ဖွင့်ဟခြင်း
Vol. 87 Ch. 1207
ယခု ဝမ်ဝေ့က ဆုံးဖြတ်ချက်ချပြီးသည်ဖြစ်သည့်အတွက် သူမနှင့် သွားတွေ့ဖို့အတွက် နည်းလမ်းစဉ်းစားရန် လိုအပ်လာသည်။ သူက အရင်းအမြစ်ချီနေရာလွတ်အတွင်း ပုန်းအောင်းကာ ပုံရိပ်ယောင်တစ်ခုကို စေလွှတ်နိုင်သော်လည်း သူကပင် ဤကဲ့သို့ အရာမျိုး လုပ်ဆောင်နိုင်လေရာ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်အနေဖြင့် ထိုသို့မလုပ်နိုင်သည့်အရာ အကြောင်းအရင်း မရှိပေ။
အန္တိမသဟဇာတအတွက် ရှိထားတဲ့ အစီအစဉ်ကို သုံးလိုက်ရမလား၊ မဟုတ်သေးဘူး။ အဲဒီအစီအစဉ်က ပြင်ဆင်မှုအများကြီးလိုတယ်။ ပြီးတော့ အဲဒါက အောင်မြင်ပါ့မလားဆိုတာကိုလည်း ဆုံးဖြတ်ဖို့ သတင်းအချက်အလက်တွေ လိုအပ်သေးတယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။ အဆုံးသတ်တွင် သူက စွန့်စားမှုယူဖို့ ဆုံးဖြတ်လိုက်၏။ အင်အားချင်း ကွာခြားချက်က ကြီးမားလွန်းပြီး သူ့ကျင့်ကြံဆင့်က အားနည်းနေဆဲဖြစ်ကာ သူ့ရွေးချယ်မှုများစွာကို ကန့်သတ်ထားလေသည်။ ထို့ကြောင့် သူက စွန့်စားမှုယူကာ ကျားဂူအတွင်း ဝင်ရောက်ရမည် ဖြစ်၏။
မေတ္တယျနဲ့ ဘယ်လိုတွေ့ဆုံရမလဲ
အဖြေက ရိုးရှင်းပေသည်။ သူ့အနေဖြင့် ဗုဒ္ဓဘုံကျောင်းတစ်ခုကို ရှာကာ သူမ၏ နာမည်ကို ပြောဖို့ရာသာ လိုအပ်ပေ၏။ ဝမ်ဝေ့က ထိုသူနှစ်ဦးသည် သူတို့၏ တိုက်ပွဲအတွင်း ကမ္ဘာကို လွှမ်းမိုးဖို့ သို့မဟုတ် ဆက်သွယ်ဖို့ နည်းလမ်းမရှိဘဲ နေလိမ့်မည်ဟု မထင်ပေ။ ထို့ကြောင့် သူက တာအိုဘာသာနှင့် ဝေးဝေးနေကာ ရှင်းထုတ်ပစ်ရမည့် နောက်ဆုံးအစိတ်အပိုင်းအနေဖြင့် ချန်ထားလေ၏။
ဝမ်ဝေ့က မတ်တတ်ရပ်ကာ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ အကယ်၍ သူသာ မေတ္တယျ၏ ထောက်ပံ့မှုကို ရယူနိုင်ပါက သူ့အပြုအမူများနှင့်ပတ်သက်ပြီး အဟန့်အတား နည်းပါးလာမည်။ အကယ်၍ သူမသာ ရန်သူဖြစ်ပြီး သူ့ကို နယ်ရုပ်အဖြစ် အသုံးပြုဖို့ ကြံစည်နေသည်ဆိုပါက ယခုမှစ၍ သူက ပြင်ဆင်ထားနိုင်မည် ဖြစ်သည်။
