← Chapters

ဘယ်သူ့ကို ပစ်မှတ်ထားရမလဲ

Vol. 87 Ch. 1206

ဘယ်သူ့ကို ပစ်မှတ်ထားရမလဲ

Vol. 87 Ch. 1206

ဝမ်ဝေ့၏ ဦးတည်ရာက ချူးအံ့ဖွယ်တိုင်းပြည်၏ ထိန်းချုပ်မှုအနီးတွင် ရှိလေသည်။ ထိုအရာက မျက်နှာဖုံးမျိုးနွယ်၏ အခြေစိုက်စခန်း ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့ ရောက်ရှိလာသည်နှင့် ပြင်းထန်သည့် စောင့်ကြည့်မှုကို တွေ့ရှိသွားသည်။ အသင်္ချေ ကိုယ်ပျောက်တစ္ဆေများက နေရာတစ်ဝိုက် စောင့်ကြည့်နေကာ သူတို့မြင်သည့် လူအားလုံးကို နောက်မှ လိုက်ကြည့်နေကြသည်။

ဒါက သူတို့ပိုင်နက်ရဲ့ အစွန်အဖျားပဲ ရှိသေးတယ်။ ဒီလောက် စောင့်ကြည့်နေမယ်လို့ ထင်မထားခဲ့မိဘူး…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူ သိထားသလောက် ဤကမ္ဘာကို ဘုံ ၁၃ခုအဖြစ် ခွဲခြားထားပြီး အာဏာရှင် ၁၃ယောက်က အုပ်ချုပ်လေသည်။ သို့သော်လည်း နေမင်းနှစ်စင်းနှင့် လမင်းခုနစ်စင်းတို့ မြင့်တက်လာပြီးသည့်နောက်တွင် ကမ္ဘာကို ၉ပိုင်းအဖြစ် မခွဲခြားခဲ့ပေ။ သို့သော်လည်း အာဏာရှင် ၁၃ယောက်၏ ခေတ်ကာလတွင်ပင် သူတို့က သူတို့၏ ပိုင်နက်ကို အပြည့်အဝ မထိန်းချုပ်နိုင်ပေ။ ထိုအရာက ကမ္ဘာ၏ ကျယ်ပြောမှုကို မြင်တွေ့နိုင်၏။

လမင်းခုနစ်စင်း၏ အခြေအနေက သူတို့၏ ပိုင်နက်များအား မအုပ်စိုးနိုင်ခြင်း သို့မဟုတ် ချန်ထားခဲ့ခြင်းတို့ကြောင့် ပိုမိုဆိုးရွားလာလေ၏။ လက်ရှိနေရာက သူတို့ထဲမှ တစ်ခုဖြစ်ကာ ချူးအံ့ဖွယ်တိုင်းပြည်က လွှမ်းမိုးမှု များများစားစား မရှိသင့်ပေ။

သူတို့က ငါ့ကိုရှာဖို့ စိတ်အားထက်သန်နေတာလား။ ဒါမှမဟုတ်ဘူးဆိုရင် သူတို့ရဲ့ စွမ်းအားကို ဆန့်ကျင်မဲ့သူကို ရှာဖွေနေတာလား…

ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် တွေးလိုက်မိသည်။

သွေးနဂါးရဲ့ ပိုင်နက်က ဒီလောက်ကြီးတင်းကြပ်တဲ့ စောင့်ကြည့်မှုမျိုး မရှိဘူးဆိုတော့ ဒါက မြေကမ္ဘာဧကရာဇ်နဲ့ ဆက်နွယ်နေလောက်တယ်။ မြေကမ္ဘာဖြစ်တဲ့ ငါ့အဆင့်အတန်းကို သိသွားပြီးတော့ ငါ့ကို လိုက်လံရှာဖွေနေတာများလား…

ဝမ်ဝေ့က ဒိုင်မေးရှင်းအနိမ့်မှ သူ့ဂုဏ်ပုဒ်နှင့် အောင်မြင်မှုများကို တစ်ယောက်ယောက်က တမင် သို့မဟုတ် မတော်တဆ ထုတ်ပြောမိသွားသည်ကို အံ့ဩမိခြင်း မရှိပေ။ သူက ထိုအရာကို မျှော်လင့်ထားပြီးသားဖြစ်ကာ ထိုသို့ ဖြစ်ဖို့ရာ ခွင့်ပြုပေးထားပြီးသား ဖြစ်၏။

