နောက်ထပ်ပဟေဠိ အပိုင်းအစတစ်ခု
Vol. 87 Ch. 1209
“အရေးကြီးတာတစ်ခု မေးလို့ရမလား။ မေတ္တယျက ဘာတာအိုကို ကျင့်ကြံတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“သဏ္ဍာန်မဲ့ တာအိုလို့ခေါ်တဲ့ ထူးကဲတဲ့ ဗုဒ္ဓအထွတ်အမြတ်တာအိုပဲ”
“အချိန်တာအို မဟုတ်ဘူးလား”
“မဟုတ်ဘူး”
“ကျွန်တော် သိပြီ။ ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဝမ်ပေါင်လဲ့က ပြောလိုက်သည်။
“ကျွန်တော်အတွက် အဘိုးကို နှုတ်ဆက်ပေးပါဦး။ ပြီးတော့ မိသားစုကနေ ကြိုဆိုပါတယ်”
ဝမ်ဝေ့က လုပ်စရာများစွာ ရှိနေသေးသည့်အတွက် သံသရာထဲတွင် အချိန်မဖြုန်းနိုင်ပေ။ သူက အာကာပြင်မုခ်ဝကို ဖွင့်လှစ်ပြီး သက်ရှိလောကဆီ ပြန်သွားဖို့ ပြင်လိုက်၏။
“ခဏနေဦး။ ဒါက မင်းအတွက်” မြောင်ယွဲ့၏ အသံက ထွက်ပေါ်လာ၏။ ဝမ်ဝေ့ရှေ့တွင် ဒယ်စောက်ငယ်လေးတစ်လုံး ထွက်ပေါ်လာသည်။
“ဒါက”
“လမင်းဒယ်စောက်လို့ခေါ်တဲ့ အထွတ်အထိပ် ဟွင်သွမ်းရတနာပဲ။ ဒါက ဝိညာဉ်ကာကွယ်ရေးရတနာလေ” မြောင်ယွဲ့က ရှင်းပြလိုက်သည်။
“မင်းက ကာကွယ်ရေးအတွက် မင်းဝိညာဉ်ရဲ့ ထူးကဲမှုကို မှီခိုအားကိုးခဲ့တာ အသားကျနေတဲ့ပုံပဲ။ ဒါပေမဲ့ ဒိုင်မေးရှင်းအမြင့်မှာ အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒီဟာက တိုက်ခိုက်မှုအတွက် မဟုတ်ဘဲနဲ့ ကာကွယ်မှုအတွက်ပဲဆိုတော့ သေသေချာချာ အသုံးပြု”
“သေချာရဲ့လား။ တကယ်လို့ အဘွားအတွက် အခက်အခဲဖြစ်စေမယ်ဆိုရင်…”
“အဲဒီအကြောင်းစိုးရိမ်နေစရာ မလိုဘူး” မြောင်ယွဲ့က ပြောလိုက်သည်။
“အဲဒါက မင်းရဲ့ လောကသုံးပါးဧကရာဇ်ဂုဏ်ပုဒ်ကို အောင်မြင်မှုအနေနဲ့ ပေးလို့ရတယ်”
“စည်းမျဉ်းတွေကို လှည့်စားတာလား။ တကယ်ကို ကျွန်တော်အဘွားပဲ”
မြောင်ယွဲ့က ရယ်မောလိုက်၏။
“မင်းဘာသာမင်း သေချာဂရုစိုက်။ မင်းအဖေ တက်လှမ်းလာတဲ့အချိန်ကျရင် အဘွားနဲ့ လာတွေ့ဖို့ ပြောလိုက်ဦး”
“ဟုတ်ကဲ့”
ဝမ်ဝေ့က ပဒုမ္မာကြာဘုံကျောင်းဆီ ပြန်လည်ရောက်ရှိလာသည်။ သူက နောက်ထပ် အချိန်မဖြုန်းတော့ဘဲ မျက်နှာဖုံးမျိုးနွယ်ဆီ သွားရောက်လိုက်၏။ သူက အခန်းအတွင်း ထိုင်နေကာ မေတ္တယျနှင့် တွေ့ဆုံမှုအကြောင်း စဉ်းစားနေသည်။
မေတ္တယျနှင့် တွေ့ဆုံမှုထဲမှာ အကြီးမားဆုံး သတင်းအချက်အလက်က သူမရဲ့ ထူးကဲသာလွန်မှုလမ်းစဉ်အတွက် အချိန်မြစ်ကြောင်းကို အသုံးပြုခဲ့တယ်ဆိုတာပဲ…
ဝမ်ဝေ့က တွေးလိုက်မိသည်။
