ပထမဦးဆုံး ဆက်သွယ်မှု
Vol. 87 Ch. 1210
“တာအိုသင်္ချိုင်းမြေကို ထိပ်တန်းအထွတ်အထိပ် ပင်ကိုရတနာ ဖြစ်မလာခင်အထိ တက်လှမ်းရေး ရတနာချီနဲ့ မြန်မြန် အာဟာရဖြည့်ဖို့ လိုတယ်။” ဝမ်ဝေ့က အမိန့်ပေးလိုက်၏။
ပင်ကိုရတနာအဆင့်ကို အကဲဖြတ်ဖို့ နည်းလမ်းတချို့သာ ရှိသော်လည်း အတွေ့အများဆုံးက မြင့်မားသည့် ကျင့်ကြံဆင့်ဖြင့် အားဖြည့်ပေးခြင်း ဖြစ်သည်။
ဟွင်သွမ်းရတနာအတွက်မူ အဆင့်(၁၁)သူက အားဖြည့်ပေးဖို့ လိုအပ်လိမ့်မည်။ ကောင်းကင်ဘုံအဆင့်နှင့် တာအိုအုပ်ချုပ်သူများက သန့်စင်သည့် မဟာတာအိုအရင်းအမြစ် အားဖြည့်မှုကို အသုံးပြုဖို့ လိုအပ်သော်လည်း သက်ရောက်မှုအရှိဆုံးကမူ မြေကမ္ဘာယွမ်ထီဆီမှ ဖြစ်၏။
“ဒါပေမဲ့ ငါတို့တွေ နောက်အဆင့်အဖြစ် ဆင့်ကဲပြောင်းလဲစေချင်တယ်ဆိုရင်တော့ ထူးကဲတဲ့ အဆင့်(၁၂)ချီကို သုံးဖို့ လိုတယ်”
ဝမ်ချီက မလုံမလဲ ပြုံးလိုက်သည်။
“ကျွန်တော်တို့တွေ အဲ့လိုအရာကို ဘယ်နေရာမှာ ရှာတွေ့မှာလဲ။ ဒီလိုမျိုး အကျိုးမရှိတာ လုပ်မဲ့အစား အထွတ်အထိပ်ဟွင်သွမ်းရတနာကို ရှာလိုက်တာ ပိုမကောင်းဘူးလား။ ပြီးတော့ တာအိုသင်္ချိုင်းမြေရဲ့ ပင်မဂုဏ်သတ္တိက ဝှက်ထားပြီးတော့ အာကာသခွဲစနစ်အဖြစ် ပြီးပြည့်စုံတယ်ဆိုပေမဲ့လည်း ဒီပြဿနာတွေ အားလုံးနဲ့တော့ မထိုက်တန်ဘူး”
ဝမ်ဝေ့က ခေါင်းယမ်းလိုက်၏။
“မင်းက အတွေးအခေါ်ကို ကန့်သတ်ထားတာပဲ။ ဒါက ငါတို့ဆီမှာ မှန်ကန်တဲ့ မဟာမိတ် ရှိသရွေ့ အရာအားလုံး လုပ်နေစရာ မလိုဘူး”
“မှန်ကန်တဲ့ မဟာမိတ်တဲ့လား။ အာကာသမျိုးနွယ်ကို ပြောတာလား” ဝမ်ချီက ဂိုဏ်းချုပ်၏ သဘောထားကို သဘောပေါက်သွားလေသည်။
“အမှန်ပဲ။ တကယ်လို့ အဲ့လိုထူးကဲတဲ့ ချီရှိတဲ့ အင်အားစုသာ ရှိနေမယ်ဆိုရင် သူတို့ပဲ ဖြစ်လိမ့်မယ်။ ပြဿနာက သူတို့ကို ဒီလိုလေးလံတဲ့ လက်ဆောင်မျိုးနဲ့ ခွဲခွာဖို့ရာ ဖျောင်းဖျဖို့ပဲ”
“သူတို့က လက်လျှော့မလား၊ လက်မလျှော့မလားဆိုတာက ငါတို့ရဲ့ဘက်မှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံမလဲဆိုတာကို ဆက်နွယ်မှု တစ်ခုပဲ” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။
“ငါတို့တွေအနေနဲ့ သူတို့မျိုးနွယ်က ဒီခေတ်ကာလကို အဆုံးသတ်တဲ့ကိစ္စမှာ အနည်းဆုံး အကျိုးပြုချင်တာလား၊ ဒါမှမဟုတ် အပြည့်အဝ ရင်းနှီးမြှုပ်နှံချင်တာလားဆိုတာ ကြိုတင် သိဖို့ လိုတယ်”