အဆိုးဆုံးအခြေအနေအရဆိုရင် သူမက ငါ့ကို မတည်ငြိမ်တဲ့ အချက်အဖြစ် မှတ်ယူပြီးတော့ ရှင်းထုတ်ဖို့ ကြိုးစားလာနိုင်တယ်…
ဝမ်ဝေ့က တွေးလိုက်သည်။
တကယ်လို့ ဒီလိုသာဖြစ်နေမယ်ဆိုရင် ငါက အကူအညီ တောင်းဖို့ ဟုန်ကျွင်းကို ဆင့်ခေါ်ရလိမ့်မယ်…
ဝမ်ဝေ့က သူ့အသက်ရှင်မှုအတွက် တခြားသူများအပေါ် မှီခိုရသည်ကို သဘောမကျသော်လည်း သူ့လက်ရှိအနေအထားက အားနည်းနေသည့်အတွက် မတတ်နိုင်ပေ။ တကယ်တော့ သူ့တွင် တခြားသော ရွေးချယ်စရာများလည်း ရှိ၏။ နမူနာအနေဖြင့် သူသည် ကံကြမ္မာမျိုးစေ့အနေဖြင့် အဆင့်အတန်းကို လက်ခံလိုက်ဖို့ ဖြစ်သည်။ သူသာ ထိုသို့လုပ်ဆောင်လိုက်သည်နှင့် ကံကြမ္မာ သို့မဟုတ် မဟာတာအိုက သူ့အား သူ့အသက်ရှင်မှုကို တစ်နည်းနည်းဖြင့် အာမခံပေးလာလိမ့်မည်။ သို့သော်လည်း သူက သူတို့၏ ရုပ်သေးရုပ် ဖြစ်လာမည့်အစား သေဖို့ရာသာ လိုလားပေ၏။
သူက တုံ့ဆိုင်းမနေတော့ဘဲ ကူးသန်းသွားလိုက်သည်။ သူက စိတ်အေးအေးထားပြီး သူ့အခြေအနေအကြောင်း အပြည့်အဝ နားလည်ဖို့ လိုအပ်နေလေသည်။ ထိုသို့လုပ်ဆောင်လေလေ သူ့အနေဖြင့် ဖြစ်နိုင်ချေအားလုံးအတွက် ပြင်ဆင်မှုအတွက် အချိန်ရလေလေ ဖြစ်သည်။
ထိုအရာက သူ့အား သူ့ဦးတည်ရာသို့ ရောက်ရှိဖို့ရာအတွက် နာရီပိုင်းမျှကြာမြင့်ခဲ့သည်။ ဤသည်က ကမ္ဘာကြီး မည်မျှကျယ်ပြောကြောင်း မြင်တွေ့နိုင်၏။ အကယ်၍ သူသာ ကူးသန်းပြောင်းရွှေ့ရေးအစီအရင်များကို အသုံးပြုခဲ့ပါက ဖြစ်စဉ်က ချက်ချင်းဆိုသလို မြန်ဆန်လိမ့်မည်။ သို့သော်လည်း ဝမ်ဝေ့က သတိကြီးကြီးထားသူ ဖြစ်၏။
သိပ်မကြာခင် သူက ပဒုမ္မာကြာဘုံကျောင်းဟု နာမည်ရှိသည့် ဘုံကျောင်းဆီ ရောက်ရှိလာသည်။ ကျောင်းထိုင်က ကောင်းကင်ဘုံအဆင့်ဖြစ်သည့်အတွက် ထိုအင်အားစုအား လက်ရှိအနေအထားအရ အားကောင်းစေသည်။ သို့သော်လည်း ဝမ်ဝေ့က အန္တရာယ်ကို မခံစားမိသည့်အတွက် သူတို့တွင် စံပြအစီအရင် သို့မဟုတ် အဆင့်(၁၂)စွမ်းအား ရှိမနေကြောင်း ဆိုလိုနေသည်။ ဤဘုံကျောင်းက ရှေးဟောင်းမျိုးဆက်မှ ဖြစ်တည်လာခြင်း မဟုတ်ဘဲ လတ်တလောလေးမှ မြင့်တက်လာခြင်းဖြစ်ကြောင်း ညွှန်ပြနေသည်။