သူက ထိုအရာကို အကြောင်းအရင်းတချို့ကြောင့် ကောက်ချချမိခြင်း ဖြစ်၏။ မေတ္တယျ၏ ပင်မတာအိုက သဏ္ဍာန်တာအိုဖြစ်သော်လည်း သူတို့တွေ့ဆုံစဉ်အခါက သူမက အချိန်ကို ရပ်တန့်ခဲ့သည်။ ဝမ်ဝေ့က ထိုအတွေ့အကြုံကို စိတ်ထဲတွင် ပြန်လည်သုံးသပ်ရင်းဖြင့် သူမက တမင်တကာလုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ ပင်ကိုအသိစိတ်ဖြင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။
ဒါက လိုအပ်နေတဲ့ ပဟေဠိအပိုင်းအစတစ်ခုပဲ။ စံပြတွေက ကမ္ဘာဦးဟွင်သွမ်းနဲ့ အရင်းအမြစ်ချီလင်နေရာလွတ်ကို စူးစမ်းရှာဖွေဖို့ အချိန်မြစ်ကြောင်းကို မကြာခဏ သုံးလေ့ရှိတယ်။ သူတို့ရဲ့ တိုက်ပွဲကလည်း အတိတ်ဆီသွားပြီးတော့ ရန်သူအားနည်းနေတဲ့အချိန် သုတ်သင်ပစ်တာ ပါဝင်နေတယ်။ အဲ့လိုဆိုတော့ အန္တိမသဟဇာတက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို သက်ရောက်မှုရှိစေဖို့ စံပြတွေ ဒါမှမဟုတ် သူတို့အဆင့်တက်လှမ်းမှုက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအပေါ် သက်ရောက်မှုရှိတာ လိုချင်ပြီးတော့ မေတ္တယျကတော့ ကမ္ဘာရဲ့ အချိန်မြစ်ကြောင်းခွဲကို ကာကွယ်ဖို့ အလေးထားခဲ့တာပဲ…
သူ့အကြည့်များက တောက်ပလာ၏။
အချိန်မြစ်ကြောင်းကို သုံးပြီး ထူးကဲသာလွန်မှုအဆင့်ဆီ ဘယ်လိုတက်လှမ်းနိုင်မှာလဲ…
ဒီအရာဆီကနေ စွမ်းအားတွေ စုပ်ယူခဲ့တာလား။ ဒါမှမဟုတ်ဘူးဆိုရင် ငါတို့ရဲ့ ဝိညာဉ် ဒါမှမဟုတ် အသိစိတ်ပင်လယ်ထဲက အဆီအနှစ်ကို အတုခိုးခဲ့သလိုမျိုးလား။ နှစ်ခုလုံးက ဖြစ်နိုင်ချေ ရှိတယ်။ ဒါပေမဲ့ အမှန်တရားနဲ့တော့ အရမ်း အလှမ်းဝေးနေသေးတယ်…
ယခုအခါ စဉ်းစားနေ၍ အကျိုးမရှိသေးပေ။ အကယ်၍ သူမက အမှန်တိုင်းပြောသည်ဆိုလျှင်ပင် သူ့အနေနှင့် သူမ အသုံးပြုခဲ့သည့် နည်းလမ်းကို ဖြည်းဖြည်းချင်း သိလာမည်သာ ဖြစ်၏။ ထူးကဲသာလွန်မှုလမ်းစဉ်ကို ရယူမည့်အကြံက ကိစ္စတစ်ခုဖြစ်ကာ သေချာသည့် နည်းစနစ်များဖြင့် ကျင့်စဉ်ကို ဖန်တီးခြင်းက နောက်ထပ်တစ်ခု ဖြစ်၏။
ထို့နောက် ဝမ်ဝေ့က မေတ္တယျက သူ့မွေးဖွားမှုအကြောင်း ပြောခဲ့သည့်အရာအပေါ် အာရုံစိုက်လိုက်သည်။ သူက သူ့ဘဝ နောက်ထပ် မူမမှန်မှုတစ်ခုကို ရှာဖွေတွေ့ရှိသွား၏။ ယခု သူက အဖြေ လိုအပ်နေသည်။
ငါက စံပြဖြစ်လာပြီးတဲ့နောက်မှာ အဲဒီကို ပြန်သွားပြီးတော့ တွေ့ကြုံခံစားလို့ရမလား…