“သူတို့တွေ ဘယ်လိုရွေးချယ်မှုကို လုပ်မယ်လို့ ထင်လဲ” ဝမ်ချီက မေးလိုက်သည်။
“သေချာတော့ ပြောလို့မရသေးဘူး” ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်ရင်း လှမ်းဖြေလိုက်သည်။
“ဒီခေတ်ကာလကို အဆုံးသတ်တာက အာဏာရှင် ၁၃ယောက် ကြီးစိုးခဲ့တဲ့ ရွှေရောင်ခေတ်ကာလကို ပြန်သွားတာနဲ့ အတူတူပဲ။ တချို့လူတွေက ဒီဟာကို သဘောကျပေမဲ့ တချို့သူတွေက ကမ္ဘာရဲ့ အစီအစဉ်ကျမှုအသစ်ကို လိုချင်ကြတယ်။ ငါသိထားသလောက်တော့ အာကာသမျိုးနွယ်က အာဏာရှင်၁၃ ယောက်ထဲ ပါတဲ့ အသင်္ချေမျိုးနွယ်မဟာမိတ် အဖွဲ့ဝင်ဖြစ်ခဲ့တယ်ဆိုတော့ သူတို့က ဒီအခွင့်အရေးကို သုံးပြီးတော့ သူတို့အင်အားစုတွေနဲ့ အာဏာပိုင်းဆိုင်ရာကို တက်လှမ်းဖို့ သုံးနိုင်တယ် ဒါမှမဟုတ်ဘူးဆိုရင်တော့ သူတို့က လိုအင်ဆန္ဒ များများစားစား မရှိဘဲ အရင်ခေတ်ကို ပြန်သွားကြတာမျိုးလည်း ဖြစ်နိုင်တယ်။ ငါတို့တွေ စောင့်ကြည့်ရမှာပဲ” ဝမ်ချီက သက်ပြင်းချလိုက်ပြီး အခြေအနေတစ်ခုလုံးကို ကြည့်ရှုပုံသည် သူ့ဂိုဏ်းချုပ်နှင့် အင်မတန် ကွာခြားနေကြောင်း ခံစားမိနေသည်။
“ကောင်းပြီလေ။ ဒီကိစ္စကို မပြောနဲ့တော့။ ငါတို့ရဲ့ အခြေစိုက်စခန်းကို တည်ဆောက်ပြီးမှ အရင်ဆုံး အာကာသမျိုးနွယ်ဆီ ဆက်သွယ်ကြတာပေါ့”။ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်မယ်။” ဝမ်ဝေ့က ပြောလိုက်သည်။
“အခု လက်ရှိအခြေအနေကို ပြောဦး”
“ဒါက ခေါင်းဆောင် လိုချင်တဲ့ သတင်းအချက်အလက်တွေပါ” ဝမ်ချီက ကျောက်စိမ်းအဆောင်တစ်ခုကို ပေးလိုက်သည်။
“ခေါင်းဆောင် အမိန့်ပေးခဲ့တဲ့အတိုင်း အခြေစိုက်စခန်းကို တည်ထောင်ဖို့ အာရုံစိုက်ထားပြီးတော့ အစောင့်အတွက် လူတွေအများကြီးကို စုဝေးထားတယ်။ ပြီးတော့ ကျွန်တော်တို့တွေ တော်လှန်ရေးဖက်နဲ့လည်း ဆက်ဆံရေးကို ထိန်းသိမ်းထားတယ်”
ဝမ်ဝေ့က သတင်းအချက်အလက်ကို ကြည့်လိုက်သည်။
“အဲဒါဆိုတော့ အသစ်မြင့်တက်လာတဲ့သူက ရှောင်ထျန်းတိပဲ။ သူက အတော်လေး အခြေအနေကောင်းနေတဲ့ပုံပဲ။ ငါ့စကားတွေကြောင့် ပြောင်းလဲသွားတာလား ဒါမှမဟုတ်ဘူးဆိုရင် တစ်စုံတစ်ခု ဖြစ်ပျက်သွားတာလား။ ခရမ်းရောင်ဟွင်သွမ်း ဧကရာဇ်တဲ့လား၊ သူက ဟွင်သွမ်းတာအိုကို ရွေးချယ်ခဲ့တာပေါ့။ သူ့ပါရမီနဲ့တော့ ထိုက်တန်ပါတယ်”
