← Chapters

ဂိုဏ်း၏ ရင်းနှီးမြှုပ်နှံမှု

Vol. 87 Ch. 1205

ဂိုဏ်း၏ ရင်းနှီးမြှုပ်နှံမှု

Vol. 87 Ch. 1205

ဝမ်ဝေ့က နောက်အခန်းတစ်ခုအတွင်း ရောက်ရှိလာကာ ပိုင်းခြားထားသည့် အပုံသုံးခုကို ချက်ချင်း သတိထားလိုက်မိသည်။ သူက အနီးဆုံးဆီ သွားလိုက်သည့်အခါ အသုံးအဆောင် ပစ္စည်းများစွာနှင့် အဆောင်စာရွက်တစ်ခုကို မြင်လိုက်ရ၏။ အဆင့်အနိမ့်ဆုံးက ထာဝရအဆင့် ဖြစ်ပေသည်။

 ဧကရာဇ်လက်နက်ထောင်ချီနဲ့ ကောင်းကင်ဘုံအဆင့် လက်နက်ရာချီပဲ…

ဝမ်ဝေ့က ရေတွက်လိုက်သည်။

ဒါက မသန့်စင်ရသေးတဲ့ ပစ္စည်းတွေကို ထည့်မတွက်ရသေးဘူး…

ဝမ်ဝေ့က သူ့တာအိုသက်သေပြပစ္စည်းအတွက် ပါဝင်ပစ္စည်းများ စိုးရိမ်စရာ မလိုတော့ကြောင်း သိလိုက်သည့်အတွက် ပြုံးလိုက်မိသည်။ သူ့အကြည့်က အပုံကြီးအလယ်တွင် ရှိနေသည့် ပစ္စည်းနှစ်ခုပေါ် ကျရောက်လာ၏။ ထိုအရာများကို လျစ်လျူရှုထားဖို့ အင်မတန် ခက်ခဲလှ၏။ သူတို့ဆီမှ အလင်းတန်းများ ထုတ်လွှတ်နေ၍ ဖြစ်သည်။

ဝမ်ဝေ့က ထိုပစ္စည်းထဲမှ တစ်ခုသည် သတင်းအချက်အလက် အဆောင်တစ်ခု ဖြစ်ကာ ကျန်တစ်ခုကမူ သူ့လက်ဝါးအရွယ်အစားရှိသည့် ထူထပ်သည့် ဖန်သားပြင်တစ်ခု ဖြစ်ကြောင်း သိလိုက်သည်။

ကံကြမ္မာစွမ်းအားလား…

သူက ဖန်သားပြင်၏ အရှိန်အဝါကို ခံစားမိလိုက်သည့်အခါ တွေးမိသွားသည်။

သူက တုံ့ဆိုင်းမနေဘဲ သတင်းအချက်အလက် ပါဝင်နေသည့် အဆောင်ကို ထုတ်ယူလိုက်သည်။ ထိုအရာက သူ ထင်ထားသည်ထက်ပင် ပိုမိုကျယ်ပြန့်နေ၏။ ကံကောင်းစွာဖြင့် သတင်းအချက်အလက်က သူ့ဝိညာဉ်အတွက် ဝန်ထုပ်ဝန်ပိုး အနည်းငယ်မျှသာ ဖြစ်စေသည်။ အကြောင်းအရင်းကမူ သူက အရာအားလုံးကို တစ်ခါတည်း စုပ်ယူလိုက်၍ ဖြစ်၏။

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ ပါဝင်ပစ္စည်း၊ သတ္တုနဲ့ ဝိညာဉ်ဆေးပင်တွေအတွက် စွယ်စုံကျမ်းလား…

ဒီထဲမှာ ဝိညာဉ်ချီနေရာလွတ်နဲ့ ကမ္ဘာဦးဟွင်သွမ်းရဲ့ ထူးကဲတဲ့ ပစ္စည်းတွေကြောင့် ပါဝင်နေတာပဲ…

ဝမ်ဝေ့က ထိုအဆောင်သည် သူ့အား အချိန်များစွာ သက်သာစေသည့်အတွက် လေးလေးနက်နက် ခေါင်းညိတ်လိုက်မိသည်။ သူ့ရှေ့တွင် မျောလွင့်နေသည့် အရာက ဘာမှန်းသိလိုက်၏။

