← Chapters

အပိုင်း (၄၅၂) – ပိုကြီးမားသော အန္တရာယ်

Vol. 005 Ch. 452

အပိုင်း (၄၅၂) – ပိုကြီးမားသော အန္တရာယ်

Vol. 005 Ch. 452

သူတို့ မသွားခင်တွင် လူတစ်စုသည် ပန်းမြို့တော်မှ ထွက်လာသည်။ ချူချောင်ထန်သည် ထိုလူများ အား တွေ့သည်နှင့် လေးနက်သော အမူအရာဖြစ်သွားသည်။

“ဖေမိသားစုဝင်တွေလား” ရှီမာယူယူသည် သူ့အမူအရာအား အကဲခတ်ရင်း ခန့်မှန်းလိုက်သည်။

“ဟုတ်တယ် သူတို့ ဒီလောက်မြန်မြန်ရောက်လာမယ်လို့ ထင်မထားဘူး” ချူချောင်ထန် ပြောလိုက်သည် “ငါတို့ကို ကောင်းကင်ကျားဧရိယာမှာပဲရှိသေးတယ်လို့ ထင်လို့ ပန်းမြို့တော်မှာ ငါတို့ကို တွေ့ဖို့စောင့်နေတာ ထင်တယ် မဟုတ်ရင် ဒီမြို့သေးသေးလေးကို ဒီလောက်လူအများကြီးမပို့ဘူး” သူတို့ပေါ်လာသည်မှာ အချိန် ကိုက် ဖြစ်ပုံပင်။ ကောင်းကင်ကျားဧရိယာ၏ ဖြတ်လမ်းတည်ဆောက်မှု ကောင်းသွားပြီဖြစ်၍ သူတို့ကိုရှာရန် မဟာမြို့သို့ဝင်ရန် ပန်းမြို့တော်မှ တည်ဆောက်မှုကို သုံးနိုင်သည်။

ဖေမိသားစုဝင်များသည် သူတို့အား လျင်မြန်စွာ ဝိုင်းလိုက်ကြသည်။ ရှီမာယူယူသည် သူတို့အား ကြည့် လိုက်ရာ လူတစ်ရာလောက်ရှိမည်။

“မင်းက ဒီရောက်နေတာပဲ ချူချောင်ထန်” အနီရောင်ဝတ်ထားသော သတ်လတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်သည် အဖွဲ့ကို ဦးဆောင်လာကာ ချူချောင်ထန်အား ပြုံးပြလေသည်။

“ဘယ်နောက်လိုက်ခွေးပါလိမ့်လို့ မင်းပဲကိုး ဖေဝူ” ချူချောင်ထန် မှတ်ချက်ပေးလေသည်။

“ရွှတ်” ရှီမာယူယူသည် သူ့နာမည်ကြားသောအခါ ရယ်မိလေသည်။

“မင်းအခုတော့ ရယ်နိုင်သေးတယ်၊ ဒါပေမဲ့ ခဏနေရင် မင်းမှာ အသက်ရှိတော့မှာမဟုတ်ဘူး” ဖေဝူသည်  အေးစက်စွာ ရယ်မောလေသည်။

“ဖေဝူ ပြီးခဲ့တဲ့တစ်ခေါက်က ငါမင်းကိုရိုက်လိုက်တာ မင်းအချစ်ကလေးတောင်မှာ မင်းကို မမှတ်မိ  လောက်အောင်ဖြစ်သွားတာလေ မင်းက ဘာပဲဖြစ်ဖြစ် ပြေးနိုင်တယ်ဆို ငရဲ့ပြည်ထိပြေးလိုက်ပါလား” ချူချောင် ထန်သည် သူ့ဒဏ်ရာများ အပြည့်အဝပြန်မကောင်းသေးသည်ကို သိသည်။