“သူက အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့သူပါ” ဝမ်ချီက မှတ်ချက် ပေးလိုက်သည်။
“လူတော်တော်များများက သူ့ရဲ့ အကြောင်းကို ပြောနေကြတုန်းပဲ”
“စိတ်ပျက်ဖို့ကောင်းတဲ့ ပါရမီရှင်က နောက်ဆုံးတော့ အတင်းအဖျင်းတွေနဲ့ ထိုက်တန်တဲ့ တောက်ပမှုမျိုးကို ပြသလာခဲ့ပြီပဲ။ အထူးသဖြင့် သူ့ဆရာက ဒီလိုမျိုး ကျော်ကြားမှုမျိုး ရှိနေတဲ့အခါမျိုးလေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
စက္ကန့်ပိုင်းကြာပြီးသည့်နောက်တွင် သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“မကောင်းဆိုးဝါးနတ်ဘုရားသွေးနဲ့ တာအိုအုပ်စိုးသူ ချင်းဝူကရော ဘာသတင်းကြားသေးလဲ”
“သူတို့အကြောင်းကိုတော့ သေသေချာချာ မပြောနိုင်သေးဘူး။ အတည်မပြုရသေးတဲ့ ကောလဟာလတွေလောက်ပဲ စုဆောင်းရသေးတာ” ဝမ်ချီက ရှင်းပြလိုက်သည်။
“ဘယ်လိုကောလဟာလမျိုးလဲ”
“ကောလဟာလတွေက ကပ်ပါးနှစ်ယောက်က ယွမ်ခေတ်ကာလတစ်သောင်းကြာအောင် ခန္ဓာကိုယ်လေ့ကျင့်ရေး အမွေအနှစ်တစ်ခုအတွက် ပဋိပက္ခ ဖြစ်နေကြတာတဲ့။ ကျွန်တော် ကောလဟာလတွေကို အတည်ပြုဖို့ ကြိုးစားကြည့်တဲ့အခါမှာ တစ်ယောက်ကကျတော့ ဝူယွီဇာမဏီနဲ့ ထာဝရဇာမဏီလို့ ပြောတယ်။ တချို့သူတွေကကျတော့ အချိန်စားသုံးသူနဲ့ သွေးနဂါးကြားလို့ ပြောတယ်”
“အဲဒါဆို အဆင့်(၁၁) မကောင်းဆိုးဝါးနတ်ဘုရားသွေးကရော” ဝမ်ဝေ့က ပြောလိုက်သည်။
“ကောလဟာလတွေက ပိုပြီးတော့ များတယ်” ဝမ်ချီက ပြန်ဖြေလိုက်သည်။
“အံ့ဖွယ်ချူးတိုင်းပြည်ရဲ့ ရတနာသိုက်ထဲမှာ သိမ်းထားတဲ့ပုံပဲ”
“သူတို့လား။ အဲဒါဆိုရင်တော့ ရှစ်ရို့လန်ဆီ သွားပြီး တွေ့ရတော့မဲ့ပုံပဲ” ဝမ်ဝေ့က တိုက်ခိုက်သည့်အခါ လွှမ်းမိုးနိုင်စွမ်းရှိပြီး ပုံမှန်အားဖြင့် ကြင်နာကာ စိတ်အားထက်သန်သည့် မိန်းကလေးအကြောင်း သတိရသွားသည်။
“ဂိုဏ်းချုပ် ဒါက အဆင်ပြေပါ့မလား။ သူက မြေကမ္ဘာဧကရာဇ်ရဲ့ သမီးပဲလေ”
“တကယ်လို့ သူမသာ ရည်မှန်းချက်ရှိတယ်ဆိုရင် သူမအဖေက သူမလမ်းကို ပိတ်ဆို့နေတဲ့ ကျောက်တုံး ဆိုတာကို နားလည်သွားလိမ့်မယ်” ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။
