေသည်ကို မသိခဲ့ခြင်းဖြစ်သည်။
“ကျေးဇူးပါပဲ” လျှန်ဟုန်သည် ရှီမာယူယူအား ကျေးဇူးတင်စွာ အရိုအသေပေးလေသည်။
ရှီမာယူယူသည် ပြုံးပြီး အိမ်မှ ထွက်သွားလေသည်။
အခုချိန်တွင် သူတို့နှစ်ယောက်သည် ပြောစရာအများကြီး ရှိနေမည်ကို သူမ သိသည်။ သူမ သူတို့ ကိစ္စများကို ရှောင်ရှားရန်အတွက် ထိုအကြောင်းများကို မသိတာကောင်းသည်။
သူမသည် ဂရုစိုက်ရမည့် လူနာအတွက် အပြည့်အဝတာဝန်ရှိသဖြင့် ခရီးစဉ်ကို ရက်အနည်းငယ် ဆိုင်းငံ့ ထားလိုက်သည်။
၅ရက်ကြာပြီးသောအခါ ချူချောင်ထန်သည် အပြင်သို့ထွက်လောက်အောင် ပြန်ကောင်းလာသည်။ ရှီမာယူယူတို့ ပိုက်ဆံရှင်းတော့ မည်ကို ကြည့်ပြီး ပြောလေသည် “မင်း ပေးစရာမလိုတော့ပါဘူး”
“အဲလိုဆိုရင် ကျွန်တော်တို့ ပေးထားတဲ့ စရံကို ပြန်ပေးမှာလား” ရှီမာယူယူ မေးလိုက်သည်။
“မရဘူးလေ၊ ပေးထားပြီးသားတော့ ပြန်တောင်းလို့မရဘူး” ချူချောင်ထန်သည် ရုပ်တည်သွားလေ သည်။ ရှီမာယူယူ ထိုအကြောင်းကို ပြောမည်ကို သူစိုးရိမ်နေခဲ့သည်။
ရှီမာယူယူ ပြုံးကာ ရှီမာလိုင်အားပြောလိုက်သည် “အဘိုးသွားရအောင်”
သူတို့အဖွဲ့သည် တည်းခိုဆောင်မှထွက်သွားရာ ချူချောင်ထန်သည် မှိုင်တွေကျန်ခဲ့လေသည်။ သူသည် သန့်ရှင်းရေး လုပ်နေသော လျှန်ဟုန်လက်လှည့်ကာ မေးလိုက်သည် “မင်း သူတို့နဲ့ လိုက်သွားချင်လား”
လျှန်ဟုန်သည် မျက်ဖြူလှန်ကာ ပြောလေသည် “သူတို့နဲ့ သွားချင်တာ သခင်လေ၊ ဘာလို့ ကျွန်တော့်ကို ဆွဲထည့်နေတာလဲ”
“အဲဒါဆိုရင် မင်းက သူတို့နဲ့ ထွက်သွားချင်ဘူးပေါ့” ချူချောင်ထိန်သည် မျက်လုံးမှေးကာ ပြောလေ သည်။
“သွားချင်တယ်” လျှန်ဟုန်သည် တံမြက်စည်းအား ဘေးသို့ ပစ်ကာ အော်လေသည်။
“ဒါဆို အထုတ်မထုတ်သေးဘူးလား”
“အခုပဲ လုပ်လိုက်မယ် ခဏဆိုရပြီ”
လျှန်ဟုန်သည် သူ့အနောက်က အခန်းသို့ ပြေးသွားရင်း ပြောလေသည်။
“အဲကောင်လေးကတော့” ချူချောင်ထန်သည် စနောက်ကာ အော်လိုက်လေသည်။
ရှီမာယူယူနှင့် တခြားသူများသည် ကောင်းကင်ကျားအိမ်တော်သို့ ဦးတည်ကြလေသည်။ ကောင်းကင် ကျားအိမ်တော်မှ လူများသည် သူမအား ကြည့်ကြသည်။ သူမသည် ဖြတ်လမ်းတည်ဆောက်မှုကို သုံးချင် သည်ဟု ပြောသဖြင့် သူတို့သည် ဖြတ်လမ်းတည်ဆောက်မှုအိမ်သို့ ရိုသေစွာ လိုက်ပို့ကြလေသည်။