ဝမ်ဝေ့က ထိုဘုံကျောင်းကို ကြည့်ရင်း တွေးလိုက်မိသည်။
ဟုန်အာ ဒါက မင်းကြောင့် ကိုယ့်အသက်ကိုယ် စွန့်စားခဲ့တာ ဒုတိယအကြိမ်ပဲ…
ပထမအကြိမ်ကတော့ အဆင်ပြေသွားပြီ … ဒုတိယအကြိမ်ကလည်း အဲ့လိုဖြစ်ဖို့ မျှော်လင့်ပါတယ်…
သူ့ဇနီးဖြစ်သူက မေတ္တယျ၏ အပြစ်ကင်းမှုကို ယုံကြည်သည့်အတွက် သူကလည်း သူမအပေါ် ယုံကြည်ခဲ့သည်။ သူက တိတ်တဆိတ်ဖြင့် ပဒုမ္မာကြာ ဘုံကျောင်း၏ ကံကောင်းမှုစုစည်းရေးပစ္စည်းရှိရာ ဗဟိုချက်ဆီ ဝင်ရောက်လိုက်သည်။ ထိုနေရာက အစီအရင်များဖြင့် ပြည့်နှက်နေသော်လည်း ဝမ်ဝေ့က သူသည် သူတို့၏ အရှင်သခင်ဖြစ်ကာ လုပ်ပိုင်ခွင့်ရှိသည်ဟု တွေးထင်စေဖို့ ထိုအစီအရင်များကို လှုံ့ဆော်ကြိုးကိုင်ခဲ့သည်။
သူကိုယ်တိုင်က ငွေရောင်ဗုဒ္ဓရုပ်ထုရှိသည့် အခန်းအတွင်း ရောက်ရှိနေသည်ကို တွေးလိုက်ရ၏။ ဗုဒ္ဓ၏ လက်ဖဝါးအထက်တွင် ပဒုမ္မာကြာ အသုံးအဆောင်ပစ္စည်းတစ်ခု မြောလွင့်နေသည်။ ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ ဦးညွှတ်လိုက်၏။
“မာတာမေတ္တယျနဲ့ တွေ့ခွင့်တောင်းပါတယ်” သူ့စကားဆုံးသည်နှင့် သူ့ဝန်းကျင်တွင် ရှိနေသည့်အချိန်က ခေတ္တမျှ ရပ်တန့်သွားဟန်ပေါ်သည်။ ထို့နောက် အမျိုးသမီးတစ်ဦး ပေါ်ထွက်လာလေ၏။
ဝမ်ပေါင်လဲ့၏ ပထမအတွေးက သူမသည် လှပစွာ သာမန်ဆန်သူ ဖြစ်၏။ သူမက အင်မတန် လှပသော်လည်း သူမ၏ အပြုအမူ၊ တည်ရှိမှု၊ အဝတ်အစားနှင့် အငွေ့အသက်တို့က သာမန်ဆန်နေသည်။ ထိုဆန့်ကျင်ဖက် သဘောတရားနှစ်ခုက သူမဝန်းကျင်တွင် ပြီးပြည့်စုံစွာ ရောစပ်နေသည်။
“မင်းနဲ့တွေ့ဖို့ စောင့်နေတာ” မေတ္တယျက အပြုံးဖြင့် ပြောလိုက်သည်။
“ဟုတ်လား”
“မင်းက ငါ့အပေါ် သတိကြီးကြီးထားထားတာပဲ”
“မတတ်နိုင်ဘူးလေ။ အရှင့်ရဲ့ စွမ်းအား ပြီးတော့ ဂုဏ်သတင်းတွေကတော့ သတိမထားသင့်တဲ့ လက္ခဏာမျိုးတော့ မဟုတ်ဘူးလေ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူက ဘေးပတ်ဝန်းကျင်ကို သေချာစောင့်ကြည့်နေလေ၏။
မေတ္တယျက ရယ်မောလိုက်သည်။
“ငါက မင်းကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့ မြေးပဲလေ”
