← Chapters

လူခေါ်ယူခြင်း

Vol. 87 Ch. 1212

လူခေါ်ယူခြင်း

Vol. 87 Ch. 1212

ထိုအရာက ဝမ်ပေါင်လဲ့အား သူ့အခြေစိုက်စခန်းသို့ ပြန်မရောက်ခင် မိနစ်ပိုင်းမျှ ကြာမြင့်ခဲ့သည်။ အကြောင်းအရင်းကမူ တည်နေရာအသစ်ကြောင့် ဖြစ်၏။ သူလျိူကို အာရုံခံမိပြီးသည့်နောက်တွင် သူက တာအိုသင်္ချိုင်းမြေ၏ တည်နေရာကို ချက်ချင်းပြောင်းလဲပစ်ခဲ့သည်။ သူက အာ့ရှစ်အနေဖြင့် မည်မျှသတင်းပို့ခဲ့သည့်အကြောင်း မသိသည့်အတွက် သတင်းပို့ခဲ့သည်။

အိမ်သို့ ပြန်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က လုံကြွယ်အဖန်ရည်ကို ကျိုချက်ကာ သောက်သုံးပြီး စဉ်းစားလိုက်သည်။

သူတို့က ငါ့ကို ဂမ္ဘီရကနေတဆင့် တွေ့သွားတာ ဖြစ်နိုင်တယ်။ တာအိုဘာသာက ဂမ္ဘီရနဲ့ တွက်ချက်မှုမှာ ထူးချွန်တာဆိုတော့…

သူတို့က ဝမ်ဝေ့ကို မတွက်ချက်နိုင်သော်လည်း သူ့ဘေးနား ပတ်ဝန်းကျင်ရှိနေသည့်သူများကိုမူ တွက်ချက်နိုင်သည်။

ငါ ဂမ္ဘီရဆန့်ကျင်စွမ်းအင်ကို အဆင့်မြှင့်တင်ဖို့ လိုအပ်နေပြီ…

ဝမ်ဝေ့က တွေးလိုက်မိ၏။

ဒါတင် မကသေးဘူး။ သူတို့ရဲ့ လေ့ကျင့်ရေးပုံစံနဲ့ ဖွဲ့စည်းပုံကိုလည်း တိုးတက်အောင် လုပ်ဖို့ လိုတယ်…

သူ့အနေဖြင့် ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များသာ ဒိုင်မေးရှင်းအမြင့်တွင် ဖြစ်ပျက်သမျှကို နေသားကျအောင် ပြောင်းလဲဖို့လိုအပ်နေသည့် တစ်ဦးတည်းသောသူ မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။

လုပ်ရမဲ့ကိစ္စတွေက အများကြီးကို အချိန်က နည်းနည်းလေးပဲ ရှိနေတယ်…

ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်ကာ တွေးလိုက်သည်။

မဟုတ်သေးဘူး။ ငါက ဒီလိုခံစားနေရတာက ဒိုင်မေးရှင်းအနိမ့်ကတည်းက စိတ်သဘောထားကို မပြောင်းရသေးလို့ပဲ။ ဒီစစ်ပွဲက နှစ်ထောင်ချီ ဒါမှမဟုတ် နှစ်သန်းချီတောင် အဆုံးသတ်သွားမှာ မဟုတ်ဘူး။ ယွမ်ခေတ်ကာလအထိတောင် ကြာမြင့်သွားနိုင်တယ်။ အဲဒါဆိုတော့ ကိစ္စတွေကို ဖြည်းဖြည်းချင်း ပြောင်းလဲလက်ခံဖို့ လိုအပ်တယ်…

ဝမ်ဝေ့က သက်ပြင်းချပြီးသည့်နောက်တွင် သူ့စိတ်ထဲ အစီအစဉ်ကို ပြန်လည်ညှိလိုက်သည်။ အဖန်ရည်သောက်သုံးပြီးသည်နှင့် ဝမ်ချီကို ဆင့်ခေါ်လိုက်၏။