ဒီလိုမျိုးကြီးမားတဲ့ ကံကြမ္မာဖန်သား …

ဂိုဏ်းက တကယ်ကို ချမ်းသာတာပဲ။

သူက မှတ်ချက်ပေးလိုက်သည်။ ကံကြမ္မာဖန်သားက ကမ္ဘာဦးကံကြမ္မာသဲဟု ခေါ်ဆိုသည့် ရှားပါးပစ္စည်းမှ ဖွဲ့စည်းထားသည့် အရာတစ်ခု ဖြစ်၏။

ဒီဟာနဲ့ဆိုရင် ငါက ငါ့ရဲ့ လက်နက်ကို အကြွင်းမဲ့အဆင့်ထိ မြှင့်တင်နိုင်လောက်တယ်။ အဲဒါဆိုရင် နှစ်ဆတိုက်ခိုက်ရေးလောက်တော့ တိုးလာမှာပဲ…

ဝမ်ဝေ့က ထိုလက်နက်သည် ဆယ်ဆတိုက်ခိုက်ရေးအဆင့်ကို ရောက်ရှိဖို့ရာ မလိုအပ်သော်လည်း ဒိုင်မေးရှင်းအမြင့်တွင် အားကောင်းသည့် လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများက ယခင်ထက် ပိုမိုအဖိုးတန်ကြောင်း သိသည့်အတွက် အထောက်အကူဖြစ်နေဆဲ ဖြစ်၏။

ကောင်းကင်တာအို၏ အကန့်အသတ် မရှိဘဲ ထိပ်တန်း ဧကရာဇ်တစ်ဦးက အဆင့်(၁၁)လက်နက်ဖြင့် ကောင်းကင်ဘုံအဆင့် တစ်ယောက်ကို ယှဉ်တိုက်နိုင်သည်။ သို့သော် တန်ပြန်သက်ရောက်မှုကမူ ဟာသ မဟုတ်ပေ။ ဝမ်ဝေ့က သူ့တာအိုသက်သေပြပစ္စည်းကို စံပြနှင့် ယှဉ်နိုင်အောင် တိုးမြှင့်ဖို့ နည်းလမ်းကို စီစဉ်ထား၏။ သူက တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ထပ်မံရောက်ရှိပြီးသည့်နောက်တွင် သူ့အတွက် ပြဿနာဖြစ်လာမည် မဟုတ်ပေ။

သူက အမျိုးမျိုးသော ဆေးလုံးများ ပါဝင်နေသည့် ဒုတိယအပုံဆီ ဦးတည်လိုက်သည်။ သူက အပြုံးဖြင့် အားလုံးကို သိမ်းဆည်းလိုက်၏။ ထို့နောက် နောက်ဆုံး အပုံမှာ ရှားပါးဆေးပင်များ ပါဝင်သည့် စိတ်ဝိညာဉ်ဥယျာဉ်တစ်ခု ဖြစ်လေသည်။ ဝမ်ဝေ့က ထိုဥယျာဉ်ကိုယ်တိုင်ကပင် အထွတ်အထိပ်ပင်ကိုရတနာဖြစ်ပြီး ကောင်းကင်ဘုံအဆင့်နှင့် ဧကရာဇ်အဆင့်အပါအဝင် ဆေးပင်မျိုးစုံကို ပြုစုပျိုးထောင်ပေးဖို့ အရှိန်မြှင့်တင်ပေးဖို့ အသုံးပြုနိုင်ကြောင်း သဘောပေါက်သွားသည်။

ဝမ်ဝေ့က တတိယအခန်းဆီ ဦးတည်လိုက်၏။ ထိုနေရာတွင် ကျင့်စဉ်များစွာရှိသည့် စာကြည့်တိုက်တစ်ခု ရှိလေသည်။ အခန်းအလယ်တွင် ပစ္စည်း ၃၄ခု လွင့်မျောနေပြီး မှတ်စုတစ်ခု ချန်ထားလေ၏။

[အဲဒီခွေးကောင်တွေက အသင်္ချေဗိမာန်မှတ်တမ်းကို ထိန်းချုပ်ပြီးကတည်းက ဒါက လိုလိုမယ်မယ်အနေနဲ့ မင်းအတွက်ချန်ထားပေးတဲ့ ကျင့်စဉ်တွေပဲ။ ငါတို့ဂိုဏ်းရဲ့ အကောင်းဆုံးနဲ့ အထူးကဲဆုံး ကျမ်း ၃၃ ခု ရွေးချယ်ထားခဲ့တယ်]