ဝမ်ဝေ့၏ ခန္ဓာကိုယ်က တုံ့ဆိုင်းသွားလေ၏။ သူက တစ်ဖက်သူကို သတိလက်လွတ်ဖြစ်စေဖို့ရာ ပြောဆိုသည့် နည်းဗျူဟာများစွာကို မြင်တွေ့ခဲ့ဖူးသော်လည်း ဤမျှအထိ ထင်မထားခဲ့မိပေ။
ကြည့်ရတာ သူမရဲ့ ပြစ်ချက်ရှိတဲ့ ထူးကဲသာလွန်မှု တက်လမ်းတဲ့နည်းလမ်းက သူမရဲ့ စိတ်ကို ပြောင်းပြန်ဖြစ်သွားပြီး ရူးသွပ်သွားစေတာလား။ မဟုတ်သေးဘူး။ အဲ့လိုမဖြစ်နိုင်ဘူး။ အဲ့လိုအရိပ်အမြွက်လည်း မရှိပါဘူး
“မဟုတ်ဘူး။ ငါက ရူးနေတာ မဟုတ်ပါဘူး” မေတ္တယျက ပြောလိုက်၍ ဝမ်ဝေ့က ရှုံ့မဲ့သွားလေ၏။ သူက စိတ်ခံစားချက်ကို ထိန်းချုပ်ကာ ပြောလိုက်သည်။
“အဲ့လိုဆိုရင် စောစောကပြောတဲ့ စကားက ဘာအဓိပ္ပာယ်လဲ”
သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာသော်လည်း ထိုအရာကို မယုံကြည်နိုင်ပေ။
“ဒိုင်မေးရှင်းအနိမ့်မှာ ဗုဒ္ဓဘာသာရဲ့ ပျက်ယွင်းမှုကို ဦးတည်စေခဲ့တဲ့ ငါ့အပေါ်ဖြစ်ပေါ်ခဲ့တဲ့ အရာတွေကို သိတယ်မလား”
“လီပေါ်က အရှင့်ရဲ့ စိတ်ကို နှစ်ပိုင်းခွဲပြီး သန့်စင်တဲ့ အပိုင်းရယ်၊ မိစ္ဆာအပိုင်းရယ်ဆိုပြီးတော့ ခွဲဖို့ နည်းလမ်းတချို့ သုံးခဲ့တယ်ဆိုတာပဲ သိတာပါ”
“အဲဒီကျရှုံးမှုတွေရဲ့ အကျိုးဆက်က မင်း ထင်ထားတာထက်ပိုပြီးတော့ ပြင်းထန်တယ်။ အဲဒီဖြစ်စဉ်အတွင်းမှာ ငါက စိတ်ဝိညာဉ်သဏ္ဍာန်များစွာကို ထိန်းချုပ်မှု ဆုံးရှုံးသွားခဲ့တယ်”
“အဲဒါ ဖြစ်နိုင်လို့လား”
“ရှားပါးတယ်ဆိုပေမဲ့ သေချာတဲ့ အနေအထား တစ်ခုအောက်မှာတော့ ဖြစ်နိုင်တယ်”
ဝမ်ဝေ့က ညည်းတွားလိုက်သည်။
“အဲ့လိုဆိုရင်”
“လွတ်မြောက်သွားတဲ့ စိတ်ဝိညာဉ်သဏ္ဍာန်တွေက သူတို့ရဲ့ အဆင့်အတန်းကို သိကြပြီးတော့ ငါ့လွှမ်းမိုးမှုအောက်ကနေ ဝင်ရောက်ဖို့ ကြိုးစားကြတယ်လေ။ တစ်ယောက်ကတော့ ဒီအဖြစ်အပျက်မှာ ကြီးကြီးမားမား အောင်မြင်ခဲ့တယ်လို့ ပြောရမယ်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ ရှေးဦးယမမင်းတစ်ယောက်ဖြစ်လာခဲ့တယ်လေ”
ဝမ်ဝေ့က မေတ္တယျ၏ အသံထဲတွင် ဂုဏ်ယူမှုတချို့ကို ခံစားမိလိုက်၏။