“ဂိုဏ်းချုပ်”

“တော်လှန်ရေးဘက်ကို ချီတင်းရဲ့ သူလျှိုအဖွဲ့အစည်းအကြောင်း သွားမေးချည်”

“ဟုတ်ကဲ့ ဂိုဏ်းချုပ်။ ဒါပေမဲ့ ကိုယ်တိုင်ဆက်သွယ်တာက အခွင့်အရေးကောင်းတစ်ခု မဟုတ်ဘူးလား”

ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။

“လျှို့ဝှက်ဆန်းကြယ် လေထုမျိုး ရှိနေတာက အစောပိုင်းအနေအထားမှာ အထောက်အကူ ဖြစ်တယ်။ ငါတို့ရဲ့ ပထမဦးဆုံး တိုက်ရိုက်ဆက်သွယ်မှုက သူတို့ရဲ့ ခေါင်းဆောင်နဲ့ပဲ ဖြစ်သင့်တယ်။ မဟုတ်ရင် တချို့သူတွေက ကစားပွဲလုပ်ဖို့ ကြိုးစားကြလိမ့်မယ်။ အဲ့လိုမျိုး အသုံးမဝင်တာတွေကို ဖြေရှင်းမနေချင်ဘူး”

“ဟုတ်ကဲ့ပါ”

ဝမ်ချီက တော်လှန်ရေးကို ဆက်သွယ်ဖို့အတွက် သီးသန့်ဆက်သွယ်ရေးအခန်းတစ်ခု ရှိလေသည်။ သူက ထိုအရာကို သွားရောက်အသုံးပြုခဲ့သည်။ မိနစ်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် သူက ဝမ်ဝေ့ဆီ ပုံရိပ်ယောင်တစ်ခု စေလွှတ်လိုက်၏။

“ဂိုဏ်းချုပ် သူတို့က တန်ကြေးတစ်ခု တောင်းနေတယ်”

ဝမ်ဝေ့က လက်ကို မြှောက်ကာ ဦးခေါင်းကို ဆင့်ခေါ်လိုက်၏။

“ဒါက ဘယ်သူလဲ”

“ဒုခေါင်းဆောင် အာ့ရှစ်ရဲ့ ဦးခေါင်းပဲ”

“ဒါက ဘယ်လောက် အဖိုးတန်လဲ”

ဝမ်ချီက အများဆုံး အကျိုးအမြတ်ရအောင် မည်သို့ညှိနှိုင်းရမည်ကို သိဖို့ရာ လိုအပ်နေသည်။

“ကျော်ကြားတာပဲဖြစ်ဖြစ် ဆိုးယုတ်တာပဲဖြစ်ဖြစ် သူတို့ရဲ့ အဖွဲ့အတွက် အရေးကြီးတယ်။ အဲဒါဆိုတော့ ကောင်းကင်ဘုံအဆင့်တစ်ယောက်ကို သတ်နိုင်ခဲ့တာမျိုးနဲ့ အဲ့လိုအဖွဲ့အစည်းမျိုးက အင်မတန် အဖိုးတန်မှာပဲ။ အဲ့လိုဆိုတော့ အဆင့်မြင့် အသေးစိတ် သတင်းအတွက် လုံလောက်တယ်။”

ဝမ်ချီက ဦးခေါင်းကို ယူကာ ပျောက်ကွယ်သွားလေ၏။ သူက တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် စာလိပ်တစ်ခုနှင့်အတူ ရောက်လာသည်။

“လျှို့ဝှက် နေမင်းလမင်း ဂိုဏ်းတဲ့လား”

ဝမ်ဝေ့က အရာအားလုံးကိုဖတ်ရင်း ထိုအဖွဲ့အစည်းအကြောင်း ပိုမိုနားလည်လာသည်။ ထိုအရာကို ဖတ်ပြီးသည့်နောက်တွင် သူ့အာရုံကို ဖမ်းစားသွားသည့် အရာသုံးခု ရှိ၏။