ဖြတ်လမ်းတည်ဆောက်မှုသည် ပြင်ပြီးသွားသော်လည်း အပြင်လောကနှင့် မဆက်သွယ်ရသေးပေ။ သူတို့သည် ထိုနေရာအား တခြားသူများ မနှောင့်ယှက်ရန်အတွက် စောင့်ရှောက်ရန် လူလွှတ်လိုက်လေသည်။
ရှီမာယူယူရောက်လာချိန်တွင် ကျောင်ဟိုင်မိုသည် သတင်းရသဖြင့် အပြေးလာလေသည်။
“သခင်ကြီးသွားတော့မှာလား” ကျောင်ဟိုင်မိုသည် ရိုသေစွာ မေးလေသည်။
“ဟုတ်တယ်၊ ကျွန်တော်က ဒီကနေ အပြင်ကိုသွားဖို့ အမြဲတမ်းတွေးနေတာ၊ ဒီလောက် ကြာသွားမယ် လို့တောင်မထင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “အဲဒါဘာလဲ တည်ဆောက်မှုကို ဘယ်သူမှ မသုံးရသေးဘူး လား”
“မသုံးရသေးဘူး လူနှစ်ယောက်လွှတ်ပြီး သုံးခိုင်းတာ ဘေးကင်းကင်းနဲ့ပဲ ပြန်လာတယ်လေ၊ ဖြတ်လမ်း တည်ဆောက်မှုက အချိန်အတော်ကြာမှ ပြန်ကောင်းသွားတာ အားလုံးလန့်နေမှာစိုးလို့ အပြင်လောကနဲ့ မဆက်သွယ်ရသေးဘူး”
“ဒါဆို ကျွန်တော်တို့ သုံးလို့ရလား” ရှီမာယူယူ မေးလိုက်သည်။
“ရတာပေါ့” ကျောင်ဟိုင်မို ပြောလိုက်သည် “သခင်ကြီးက သုံးချင်တယ်ဆိုရင် အချိန်မရွေးသုံးလို့ရ ပါတယ်”
“ကျေးဇူးအများကြီးတင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “အဘိုး သွားကြမယ်”
သူတို့သည် ခန်းမကြီးထဲသို့ဝင်ကာ ဖြတ်လမ်းတည်ဆောက်မှုအထဲတွင် ရပ်လိုက်ကြသည်။ သူတို့သည် ဝိညာဉ်စွမ်းအင်များ ထည့်မလို့လုပ်တုန်းပင် တစ်ယောက်ယောက်အော်သံကို ကြားလိုက်ရလေသည်။
“နေဦး နေဦး ငါတို့ကို စောင့်ဦး”
ရှီမာယူယူသည် အပြင်သို့ ကြည့်လိုက်ရာ လူနှစ်ယောက် ပြေးလာသည်ကို တွေ့လိုက်လေသည်။
“သခင်ကြီးရှီမာ စောင့်ပါဦၤး” လျှန်ဟုန်သည် ရှီမာယူယူနှင့် တခြားသူများကို တွေ့လိုက်သောအခါ လက်ဝေ့ရမ်းလိုက်သည်။
ချူချောင်ထန်သည် အနောက်မှလိုက်လာကာ သူတို့နှစ်ယောက်သည် အိမ်ထဲသို့ ဝင်လာလေသည်။
သူ့လိုလူကပဲ ဒီနေရာသို့ ခွင့်ပြုချက်မရှိပဲ ဝင်လာနိုင်သည်။
“ဆိုင်ရှင်ချူလား ခင်ဗျားတို့လည်း ထွက်သွားကြတော့မလို့လား” ကျောင်ဟိုင်မိုသည် ချူချောင်ထန်နှင့် လျှန်ဟုန်တို့အား ရှုပ်ထွေးစွာ ကြည့်ကာ မေးလိုက်သည်။