“သူမ ကျင့်ကြံတဲ့နည်းလမ်းက ပြန်လည်ဝင်စားမှုများစွာကို ကျော်ဖြတ်ခဲ့တာပဲ။ သူမရဲ့ ကိုယ်ပွားတစ်ယောက်က မင်းရဲ့ အဘွားမြောင်ယွဲ့လေ”
ဝမ်ဝေ့က တရားဝင်ဆွံ့အမိသွားသည်။
“အဲဒါကြောင့် သူမက ပြိုင်ဘက်ကင်းစိတ်အခြေအနေနဲ့ မွေးဖွားလာတာလား။ အဲဒါကြောင့် အဘိုးရဲ့ ပြန်လည်ဝင်စားမှုကို အာရုံမခံနိုင်တာလား”
“ဟုတ်တယ်။ သူက မင်းအဘိုးနဲ့ ဆက်ဆံရေးကို အသိအမှတ်ပြုပြီး ကိုယ်တိုင်လေ့ကျင့်ပေးဖို့ ရွေးချယ်လိုက်တဲ့ပုံပဲ”
“ကျွန်တော်တို့ ဝမ်မျိုးနွယ်က တကယ်ကို ကောင်းချီးပေးခံထားရတာပဲ” ဝမ်ဝေ့က သူမ၏ စကားများကို ပြန်လည်တွေးတောရင်း မှတ်ချက်ပေးလိုက်သည်။
“အမှန်ပဲ။ မင်းဆီမှာ ကြည့်ရတာ မေးခွန်းတွေ အများကြီးရှိနေတဲ့ပုံပဲ။ မေးလေ” မေတ္တယျက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အရှင့်ရဲ့ လေသံတွေအရဆိုရင် အဲဒီစိတ်ဝိညာဉ်သဏ္ဍာန်တွေကို ပြန်လည်ဖမ်းဆီးဖို့ မကြိုးစားခဲ့တဲ့ပုံပဲ။ ဘာကြောင့်များလဲ” ဝမ်ဝေ့က ချက်ချင်းမေးလိုက်သည်။
“လီပေါ်ရဲ့ အပြုအမူတွေက အဆိုးထဲက အကောင်းလို့ ခေါ်ရမှာပဲ။ ငါက မိစ္ဆာကိုယ်ကို လွှမ်းမိုးပြီးတဲ့နောက်မှာ ငါ့ရဲ့ စိတ်ဝိညာဉ်လေ့ကျင့်မှုက နောက်ထပ် အဆင့်တစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲဒါကြောင့် ငါက ရှေးဦးစံပြ တစ်ယောက် ဖြစ်လာခဲ့တယ်လေ။ အဲဒီနောက်မှာ အဲဒီစိတ်ဝိညာဉ်တွေကလည်း သူတို့ရဲ့ ကိုယ်ပိုင်ဝိညာဉ် ရှိတယ်ဆိုတာကို သဘောပေါက်သွားခဲ့တယ်။ တချို့က တာအိုသက်သေပြပြီးတော့ ငါနဲ့ ကွဲပြားတဲ့ အမှတ်အသားကိုတောင် ပိုင်ဆိုင်ထားကြတယ်။ သူတို့ရဲ့ တည်ရှိမှုကတောင် ကွဲပြားနေမှတောင် ဒီအတိုင်း ခွင့်ပြုထားရတာပေါ့”
“အရှင်က ကျွန်တော်ထက် ပိုပြီးကောင်းတဲ့သူပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ သူသာဆိုပါက ထိုကောင်စုတ်လေးများကို အမဲလိုက်ကာ ဤမသေမျိုးအနှောင်အဖွဲ့မှ ရှင်းထုတ်ပစ်မည် ဖြစ်သည်။
“အများစုကတော့ အချင်းချင်းတိုက်ခိုက်ရင်းနဲ့ သေဆုံးသွားကြတာပေါ့” မေတ္တယျက ဝမ်းနည်းစွာ ပြောလိုက်သည်။