ပထမဦးစွာ တော်လှန်ရေးဘက်က ထိုဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည့် ပထမနေမင်းက မည်မျှပင် ကြောက်ဖို့ကောင်းကြောင်း ပြောပြထားသည်။ သူတို့က ပထမနေမင်းသည် သူတို့ခေါင်းဆောင် စိုးရိမ်ရသည့် ကောင်းကင်ဘုံအဆင့်ထဲမှ တစ်ယောက်ဖြစ်ကြောင်း ဖော်ညွှန်းထား၏။ ဒုတိယအနေဖြင့် ကပ်ပါးများကြားတွင် သတင်းစုဆောင်းရေး စွမ်းရည်နှင့် လုပ်ကြံသတ်ဖြတ်ရေးတို့နှင့် ပတ်သက်သည့်အခါ လျှို့ဝှက်နေမင်းလမင်းဂိုဏ်းက ဒုတိယမြောက် အားအကောင်းဆုံး သူလျှိုအဖွဲ့အစည်း ဖြစ်၏။

ဝမ်ဝေ့က သူတို့ထိန်းချုပ်မှုအောက်တွင် အကောင်းဆုံးလူ မည်မျှရှိနေကြောင်း စဉ်းစားမိသွားသည်။ သို့သော်လည်း အဓိက သတိထားမိသည့်အရာတစ်ခု မဟုတ်သေးပေ။

မေတ္တယျနှင့် အန္တိမသဟဇာတတို့ မြင့်တက်လာကတည်းက လူတွေက နေမင်းဆိုတဲ့ စကားလုံးကိုသုံးဖို့ ရှောင်ရှားခဲ့တယ်။ ပြောရမယ်ဆိုရင် တိုင်းပြည်အုပ်ချုပ်သူတွေနဲ့ ဘုရင်တွေက သူတို့ဒိုင်မေးရှင်းမှာ သူတို့ကိုယ်သူတို့ ဧကရာဇ်လို့ မခေါ်နိုင်သလိုမျိုးပေါ့။ ဒါက လမင်း၇စင်းအတွက်လည်း အတူတူဆိုပေမဲ့ သူတို့က အဲ့လောက်ကြီး သိပ်ကိစ္စမရှိဘူး။ ဒါပေမဲ့ ချီတင်းက သူ့အင်အားစုကို နေမင်းလမင်းပေးတာလိုက်ပြီး မကဘဲနဲ့ သူ့ခေါင်းဆောင်ကို ပထမနေမင်းလို့တောင် ပေးထားသေးတယ်။

အဲဒါဆိုတော့ ငါက အသေးအဖွဲကိစ္စမျိုးမှာ အတွေးလွန်နေတာလား။ ဒါမှမဟုတ်ဘူးဆိုရင် ဒီလိုရွေးချယ်မှု နောက်ကွယ်မှာ တစ်စုံတစ်ခုရှိနေတာလား…

ဝမ်ဝေ့က သူ အတွေးလွန်နေသည်ဟု မထင်ပေ။ ကျင့်ကြံဆင့်က ပိုမိုမြင့်မားလာလေလေ ကျင့်ကြံသူတစ်ယောက်၏ အတ္တက ပိုမိုကြီးမားလာလေလေဖြစ်ပြီး အရေးမပါသည့်ကိစ္စများကို ပိုမိုအာရုံစိုက်လာစေသည်။ ချီတင်းအနေဖြင့် ထိုသို့လုပ်ဆောင်ရသည့် တစ်ခုတည်းသောအရာက သူသည် အာဏာပိုင်းဆိုင်ရာကို အမှန်တကယ် မသိသူ ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် တစ်စုံတစ်ယောက်က သူတို့ကို သတိပေးလိမ့်မည်။

