← Chapters

အပိုင်း (၄၅၃) – လင်းယုန်ဘုရင်

Vol. 005 Ch. 453

အပိုင်း (၄၅၃) – လင်းယုန်ဘုရင်

Vol. 005 Ch. 453

“သမုဒ္ဒရာမြို့တော်ကိုသာ သွားလိုက်၊ ငါတို့အခု သွားနှုန်းနဲ့ဆိုရင် ဒီလမ်းအတိုင်းဆက်သွားရင် အစိမ်း  ရောင်မြို့တော် ရောက်လိမ့်မယ်” ချူချောင်ထန် ပြောလေသည်။

“ဟူး” အားလုံး သက်ပြင်းချမိလေသည်။ ဒီလူက နောက်နေတာလား ဘာလား။ သူတို့က ၁၀နှစ်လောက် လမ်းပေါ်မှာ သွားလာနေရမှာလား။ ပြီးတော့ သူတို့က ငှက်လေး၏ အရှိန်နှုန်းနှင့်မို့ ဒီလိုသွားနိုင်သည်။ သူတို့သာ တခြားသော သားရဲပျံစီးပါက ၁၅နှစ်လောက်ကြာမည်။

“ပြီးတော့ ငါတို့လမ်းမှာ တခြားအတားအဆီး ရှိမှာကို စဉ်းစားရမယ်” ချူချောင်ထန် ပြောလိုက်သည် “ဒါပေမဲ့ ငါတို့ သားရဲနယ်မြေတွေကို ဘယ်လောက်ဖြတ်ရမလဲဆိုတာ မသိသေးဘူး၊ သူတို့က ငါတို့နောက်လိုက် ပြီး သတ်နိုင်တယ်”

ရှီမာယူယူသည် နဖူးကို ပွတ်လိုက်သည်။ ဒါက တော်တော်ကြောက်စရာကောင်းတာပဲ။

“လျှန်မိသားစုကျရော လျှန်ဟုန်ရဲ့ အဖေက လျှန်မိသားစုဝင်လို့ ပြောခဲ့တယ်မလား၊ သူ့မိသားစု မျိုးနွယ် က သူ့ကို ဂရုမစိုက်ဘူးလား” ဝေကျိရွှီ မေးလိုက်သည်။

“သူ့အဖေက သူ့အမေနဲ့အတူ မိသားစုကို ပစ်ထားသွားတာ” ချူချောင်ထန် ပြောလေသည် “အဲဒါကြောင့် ပဲ သူ့ကို လေးစားသွားတာ၊ သူတစ်ယောက်တည်းကြောင့်မို့လို့လည်း သူ့ကို ကူညီဖို့ သဘောတူခဲ့တာ”

“ဒါဆိုရန် လျှန်မိသားစုက လျှန်ဟုန်ကို အရေးမစိုက်ဘူးပေါ့” ဖက်တီးကျူ မေးလိုက်သည်။

“လျှန်မိသားစုက လူလွှတ်ပြီး ငါတို့ကို မသတ်ခိုင်းတာပဲ တော်လှပြီ” ချူချောင်ထန်သည် ခါးသီးစွာ ပြုံး လိုက်သည် “ငါအစတုန်းကတော့ သူ့ကို အလယ်ပိုင်းဒေသကို ခေါ်သွားမလို့ပဲ ဒါပေမဲ့ ငါတို့ အလိုက်ခံနေရတော့ တခြားရွေးစရာမရှိဘူး အဲနေရာအသေးလေးကို ပြေးရတော့တာပဲ”

“ဒါဆိုရင် လျှန်ဟုန်ရှိတာ လျှန်မိသားစုက သိလား” ရှီမာယူရန် မေးလိုက်သည်။

“သိရင်လည်း သိမှာပေါ့ မသိရင်လည်း မသိဘူး” ချူချောင်ထန် ပြောလေသည် “အရင်တုန်းက သူ့ မိသားစုဝင် တစ်ယောက်က ငါတို့နဲ့အတူ ရှိသေးတယ် ဒါပေမဲ့ ပြေးရင်းကွဲသွားတာ၊ သူသာ အသက်ရှင်နေရင် လျှန်မိသားစုကသိမှာပေါ့ သူသာ သေသွားတယ်ဆိုရင်တော့ သူတို့ မသိနိုင်ဘူး”