“ဟင် မင်းအဲတုန်းကလို ထွက်ပြေးလို့လွတ်မယ်ထင်လား” ဖေဝူသည် ရှီမာယူယူနှင့် တခြားသူများကို ကြည့်လိုက်သည်။ အံ့ဖွယ်အဆင့် လက်သစ်လေးတွေ အုပ်စုပဲ… စိတ်ထဲထားစရာမလိုဘူး။ ချုချောင်ထန်သည်  ပြီးခဲ့သည့် ကိစ္စများကို ပြန်အစဆွဲထုတ်သဖြင့် သွေးဆူလာသောကြောင့် သူ ချူချောင်ထန်ကို ကြည့်လိုက်သည်။ သူ ပြောလိုက်သည် “မင်းတို့တွေက ကောင်းကင်ကျားဧရိယာမှာ ပုန်းနေတာ ငါတို့သိတာကြာပြီ ဒါပေမဲ့ စိတ် မကောင်းစရာက အဲဒီက ဖြတ်လမ်းတည်ဆောက်မှုက ပျက်နေတယ်၊ မဟုတ်ရင် မင်းတို့ ဒီလောက်အကြာကြီး  ပြေးမလွတ်ဘူး၊ ငါမင်းလိုကောင်ကို ဖျက်ဆီးပစ်တာ ကြာလှပြီ”

လျှန်ဟုန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ဒီတစ်ခါသည် ရိုင်းစိုင်းစွာ အပြောခံ ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် သူသည် သူ၏ သရုပ်မှန်ကို နားလည်ရန် ဆုံးဖြတ်လိုက်ချိန်တွင် ဒီလိုကိစ္စမျိုးများ ဖြစ်လာမည်ကို သိသဖြင့် ဒေါသ မထွက်မိပေ။

“မင်းက ငါ့ကို ကောင်လို့ခေါ်တယ်၊ ဒါပေမဲ့ မင်းက ဖေမိသားစုရဲ့ ခွေးတစ်ကောင်အပြင် မပိုဘူး” သူ မကြောက်ပဲ ပြန်ပြောလေသည်။ သူသည် ခန္ဓာကိုယ်ချင်းတိုက်ခိုက်ရာတွင် မနိုင်နိုင်သော်လည်း စကားလုံးများ  ဖြင့် ထိုးနှက်မည်။

ရှီမာယူယူသည် ပတ်ဝန်းကျင်မှလူများကို ကြည့်ကာ ပြောလေသည် “မြန်မြန်ရှင်းတာကောင်းမယ် အချိန်ဆွဲရင်ဆွဲသလို နိုင်နိုင်ချေနည်းသွားလိမ့်မယ်”

ချူချောင်ထန်သည် သူမ ဆိုလိုသည်ကို နားလည်သဖြင့် ရယ်မောကာ ခေါင်းညိတ်ပြီး ပြောလေသည် “သွားရအောင်”

“ဝူရန် မင်းက အဒေါ်ကို ကာကွယ်ဖို့တာဝန်ယူ” ရှီမာယူယူ ပြောလိုက်သည် “အားလုံးပဲ ကိုယ့်စာချုပ် သားရဲကိုခေါ်ပြီး အားလုံးကိုတစ်ခါတည်း အပြတ်တိုက်ကြမယ်” ရှီမာယူယူနှင့် ကျန်သောသူများသည် သူတို့၏ အထွတ်အထိပ်သားရဲများကို ခေါ်ထုတ်လေသည်။ လူတစ်ယောက်တွင် အထွတ်အထိပ် သားရဲ ၂ကောင်ရှိကာ အားလုံးရပ်လိုက်သောအခါ အုပ်စုကြီးဖြစ်သွားလေသည်။

ဖေမိသားစုဝင်များ၊ ချူချောင်ထန်နှင့် လျှန်ဟုန်တို့သည် သူတို့တွင်ရှိနေသော အထွတ်အထိပ်သားရဲ အရေအတွက်ကို မြင်သောအခါ အလွန်အံ့သြမိကြလေသည်။ ကမ္ဘာဦးနယ်မြေမှ လူအနည်းငယ်သာ ဒီလောက် အထွတ်အထိပ်သားရဲရှိနိုင်သည်။ သားရဲအုပ်သည် သူတို့မိသားစုဝင်များသည် လူသားများနှင့် စာချုပ်ချုပ်လိုက်သည် ကို သိပါက ပြဿနာရှာနိုင်သည်။ လူတစ်ယောက်တွင် တစ်ကောင် နှစ်ကောင်ရှိနေခြင်းက သဘာဝကျသည်။ လူတစ်ယောက်တွင် ဝိညာဉ်သားရဲများ ရှိနေခြင်းသည် ရှားပါးလှသည်။

