အပိုင်း (၄၅၁) – ရေထဲသို့ ဆွဲချခံရခြင်း
Vol. 005 Ch. 451
ရှီမာယူယူသည် ချူချောင်ထန်အား ကြည့်ကာပြောလိုက်သည် “ဒီအထိ ရောက်လာပြီဆိုတော့ လမ်းခွဲ ကြတာပေါ့”
“မလောပါနဲ့” ချူချောင်ထန် ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ ဦးတည်ချက်က အစိမ်းရောင် ဗိဗ္မာန်မလား ငါလဲ အဲဒီပဲသွားမှာပဲ၊ အတူတူသွားကြတာပေါ့၊ တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်လို့ရ တယ်လေ”
“ခင်ဗျားနဲ့ ရှိနေရင် တစ်ယောက်နဲ့ တစ်ယောက် စောင့်ရှောက်ပေးမယ်လို့ မထင်မိဘူး” ရှီမာယူယူသည် ပွင့်လင်းစွာ ပြောလေသည်။
“ဒါပေမဲ့ ငါနဲ့ ရှိနေရင် အစိမ်းရောင်နန်းတော်ကို မြန်မြန်ဝင်လို့ရမယ်လေ၊ မဟုတ်ရင် မင်းတို့ သူတို့ရဲ့ ဖြတ်လမ်းတည်ဆောက်မှုကို သုံးချင်ရင်တောင် ရွာလည်နေမယ်” ချူချောင်ထန်သည် ပြုံးပြီး ယပ်တောင် ဝေ့ရမ်း ကာ ဘယ်ဘက်သို့ ကြည့်နေလေသည်။
“ယူယူ ငါတို့က သူတို့နဲ့ တစ်လမ်းတည်းဖြစ်နေတော့ အတူသွားကြမလား” ဖက်တီးကျူ ပြောလိုက် သည်။
“သူတို့လမ်းလျှောက်တာ အရမ်းကြာတယ်” ရှီမာယူယူ ပြောလိုက်သည်။
အာ…
“တည်ဆောက်မှုကျောက် ၂တုံး” သူသည် ဆိုလိုရင်းကို နားလည်သောကြောင့် ပြောလိုက်သည်။
ရှီမာယူယူသည် သူ့အား စိုက်ကြည့်ပြီး ပြောလိုက်သည် “သီးသန့်သွားပြောရအောင်”
“ကောင်းပြီ”
သူတို့ လျှောက်သွားပြီးနောက် ချူချောင်ထန် နေရာများပိုင်းခြားလိုက်သည်။ အားလုံးသည် သူတို့ နှစ် ယောက် အထဲတွင် စကားပြောနေသည်ကို ကြည့်နေကြသည်။ အစပိုင်းတွင် ချူချောင်ထန်သည် တစ်ချိန်လုံး အဆက်မပြတ်ပြောနေကာ ရှီမာယူယူသည် မျက်မှောင်ကြုတ်နေသည်။
“လျှန်ဟုန်က တိမ်တိုက်ပျံနန်းတော်ရဲ့ တူလို့ပြောလိုက်တာလား၊ အဲဒါဆို သူ့မိဘတွေက ဘယ်သူ တွေလဲ” ရှီမာယူယူ မေးလိုက်သည်။
“တိမ်တိုက်ပျံနန်းတော်ရဲ့ နန်းတော်သခင်က လျှန်ဇီလို့ ခေါ်တယ်၊ သူက လျှန်မျိုးနွယ်ခွဲတွေရဲ့ ဒု သခင်လေးပဲ လျှန်ဟုန်ရဲ့ အဖေက သူ့အစ်ကို” ချူချောင်ထန် ပြောလေသည်။
“သူ့အမေကရော”
“သူ့အမေက ဖေမျိုးနွယ်ခဲတွေရဲ့ ဆွေမျိုးအဝေးထဲက သခင်မလေးပဲ.. ဖေမျိုးနွယ်က လျှန်မျိုးနွယ်ရဲ့ ရန်သူ” ချူချောင်ထန် ရှင်းပြလေသည် “ဖေမျိုးနွယ်က သူတို့ နှစ်ယောက်ဆက်ဆံရေးကို မကျေနပ်ဘူး သူတို့က ဒီကလေး လျှန်ဟုန်နဲ့ အမျိုးမဖြစ်ချင်ဘူး၊ အဲတော့ ဒီနှစ်တွေမှာ သူ့ကို သတ်ဖို့ လူလွှတ်ထားခဲ့တာ”