“တချို့ကတော့ ငါ့ကို သတ်ပြီး မူလ ဖြစ်လာဖို့ ကြိုးစားကြတယ်။ သူတို့တွေက အခုကိုယ်ပိုင်လမ်းကြောင်းနဲ့ အနာဂတ်ရှိနေပြီဆိုတာကို သဘောမပေါက်ကြသေးဘူး ထင်တယ်။ သူတို့တွေက အခု ဘယ်လောက်ထိ ရောက်ရှိနေမလဲဆိုတာကို ဘယ်သူကများ သိမှာလဲ”
ဝမ်ဝေ့က တိတ်ဆိတ်မသွားခင် ခေါင်းညိတ်လိုက်သည်။
“မင်း မေးလေ” သူမက ဖျောင်းဖျလိုက်သည်။
“အရှင်က ဘာလို့ အဲ့လိုလုပ်ရတာလဲ”
မေတ္တယျက သူ့ဆိုလိုရင်းကို သဘောပေါက်၏။ သူမက အပြစ်ကင်းသော်လည်း လက်ရှိကမ္ဘာ့အခြေအနေက ဤသို့ဖြစ်လာခဲ့သည်မှာ သူမကြောင့်လည်း အပါအဝင် ဖြစ်၏။
“ငါတို့တွေ အကြွင်းမဲ့တားမြစ်ချက်ကနေ ထွက်လာပြီးတဲ့နောက်မှာ အန္တိမသဟဇာတနဲ့ ငါနဲ့က အတုအယောင် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်လို့ ခေါ်နိုင်တဲ့ အဆင့်ကို ရောက်ရှိသွားကြတယ်” မေတ္တယျက တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
“တကယ်လို့သာ ငါတို့က အဲဒီအဆင့်ကို ရောက်ရှိစေချင်တယ်ဆိုရင် ကမ္ဘာကြီးက အနှောင့်အယှက်မရှိ ငြိမ်းချမ်းနေဖို့ လိုအပ်တယ်။ အဲဒါကြောင့် တားမြစ်ချက်ထဲမှာ မပါတဲ့ စံပြတွေအားလုံးနဲ့ တခြားလမ်းစဉ်က အဆင့်(၁၂) ပုဂ္ဂိုလ်တွေအားလုံးကို ရှင်းထုတ်ပစ်ဖို့ အတူတကွ လက်တွဲခဲ့တာ။ ပြောရမယ်ဆိုရင် မပြီးမပြတ်အခြေအနေကနေ ပြန်လည်ရှင်သန်လာဖို့ အားလုံးကို တားမြစ်ခဲ့တာပေါ့”
မေတ္တယျက သက်ပြင်းချလိုက်သည်။
“ငါ့ရဲ့ အပြုအမူတွေကို အကြောင်းပြချက် ပေးဖို့အတွက်တော့ အဲဒီစံပြတွေရဲ့ တာအိုအမှတ်အသားတွေ အားလုံးကိုတော့ အကောင်းအတိုင်း ထိန်းသိမ်းထားခဲ့တယ်။ ဒါပေမဲ့ ငါကိုယ်တိုင်အပါအဝင် လူများစွာရဲ့ သေဆုံးမှုကိုတော့ ဖြစ်စေတုန်းပဲ”
ဝမ်ဝေ့က အတွေးများစွာ ရှိနေသော်လည်း ခေတ္တမျှ စုစည်းပြီးသည့်နောက်တွင် ပြောလိုက်သည်။
“အဲဒါဆို ကပ်ပါးတွေကရော။ သူတို့ကို ဘာလို့ရွေးချယ်ခဲ့တာလဲ”