ရှီမာယူယူသည် သံမဏိလက်သည်းကျား၊ ငှက်လေး ဟိန်းသံထောင်ချီနှင့် ဟိန်းသံလေးကို ခေါ်ထုတ် လိုက်သည်။ သူမသည် ဟာစွန်နှင့် အိပ်မက်လေးကို မခေါ်ပေ။ သူတို့သည် တိုက်ပွဲတွင် သူမ၏ ဝှက်ဖဲဖြစ်သည်။ သူမ တစ်ယောက်တည်းကိုပင် ကြည့်လျှင် အထွတ်အထိပ်သားရဲ ၄ကောင်ရှိရာ ချူချောင်ထန်သည် သူမသည် သာမန်ထက် သာလွန်နေသည်ကို မြင်လိုက်ရသဖြင့် သူမနှင့် အတူထွက်လာသည်မှာ မှန်ကန်သော ရွေးချယ်မှု  ဖြစ်သည်ဟု တွေးမိလေသည်။

ဖေဝူသည် လူ တစ်ရာလောက်ခေါ်လာသော်လည်း သူတို့အားများသည် အခြေခံအဆင့်နှင့် အလတ်အလတ်အဆင့် အံ့ဖွယ်များသာဖြစ်ကြလေသည်။ သူသည် သူတို့ထက် အဆင့်အနည်းငယ်ပိုမြင့်သော်လည်း သူသည်လည်း အံ့ဖွယ်အရှင်အဖြစ်ရောက်သည်မှာ မကြာသေးပေ။ ချူချောင်ထန်သည်လည်း အံ့ဖွယ် အရှင်ဖြစ်ကာ သူတို့နှစ်ယောက်သည် ကောင်းကင်တွင် တိုက်ကြလေသည်။

ဖေမိသားစုဝင်များတွင်လည်း အံ့ဖွယ်သားရဲများရှိကြသော်လည်း သူတို့ထက် အရေအတွက် နည်းသည်။ ကျန်သော သားရဲများသည် အထွတ်အထိပ်အဆင့်ဖြစ်သော်လည်း သံမဏိလက်သည်းကျားနှင့် တခြားသူများကို မမှီပေ။ အရေအတွက်မှာ အရေးပါလှသဖြင့် တစ်နာရီကျော်အကြာတွင် အရေးပေါ်အခြေအနေဖြစ်လေသည်။ ရှီမာယူလီနှင့် တချို့မှာ တိုက်ပွဲအလယ်တွင် ဒဏ်ရာရကြလေသည်။

တချို့လူများကို ရှင်းပြီးနောက် ရှီမာယူယူသည် သူတို့အား ငှက်လေးကျောပေါ်တင်ကာ ပြောလေသည် “ဒီကနေ မြန်မြန်ထွက်ရအောင်” ချူချောင်ထန်ပြောသလိုဆိုလျှင် ဖြတ်လမ်းတည်ဆောက်မှုသည် တည်ငြိမ်ခြင်း မရှိတော့သောကြောင့် သူတို့သည် အစိမ်းရောင်ဗိဗ္မာန်အထိ သားရဲပျံ စီးသွားရမည်။

ခိုအချိန်တွင် မြို့ထဲမှ လူများ ပိုပိုထွက်လာကာ ချူချောင်ထန်နှင့် ကျန်သောသူများသည် လျင်မြန်စွာပင် ငှက်လေးကျောပေါ် တက်လိုက်လေသည်။ ငှက်လေးသည် အတောင်ပံခတ်ကာ အားလုံးကို ခေါ်ပြီး ပျံသွားလေ သည်။

“သခင်လေးစီ သူတို့မှာ သားရဲပျံရှိနေတယ် ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ” ကိုယ်ရံတော် တစ်ယောက်သည် ချောမောသော လူငယ်တစ်ယောက်သို့ ပြောလိုက်သည်။