ဤသည်က သူ စဉ်းစားနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။ သို့သော် ထိုအရာက အလုပ် မဖြစ်နိုင်ပေ။ အကယ်၍ စွမ်းအားတစ်ခုက မေတ္တယျနှင့် အန္တိမသဟဇာတတို့၏ မျက်ဝန်းအောက်မှ ကျော်လွှားနိုင်သည်ဆိုပါက သူအနေနှင့် ရှာဖွေတွေ့ရှိနိုင်မည့် အခွင့်အရေးက မဖြစ်နိုင်သလောက် ဖြစ်၏။
ငါ့ဘဝက ဘာလို့ ဒီလောက်တောင် ရှုပ်ထွေးနေရတာလဲ…
ဝမ်ဝေ့က လမင်းဒယ်စောက်ကို ဆင့်ခေါ်ပြီးသည့်နောက်တွင် ညည်းတွားလိုက်သည်။
အလေ့အကျင့်က ကြောက်စရာကောင်းတဲ့အရာပဲ။ သူမသာ သတိမပေးခဲ့ရင် ငါ ဆက်တိုက်ဆိုသလို ခံစားနေရမှာ…
ဝမ်ဝေ့က ဝိညာဉ်နှင့် ပတ်သက်ပြီး စိုးရိမ်စရာမလိုခြင်းအပေါ် နေသားကျလွန်းနေ၍ အမှားမှ မသင်ယူခင် သူ ဆိုးဆိုးရွားရွား ဆုံးရှုံးမှုတစ်ခုကို တွေ့ကြုံခဲ့နိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။
အခုကစပြီးတော့ စံပြအဆင့် ဝိညာဉ်နဲ့ ကျင့်စဉ်နဲ့ အရင်းအမြစ်တွေကို စုစည်းရမယ်…
သူက အသုံးအဆောင်ပစ္စည်းအပေါ် အမှတ်အသား ချန်ထားပြီးသည့်နောက်တွင် မျက်နှာဖုံးမျိုးနွယ်ဝင် အားလုံး စုဝေးဖို့ စောင့်ဆိုင်းနေသည်။ သူက မျိုးနွယ်၏ သတင်းအချက်အလက် အားလုံးကို ပြန်လည်သုံးသပ်ခဲ့၏။
တစ်လကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ကွင်းပြင်တစ်ခုထဲ ပေါ်ထွက်လာကာ သူ့ရှေ့တွင် မျက်နှာဖုံးမျိုးနွယ်ဝင်များ အားလုံးက ဒူးထောက်လျက် ရှိနေ၏။
သူက ရှေးဦးမျက်နှာဖုံးကို ကြည့်ကာ ပြောလိုက်သည်။
“အားလုံးရောက်လာပြီလား”
“ဟုတ်ကဲ့ပါ”
“ဒါပေမဲ့ ငါ သိသလောက် ဒါက ၇၀ရာခိုင်နှုန်းပဲ ရှိသေးတာပဲ”
“ဒါက ဒီလိုပါ။ ကျုပ်တို့ရဲ့ …”
ဝမ်ဝေ့က လက်မြှောက်ကာ သူ့ကို တားလိုက်၏။ ထို့နောက် အဝေးတစ်နေရာကို ကြည့်ကာ အတွေးတစ်ချက်ဖြင့် လက်ဖဝါးမှ ကံကြိုးမျှင်များစွာ ထွက်ပေါ်လာသည်။ သူက သူတို့ကို ဆွဲစောင့်လိုက်သည့်အခါ အဖွဲ့ဝင်များစွာက ဤဒိုင်မေးရှင်းအတွင်း ရောက်ရှိလာလေ၏။ သူတို့၏ ခေါင်းဆောင်က သူမ၏ အလိုဆန္ဒနှင့် ဆန့်ကျင်စွာ မျိုးနွယ်ဆီ ပြန်လည်ရောက်ရှိလာသည့် အကြောင်းအရင်းကို စိတ်ရှုပ်ထွေးနေသည့် အမျိုးသမီးတစ်ဦး ဖြစ်၏။
“မင်းက ဘာလို့ မျိုးနွယ်ကို သစ္စာဖောက်ခဲ့တာလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ရှင်က ဘယ်သူလဲ” သူမက မေးလိုက်၏။
“အကြီးအကဲ အနီရောင်မျက်နှာဖုံး ဒါက ပင်မဂိုဏ်းက တမန်တော်ပါ။ သူက မျိုးနွယ်ကို လာပြီး ထိန်းချုပ်တာ” ရှေးဦးမျက်နှာဖုံးက အလျင်အမြန် ပြောလိုက်သည်။