ဝမ်ဝေ့က အသင်္ချေဗိမာန်မှတ်တမ်းအကြောင်း ကြားဖူးလေသည်။ ထိုနေရာက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ကျင့်ကြံရေးစနစ်အားလုံးကို သိမ်းဆည်းထားသည့်နေရာတစ်ခု ဖြစ်၏။ ထိုနေရာ၏ ရည်ရွယ်ချက်က ဒိုင်မေးရှင်းအနိမ့်တွင် ဝမ်ဝေ့ လုပ်ဆောင်ခဲ့သလိုမျိုး လူများအား တခြားသော ကမ္ဘာ့အသိုက်အဝန်းများကို ဝင်ရောက်ခွင့်ပြုထားပြီး အသင့်တော်ဆုံးဖြစ်သည့် ကျင့်ကြံရေးစနစ်များကို ရှာဖွေခွင့်ပြုထားသည်။

ဝမ်ဝေ့က ထိုကျမ်း ၃၃ ဦးကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဒိုင်မေးရှင်းအနိမ့်မှ မူလဧကရာဇ် ၉ယောက်၏ ကျမ်းများလည်း ပါဝင်နေသည်ကို အံ့အားသင့်သွားမိ၏။ သူက သက်တံဧကရာဇ်၏ ကျမ်းကို ဖွင့်ကာ လှမ်းကြည့်လိုက်သည်။

ကွဲပြားသွားပြီ။ မဟုတ်သေးဘူး ဒါက သူမ စံပြဖြစ်လာပြီးတဲ့နောက်မှာ အဆင့်မြှင့်တင်ထားတဲ့ ကျမ်း ဖြစ်သင့်တယ်…

ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။ ထိုကျမ်းက ကောင်းကင်ဘုံအဆင့်မျှသာ ပါဝင်နေသော်လည်း သူ့အတွက် အဖိုးတန်သည်။ ထို့နောက် ဝမ်ဝေ့က ရှေးဟောင်းဖျက်ဆီးခြင်း ခန္ဓာကိုယ်သန့်စင်ကျမ်းကို ဖွင့်ကြည့်လိုက်သည့်အခါ ထင်ထားသည့်အတိုင်း အဆင့်မြှင့်တင်ထားသည့် ကျမ်း ဖြစ်နေ၏။

တစ်ကမ္ဘာလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ သဏ္ဍာန်ပြမှုကို သုံးပြီး ခန္ဓာကိုယ်ကို အားဖြည့်လေ့ကျင့်တာလား။ ဒီလမ်းကြောင်းအတိုင်းသွားမယ်လို့တော့ ထင်မထားခဲ့မိဘူး…

ဒါပေမဲ့ နာကျင်မှုနဲ့ ကြိုးစားမှုနဲ့ လဲလှယ်ပြီးတော့ အရင်းအမြစ်တွေကို လျှော့ချနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပုံပဲ။ အဲဒါဆိုရင်တော့ စိတ်စွမ်းအားကို လေ့ကျင့်ပေးဖို့ နည်းလမ်းကောင်းတစ်ခုပဲ။ ဒီနည်းစနစ်ကို သွေးမျိုးဆက်ကျင့်ကြံရေးစနစ်အဖြစ် ပြောင်းလဲလို့ရလောက်တယ်…

ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ကျင့်ကြံရေးအတွက် သွေးမျိုးဆက်ကို ဆက်လက်အသုံးပြုလိုသည်မှာ ထိုသင့်တော်သည့် သွေးမျိုးဆက်ဖြင့် သူသည် ကြီးထွားဖို့ လုံလုံလောက်လောက် အရင်းအမြစ်နှင့် အချိန်မျှသာ လိုအပ်လိမ့်မည်။ ခန္ဓာကိုယ်သန့်စင်ရေး နည်းလမ်းအသစ်က အရှိန်မြှင့်တင်ပေးလိမ့်မည်။