သူက အစစ်အမှန်မြေကမ္ဘာဧကရာဇ်ဖြစ်ဖို့ ကြံမိကြံရာ လုပ်ကိုင်လေလေ သူ့ကို ကြိုးကိုင်ဖို့ ပိုမိုလွယ်ကူလာလေလေပဲ…

ဝမ်ဝေ့က နှာခေါင်းရှုံ့ပြီးသည့်နောက် သူ့ဦးတည်ရာဆီ သွားလိုက်သည်။ လက်ရှိအခြေအနေဖြစ်နေသော်လည်း မျက်နှာဖုံးမျိုးနွယ်က နောက်ထပ် ဒိုင်မေးရှင်းတစ်ခုအတွင်း သေချာပုန်းအောင်းနေလေ၏။ ဝမ်ဝေ့က ကောင်းကင်စည်းတံဆိပ်၏ အကူအညီဖြင့် အလျင်အမြန် တွေ့ရှိသွားသည်။

“ခင်ဗျားက ဘယ်သူလဲ” ရှေ့တွင် အမျိုးသားတစ်ယောက် ပေါ်ထွက်လာ၏။ သူက အနက်ရောင်ကိုယ်ကြပ် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာအထက် မျက်နှာဖုံး ဝတ်ဆင်ထားလေသည်။ သူက သတိကြီးကြီးထားလျက် မေးလိုက်၏။

ဝမ်ဝေ့က သူ့ကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်သည်။ ထိုအမျိုးသားက တစ်ယောက်ထဲ ရှိဟန်ပေါ်သော်လည်း ကိုယ်ပျောက်လူရာချီက သူ့ကို ဝန်းရံထားသည်ကို မြင်နေရသည်။

သူတို့ရဲ့ တုံ့ပြန်မှုက မြန်ဆန်သားပဲ။ ပြီးတော့ သူတို့ရဲ့ ကိုယ်ပျောက်နည်းစနစ်ကလည်း အတော်လေး ထူးချွန်တယ်…

သူက မှတ်ချက်ပေးလိုက်၏။

ဒါပေမဲ့ သူတို့ရဲ့ အရှိန်အဝါအရ ဒီလူတွေက တိုက်ခိုက်နိုင်စွမ်း များများစားစားရှိတဲ့ပုံတော့ မပေါ်ဘူး။ ဒါက သူတို့ရဲ့ စခန်းကို စောင့်ကြပ်တဲ့အဖွဲ့ပဲ ဖြစ်လောက်ပါတယ်လေ…

သူက တည်တည်ငြိမ်ငြိမ်ဖြင့် စည်းတံဆိပ်ကို ထုတ်ယူလိုက်သည်။

“ကောင်းကင်စည်းတံဆိပ်” ကိုယ်ထင်ပြထားသည့်သူက မေးလိုက်၏။ သူ့အသံထဲတွင် စိတ်လှုပ်ရှားမှုနှင့် မသေချာမှုများ ကိန်းအောင်းနေသည်။

“တစ်ယောက်ယောက် ခေါင်းဆောင်ကို သွားပြီး အကြောင်းကြားချေ”

ဝမ်ဝေ့က ဆက်လက် စောင့်ကြည့်ရင်းဖြင့် စောင့်နေလိုက်သည်။

ဖန်ဆင်းမှုသက်ရှိရဲ့ ထူးကဲတဲ့အရှိန်အဝါက ဒီလူတွေဆီမှာ မရှိတော့ဘူးဆိုတော့ သူတို့ရဲ့ ဖန်ဆင်းသူက သေသွားတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် သူတို့ရဲ့ လွတ်လပ်ခွင့်ကို ပေးပြီး ဖန်ဆင်းမှုသက်ရှိ မဟုတ်တာတွေကို ကျွေးမွေးထားတာမျိုးဖြစ်နိုင်တယ်…

စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ရွှေရောင်ရင့်ရင့် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်အရွယ်အမျိုးသားက ဝမ်ဝေ့ဆီ ရောက်ရှိလာသည်။

ဝမ်ဝေ့က ခေါင်းဆောင်တွင်လည်း တိုက်ခိုက်သည့် အတွေ့အကြုံ များများစားစား မရှိကြောင်း ပြောနိုင်သည့်အတွက် မျက်မှောင်ကြုတ်လိုက်မိသည်။

“အရှင်တမန်တော် နောက်ဆုံးတော့ ရောက်လာပြီပဲ။ ဒီလောက်အချိန်ကြာပြီးတဲ့နောက်မှာ ဂိုဏ်းက ကျုပ်တို့ကို စွန့်ပစ်သွားပြီလို့ ထင်နေတာ” ကောင်းမွန်စွာ ဝတ်ဆင်ထားသည့် အမျိုးသားက ဝမ်ဝေ့ထံ ဒူးထောက်လုမတတ် ပြောလိုက်သည်။

“ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ”

“ ကျုပ် နာမည်က … မဟုတ်သေးဘူး ကျုပ်ဂုဏ်ပုဒ်က ရှေးဦးမျက်နှာဖုံးပါ”

“နာမည်ကောင်းပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ကျေးဇူးပါ”

“ခင်ဗျားတို့မျိုးနွယ်က သစ္စာရှိသေးတာ တော်သေးတာပေါ့” ဝမ်ဝေ့က သူ့ကို စိုက်ကြည့်လိုက်သည်။ တာအိုအခွင့်အလမ်းဂိုဏ်းက ထိုသူများအပေါ် အတားအဆီးများ မထားရှိသည်မှာ သူတို့တည်ရှိသည့် ရည်ရွယ်ချက်က ဂိုဏ်းနှင့် မပတ်သက်သည့် အင်အားစုတစ်ခု ဖြစ်စေဖို့ ဖြစ်၏။ ထို့ကြောင့် သူတို့က ဤအချက်ကို ရှာဖွေတွေ့ရှိသွားမည်ကို ကာကွယ်ဖို့ရာအတွက် ထိန်းချုပ်ထားသည့် နည်းဗျူဟာများ ချန်မထားပေ။

ဂိုဏ်းအနေဖြင့် ဦးနှောက်ဆေးကြောခြင်းနှင့် အရင်းအမြစ်များ ထောက်ပံ့ပေးခြင်း အစရှိသည့် တခြားသောနည်းလမ်းများကို အသုံးပြုနိုင်သည်။ နှမြောစရာကောင်းလှစွာဖြင့် အကြွင်းမဲ့တားမြစ်ချက်နှင့် အတင်းအကြပ် ပိတ်ဆို့ခံရပြီးသည့်နောက်တွင် တခြားသော အင်အားစုများက ထိုအခွင့်အရေးကို ယူကာ ပုန်ကန်သွားကြသည်။

ရှေးဦးမျက်နှာဖုံးက သူ့သွေးကြောနှင့် ဝိညာဉ်ထဲ အေးစက်စက် ခံစားချက်တချို့ဖြတ်ပြေးသွားသည်ကို ခံစားမိလိုက်၏။

“ကျုပ်တို့တွေက ဖန်တီးသူကို ဘယ်တော့မှ ကျောခိုင်းမှာ မဟုတ်ပါဘူး”

“အဲ့လိုမျှော်လင့်ရတာပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“မျိုးနွယ်ဝင်အားလုံးကို ဆင့်ခေါ်လိုက်။ ကျုပ် ပြောတာ အားလုံးနော်။ အရေးကြီးတာဝန်ရှိတဲ့သူတွေနဲ့ နေရာကနေ ထွက်မလာနိုင်တဲ့သူတွေကလည်း ပုံရိပ်ယောင်စေလွှတ်တာမျိုး ဒါမှမဟုတ်ဘူးဆိုရင် ရှင်းပြချက် ကောင်းကောင်းပေးရမယ်။ သူတို့က တစ်ပတ်တာ အချိန်ရမယ်”