“မမြင်ရတော့ဘူး” ဖေစီသည် ပိုပိုဝေးသွားသော သူ့ပြိုင်ဘက်များကို ကြည့်ကာ ဒေါသထွက်စွာ ပြော  လေသည်။ “ချူချောင်ထန်က ဓားပြလေးတွေခေါ်လာတယ်လို့ မိသားစုကို သွားသတင်းပို့လိုက်၊ ပြီးတော့ သူတို့ သေချာပေါက် အစိမ်းရောင်ဗိဗ္မာန်ကို သွားကြလိမ့်မယ်၊ သူတို့မြို့ထဲကိုမဝင်ရဲဘူး ဖြတ်လမ်းတည်ဆောက်မှု လည်းမသုံးရဲဘူး ပြီးတော့ သူတို့လမ်းမှာရှိတုန်း ငါတို့ ချောင်းတိုက်လို့ရတယ်”

“ဟုတ်ကဲ့ပါ သခင်လေးစီ”

“ပြီးတော့ သူတို့မှာ သားရဲပျံရှိနေတယ် အဲသတင်းမကျန်ခဲ့စေနဲ့” ဖေစီသည် သူတို့အား လှုံ့ဆော်လိုက် သည် “ပြီးတော့ ချူချောင်ထန်နဲ့ ရှိနေတာ ဘယ်သူတွေလည်းဆိုတာ စုံစမ်းလိုက်ဦး၊ သူတို့က ဖေမိသားစုကို ဆန့်ကျင်ရဲတယ် ပြီးတော့ ဘယ်လိုလုပ် သူတို့မှာအထွတ်အထိပ်သားရဲ အဲလောက်အများကြီးရှိနေရတာလဲ သူတို့က အရေးကြီးတဲ့လူတွေများဖြစ်နေမလား”

“ကျွန်တော်နားလည်ပါပြီ သွားလိုက်ပါဦးမယ်” ထိုအစေခံသည် နောက်ဆုတ်ကာ ထွက်သွားလေသည်။

ဖေစီသည် ရှီမာယူယူတို့ ထွက်သွားသော ဘက်သို့ ကြည့်ကာ ခေတ္တမျှ စဉ်းစားနေလိုက်သည်။ သူသည်  အော်လိုက်သည် “ကိုယ့်လူတို့”

“ဟုတ်ကဲ့ သခင်လေး” သူ့ဘေးမှ ကိုယ်ရံတော် နှစ်ယောက်သည် ရှေ့တိုးလာသည်။

“ဂဠုန်ငှက်မျိုးနွယ်ကို လူလွှတ်ပြီး တစ်ယောက်ယောက်က သူတို့ ဂဠုန်ဘုရင်နဲ့ စာချုပ်ချုပ်ထားတယ် လို့ သွားပြောလိုက် ပြီးတော့ စီးနင်းတဲ့ လက်နက်အဖြစ်လုပ်လိုက်သေးတယ် ပြီးတော့ သူတို့မှာ အထွတ်အထိပ် သားရဲ  တွေ အများကြီးရှိနေတယ်ဆိုတာ သတင်းပေးလိုက်ဦး အဲဒီသားရဲတွေလာတာကို ဂဠုန်မျိုးနွယ်ကို သေချာပေါက်  ပြောရမယ်” ဖေစီ အမိန့်ပေးလေသည်။

“ဟုတ်ကဲ့ပါ သခင်လေး”

ဖေစီသည် အဝေးသို့ကြည့်ကာ သူ၏ အေးစက်သော မျက်နှာသည် ခံစားချက်ရှိမနေပေ။ သူ စိတ်ထဲတွင် တစ်စုံတစ်ရာပေါ်လာကာ ရုတ်တရက်လှည့်ပြီး မြို့အတွင်းပိုင်းဆီသို့ ဦးတည်ကာ ပြောလေသည် “သိမ်းငှက် မျိုးနွယ်ဆီကိုလည်း သွားလိုက်”