“အဲဒါကြောင့် သူ့ကို ကောင်းကင်ကျားဧရိယာခေါ်သွားပြီး သူတို့ရဲ့ ဖြတ်လမ်းတည်ဆောက်မှုကို ဖျက်ဆီး လိုက်တာပေါ့” ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။
“ကောင်းကင်ကျားဧရိယာက မထင်မရှား စီရင်စုနယ်ပဲ ငါတို့ ဒီမှာရှိမယ်လို့ သူတို့ထင်မှာတောင် မဟုတ် ဘူး ဖြတ်လမ်းတည်ဆောက်မှုမရှိရင် ဝိညာဉ်သားရဲတွေဝိုင်းနေတော့ လူအများစု မရှာနိုင်ကြဘူး” ချူချောင်ထန် သည် သူမအား မငြင်းဆန်ပေ။
“ဒါပေမဲ့ တိုက်ရိုက်ရောက်နိုင်တဲ့ လေဟာပြင်ဝင်ပေါက် လုပ်နိုင်တဲ့သူတွေရှိတယ်လေ” ရှီမာယူယူ ပြော လိုက်သည်။
ဥပမာအနေနှင့် အဘိုးနတ်ဆိုးနှင့် ဝူလင်းယူကဲ့သို့…
သူမ ဝူလင်းယူအား တွေးမိလိုက်ရာ လူတိုင်း လေဟာပြင်ဝင်ပေါက်မလုပ်နိုင်သည်ကို သတိရသွား သည်။ အံ့ဖွယ်အဆင့် အထက် ရှိသောသူများသာ လုပ်နိုင်သည်။ အဲဒါဆို သူက ဒီလောက်ငယ်ငယ်လေးနဲ့ အံ့ဖွယ်အဆင့်ထက် မြင့်နေတာပေါ့။
ချူချောင်ထန်သည် သူမ စဉ်းစားနေသည်ကို မသိပဲ ဆက်ပြောလေသည် “ဖေမျိုးနွယ်က အဲလို လေဟာပြင်ဝင်ပေါက်တွေ လုပ်နိုင်တဲ့သူတွေက ဒီလိုကိစ္စမျိုးလောက်ကို ဝင်မပါဘူး”
“ဘာလို့လဲ”
“ငါသိသလောက်တော့ ဖေမျိုးနွယ်က သခင်လေးထဲက တစ်ယောက်လုပ်တာဆိုပဲ သူက အရင်က လျှန်ဟုန်ရဲ့ အမေကို ကြိုက်ခဲ့တာတဲ့” ချူချောင်ထန် ပြောလေသည်။
“ဒါဆိုရင် ကျွန်တော်တို့က ဖေမျိုးနွယ်တစ်ခုလုံးကို တိုက်ရမှာမဟုတ်ဘူးပေါ့” ရှီမာယူယူ ပြောလိုက် သည် “ဖေမျိုးနွယ်နဲ့ လျှန်မျိုးနွယ်က ဘယ်လိုနောက်ခံတွေရှိလဲ”
“သူတို့က အစိမ်းရောင်ဗိဗ္မာန်မှာ ဒုတိယအင်အားကြီးဆုံးလောက်ပဲ” ချူချောင်ထန် ပြောလေသည်။
“ရွှတ်” ရှီမာယူယူ ချူချောင်ထန်အား မုန်းတီးစွာ ကြည့်ကာ “ခင်ဗျားက ကျွန်တော့်ကို ဆွဲချနေတာလား၊ ခင်ဗျားက အဲလိုအင်အားကြီးမျိုးနွယ်တွေကို ဆန့်ကျင်ဖို့ ဆွဲချနေတာပဲ မဖြစ်တော့ဘူး ကျွန်တော် ခင်ဗျားတို့နဲ့ မသွားတော့ဘူး အရမ်းအန္တရာယ်များတယ်”
“မင်း ရောက်နေပြီးပြီလေ” ချူချောင်ထန် အားရပါးရပြုံးလိုက်သည် “မင်း ငါတို့နဲ့ အတူ ပန်းမြို့တော် အပြင်ရောက်နေပြီဆိုရင်ကို ဖေမျိုးနွယ်လို အင်အားကြီးက သတင်းကြားပြီးလောက်ပြီ မင်းအခု ငါတို့နဲ့ လမ်းခွဲ ရင်တောင် ဖေမျိုးနွယ် မင်းတို့်နောက်ကိုလိုက်ပြီး သတ်တာကို ရှောင်လို့မရဘူး၊ အဲလူက တစ်ယောက်မှားတာနဲ့ တစ်ထောင်လုံးသတ်တဲ့လူမျိုး”
ရှီမာယူယူ အကူအညီမဲ့စွာ ပြောလိုက်သည် “ကျွန်တော်တို့က အနိမ့်ပြည်ကလာတဲ့ သနားစရာလူတွေ ပါ ဘာလို့ ခင်ဗျားတို့ သေမယ့်ဇာတ်လမ်းထဲ ဆွဲသွင်းရတာလဲ”