သူက တခြားသော ကျမ်းများကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မှတ်စုအတိုင်း သူတို့အားလုံးက သင်ယူဖို့ ထိုက်တန်ပေသည်။ ထို့ကြောင့် သူက အရာအားလုံးကို သိမ်းဆည်းပြီးသည့်နောက်တွင် နောက်အခန်းဆီ ဦးတည်လိုက်၏။

ဒီနေရာကို စီစဉ်ထားတဲ့သူက တကယ်ကို အကွေ့အကောက်များတာပဲ…

သူတို့က အခန်းတစ်ခန်းထဲမှာပဲ အကုန်လုံးကို စုထားလို့ မရဘူးလား…

ဝမ်ဝေ့က ညည်းတွားပြီးသည့်နောက်တွင် စတုတ္ထအခန်းဆီ ဦးတည်လိုက်၏။ သူက ပစ္စည်းငါးခုကို မြင်လိုက်ရသည်။ ရုပ်သေးရုပ် နှစ်ခု၊ ပစ္စည်းနှစ်ခုနှင့် အဆောင်စာရွက်တစ်ခု ဖြစ်၏။ ထိုလက်နက်ထဲရှိ အရှိန်အဝါက သူ့မျက်ဝန်းကို တောက်ပလာစေသည်။ သူက သူတို့ဆီ သွားလိုက်သည့်အချိန် ထိုပစ္စည်းများရှေ့ မှတ်စုကို တွေ့လိုက်ရ၏။

[ ပထမရုပ်သေးရုပ်က မင်းရဲ့ တာအိုကာကွယ်သူပဲ။ ကံဆိုးတာက ငါတို့ဂိုဏ်းက စောင့်ကြည့်ခံနေရတာဆိုတော့ ၉၀ ရာခိုင်နှုန်းစွမ်းအားရှိတဲ့ စံပြအဆင့် ရုပ်သေးရုပ်ကိုပဲ ပေးနိုင်တယ်။ ဒါပေမဲ့ အရေးပေါ်အခြေအနေမှာ သူက သူ့ကိုယ်သူ လောင်ကျွမ်းပေးဖို့ ပုံစံရေးဆွဲထားတာဆိုတော့ ကောင်းကောင်းအသုံးချပါ ]

ဝမ်ဝေ့က ထိုရုပ်သေးရုပ်ကို ကြည့်လိုက်သည့်အခါ သာမန်လူသားဖြင့်ပင် ခွဲခြား၍ မရပေ။ သူက အံ့ဖွယ်အသိစိတ်ဖြင့် ထပ်မံစစ်ဆေးကြည့်လိုက်သည့်အခါ ထိုအရာက ရုပ်သေးရုပ် ဖြစ်ကြောင်းပင် မပြောနိုင်ပေ။

ငါ့ဘဝမှာ နောက်ထပ် တာအိုကာကွယ်သူတစ်ယောက် ရလာလိမ့်မယ်လို့ ထင်မထားမိဘူး…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက ခေါင်းယမ်းပြီးသည့်နောက်တွင် မှတ်စုကို ထပ်ဖတ်လိုက်၏။

[ ဒုတိယရုပ်သေးရုပ်က မရဏအစားထိုးရုပ်သေးရုပ်ပဲ။ မင်းရဲ့ အသက်ကို ကယ်ဖို့ အသက်ရှည်နည်း နောက်တစ်ခုပေါ့ ]

သူတို့က အားလုံးကို ထုတ်သုံးထားတာပဲ…

ဝမ်ဝေ့က တွေးကာ အံ့အားသင့်နေမိသည်။ သူက ဂိုဏ်း၏ အကူအညီကို မျှော်လင့်မထားသည်မှာ အကြောင်းအရင်းနှစ်ခုကြောင့် ဖြစ်၏။ ပထမဦးစွာ သူတို့၏ ဘိုးဘေးများ မရှိသည့်အပြင် သူက ဒိုင်မေးရှင်းအနိမ့်မှ ကောင်းကင်ဘုံအဆင့် တစ်ယောက်မျှသာ ဖြစ်နေသည့်အတွက် ကောင်းကောင်းမဆက်ဆံမည်ကို စိုးရိမ်နေမိခဲ့သည်။ ထို့အပြင် သူ့ပါရမီနှင့် သူ့အောင်မြင်မှုတို့ကြောင့် ကောင်းကောင်းဆက်ဆံမည်ဆိုလျှင်ပင် ဤမျှအနေအထားထိ မျှော်လင့်မထားခဲ့ပေ။