“နားလည်ပါပြီ။ ချက်ချင်း လုပ်လိုက်ပါမယ်” ရှေးဦးမျက်နှာဖုံးက ပြောလိုက်သည်။

“ကောင်းပြီ။ ကျုပ် နားဖို့ အခန်းတစ်ခန်းပေး”

ခေါင်းဆောင်က ဝမ်ဝေ့အား တိတ်ဆိတ်သည့် အခန်းဆီ ခေါ်ဆောင်သွားပြီး ဦးညွှတ်ကာ ထွက်ခွာသွားလေ၏။ ဝမ်ဝေ့က ထိုသူများက တိတ်တဆိတ် သူ့အခန်းကို စောင့်ကြည့်နေသည်ကို လျစ်လျူရှုထားလေသည်။ မျက်နှာဖုံးမျိုးနွယ်က တိုက်ခိုက်ရေးတွင် နိမ့်ကျနေသော်လည်း သူတို့၏ ကျွမ်းကျင်ရာက လုပ်ကြံသတ်ဖြတ်မှုတွင် ရှိသင့်ပေသည်။ သူတို့၏ အရေပြားအံဝင်ခွင်ကျ စွမ်းရည်ကြောင့် သဘောကျနေမိသည်။

မူလမျက်နှာဖုံး မျိုးနွယ်ဝင်များက မမြင်နိုင်ဖွယ်နှင့် ကိုယ်ထည်မဲ့ အခြေအနေဖြင့် မွေးဖွားလာကြသည်။ သူတို့က တခြားသက်ရှိ၏ အရေပြားကို ယူပြီးသည့်နောက်မှသာ ထိုသက်ရှိ၏ မျက်နှာ၊ မှတ်ဉာဏ်၊ အငွေ့အသက်၊ စွမ်းရည်နှင့် သွေးမျိုးဆက်ကိုပင် အမွေဆက်ခံနိုင်သည်။ သို့သော်လည်း နှစ်များစွာ ပေါက်ဖွားပြီး ဆင့်ကဲပြောင်းလဲလာပြီးသည့်နောက် သူတို့က အရေပြားအံဝင်ခွင်ကျစွမ်းရည် ပါရှိသည့် လူသား ဖြစ်လာသည်။ ထို့အပြင် သူတို့က သူတို့ကိုယ်သူတို့ ကိုယ်ပျောက်အခြေအနေကို ဝင်ရောက်အောင် လေ့ကျင့်နိုင်ကြ၏။

သူတို့၏ စွမ်းရည်က ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်တွေရဲ့ နည်းလမ်းနဲ့ဆိုရင် အတော်လေးကို သင့်တော်တယ်…

ဝမ်ဝေ့က တွေးလိုက်သည်။ သူ့အဆောင်များက တခြားတစ်ယောက်၏ ကံကြမ္မာကို ခိုးယူနိုင်သည့်အတွက် ဤအရေပြားအံဝင်ခွင်ကျ စွမ်းရည်ကို ထည့်ပေါင်းလိုက်ပါက နှစ်ဆ လုံခြုံစိတ်ချသွားရပေမည်။

အားလုံး၏ ရောက်ရှိလာမှုကို စောင့်ဆိုင်းနေရင်း ဝမ်ဝေ့က နဂါးနက်ချပ်ဝတ်ကို ဆင့်ခေါ်ပြီး သွေးစက်ချကာ ပိုင်ရှင်အဖြစ် အမှတ်အသားပြုလိုက်သည်။ ထို့နောက် သူ့ဝိညာဉ်ကို အသုံးပြုကာ ထိုပစ္စည်းအပေါ် အမှတ်အသား ပေးလိုက်၏။

သူက တခြားသော ပစ္စည်းများကိုလည်း တူညီစွာ အမှတ်အသားပေးခဲ့သည်။ ထိုအရာ ပြီးဆုံးသွားသည်နှင့် သူက မရဏအစားထိုး ရုပ်သေးရုပ်ကို ဆင့်ခေါ်ကာ အတွေးနက်နေမိ၏။

ငါ့ဆီမှာ အခု အပိုအသက်နှစ်သက် ရှိထားပြီဆိုတော့ နည်းနည်းလောက် လှုပ်ရှားကြည့်လိုက်ရမလား…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက အသက်တစ်သက်ကို စတေးကာ ထိုကပ်ပါးများ၏ အခြေစိုက်စခန်းကို တိုက်ရိုက် တိုက်ခိုက်ရမလားဟု စဉ်းစားနေမိသည်။