“မဟုတ်ဘူး မင်းရှိနေလို့ ငါတို့အသက်ရှင်နိုင်တယ်” ချူချောင်ထန် ပြောလိုက်သည် “ဒီနှစ်တွေမှာ လျှန်ဟုန်နဲ့ လျှန်ဇီတို့ တွေ့နိုင်အောင် ငါကြိုးစားခဲ့တယ် ဒါပေမဲ့ ငါ ကောင်းကင်ကျားဧရိယာကထွက်တာနဲ့ ဖေ မျိုးနွယ်က လိုက်ပြီးသတ်တော့တာပဲ၊ အစိမ်းရောင်ဗိဗ္မာန်က လျှန်ဇီကို ရှာဖို့မပြောနဲ့”
“ကျွန်တော်တို့က သာမာန်အံ့ဖွယ်အဆင့်အဖွဲ့ပါ တိုက်ခိုက်ရမှာနဲ့တွေ့ရင် သေချာပေါက်နောက်ဆုတ် မှာပဲ ကျွန်တော်တို့ကို ဆွဲသွင်းစရာမရှိပါဘူး” ရှီမာယူယူ ပြောလိုက်သည် “မြို့နှစ်မြို့သွားရမှာကို မြို့တစ်မြို့မှာပဲ သေသွားနိုင်တယ်”
“င့ါမှာ ရွေးစရာမရှိဘူး မင်းက နောက်ဆုံးအလောင်းအစားပဲ” ချူချောင်ထန် ပြောလိုက်သည် “ငါ ဒီအခွင့် အရေးကို လွတ်သွားရင် မင်းနဲ့ မသွားခဲ့ရင် ငါတို့ ကောင်းကင်ကျားဧရိယာမှာ ဘယ်လောက်ကြာအောင် နေရ မယ်ဆိုတာ မသိနိုင်ဘူးလေ၊ ဖေမျိုးနွယ်က ကောင်းကင်ကျားဧရိယာကို သတိထားမိသွားပြီ၊ မင်းတို့နဲ့ မရှိရင် တောင် ငါတို့ ထွက်သွားဖို့ အစီအစဉ်ရှိပြီးသား၊ ပြီးတော့ မင်းတို့နဲ့ရှိရင် မင်းက ငါတို့ကို အသက်ရှင်ဖို့ အခွင့် အရေးပေးမယ်ဆိုတာ ယုံတယ်”
“ခင်ဗျားက ကျွန်တော်တို့ကို လှည့်စားလိုက်တာပဲ” ရှီမာယူယူသည် အေးစက်စွာ ပြောလေသည်။
“တောင်းပန်ပါတယ် ဒါပေမဲ့ င့ါမှာ ရွေးစရာမရှိခဲ့ဘူး” ချူချောင်ထန် ပြောလိုက်သည် “မင်းကို ပိုက်ဆံ အကြွေးတင်တဲ့အပြင် ကျေးဇူးပါ အကြွေးတင်သွားပြီ”
ရှီမာယူယူ ခေါင်းကိုက်လာသည်။ သူမသည် အလယ်ပိုင်းဒေသသို့သွားကာ ဘေဂုံထန် သူမအမေနှင့် မောင်လေးကို ကယ်ရန် လုပ်ပေးချင်သည်။ ဘယ်လိုလုပ် ဒီလိုပြဿနာကြီးနဲ့တွေ့ပြီး ရှုပ်ကုန်တာလဲ။
“သူတို့နဲ့ ဘယ်လို ဆက်ဆံရေးရှိတာလဲ၊ သူ့မိဘတွေနဲ့လား”
“ငါက သူ့အဖေရဲ့ အစ်ကိုပါ သွေးတော့မတော်ဘူးပေါ့၊ သူ့မိဘတွေကလည်း သေသွားကြပြီ သူတို့ မသေခင် ငါ့ကို အပ်သွားကြတာ၊ သူ့ကို ငါ ပစ်မထားနိုင်ဘူး” ချူချောင်ထန် ပြောလေသည်။
“ခင်ဗျားတို့ကို အစိမ်းရောင်နန်းတော်ကိုခေါ်သွားရုံပဲမလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ်”
“တည်ဆောက်မှုကျောက် ၄တုံးနဲ့ ထောက်ခံပေးရမယ်” ရှီမာယူယူသည် မယဉ်ကျေးနိုင်တော့ပဲ ဈေး တင်လိုက်လေသည်။
“သုံးခုနဲ့ ထောက်ခံပေးမှု၊ ငါ့မှာ သုံးခုပဲရှိတော့တယ်” ချူချောင်ထန် ပြောလေသည်။
ရှီမာယူယူသည် ချူချောင်ထန်အား အချိန်အတော်ကြာစိုက်ကြည့်ပြီးနောက်ဆုံးတွင် မလိုချင်စွာဖြင့် ပြောလေသည် “သဘောတူတယ် လက်ငင်းပေး”