“အကြီးအကဲအနီရောင်မျက်နှာဖုံး၏ မျက်နှာအထက် အံ့အားသင့်သည့် အရိပ်အယောင်မျိုး ပေါ်ထွက်လာသော်လည်း သူမက ဝမ်ဝေ့ကို စိုက်ကြည့်ရင်း တည်ငြိမ်သွားလေသည်။
“ဘာလုပ်နေတာလဲ။ အမှားကို မြန်မြန် ဝန်ခံလိုက်”
အကြီးအကဲ အနီရောင်မျက်နှာဖုံးက မလှုပ်မယှက်သာ ကျန်ရှိနေသည်။
“ငါ သိပြီ” ဝမ်ဝေ့က ရေရွတ်လိုက်၏။
“မင်းက အတော်လေးကို ရည်မှန်းချက်ကြီးတဲ့သူပဲ။ အဲဒါဆိုတော့ ဒီလိုမျိုး မပြီးပြည့်စုံတဲ့သူကို မင်းအစား ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတာကို နာကျည်းနေတာပဲ”
သူမက အံကြိတ်ကာ ပြောလိုက်၏။
“ကျွန်မတို့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ခွဲက အသက်ရှင်နိုင်ချေ နည်းပါးတဲ့ ကိစ္စတွေကို ဆောင်ရွက်ရတယ်။ ဒီလူတွေကတော့ သက်တောင့်သက်သာ သူတို့ရဲ့ ရာထူးမှာ ထိုင်နေရုံပဲ။ ဒါပေမဲ့ ကျွန်မတို့က ခေါင်းဆောင်ရာထူးကို မျိုးဆက်များစွာတိုင် လွှမ်းမိုးခံလာရတာ”
“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။” ရှေးဦးမျက်နှာဖုံးက အော်ပြောလိုက်၏။
“မဟုတ်ဘူး။ သူမကို ပြောခွင့်ပေးလိုက်” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျွန်မတို့တွေက ထပ်ပြီး ဒီလိုအလုပ်မခံနိုင်တော့ဘူး” သူမက ထပ်ပြောလိုက်သည်။ ဝမ်ဝေ့၏ အကြည့်က ရုတ်ချည်းဆိုသလို နက်နဲသွားကာ သက်ရှိအားလုံး၏ ကံကြမ္မာက သူတို့ထဲတွင် မြင်တွေ့နေရသလိုမျိုး ဖြစ်၏။ အကြီးအကဲ အနီရောင်မျက်နှာဖုံး၏ မျက်နှာက ဖြူဖျော့သွားလေ၏။ ထိုအတွေးတစ်ချက်ဖြင့် သူမက သေးငယ်ကာ အားနည်းသွားသလို ခံစားလိုက်ရသည်။ ပြောရမည်ဆိုလျှင် သူမက လူသား … မဟုတ်သေးဘူး မြင့်မားသည့် နဂါးတစ်ကောင်နှင့် ရင်ဆိုင်နေသည့် ပိုးမွှားတစ်ကောင်မျှ ဖြစ်နေလေ၏။ သူမလို တာအိုအုပ်ချုပ်သူတစ်ယောက်ဆီမှ အလိုလိုသိစိတ်က သူမ၏ အတွင်းကမ္ဘာကို ထုတ်ကာ ခုခံဖို့ ဖြစ်၏။ သို့သော်လည်း သူမ၏ တိုက်ပွဲအလိုလိုသိစိတ်ကမူ ဤသို့လုပ်ဆောင်လျှင် မြန်မြန်ဆန်ဆန် သေဆုံးသွားနိုင်ကြောင်း သတိပေးနေ၏။
သူမက ဖိအားမှ ပေါက်ကွဲထွက်တော့မည့်ဆဲဆဲတွင် ထိုအရာက ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားလေ၏။
ဝမ်ဝေ့က ပြုံးလိုက်သည်။
“ငါက ရည်မှန်းချက်ကြီးတဲ့သူတွေကို သဘောကျတယ်။ ဒါပေမဲ့ သူတို့က လုပ်ရည်ကိုင်ရည်ရှိတဲ့အခါမျိုးပေါ့ ကံကောင်းတာက မင်းတို့လူတွေက ဒီမျိုးနွယ်ထဲမှာ လုပ်ဆောင်နိုင်တယ်လို့ မှတ်ယူလို့ရတဲ့ တစ်ခုတည်းသော အုပ်စုပဲ”