အဲ့လိုလှုပ်ရှားမှုမျိုးရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကရော ဘယ်လိုလဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ငါက ဒီလိုတိုက်ကွက်မျိုးနဲ့ သူတို့ကိုပြန်လာအောင် ဒါမှမဟုတ် ပုံရိပ်ယောင်စေလွှတ်အောင် ဖိအားပေးနိုင်တယ်။ ဒါက အဲဒီလူတွေရဲ့ အခြေခံအုတ်မြစ် ဘယ်လောက်နက်ရှိုင်းတယ်ဆိုတာကို သိရဖို့ အခွင့်ကောင်းပဲ။ ငါ့ရဲ့ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်တွေက အဲဒီအင်အားစုရဲ့ အထက်ပိုင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်လောက်တယ်…

ဆိုးကျိုးအတွက်ကတော့ ငါ ဒီနည်းဗျူဟာကို တစ်ခါသုံးလိုက်တာနဲ့ ငါ့ရဲ့ အင်အားနဲ့ ဝှက်ဖဲတွေက ပေါက်ကြားသွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါကို ဖြည်းဖြည်းချင်း ထုတ်ဖော်မှာဆိုတော့ သိပ်ကြီးတော့ မဆိုးရွားပါဘူး။ ပြဿနာက သူတို့ဆီကို စောစောစီးစီး ထုတ်ဖော်လိုက်တာက မှန်ကန်တဲ့ ရွေးချယ်မှုလားဆိုတာပဲ…

ဝမ်ဝေ့က အတွေးနက်နေပြီး ကောင်းကျိုး၊ ဆိုးကျိုး ချင့်ချိန်နေသည်။ နမူနာအားဖြင့် သူ့အပြုအမူသည် သူ့နောက်တွင် ရှိသည့်လူများကို စည်းလုံးအောင် လုပ်ဆောင်နိုင်လောက်သည်။ ကံကြမ္မာပါသည့်သူဖြစ်ရုံဖြင့် မလုံလောက်ပေ။

ဤအပြုအမူအတွက် ဆိုးကျိုးကမူ ကြားနေသည့် အင်အားစုများက သူ့နောက်ကို လိုက်ဖို့ ပိုမိုဝန်လေးလာကြလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ဒါက ငါ့ရဲ့တည်ရှိမှုကို ကမ္ဘာကြီးဆီကြေညာဖို့ အခွင့်ကောင်းပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

အခု မေးခွန်းက ဘယ်သူ့ကို တိုက်ခိုက်ရမလဲဆိုတာပဲ…

သူက အတွေးတစ်ချက်ဖြင့် ဗုဒ္ဓ၊ မျက်လုံးတစ်လုံး၊ သဲနာရီ၊ နဂါးနီ၊ ရောင်စုံဇာမဏီ၊ အနက်ရောင်ဇာမဏီ၊ အနက်ရောင်သရဖူဆောင်းထားသည့် ဘုရင်၊ မိုးကြိုးသွား၊ ရယ်မောနေသည့် ဖုန်းကျိနှင့် တာအိုသူတော်စင်တို့ အရုပ်ဆယ်ရုပ် ပါဝင်သည့် စစ်တုရင်ခုံကို ဖန်တီးလိုက်၏။

ကပ်ဘေးက ဒီထဲမှာ မပါဘူး…

ဝမ်ဝေ့က မိုးကြိုးသွားအား အရွယ်အစားပြောင်းကာ ရပ်တန့်လိုက်သည်။

ငါ သူ့ကို ငါ့ဘက် ပြောင်းနိုင်လောက်တယ်…

သူက မိုးကြိုးသွားကို ဘေးဖက်ကပ်လိုက်၏။ ထို့နောက် သူက ဗုဒ္ဓနှင့် မျက်လုံးကိုလည်း ကျန်သည့် အရာများမှ ခွဲထုတ်လိုက်သည်။