တခြားသော လမင်းများကလည်း သူ့ဒုခေါင်းဆောင်ကို လမင်းအဖြစ် သုံးစွဲထားသည့်အပေါ်ကို တိုက်ရိုက်ပြောဆိုကြလိမ့်မည်။ သူတို့က ပြောင်းလဲဖို့ပင် ဖိအားပေးကောင်းပေးနိုင်လောက်သည်။ သို့သော်လည်း နာမည်က ဤအတိုင်းသာ ကျန်ရှိနေ၏။

ဒါကို စဉ်းစားကြည့်လေလေ ဒီအသိစိတ်အချက်က ပိုပြီးတော့ အရေးကြီးလာသလိုပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

ဒီသတင်းအချက်အလက်က ဘယ်အထိသွားနိုင်မလဲဆိုတာကို ကြည့်ရအောင်…

သူက ဝမ်ချီကို ကြည့်ကာ ပြောလိုက်သည်။

“မင်းက ကောင်းကောင်းလုပ်ခဲ့တယ်”

ထိုသတင်းအချက်အလက်က ဝမ်ဝေ့ ထင်ထားသည်ထက်ပင် ပိုမိုကောင်းမွန်နေ၏။

“ဂိုဏ်းချုပ်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ကိုယ့်အလုပ်ကိုယ်လုပ်ရုံပါပဲ”

“မင်းက အလုပ်ကို သေသေချာချာလုပ်တာ ကောင်းတယ်။ ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံရေးကိုလည်း လျစ်လျူရှုမထားနဲ့ဦး။ ဒီကမ္ဘာကြီးက ဘယ်လောက်ကျယ်ပြောပြီး ရှုပ်ထွေးတယ်ဆိုတာ မင်းလည်းသိပါတယ်။ အင်အား မရှိဘူးဆိုရင် မင်းရဲ့ ကံကြမ္မာက ဆိုးရွားသွားနိုင်တယ်” ဝမ်ဝေ့က သတိပေးလိုက်သည်။

“အဲဒါကို ရှင်းရှင်းလင်းလင်း သိပါတယ်” ဝမ်ကျူက ပြန်ဖြေလိုက်၏။

“ကောင်းပြီ” ဝမ်ဝေ့က သူ့ကို နောက်တာဝန်ဖြင့် လူခေါ်ဖို့ တာဝန်ကို ပေးအပ်လိုက်သည်။ သူက ဝိညာဉ်ပန်းပွင့်စွမ်းရည်ကို အသက်သွင်းကာ ဝိညာဉ်ကွန်ယက်ထဲ ဝင်ရောက်ခဲ့၏။

အမလေး ဒီလောက် ဝိညာဉ်တွေအများကြီးပဲ…

ဝမ်ဝေ့က မှတ်ချက် ပေးလိုက်၏။ အကယ်၍ သူ မြင်ခဲ့သည့်ဝိညာဉ်များကို သဲမှုန်အဖြစ် ဖော်ညွှန်းရသည်ဆိုလျှင် ကမ္ဘာပေါ်ရှိ စကြဝဠာကိုပင် ပြည့်နှက်သွားအောင် လုပ်ဖို့ လုံလောက်နေသည်။

ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ ထိုသို့သောအရာမျိုးက သူသည် မည်မျှပင် သေးငယ်ကာ အရေးမပါကြောင်း ပြသနေ၏။

သူက သူ့ကိုယ်သူ ထိန်းချုပ်ပြီး စွမ်းရည်ကို ထုတ်သုံးလိုက်၏။ နေရာတစ်ဝိုက်က ဝေဝါးသည့် ကောက်ကြောင်းများရှိသည့် နေရာတချို့ရှိကာ တခြားသော လမ်းစဉ်တစ်ခု၏ အဆင့်(၁၁)အစီအရင်ရှိသည့် နေရာများဖြစ်ကြောင်း ပြသနေသည်။