“အစတုန်းကတော့ အားလုံးကို ရှင်းထုတ်ပစ်ဖို့ပဲ။ ဒါပေမဲ့ အချိန်စားသုံးသူကို ရှင်းထုတ်ပစ်တော့မဲ့ဆဲဆဲမှာ သူက ကမ္ဘာကြီးကို အစီအစဉ်တကျ စောင့်ကြည့်ပေးမဲ့ ကြီးကြပ်ရေးမှူးတွေ လိုတယ်လို့ ပြောလာတယ်လေ။ သူက တခြားသူတွေကိုလည်း အကြံပြုခဲ့တယ်။ သူတို့က အားနည်းပေမဲ့ ရည်မှန်းချက်ရှိတော့ ထိန်းချုပ်ဖို့ လွယ်ကူတယ်တဲ့လေ။ အဲဒါကြောင့် ငါတို့က သဘောတူပြီးတော့ ငါတို့အင်အားစုထဲက လူတစ်ယောက်ဆီကိုလည်း ဒီအသစ်ဖွဲ့ထားတဲ့ အဖွဲ့ထဲမှာ ပါဖို့ ရွေးချယ်ခဲ့တာ။
ငါတို့တွေ အဆုံးသတ်သွားတဲ့အချိန်မှာ အခြေအနေက ဒီလိုဖြစ်သွားခဲ့တာပဲ။ အဆိုးဆုံးအခြေအနေက အန္တိမသဟဇာတရဲ့ အကျင့်စရိုက်က ပြောင်းလဲသွားခဲ့တာ။ သူက ငါတို့သဘောတူညီမှုကို လျစ်လျူရှုပြီး ပိုပြီးတော့ အေးစက်လာတယ်”
“သဘောတူညီမှုလား”
“ငါတို့က အဆင့်တက်လှမ်းပြီးတဲ့နောက်မှာ အရာအားလုံးကို ပြန်လည်ပြောင်းဖို့ စီစဉ်ထားခဲ့တာ” မေတ္တယျက ရှင်းပြလိုက်သည်။
“ငါတို့ရဲ့ မိတ်ဆွေဟောင်းတွေကို ပြန်လာပြီးတော့ ငါတို့ရဲ့ တိုးတက်နှုန်းကို မျှဝေပေးဖို့ပေါ့”
“မျှဝေပေးဖို့လား။ အဲ့လိုနည်းစနစ်မျိုးကို မျှဝေချင်ရဲ့လား” ဝမ်ဝေ့က မေးလိုက်သည်။
“ဒါပေါ့” မေတ္တယျက တုံ့ဆိုင်းခြင်းမရှိ ပြန်ပြောလိုက်သည်။
“ငါက စံပြအဆင့်မှာ အချိန်အတော်အကြာကြီး ရပ်တန့်နေခဲ့တာလေ။ အဲဒီနောက်မှာ ဝမ်ချီရှန်းက ရောက်လာပြီးတော့ သူ့အစီအစဉ်အကြောင်း ပြောလာခဲ့တယ်။ ပြီးတော့ သူက ဒုတိယ မူလစစ်ပွဲကို စုစည်းပြီးတော့ အကြွင်းမဲ့တားမြစ်ချက်ကို ဆင့်ခေါ်ခဲ့တယ်။ အဲဒီမှာ ပြဿနာတချို့ရှိနေတယ်ဆိုပေမဲ့လည်း ငါ အသစ်ရရှိထားတဲ့ စွမ်းအားက အစီအစဉ် အလုပ်ဖြစ်တယ်ဆိုတာရဲ့ သက်သေပဲ။ ထူးကဲသာလွန်မှုလမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းဖို့ ဆက်နွယ်မှုနဲ့ အတွေးအခေါ်တွေ မျှဝေဖို့ လိုအပ်တယ်ဆိုတာကို နားလည်တယ်။ အဲဒါကြောင့် ဒီနည်းစနစ်ကို ဖုံးကွယ်ဖို့ဆိုတာ ဘယ်တုန်းကမှ မစီစဉ်ထားဘူး”
“ဒါပေမဲ့ အန္တိမသဟဇာတကတော့ အဲ့လိုပုံစံကို သဘောမကျတဲ့ပုံစံပဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ဟုတ်တယ်”