သူက လက်ကိုမြှောက်ကာ မျက်နှာဖုံးမျိုးနွယ်အားလုံး၏ ကံကြမ္မာကြိုးမျှင်ကို လက်အတွင်း ရစ်ပတ်လိုက်သည်။ ထို့နောက် သူ့ဝိညာဉ်မှ သင်္ကေတတစ်ခု ပေါ်ထွက်လာကာ ထိုကြိုးဖြင့် ပေါင်းစည်းသွားလေ၏။
“အခု မင်းတို့ရဲ့ ကံကြမ္မာတွေက ငါ့အပိုင် ဖြစ်သွားပြီ”
သူက ကြေညာပြီးသည့်နောက်တွင် နောက်ထပ် အကြီးအကဲတစ်ဦးကို ကြည့်လိုက်၏။ ထိုသူက အကြီးအကဲ အဝါရောင်မျက်နှာဖုံး ဖြစ်ပေသည်။
“ငါ လုပ်လိုက်တဲ့ဟာနဲ့ ပတ်သက်ပြီး ပြဿနာရှိလို့လား”
အကြီးအကဲ အဝါရောင်မျက်နှာဖုံးက တုန်ယင်သွားပြီး သူက ခေါင်းငုံ့ထားလိုက်သည်။
“ဂိုဏ်းက မင်းကို အကြာကြီးထောက်ပံ့ပေးထားတုန်းက ပြဿနာ မရှိဘူးမလား။ အစကတည်းက မင်းရဲ့ ကံကြမ္မာကို သိနေပြီးသား မဟုတ်ဘူးလား”
မည်သူကမှ ဘာမှမပြောကြသည့်အတွက် ဝမ်ဝေ့က အုပ်စုကိုသာ စိုက်ကြည့်လိုက်သည်။
“ငါ ပြောခဲ့တဲ့အတိုင်း လုပ်ကြံသတ်ဖြတ်သူအဖွဲ့ကပဲ လုပ်ရည်ကိုင်ရည်ရှိတာ။ ဆိုလိုတာက မင်းတို့အားလုံး လေ့ကျင့်ရေးကို ဖြတ်ကျော်ရလိမ့်မယ်” ဝမ်ဝေ့က ကြေညာလိုက်သည်။
“အခုကစပြီး မင်းတို့က ငါ့ရဲ့ ကံကြမ္မာအရိပ်တပ်ဖွဲ့ရဲ့ အဖွဲ့သားတွေပဲ။ မင်းတို့ရဲ့ အရင်အတိတ်က အတွေးအခေါ်တွေနဲ့ အကြံဉာဏ်တွေအားလုံးကို စွန့်ပစ်ဖို့ အကြံပေးလိုက်မယ်။ မင်းတို့ရဲ့ အရင် အဆင့်အတန်းတွေအားလုံးကို ဖက်တွယ်မထားနဲ့။ ဒါတွေအားလုံးက အသုံးမဝင်တော့ဘူး။
ဒါက မင်းတို့အတွက် အသက်ရှင်ပြီး အားကောင်းလာပြီးတော့ မင်းတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရယူမဲ့ နည်းလမ်းပဲ။ နားလည်လား”
“ဟုတ်ကဲ့” အားလုံးက ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။
“ဒါမှပေါ့ … အခု သွားပြီးပြင်ဆင်ကြ” ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။
“ငါတို့တွေ နောက်ရက်အနည်းငယ်နေရင် ထွက်သွားကြမယ်” ဝမ်ဝေ့က ထွက်သွားပြီးသည့်နောက်တွင် ဝမ်ချီ ရောက်လာအောင် စောင့်ဆိုင်းနေလိုက်၏။
အကြီးအကဲအနီရောင်မျက်နှာဖုံးက သူ့ကျောပြင်ကို ကြည့်နေရင်း အတွေးနက်နေမိသည်။
ဒါက ကိစ္စဆိုး တစ်ခုတော့ မဟုတ်ဘူးပဲ…