“ငါ လုပ်ဖို့ လိုတာက သူမကို မှန်ကန်အောင် ပဲ့ကိုင်ပေးဖို့ပဲ။ အဲ့လိုဆိုရင် သူ့ကို လျစ်လျူရှုသွားနိုင်တယ်…”
“ဒါက အလုပ်ဖြစ်နိုင်ပါတယ်”
“ကောင်းပြီ။ သွားကြစို့” ဝမ်ဝေ့က ပြောလိုက်သည်။ သူက အချိန်ဖြုန်းမနေဘဲ တာအိုသင်္ချိုင်းမြေဆီ အားလုံးကို ပို့ဆောင်လိုက်၏။ ဝမ်ဝေ့ ရောက်ရှိလာသည်နှင့် လူနှစ်ယောက်က သူ့ရှေ့ ရောက်ရှိလာသည်။
“မင်းတို့ရဲ့ တုံ့ပြန်မှုကို သဘောကျတယ်” ဝမ်ဝေ့က ချီးကျူးလိုက်၏။
“သခင်” အစောင့်နှစ်ယောက်က ဒူးထောက်လိုက်ကြသည်။ သူက သူတို့ကို ထရပ်ဖို့ ပြောတော့မည့်ဆဲဆဲတွင် ရုတ်ချည်းဆိုသလို မျက်မှောင်ကြုတ်လိုက်၏။
“ဘယ်သူက စောင့်ကြပ်ဖို့ တာဝန်ယူထားတာလဲ”
“အဲဒါက ယန်ဝန်းကျူပါ။ အမည်ဝှက်ကတော့ တောက်ပအရိပ်ပါ” အစောင့်တစ်ဦးက ပြန်ပြောလိုက်သည်။
“သူမကို ဆင့်ခေါ်လိုက်”
အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူကောင်သေးသေး အမျိုးသမီးတစ်ဦး ပေါ်ထွက်လာသည်။ သူမက ချက်ချင်းဆိုသလို ဒူးထောက်လိုက်၏။
“သခင်”
“မင်းက ငါ့ကို စိတ်ပျက်စေတာပဲ”
တောက်ပအရိပ်၏ ခန္ဓာကိုယ်က ထိုစကားကို ကြားပြီးသည့်အခါ တုန်ယင်သွားလေ၏။ အစောင့်များ အကြောက်ရွံ့ရဆုံးနှင့် အမုန်းတီးဆုံးအရာက တာဝန်ကျရှုံးခြင်းသာ ဖြစ်၏။ တစ်ခါတစ်ရံတွင် ထိုအရာက ရှောင်လွှဲ၍ မရပေ။
“သခင် ကျွန်မဘာများ အမှားလုပ်မိလို့လဲ” သူမက အလျင်အမြန်မေးလိုက်သည်။
“တစ်စုံတစ်ယောက်က ငါတို့ရဲ့ အခြေစိုက်စခန်းကို ကျူးကျော်လာတယ်။ သူက ကောင်းကင်ဘုံအဆင့်ပဲ” ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်ရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ အခြေစိုက်စခန်းထဲတွင် လေ့ကျင့်ဖို့ရာအတွက် အသုံးပြုသည့် လျှို့ဝှက်ဒိုင်မေးရှင်းများစွာ ပါဝင်နေလေ၏။ တောက်ပအရိပ်၏ မျက်နှာက ဖြူဖျော့သွားလေသည်။
“မင်းက ကျူးကျော်သူကို ရှာမတွေ့ဘူးဆိုတော့ အပြစ်တင်ရမှာပဲ” တခြားသောသူများကလည်း ချွေးပျံလာကြသည်။
“ကျွန်မ အပြစ်ဒဏ်ကို ခံယူပါ့မယ်” အစောင့်တစ်ယောက်အနေနှင့် လုပ်နိုင်သည့် အရာက ကျရှုံးမှုအတွက် အကြောင်းပြချက်ပေးခြင်း ဖြစ်၏။
“မင်းကို ဒီတစ်ကြိမ် ခွင့်လွှတ်ပေးလိုက်မယ်။ ဘာပဲဖြစ်ဖြစ် ဒီအရာက ဒိုင်မေးရှင်းအမြင့်မှာ ကိစ္စတွေကို စီမံခန့်ခွဲဖို့ နေသားကျအောင် လုပ်နေတုန်းဆိုတော့လေ။ ဒါပေမဲ့ နောက်တစ်ကြိမ်ဆိုတာ မရှိဘူး နားလည်လား”