ဒုတိယနှင့် အဓိကအကြောင်းအရင်းကမူ တာအိုအခွင့်အလမ်းဂိုဏ်း၏ ဆောင်ပုဒ်က ပါရမီရှင်များအား ရက်စက်စွာ ပြုစုပျိုးထောင်ပေးခြင်း ဖြစ်၏။ ထိုစည်းမျဉ်းများဖြင့် သူတို့သည် သူ့အား အခြေခံမျှသာ ထောက်ပံ့ပေးပြီး ကျန်တာအားလုံးကို သူကိုယ်တိုင်သာ လုပ်ခိုင်းလိမ့်မည်ဟု ထင်ထားခဲ့သည်။

သူက ပထမအသုံးအဆောင်ပစ္စည်းကို ကြည့်လိုက်သည့်အခါ သတ္တုလုံးတစ်ခု မြောလွင့်နေသည့် ရွှေရောင်ရင့်ရင့် ချပ်ဝတ်တစ်ခု ဖြစ်၏။ သူ့လက်ဝါးအထက် အနည်းငယ်မျှသာ ကြီးသည့် အဖြူရောင်ဘောလုံးအသွင် လွှမ်းခြုံထားသည်။

[ ဒါက နဂါးနက်ချပ်ဝတ်ပဲ။ မင်းအတွက် ချန်ထားတဲ့ အထွတ်အထိပ်ဟွင်သွမ်း ရတနာတစ်ခုပေါ့။ ဒီဟာက စံပြလက်နက်ထက် နည်းပါးတယ်ဆိုပေမဲ့လည်း တန်ပြန်သက်ရောက်မှုနှုန်းက ပြင်းထန်တယ်ဆိုတော့ ဂရုစိုက်သင့်တယ် ]

ဝမ်ဝေ့၏ အကြည့်များက တောက်ပလာလေ၏။

“ဒီပစ္စည်းနဲ့ဆိုရင် ငါ အားနည်းတဲ့ စံပြတွေကို အချိန်တိုတော့ တိုက်ခိုက်နိုင်လောက်ပြီ…

သူက ဒုတိယအသုံးအဆောင်ပစ္စည်းကို ကြည့်ကာပြုံးလိုက်မိသည်။

ရင်းနှီးနေတယ်…

သူက ထိုလိပ်ခွံကို ကြည့်ကာ တွေးလိုက်မိသည်။

[ဒါက ပါရှန်းလိပ်ခွံလေ။ ဂမ္ဘီရအတွက် နောက်ထပ် အထွတ်အထိပ်ဟွင်သွမ်းရတနာတစ်ခုပေါ့။ ဒီဟာက မင်းရဲ့ တာအိုနဲ့ ကောင်းကောင်း အလုပ်ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ]

ဝမ်ဝေ့က တောက်တောက်ပပ ပြုံးလိုက်မိသည်။

“ဒီဟာကို ပုံစံရေးဆွဲထားတဲ့သူက တကယ်ကို ထူးချွန်ပြောင်မြောက်တာပဲ။”

သူက နောက်ဆုံးသော ပစ္စည်းဖြစ်သည့် အဆောင်ကို ကြည့်လိုက်၏။

“အဆင့်(၁၂)လေဟာနယ်ထိုးခွင်းရေး အဆောင်က အဲဒီကပ်ပါးတွေနဲ့ ရင်ဆိုင်တဲ့အခါမှာ ထွက်ပြေးဖို့ပဲ။ ဒီဟာပြောဖို့တော့ မလိုလောက်ဘူးဆိုပေမဲ့လည်း ထွက်ပြေးတာက မျက်နှာပျက်စရာ မဟုတ်ဘူး။ အဲဒီကြမ္မာလို့ ခေါ်တဲ့အရာထက် ကိုယ့်အသက်ကိုယ် ဂရုစိုက်ဖို့က ပိုပြီးအရေးကြီးတယ်။ ပြီးတော့ ဒါကို သေသေချာချာ အသုံးပြုပါ”

ဝမ်ဝေ့က အရာအားလုံးကို သိမ်းဆည်းပြီးသည့်နောက်တွင် နောက်ဆုံးအခန်းဆီ ဦးတည်လိုက်သည်။ ထိုအခန်းထဲတွင် မှတ်စုတစ်ခုနှင့် အဆောင်တစ်ခု ပါရှိနေ၏။