သူမ လိုအပ်သည်က သူမ၏ ပါရမီကို ပြသဖို့ အခွင့်အရေးတစ်ခုနှင့် သူမနှင့် ထိုက်တန်သည့် ဂုဏ်ကျက်သရေနှင့် အာဏာကို ရရှိဖို့ရာသာ ဖြစ်၏။ မျက်နှာဖုံးမျိုးနွယ်၏ ပျက်ယွင်းမှုက သူမ၏ လမ်းစဉ်ကို ပိတ်ဆို့ထားခဲ့သော်လည်း သူမက ခေါင်းဆောင်အသစ်နှင့် တွေ့ဆုံဖို့ အခွင့်အရေး ရလာခဲ့သည်။
သုံးရက်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ချီက မျက်နှာဖုံးမျိုးနွယ်ဆီ ရောက်ရှိလာပြီး ဝမ်ဝေ့၏ အခန်းဆီ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။
“မင်း နောက်ကျနေတာပဲ” သူက သူ ရောက်ရောက်လာချင်း လွန်ခဲ့သည့် တစ်လခန့်က ဝမ်ချီနှင့် ဆက်သွယ်ခဲ့သည်။
“ခေါင်းဆောင်က ဖရိုဖရဲအခြေအနေကို နားမလည်သေးလို့ပါ” ဝမ်ချီက ပြန်ဖြေလိုက်၏။
“ကျွန်တော်က ခေါင်းဆောင်ကို လိုက်ရှာနေတာ။ ပိုင်နက်တိုင်းမှာ စစ်ဆေးမှုတွေ ရှိတယ်။ ကျွန်တော်ရဲ့ ဇစ်မြစ်ကို ဖုံးကွယ်ပြီးလာဖို့ အတော်လေးကို ခက်ခဲတယ်”
“အဲ့လိုလား ကြည့်ရတာ ငါတို့တွေ သီးသန့်ကူးသန်းပြောင်းရွှေ့ရေး စနစ် လိုအပ်နေတဲ့ပုံပဲ” ဝမ်ဝေ့က ရေရွတ်နေသည်။
“အဲ့လိုလုပ်မှ ဖြစ်မှာ” ဝမ်ချီက ခေါင်းညိတ်လိုက်၏။
“မဟုတ်ရင် ကျွန်တော်တို့အလုပ်တွေက အဆရာချီ ပိုပြီး ခက်ခဲသွားနိုင်တယ်”
“ငါတို့လူတွေ သွားလာဖို့ အာကာသခွဲ စနစ်ကို ဖန်တီးရမယ်”
“ကျွန်တော်တို့တွေ သေမျိုးတွေအတွက် ဖန်တီးခဲ့တဲ့ဟာလိုမျိုးလား”
“အတိအကျပဲ။ တစ်ခုတည်းသော ပြဿနာက အားလုံးဆီကနေ ဒါကို ဘယ်လိုဝှက်ထားရမလဲဆိုတာပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“တကယ်လို့ ကျွန်တော်တို့ဆီသာ အာကာပြင် ဟွင်သွမ်းအထွတ်အထိပ် ရတနာရှိတယ်ဆိုရင် အသုံးပြုလို့ ရတယ်။ ပြီးတော့ ကောင်းကင်လှည့်ဖျားရေး အစီအရင်ကိုပါ ထည့်ပေါင်းလို့ရတယ်။ ဒါပေမဲ့ အဲ့လိုရတနာမျိုး အတော်လေးတော့ ရှားပါးတယ်” ဝမ်ချီ၏ အကြည့်များက ရုတ်ချည်းဆိုသလို တောက်ပလာ၏။
“ကျွန်တော်တို့တွေ ဂိုဏ်းဆီကနေ ထောက်ပံ့မှုကို တောင်းခံရမလား”
“သူတို့ကို ထည့်သွင်းနေဖို့ မလိုဘူး။ အထူးသဖြင့် ငါတို့ဆီမှာ ပိုပြီးကောင်းတဲ့ ရွေးချယ်မှု ရှိတယ်”
“ပိုပြီးကောင်းတဲ့ ရွေးချယ်မှုလား။ အော် … တာအိုသင်္ချိုင်းမြေရဲ့ အခြေစိုက်စခန်းကို ပြောတာလား”
“အတိအကျပဲ”
“ကျွန်တော်တို့တွေက ခေါင်းဆောင် ထောက်ပံ့ပေးထားတဲ့ တက်လှမ်းရေးရတနာချီကို အသုံးပြုပြီးတော့ ဟွင်သွမ်းရတနာကနေ အထွတ်အထိပ်ပင်ကိုရတနာအဖြစ် ဆင့်ကဲပြောင်းလဲထားတာ။ ဒါပေမဲ့ အထွတ်အထိပ် ဟွင်သွမ်းရတနာအဆင့် ရောက်ဖို့တော့ အလှမ်းဝေးနေသေးတယ်”