သို့သော်လည်း သူက ကောင်းကင်ဘုံအဆင့် အစီအရင်များသည် သူသာ အလိုရှိလျှင် ချိုးဖောက်နိုင်သည့်အတွက် သိပ်ဂရုမစိုက်ပေ။ ထို့ကြောင့် သူက အနက်ရောင်နေရာများကို အာရုံစိုက်ထားလိုက်၏။

အဆင့်(၁၂)ကာကွယ်မှုလား…

ဝမ်ဝေ့က တွေးကာ မျက်မှောင်ကြုတ်လိုက်သည်။ သူက သူတို့အပေါ် ထားရှိသည့် ဝိညာဉ်အမှတ်အသားများစွာကို သတိထားမိလိုက်၏။

သူတို့ရဲ့ ဝိညာဉ်မှာ အတားအဆီးတွေ ရှိတဲ့သူတွေအများကြီးပဲ…

သူက ညည်းတွားလိုက်သည်။

အရင်ဆုံး ဒီဝိညာဉ်တွေကို စစ်ထုတ်လိုက်ရအောင်…

သူက ရေရွတ်လိုက်၏။ ပထမဦးစွာ ကျင့်ကြံဆင့် မရှိသည့် သေမျိုးများကို ဖယ်ရှားလိုက်သည့်အတွက် ၆၀ ရာခိုင်နှုန်းလျော့ကျသွားသည်။ ထိုအရေအတွက်က သူ့အား အံ့အားသင့်စေ၏။ ဒိုင်မေးရှင်းအနိမ့်တွင် သေမျိုးလူဦးရေက ၈၀ ရာခိုင်နှုန်းအထိ ရှိလေသည်။

သူက အတားအဆီးရှိသည့် ဝိညာဉ်များကိုပင် ဖယ်ထုတ်လိုက်သည်။ ထို့နောက် နောက်ခံနက်ရှိုင်းပြီး အရင်းအမြစ် ကြွယ်ဝသည့်သူများကိုပါ ဖယ်ထုတ်လိုက်၏။ နောက်ဆုံးအနေဖြင့် အဆင့်(၇)အောက်ရှိလူများကိုလည်း ဖယ်ထုတ်လိုက်သည်။

“နောက်တဆင့်က ခန်းမတွေနဲ့ စနစ်တွေပဲ” ဝမ်ဝေ့က အရာအားလုံးကို အလျင်အမြန် စုဝေးပြီး ထိုရွေးချယ်ခံဝိညာဉ်များကို ဆင့်ခေါ်ခဲ့သည်။ ကျင့်ကြံသူအများစုက အဆင့်(၇)မှ အဆင့်(၁၁)အထိ ဖြစ်ကာ ကောင်းကင်ယံအစား ခဲဖြူရောင်မြူခိုးများ စုဝေးနေသည့် အခန်းအတွင်း ရှိလာကြသည်။ ဝမ်ဝေ့က သူတို့အထက် တင်ပျဉ်ခွေထိုင်နေ၏။

ကောင်းကင်ယံတချို့က သူတို့ခေါင်းအထက် တစ်စုံတစ်ယောက် ထိုင်နေသည်ကို မကြိုက်သည့်အတွက် သူတို့၏ စွမ်းအားကို ပြသဖို့ ပြင်ဆင်ကြသည်။ သို့သော်လည်း ဉာဏ်ရှိသည့်သူများကမူ ဤသို့သော ဝိညာဉ်များစွာကို တစ်နေရာထဲ ဆင့်ခေါ်နိုင်သည့်သူက သွားရှုပ်၍ မရကြောင်း ကောင်းကောင်းသိထားကြ၏။

ဝမ်ဝေ့က ဝိညာဉ်ဖိအား အနည်းငယ်ကို ထုတ်လွှတ်ကာ ထိုရဲတင်းသည့်သူအားလုံးကို ဖိနှိပ်လိုက်သည်။