ချူချောင်ထန်သည် ဘယ်သူမှ လိုက်မလာတော့သည်ကို တွေ့မှပင် သက်ပြင်းချနိုင်တော့ကာ ပြောလေ သည် “ကျေးဇူးပဲ” သူတို့ကြောင့်သာမဟုတ်လျှင် လျှန်ဟုန်နှင့် သူသည် ထိုနေရာတွင် အသတ်ခံရလောက်ပြီ။

လျှန်ဟုန်သည် ဒဏ်ရာရထားသောကြောင့် ဆေးနှစ်လုံးသောက်လိုက်လေသည်။ သူသည် ရှီမာယူယူ အား ကျေးဇူးတင်စွာ ကြည့်ကာ ပြောလေသည် “ကျေးဇူးပါပဲ ယူယူ”

“ယူယူ ဘာတွေဖြစ်နေတာလဲ” ဖက်တီးကျူနှင့် တခြားသောသူများသည် ဘာကြောင့် သူတို့ ဒီလိုတွေ ကြုံတွေ့နေရသည်ကို နားမလည်တော့ပေ။ သူမသည် လမ်းသွားရင်းရှင်းပြမည်ဟု ပြောခဲ့သော်လည်း သူတို့ ထွက်မသွားခင်ကို သူတို့ရောက်လာကြလေသည်။

ရှီမာယူယူသည် လျှန်ဟုန်၏ နောက်ကြောင်းကို ရှင်းပြကာ ချူချောင်ထန်၏ ဖုံးကွယ်ထားသော အကြောင်းများနှင့် သူတို့ ပါဝင်ခဲ့ပုံများကို ရှင်းပြလေသည်။ သူတို့ ထိုအကြောင်းများ ကြားပြီးသောအခါ အားလုံးသည် ချူချောင်ထန်အား ကြည့်လိုက်ကြကာ စိတ်ထဲမှ ကျိန်ဆဲမိကြလေသည်။ လည်လိုက်တဲ့ မြေခွေး အိုကြီးပဲ။

“ကျွန်တော့်ဆရာကို အပြစ်မတင်ကြပါနဲ့ သူက ကျွန်တော့်အတွက် လုပ်ခဲ့တာပါ၊ အပြစ်တင်ချင်တယ် ဆိုရင် ကျွန်တော့်ကိုပဲ တင်ကြပါ” လျှန်ဟုန်သည် အားလုံး၏ ဒေါသများကို ကြားသောအခါ ပြောလေသည်။

“လျှန်ဟုန် မင်းက ဒီလိုဖြစ်တာတွေကို သိတောင်မသိဘူး ဘယ်လိုလုပ်မင်းကို အပြစ်တင်ရမှာလဲ” ရှီမာယူလီပြောလေသည်။ သူတို့သည် လျှန်ဟုန်ကို ဧည့်သည်တည်းခိုဆောင်တွင်တွေ့ခဲ့ရာ သူသည် အပြစ် ကင်းကာ ရိုးသားသူဖြစ်သည်ကို သိသဖြင့် သူ့ကို အပြစ်မတင်လိုပေ။ သို့သော် ချူချောင်ထန်အား အပြစ်တင် လျှင်လည်း သူသည် အရေထူသူဖြစ်သဖြင့် ဘာမှထူးမည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေကာမူ ချူချောင်ထန်သည်လည်း နည်းလမ်းမရှိသည်ကို သူတို့ သိကြသည်။ မဟုတ် လျှင် သူသည် မဟာမြို့တွင် အချိန်ကြာအောင် နေသွားရုံပင်ရှိတော့သည်။ ထို့အပြင် သူတို့၏ အန္တရာယ်သည် ရှီမာယူယူနှင့် သွယ်ဝှက်ကာ ပတ်သတ်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူမသည် ဖြတ်လမ်းတည်ဆောက်မှု အားပြင်လိုက်သောကြောင့် သူတို့ထွက်လာရခြင်းဖြစ်သည်။

ထိုအကြောင်းအား သတိရလိုက်သောအခါ ရှီမာယူယူ၏ ဒေါသများ ပျောက်သွားကာ သူမ မေးလိုက သည် “အခုတော့ ဘယ်သွားကြမလဲ”

All Chapters