“အဲတစ်ယောက် အသက်မရှင်ရင်တောင် လျှန်မိသားစုက သိမယ်ထင်တာပဲ” ရှီမာယူယူ ပြောလိုက် သည် “လျှန်မိသားစုက ဖေမိသားစုနဲ့ ရန်ဘက်မလား၊ သူတို့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေမှာပဲ၊ အဲနှစ်တွေမှာ  ဖေမိသားစုက ခင်ဗျားတို့ကို အသည်းအသန်လိုက်နေတာ လျှန်မိသားစုက မသိစရာအကြောင်းမရှိဘူး၊ သူတို့ ဘာမှမလုပ်ဘူးဆိုတာ မျှော်လင့်ချက်မပေးချင်လို့နေမှာ”

“ဟူး” ချူချောင်ထန်သည် သက်ပြင်းချကာ လျှန်ဟုန်သည် ခေါင်းငုံ့ထားလေသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ကို ဘာလို့ လျှန်ဇီဆီ ပို့ချင်တာလဲ” ရှီမာယူယူ မေးလိုက်သည်။

“သူ့အဖေရဲ့ ဆန္ဒပါ” ချူချောင်ထန်သည် လျှန်ဟုန်အား ကြည့်လိုက်သည် “သူ့အဖေ မသေခင်ကို လျှန် မိသားစုက လူတစ်ယောက်မှ မယုံရဘူးလို့ ပြောခဲ့တယ်၊ အဲလိုဆိုရင် ငါတို့ သူ့ညီကို အစိမ်းရောင်ဗိဗ္မာန်မှာ သွား ရှာရမယ်တဲ့၊ သူက အယုံရဆုံးပဲတဲ့၊ ငါတို့ အစိမ်းရောင်ဗိဗ္မာန်ရောက်တာနဲ့ ဖေမိသားစုက လျှန်ဟုန်ကို လက်ဖျား နဲ့တောင် မထိတော့ဘူး၊ ဖေမိသားစုက အစိမ်းရောင်ဗိဗ္မာန်ကို ဘာမှလုပ်ဖို့ကြိုးစားမှာမဟုတ်ဘူး ဒါပေမဲ့ ငါ အဲဒီ တစ်ယောက်နဲ့ တစ်ခါမှ မဆက်သွယ်ဖူးဘူး”

“ဟူး ဒုက္ခတော့ရောက်နေပြီ” ရှီမာယူလီ ပြောလေသည် “ဒီဦးလေးက ဘာသံမှထွက်ခဲ့တာမဟုတ်ဘူး၊  ပြီးတော့ သူက ယုံရတဲ့လူလားဆိုတာ မသေချာသေးဘူး၊ ကျွန်တော်တို့သာ ဒီနေရာကို ဇွတ်ဝင်သွားရင် သေရုံ တင်မကဘူး ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်တယ်”

“မဖြစ်နိုင်ဘူးဆိုရင် ငါ သူ့ကို အလယ်ပိုင်းဒေသကိုပဲ ခေါ်သွားမယ်” ချူချောင်ထန် ပြောလိုက်သည် “အလယ်ပိုင်းဒေသမှာဆိုရင် ဖေမိသားစုဝင်တွေက ငါတို့ကို ဘာမှမလုပ်နိုင်ဘူး”

“အရင်ဆုံး အစိမ်းရောင်ဗိဗ္မာန်ကို သွားဖို့ နည်းလမ်းအရင်ရှာရမယ်” ရှီမာယူရန် ပြောလေသည် “၁၀နှစ် ဆိုတာ အကြာကြီးပဲ ကျွန်တော်တို့ အပြင်မှာကြာကြာနေရင် အရမ်းအန္တရာယ်များတယ်”

“ဟုတ်တယ်” ဖက်တီးကျူ ပြောလေသည် “ကျွန်တော်တို့ အချိန်ဆွဲလေလေ သူတို့မှီလာနိုင်တဲ့ အခွင့် အရေးများလေပဲ၊ သူတို့ ဒီတစ်ခေါက်လွှတ်လိုက်တဲ့လူတွေက အရင်ကထက် ပိုပြီးလည်း အားကောင်းလာနိုင် တယ်၊ ပြီးတော့ ကျွန်တော်တို့ကလည်း ဒီအချိန်လေးမှာ တိုးတက်အောင်လုပ်နိုင်မှာမဟုတ်ဘူး”

“မဆိုးဘူး ဖက်တီးကျူ မင်းတောင် သုံးသပ်နိုင်နေပြီ” ဝေကျိရွှီသည် ထေ့ငေါ့ပြောလေသည်။

“ဟင် ငါက ဦးနှောက်မရှိတဲ့သူမှ မဟုတ်တာ” ဖက်တီးကျူသည် ဝေကျိရွှီ ပြောသောစကားကို မကျေနပ် ကာ စနောက်လေသည်။ အားလုံးသည် သူတို့အား ရယ်မောကြကာ တင်းမာမှှုများ အနည်းငယ်လျော့သွား  လေသည်။