“ကျွန်တော်တို့ တည်းခိုဆောင်လုပ်တာ လုံလောက်ပြီဆိုတော့ လမ်းလျှောက်ထွက်ချင်တယ်တဲ့၊ အဲတော့ ကျွန်တော်လည်း အစေခံမဟုတ်တော့ဘူး” လျှန်ဟုန်သည် အားရပါးရပြုံးလေသည် “သခင်ကြီးရှီမာ ကျွန်တော်တို့ကိုပါ ခေါ်သွားလို့ရလား”
“ငါတို့က မင်းတို့သွားမယ့်နေရာကို သွားမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“တူတယ် တူတယ်” လျှန်ဟုန် ပြောလိုက်သည် “သခင်ကြီးတို့သွားမယ့် နေရာကို ကျွန်တော်တို့ သွားမှာ ဆိုတော့ မတူတာတော့မဟုတ်ဘူး”
“ခင်ဗျားတို့ ကျွန်တော်တို့နဲ့ သွားဖို့ ဆုံးဖြတ်ပြီးပြီပေါ့” ဖက်တီးကျူသည် ပြုံးပြီး ပြောလေသည်။
“သခင်ကြီးတို့ သွားလေရာကို ကျွန်တော်တို့ကို ခေါ်သွားရင် အကောင်းဆုံးပဲလို့ ကျွန်တော့်သခင်က တယ်” လျှန်ဟုန် ပြောလိုက်သည်။
သူသည် အစိမ်းရောင်ဗိဗ္မာန်အကြောင်း ပြောနေသည်ကို ရှီမာယူယူသိသည်။ ချူချောင်ထိန်သည် တိမ်တိုက်ပျံနန်းတော်၏ နန်းတော်သခင်အကြောင်း သိနေသည်ကို စဉ်းစားလိုက်ရာ သူတို့သည် သိကျွမ်းမည်ဟု သူမ ခန့်မှန်းမိသည်။
“အဲလိုဆိုမှတော့ သွားကြတာပေါ့”
“ကောင်းတယ်” လျှန်ဟုန်သည် ဖြတ်လမ်းတည်ဆောက်မှုအပေါ်သို့ တက်ပြီး ချူချောင်ထန်သည်လည်း အေးဆေးစွာ တက်လိုက်လေသည်။
“သခင်ကြီး ဘယ်သွားမှာလဲ” ကျောင်ဟိုင်မို ပြောလိုက်သည်။
“ပန်းမြို့တော်” ရှီမာယူယူ ပြောလိုက်သည်။
ပန်းမြို့တော်… ထိုမြို့တွင် အစိမ်းရောင်ဗိဗ္မာန်သို့ တိုက်ရိုက်ရောက်သော ဖြတ်လမ်းတည်ဆောက်မှု ရှိ သည်။
ကျောင်ဟိုင်မိုခေါင်းညိတ်ကာ ပန်းမြို့တော်နေရာသို့ ဝိညာဉ်စွမ်းအင်များထည့်လိုက်သည်။ တည်ဆောက် မှုသည် လှုပ်ရှားသွားကာ အလင်းများထွက်လာပြီး သူတို့အဖွဲ့သည် ဖြတ်လမ်းတည်ဆောက်မှုအတွင်းတွင် ပျောက်သွားလေသည်။
ပန်းမြို့တော် အပြင်ဘက်တွင် လေဟာပြင်တစ်ခုပွင့်သွားကာ ရှီမာယူယူနှင့် တခြားသူများ ထွက်လာ ကြသည်။ ထိုအချိန်တွင် သူတို့သည် မြို့တော်နှင့် ကီလိုမီတာ သန်းချီဝေးသေးသည်။
“ဖြတ်လမ်းတည်ဆောက်မှုက တကယ်ပဲ ပြဿနာပဲ မြို့ကို တိုက်ရိုက်ပို့မပေးဘူး” ဖက်တီးကျူ စောဒက တက်လေသည်။
“ဒီမှာ လုံခြုံရေးကြပ်တယ်၊ ကောင်းကင်ကျားအိမ်တော်လိုနေရာမျိုးက ပန်းမြို့တော်ကို တိုက်ရိုက် မရောက်နိုင်ဘူး၊ အနီးအနားပဲရောက်တာ” ချူချောင်ထန် ရှင်းပြသည်။