“ဟုတ်ကဲ့ပါ”
“ကောင်းပြီ” ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် တိတ်ဆိတ်နေသည့် မျက်နှာဖုံး မျိုးနွယ်ဝင်များကို ကြည့်လိုက်သည်။
“ဒါက ငါ ခေါ်လာတဲ့သူတွေပဲ။ သူတို့က ထူးကဲတဲ့ ပါရမီတွေရှိတယ်ဆိုတော့ ငါတို့ရဲ့ စနစ်နဲ့ နေသားကျအောင် ကြိုးစားကြ”
“စိတ်ချထားလိုက်ပါ” မွန်မြတ်သောကံကြမ္မာဟု အမည်ဝှက်ရှိသည့် ဝမ်သဲ့မင်က ပြောလိုက်သည်။ သူက လေ့ကျင့်ရေးကို တာဝန်ယူထားသူဖြစ်ပြီး ဇီးပွင့်ကံကြမ္မာက ပြင်ပကိစ္စများကို တာဝန်ယူထားလေသည်။ တခြားနည်းဖြင့်ပြောရလျှင် သူက ထိုသူများကို သေသေချာချာ လေ့ကျင့်ပြီးသည့်နှင့် သူ့အောက်တွင် ခစားလာမည် ဖြစ်၏။
ဝမ်ဝေ့က ထိုသူများကို တည်တည်ငြိမ်ငြိမ် ကြည့်နေရင်း ခေါင်းယမ်းလိုက်သည်။ ထိုသုံးဦးကို ရွေးချယ်ခဲ့သည်မှာ သူတို့၏ စွမ်းရည်ကြောင့် ဖြစ်၏။ သူက သူတို့၏ စွမ်းအားအတွက် ထူးကဲသည့် ဆန့်ကျင်ချီကိုပင် ရှာဖွေပေးခဲ့သေးသည်။ သို့သော်လည်း ဤသို့ကိစ္စမျိုး ဖြစ်ပျက်လာလေ၏။
ဝမ်ကျူကို လွမ်းမိသား…
သူက တွေးလိုက်မိသည်။ သူက သူ့ခေါင်းဆောင်ဖြစ်ဖို့ရာအတွက် လုပ်ရည်ကိုင်ရည်ရှိသည့်သူ လိုအပ်နေသည်။
အကြီးအကဲ အနီရောင်မျက်နှာဖုံးက ငါ လိုအပ်နေတာနဲ့ ကိုက်နေမလား။ မဟုတ်ဘူးဆိုရင်တော့ တခြားတစ်ယောက်ကို လေ့ကျင့်ပေးရမှာပဲ…
“ဂိုဏ်းချုပ် သူလျှိုကို ဘယ်လိုလုပ်လိုက်ရမလဲ” ဝမ်ချီက မေးလိုက်သည်။ သူ့မျက်နှာကလည်း ဖြူဖျော့နေ၏။ ထိုအရာက သူ့တာဝန် မဟုတ်သော်လည်း ဤသို့ကြီးကြီးမားမား ကိစ္စမျိုးကို သူ့ကိုယ်သူသာ အပြစ်တင်မိနေသည်။
“ငါ ဖြေရှင်းလိုက်မယ်” ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။ သူက အရင်းအမြစ်ချီနေရာထဲ ဝင်ရောက်လာကာ ရွှေရောင်ကြိုးမျှင်များဖြင့် ချည်နှောင်ထားသည့် သာမန်ပုံစံရှိသော အမျိုးသားကို ကြည့်လိုက်သည်။ ထိုအမျိုးသားက သူ့အား ခက်ထန်စွာ ကြည့်လိုက်လေ၏။ သူက လွယ်လွယ်ကူကူ ရှာတွေ့သွားပြီး ဖမ်းဆီးခံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဤသို့သော စွမ်းအားမျိုးက သူ့ကို ထိတ်လန့်သွားစေ၏။ သို့သော်လည်း သူ့လေ့ကျင့်ထားမှုများက သူ့ကို စိတ်တည်ငြိမ်စေသည်။