“မင်းတို့အားလုံးကို ဒုက္ခပေးမိတာ တောင်းပန်ပါတယ်၊ နောက်ကို အကြွေးပြန်ဆပ်ပါမယ်” လျှန်ဟုန် သည် ရုတ်တရက်ပြောလေသည်။ သူသည် နူးညံ့ကာ ကြင်နာတတ်သည်ကို ရှီမာယူယူသိသည်။ သူ ချူချောင် ထန်နှင့် အတူသွားလာနေသည်မှာလည်း ကောင်းသောအရာဖြစ်သည်။

သူမ ပြုံးပြီး ပြောလိုက်သည် “လျှန်ဟုန် ဘာဝန်ထုတ်ဝန်ပိုးမှ မဖြစ်နဲ့၊ မင်းဆရာက ငါ့တို့ကို ကျေးဇူးရှိ တာ ဒီလောက်ပဲ” လျှန်ဟုန်သည် ရှီမာယူယူအား ကြည့်ရာ သူမသည် သူ့အားနှစ်သိမ့်ရန်ကြိုးစားနေသည်ကို သူ သိသည်။ သူ ဘာမှမပြောပဲ ပြုံးကာ သူမအား ဆပ်ရမည့် ကျေးဇူးသည် ကြီးလာသည်ကို သိလိုက်သည်။

သူတို့ ရက်အနည်းငယ်ပျံရာ ဖေမိသားစုများ လိုက်မလာပေ။ ငှက်လေးနားရန်အတွက် သူတို့သည် သားရဲ ပျံ လဲလိုက်ကြသည်။ ထိုခရီးစဉ်တွင် သူတို့သည် ကမ္ဘာဦးနယ်မြေ၏ အကန့်အသတ်များကို နားလည်လိုက် ကြ သည်။ သူတို့သည် လအနည်းငယ် ထပ်ပျံသော်လည်း မြို့တစ်မြို့မှ မမြင်ရသေးပေ။ သူတို့ မြင်ရသည်မှာ တောင် တန်းများ၊ လွင်ပြင်ကြီးများနှင့် ရေစီးသန်သော မြစ်များဖြစ်လေသည်။

သူတို့ လမ်းတွင် ရှိနေစဉ်တွင် ဖေစီသည် သူ့လူများခေါ်ကာ တောင်တန်းများဆီသို့ သွားလေသည်။ သူတို့ သားရဲပျံသည် လင်းယုန်အုပ်၏ ဝန်းရံခြင်းကို ခံလိုက်ရလေသည်။

“မင်းဘယ်သူလဲ”

ဖေစီသည် သူ၏ သားရဲပျံပေါ်တွင် ရပ်ကာ ဝိုင်းထားသော လင်းယန်များကို တည်ငြိမ်စွာ ကြည့်ကာ ပြော  လေသည် “ဖေမိသားစုက ဖေစီက လင်းယုန်ဘုရင်ကြီးနဲ့ တွေ့ဖို့ တောင်းဆိုချင်လို့ပါ၊ သူ့ကို သတင်းပို့စရာ ရှိလို့ ပါ”

“ဖေမိသားစုကလား” ဖြူဆွတ်နေသော ငှက်မွေးရှိသော လင်းယုန်သည် ဖေစီအား စူးရှစွာ ကြည့်လိုက်  လေသည်။ သူ့အကြည့်အား မရှောင်သည်ကို တွေ့သည်နှင့် သူ သူ့အနောက်က ရှိသော လင်းယုန်ဘက်လှည့် ကာ ပြောလိုက်သည် “ဘုရင်ကြီးကို သတင်းပို့လိုက်”

“ဟုတ်ကဲ့ပါ” ထိုလင်းယုန်ငှက်သည် အတောင်ပံခတ်ကာ ပျံသွားပြီး ခဏအကြာတွင် ပြန်လာပြီး ပြော  လေသည် “ဘုရင်ကြီးက သူ့ကို ခေါ်ခဲ့ပါတဲ့”

“သူ့ကို ခေါ်သွားလိုက်” အဖြူရောင် လင်းယုန် အမိန့်ပေးလိုက်သည်။ ၁၀ကောင်သော လင်းယုန် ငှက်များ သည် ဖေစီအား ဝိုင်းကာ တောင်ကြားသို့ ခေါ်သွားလေသည်။ဖေစီသည် လင်းယုန်ငှက် နယ်မြေသို့  ရောက်သည်ကို သတိထားမိရာ တောင်တိုင်းတွင် လင်းယုန်ငှက်များပြားစွာ ရှိနေသည်ကို တွေ့ လိုက်ရလေ သည်။ သိမ်းငှက်ငယ် များ သည် တင်းကျပ်စွာ လေ့ကျင့်နေကြသည်။