သူပြောသလိုပင် သူတို့ ပန်းမြို့တော်ရှေ့ရောက်ချိန်တွင် ဖေမျိုးနွယ်သည် သတင်းရလေသည်။ ထိုအချိန်တွင် သူမအတွက် ရှောင်ရှားရန် ခက်မည်ဆိုပါက အမြတ်ရအောင်တော့ ယူရမည်။
ချူချောင်ထန်သည် တည်ဆောက်မှုကျောက်တုံးကို ထုတ်ပေးလေသည်။ အရွယ်အစားမှာ အရင် ကျောက်အရွယ်အစားအတိုင်းပင်ဖြစ်သည်။
ရှီမာယူယူသည် တည်ဆောက်မှုကျောက်တုံးယူပြီး စစ်ပြီးနောက် ဝိညာဉ်စေတီအတွင်း သိမ်းလိုက် လေသည်။ သူမ မေးလိုက်သည် “အဲလောက်ကြီးတဲ့ တည်ဆောက်မှုကျောက်တွေ ဘယ်လိုရလာတာလဲ”
“အခွင့်အရေးတစ်ခုနဲ့ တွေ့တော့ ၄ခုရလာတာပဲ” ချူချောင်ထန် ပြန်ဖြေလေသည်။
“တကယ်တော့ ကျွန်တော်က ခင်ဗျားရဲ့ သရုပ်မှန်ကို သိချင်နေတာ” ရှီမာယူယူသည် ချူချောင်ဟိုင် အား ကြည့်ပြီးပြောလေသည် “ခင်ဗျားက အစိမ်းရောင်နန်းတော်က လူဖြစ်မယ်ထင်တာ၊ ဒါပေမဲ့ အဲက လူနဲ့ မတူဘူး၊ ခင်ဗျားက ဘယ်သူလဲ”
“ငါက အလယ်ပိုင်းဒေသကလာတာ၊ ငါလည်း ဒီအခြေအနေကြီးပြီးချင်တယ်” ချူချောင်ထန် ပြောလိုက် သည်။
“ဒါဆို ခင်ဗျားက ခင်ဗျားရဲ့ ဂိုဏ်းကိုဆက်သွယ်ပြီး ပြန်ဖို့ နည်းလမ်းမရှာဘူးလား” ရှီမာယူယူ နားမလည် တော့ပေ။
“မင်းက ဒီတိုင်းပြည်ကို အခုမှရောက်ပြီး အပြင်ဘက်က အခြေအနေတွေကို မရင်းနှီးသေးဘူး” ချူချောင် ထန် ပြောလိုက်သည် “မင်း ဒီက ဖြတ်လမ်းတည်ဆောက်မှုတွေကို သုံးချင်တိုင်းသုံးလို့မရဘူး၊ မြို့တိုင်းမှာ ဖေ မျိုးနွယ်က လုပ်ထားတဲ့ ဂိုဏ်းတွေရှိတယ်၊ သူတို့က ဖြတ်လမ်းတည်ဆောက်မှုတွေကို ချုပ်ကိုင်ထားတယ်၊ ငါ ဘယ်လိုလုပ် အလယ်ပိုင်းဒေသကို သွားမလဲ”
ရှီမာယူယူသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိကာ အော်လိုက်လေသည်။ “ဒါဆို ခုနက ကျွန်တော် တို့ ဖြတ်လမ်းတည်ဆောက်မှုကို သုံးပြီးပြီလေ”
ချူချောင်ထန် ခေါင်းညိတ်သည်ကို မြင်ပြီးနောက် သူမသည် အမှန်တကယ် သူ့ကို ရိုက်ချင်မိသည်။ သူမသည် တည်ဆောက်မှုကျောက် သုံးတုံးလောက်နှင့် ဆုံးရှုံးရမည်မှာ များသည်။
သူတို့နှစ်ယောက်သည် အထဲတွင် နာရီဝက်ကြာစကားပြောပြီးနောက် သီးခြားစီ ထွက်လာလေသည်။ ချူချောင်ထန်သည် ပျော်ရွှင်နေကာ ရှီမာယူယူသည် စိတ်ဓာတ်ကျနေလေသည်။
“ငါတို့ မြန်မြန်သွားတာကောင်းမယ် မဟုတ်ရင် ဖေမျိုးနွယ်က ဖမ်းမိရင် ပြဿနာတက်လိမ့်မယ်” ချူချောင်ထန်သည် အားလုံးကို ပြောလိုက်လေသည်။
ရှီမာယူယူ၏ အဖွဲ့သည် ရှီမာယူယူအား ကြည့်လိုက်ရာ သူမ လက်ရမ်းပြကာပြောလေသည် “သွားရင်း နဲ့ ရှင်းပြမယ်၊ အရင်ဆုံးသွားရအောင်”