သူက စစ်တုရင်ခုံကို ကြည့်ရင်း သဲနာရီကို ကောက်ကိုင်လိုက်၏။

အချိန်စားသုံးသူက အကြီးမားဆုံး အန္တရာယ်ပဲ။ ငါက ဒီလိုမျိုး လျှို့ဝှက်ဆန်းကြယ်မှုမျိုးကို ရှင်းထုတ်ရတာ သဘောကျတယ်ဆိုတော့ သူက အကောင်းဆုံးပစ်မှတ်ပဲ…

ဒါပေမဲ့ ငါက သူ့ကို ထိပ်တိုက်ရင်ဆိုင်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းက တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ရောက်ပြီး ငါ့ရဲ့ ဝိညာဉ်စွမ်းအားနဲ့ စိတ်ဆန္ဒအားလုံးကို ထုတ်ဖော်ပြီးတဲ့နောက်မှာပဲ…

ဝမ်ဝေ့က သူ့ဝိညာဉ်စွမ်းအားနှင့် စိတ်စွမ်းအားကို အသုံးပြုလိုက်သည်။ သို့သော်လည်း သူ့ကို တားဆီးသည့် တစ်စုံတစ်ခု ရှိနေလေ၏။ ထိုအရာက ကံတန်ပြန်သက်ရောက်မှု ဖြစ်၏။ သူ လေဟာနယ်ထဲတွင် လုပ်ခဲ့သည့်အရာများက ကံကြွေးအမြောက်အများ ဖြစ်လာစေသည်။ ထိုအရာက ပြန်လည်ဝင်စားပြီးသည့်နောက်တွင်ပင် ကျေမသွားပေ။

အခုတော့ အချိန်စားသုံးသူကို ရှင်းထုတ်ပစ်တာပေါ့…

သူက တွေးရင်းဖြင့် ထိုအရုပ်ကို ပြင်ထားလိုက်သည်။ သူက စစ်တုရင်ခုံကို စောင့်ကြည့်ရင်း သက်ပြင်းချလိုက်၏။

သူက ဗုဒ္ဓနှင့် မျက်လုံးကို ကြည့်ကာ ရှေ့တစ်ခုကို အာရုံစိုက်ထားလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူမက ဘယ်ဖက်မှာ ရပ်တည်မလဲဆိုတာကို မသိရင် ငါ့ရဲ့ အစီအစဉ်တွေက အသုံးဝင်မှာ မဟုတ်ဘူး…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက သူ လိုချင်သည့်အတိုင်း စီစဉ်ထားနိုင်သော်လည်း နေမင်းနှစ်စင်းထဲမှ တစ်စင်းက ဝင်ရောက်စွက်ဖက်သရွေ့ ကစားပွဲက ပြီးဆုံးသွားနိုင်လေသည်။

အဲဒီမတိုင်ခင် မေတ္တယျနဲ့ တွေ့ဆုံပြီးတော့ သူမရဲ့ အကျင့်စရိုက်၊ အတွေးနဲ့ ရည်မှန်းချက်တွေကို သုံးသပ်ကြည့်ရမယ် …

သူက ယခုအထိ အသက်ရှင်နေသည်မှာ သူမ၏ ကာကွယ်မှုကြောင့်သာ ဖြစ်၏။ သူက ထိုအချက်ကို သဘောမကျသော်လည်း အမှန်တရားသာ ဖြစ်သည်။ ထိုအရာကို သိထားသော်လည်း သူ့အနေဖြင့် သူမသည် မည်သို့သော လူစားမျိုးဖြစ်ပြီး သူမ လှုပ်ရှားနိုင်သည့် ဖြစ်နိုင်ချေများကို ရှာဖွေဖို့ လိုအပ်နေသည်။ မဟုတ်ပါက သူက သူမအတွက် ထိုကပ်ပါးများနှင့် အန္တိမသဟဇာတကို ရင်ဆိုင်ဖို့ အသုံးချမည့် နယ်ရုပ်တစ်ခု ဖြစ်သွားလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ပထမဦးဆုံး သူမနဲ့ စကားပြောကြည့်ရမယ်…

သူ့အတွေးများက ခိုင်မာနေ၏။

All Chapters