သူတို့ တောင်တန်းအတွင်းသို့ ဝင်ပြီးမကြာမီတွင် ပျံသန်းခွင့်မရှိတော့ပေ။ ထို့ကြောင့် ဆင်းသက်ကာ  ဖေစီသည် စာချုပ်သားရဲအား သိမ်းလိုက်ပြီး လင်းယုန်များနောက်လိုက်ကာ အမြင့်ဆုံးတောင် ကမ်းပါးသို့ လာ လိုက်သည်။ ၂နာရီကြာသောအခါ သူတို့သည် တောင်ထိပ်သို့ ရောက်လေသည်။ တောင်ထိပ်တွင် တောင်သေး တစ်လုံး အရွယ်အစားရှိသော လင်းယုန်ဘုရင်သည် နေဝင်သည်ကို ကြည့်နေလေသည်။

ခဏကြာမှပင် လင်းယုန်ဘုရင်သည် လှည့်ပြီး မေးလေသည် “မင်းက ဖေစီလား”

ဖေစီသည် ရိုးရှင်းစွာ အရိုအသေပေးပြီး တွေဝေခြင်းမရှိပြောလေသည် “ဖေမိသားစုက ဖေစီက လင်းယုန်ဘုရင်ကြီးကို နှုတ်ဆက်ပါတယ်”

“ငါတို့ လင်းယုန်မျိုးနွယ်က လူသားတွေနဲ့ ပတ်သတ်ဖို့ စိတ်ကူးမရှိဘူး၊ ဘာကိစ္စရှိလို့ ငါတို့ကို ရှာတာလဲ” လင်းယုန်ရင်သည် သူ့အား မကြောက်သော ဖေစီအား ဂုဏ်ကျက်သရေကို ပြကာ ပြောလေသည်။

ဖေစီပြုံးပြီး ပြောလိုက်သည် “ကျွန်တော် ဒီနေ့လာတာက လင်းယုန်ရင်ကို ပူးပေါင်းဖို့ လာကမ်းလှမ်း တာပါ”

“ပူးပေါင်းမယ်ဟုတ်လား၊ ငါတို့မှာ ပူးပေါင်းစရာ အကြောင်းမရှိဘူး မင်းတို့ လူသားတွေက ငါတို့နဲ့ မတူ ဘူး၊ ငါတို့ အတူတူ အလုပ်လုပ်စရာဘာမှမရှိဘူး” လင်းယုန်ဘုရင် ပြောလေသည် “အဲဒါ ပြောဖို့ လာတယ်ဆို ရင်တော့ အခုပဲ ပြန်လိုက်ပါ၊ မင်းက ဖေမိသားစုဝင်ဖြစ်နေတော့ မင်းကို အပြစ်ပေးလို့ ပြဿနာမဖြစ်ချင်ဘူး” ထိုစကားပြောပြီးသည်နှင့် ငှက်နှစ်ကောင်သည် သူ့အားခေါ်သွားရန် ပြင်လေသည်။

“ကျွန်တော့်ကို မြန်မြန်နှင်မထုတ်ပါနဲ့ လင်းယုန်ဘုရင်” ဖေစီသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေ သည် “ဘုရင်ကြီးက ကျွန်တော့် ကမ်းလှမ်းချက်ကို နားမထောင်ရသေးဘူးလေ၊ ပြီးတာနဲ့ ကျွန်တော်တို့နဲ့ အတူတူ အလုပ်လုပ်ဖို့ စိတ်ဝင်စားသွားမှာပါ”

လင်းယုန်ရင်သည် ဖေစီအား ကြည့်ပြီးခဏအကြာတွင် ပြောလိုက်သည် “ဒါဆိုရင် ပြောမယ့်ဟာ  ပြောကြည့်လေ”

“အရင် ဂဠုန်ဘုရင်က အခုဘယ်ရောက်သွားပြီး ဘာဖြစ်နေလဲသိလား” ဖေစီသည် လင်းယုန် ဘုရင်အား ကြည့်ကာ ပြုံးလေသည်။ လင်းယုန်ဘုရင် အမူအရာပြောင်းသွားသည်ကို ကြည့်ပြီး သူကျေနပ်စွာ ပြုံးလိုက်  လေသည်။

All Chapters