“မင်းကို ကောင်းကောင်းလေ့ကျင့်ပေးထားတာပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။
“မင်းက ဘာမှမပြောဘူးဆိုတာကို ခန့်မှန်းမိတယ်”
ထိုသူက သူ့ကို စိုက်ကြည့်လိုက်၏။
“ကောင်းကင်ဘုံအဆင့် တစ်ယောက်ကို သူလျှိုအနေနဲ့ လေ့ကျင့်ပေးပြီးတော့ ဖမ်းဆီးခံရတဲ့နောက်မှာ ကိုယ့်ကိုယ်ကို သတ်သေဖို့ လေ့ကျင့်ပေးထားတယ်ဆိုတော့ မင်းရဲ့ သခင်ကို သိချင်မိသား”
သူက ထိုအမျိုးသား၏ အသိစိတ်ပင်လယ်အတွင်းဝင်ကာ ဝိညာဉ်ကို ရှာဖွေလိုက်သည်။
ထင်ထားတဲ့အတိုင်း ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ အတားအဆီးတွေက ငါ့ကို အသုံးမဝင်ဖြစ်သွားစေတာပဲ…
သူက ရှုပ်ထွေးနေသည့် မှော်စက်ဝန်းများကို ကြည့်လိုက်သည်။
“အဲဒါဆိုလည်း နဂိုနည်းလမ်းဟောင်းအတိုင်းပဲ လုပ်ကြတာပေါ့” သူက ကမ္ဘာဆီ ပြန်လည်ရောက်လာကာ ထိုအမျိုးသားကို စိုက်ကြည့်လိုက်သည်။
“မင်းက နှိပ်စက်မှုကို ခုခံဖို့ လေ့ကျင့်ပေးခံရဖူးမှာပဲ။ မင်းရဲ့ နာကျင်မှုတောင့်ခံနိုင်စွမ်းက ဘယ်လောက် မြင့်မားလဲ”
သူလျှိုက သူ့ကို စိုက်ကြည့်လိုက်စဉ် ဝမ်ဝေ့က ပြုံးလိုက်သည်။
သူက နာကျင်မှု ပင်ကိုစွမ်းရည်ကို အသက်သွင်းပြီး ထိုအမျိုးသားအား သူ့စမ်းသပ်ချက်နာကျင်မှုကို တွေ့ကြုံခံစားစေလိုက်သည်။
တစ်စက္ကန့်ပင် မကြာသေးဘဲ ထိုအမျိုးသား၏ အော်သံကြီးက ပဲ့တင်ထွက်လာလေ၏။ ဝမ်ဝေ့က ထိုအသံအားလုံးကို ပိတ်ဆို့ကာ ထိုအမျိုးသား၏ စိတ်ဝိညာဉ် သို့မဟုတ် စိတ်အား ပြိုလဲသွားခြင်းကို ကာကွယ်ခဲ့သည်။ ထို့အပြင် သူ့ဝိညာဉ်မှ အတားအဆီးကို အသက်မသွင်းမိစေဖို့ရာပင် ကာကွယ်ခဲ့၏။
“ပြောဖို့ အဆင်သင့်ဖြစ်ပြီလား” ဝမ်ဝေ့က မေးလိုက်သော်လည်း သူ ရရှိသည်က ပြင်းထန်သည့် အကြည့်တစ်ချက်သာ ဖြစ်သည်။
“မင်းက မာရေကြောရေရှိတဲ့သူဆိုတာကို မေ့သွားတယ်။ ကောင်းပြီလေ။ ပထမကဏ္ဍကတော့ ဆယ်စက္ကန့် ကြာတယ်။ ဒီတစ်ခေါက်တော့ ဒုတိယအကြိမ်အတွက် အချိန်ကို သုံးဆလောက် တိုးလိုက်ရအောင်”
သူလျှို၏ မျက်နှာက သေလုမတတ် ဖြူဖျော့သွားလေသည်။ သူက ငရဲကမ္ဘာတွင် ထာဝရကြာအောင် နေခဲ့သည်ဟု ခံစားခဲ့ရသော်လည်း ထိုနတ်ဆိုးကောင်က သူ့အား ဆယ်စက္ကန့်သာ ကြာမြင့်သေးကြောင်း ပြောပြနေ၏။