[နှမြောစရာကောင်းတာက လက်ရှိငါတို့ပေးနိုင်တဲ့ အထောက်အပံ့က ဒီလောက်အထိပဲ။ ဒါပေမဲ့ အခြေအနေက တကယ်ဆိုးရွားလာပြီးတော့ မျှော်လင့်ချက်တွေ၊ ရွေးချယ်စရာတွေ မရှိတော့ဘူးဆိုရင် ဂိုဏ်းဆီပြန်လာလို့ရတယ်။ ငါက ကာကွယ်ပေးမယ်။ ငါတို့တွေ ပျက်သုဉ်းသွားတယ်ဆိုရင်တောင်ပေါ့…

ငါတို့က အဲဒီလူတွေအာဏာသိမ်းပိုက်ကတည်းက အရှက်ကွဲမှုကို ခံစားခဲ့ရတာ။ ဒါပေမဲ့ သူတို့သာ ငါတို့ကို တွန်းပို့လွန်းတယ်ဆိုရင် ဂုဏ်ကျက်သရေကို ပြန်ယူရင်းနဲ့ သေဖို့ရာ စိတ်ထဲမထားဘူး]

တကယ်ကို အားပြင်းတဲ့ စိတ်ဆန္ဒပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ထိုမှတ်စုကို ရေးသည့်သူသည် အမှန်အတိုင်း ဤသို့ခံစားနေရကြောင်း ပြောနိုင်လေ၏။ ထိုအရာက ဂိုဏ်းတစ်ခုလုံး၏ သဘောထားအကြောင်း အာမခံထားခြင်း မရှိသော်လည်း အမှန်တကယ် အံ့အားသင့်ဖို့ကောင်းလှသည်။

“နောက်ဆုံးအနေနဲ့ အဆောင်က မင်းအတွက် ငါတို့ကို ဆက်သွယ်လို့ရမဲ့ နည်းလမ်းတွေ ပါတယ်။ မင်းက အဲဒီမှတ်သားထားတဲ့ တည်နေရာမှာ အမှတ်အသားတစ်ခု ချန်ထားခဲ့ရုံပဲ။ ငါတို့တွေက စောင့်ကြည့်မှုကို ဖြတ်ကျော်ပြီးတော့ မင်းဆီ  ဆက်နွယ်ဖို့ နည်းလမ်းရှာမယ်”

ဝမ်ဝေ့က အဆောင်ကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ကမ္ဘာတစ်ဝှမ်းတွင် “စိတ်ချရသော နေရာများ” ဟု မှတ်သားထားသည့် နေရာများစွာ ပါဝင်နေ၏။

ခင်ဗျားတို့ကို ဒီကိစ္စထဲ ဆွဲခေါ်ဖို့ စီစဉ်မထားဘူး။ အဲဒါဆိုတော့ တစ်ခုခုမှားယွင်းသွားခဲ့ရင်တောင် ခင်ဗျားတို့တွေ ရုန်းလို့ရအောင်လို့လေ …

ဝမ်ဝေ့က သဲလွန်စ မကျန်အောင် ဤလျှို့ဝှက်ဒိုင်မေးရှင်းကို ဖျက်ဆီးဖို့ တွေးလိုက်မိသည်။ ထို့နောက် သူက စွမ်းအားကုန်သုံးကာ မမြင်နိုင်ဖွယ်နှင့် အာရုံမခံနိုင်ဖွယ် သဲလွန်စအားလုံးကို ဖယ်ရှားပစ်ခဲ့သည်။

နောက်ဦးတည်ရာက မျက်နှာဖုံးမျိုးနွယ်ကို ရှာဖို့ရာ ဖြစ်၏။ ထိုသူများက မည်မျှတတ်စွမ်းနိုင်ကြောင်း၊ သူတို့ကို အသုံးပြုခြင်းက မည်မျှပြဿနာဖြစ်လာနိုင်ကြောင်း သိထားဖို့ရာ လိုအပ်နေသည်။ ထို့နောက်မှ သူက ဝမ်ချီ၊ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များနှင့် ပြန်လည်ဆုံစည်းကာ သူ့အစီအစဉ်ကို စတင်နိုင်လိမ့်မည်။

All Chapters