“မင်းတို့အများစုက ငါ့သတင်းကို ကြားဖူးမှာပဲ။ ငါက ဒီဆိုးရွားတဲ့ကံကြမ္မာကို အဆုံးသတ်ဖို့ ကံကြမ္မာဖန်လာတဲ့သူပဲ” သူက ကြေညာလိုက်သည်။

“မင်းတို့ကို ရွေးချယ်လိုက်တာက မင်းတို့ရဲ့ ပါရမီနဲ့ စွမ်းရည်ကြောင့်ပဲ။ နှမြောစရာကောင်းတာက ကံကြမ္မာက မကြင်နာဘူး။ အဲဒါဆိုတော့ မင်းတို့ကို ကံကောင်းမှုနဲ့ ကြမ္မာတွေကို ပေးမှာမဟုတ်တော့ မင်းတို့တွေက အမှီအခိုနောက်ခံမရှိဘဲနဲ့ ဒီလောက်ထိ လာခဲ့ရတာ”

လူများက တိတ်တဆိတ်သာ နားထောင်နေကြသည်။

“ငါက အခွင့်အရေးပေးဖို့ ရောက်လာတာ” ဝမ်ဝေ့က ပြောလိုက်သည်။

“ဝိညာဉ်ကျောက်တုံး၊ အစီအရင်၊ ဆေးလုံး၊ အဆောင်၊ လက်နက်၊ ကံကောင်းမှု၊ မင်းတို့ လိုချင်တာ ဘာမဆိုရနိုင်တယ်” သူက ပြောလိုက်သည်။

“ဒါပေါ့။ မင်းတို့တွေက ဒီကျင့်ကြံရေးလောကမှာ အလကားရတဲ့ နေ့လယ်စာဆိုတာမရှိဘူးဆိုတာကို နားလည်မှာပေါ့။ ငါက အပြန်အလှန်အနေနဲ့ ဘာရမှာလဲ”

“ဒါက တွေးကြည့်ဖို့ ပါရမီရှင်တွေတောင် မလိုဘူး။ ငါက ဒီဆိုးရွားတဲ့ခေတ်ကာလကို အဆုံးသတ်ဖို့ ကူညီပေးချင်တာ။ မင်းတို့ရဲ့ ကျင့်ကြံရေးခရီးလမ်းက ခက်ခဲကြမ်းတမ်းတော့ မင်းတို့က စွမ်းအားကို ပိုပြီးတော့ အလေးထားတယ်။ နှမြောဖို့ကောင်းတာက မင်းတို့အများစုက ရှေးကလမ်းစဉ်ကို ပိတ်ဆို့ခံထားရတာပဲ။ အရင်းအမြစ်တွေ အားလုံးကိုလည်း အဲဒီကပ်ပါးတွေ ဒါမှမဟုတ်ဘူးဆိုရင်လည်း ရှေးဟောင်းဂိုဏ်းတွေက လက်ဝါးကြီးအုပ် ထိန်းချုပ်ထားကြတယ်”

ဝမ်ဝေ့က ညာဖက်လက်ကို မြှောက်ကာ မြူခိုးထဲမှ ဖန်တီးထားသည့် အဆောက်အဦးတချို့ကို ဆင့်ခေါ်လိုက်သည်။

“တကယ်လို့ မင်းတို့က ငါတို့ရဲ့ ကံကြမ္မာပြောင်းလဲရေးခန်းမကို ဝင်မယ်ဆိုရင် ကိစ္စတွေက ဒီလိုရှိတယ်။ ဒီမှာ တာဝန်ခန်းမဆိုတာ ရှိတယ်။ မင်းတို့တွေက တာဝန်တွေကို ရွေးချယ်ပြီးတော့ ပြီးမြောက်တာနဲ့ မင်းတို့တွေက တာအိုအရင်းအမြစ် ဒါမှမဟုတ်ဘူးဆိုရင် ကံကြမ္မာအမှတ်ကို ရယူနိုင်တယ်။ ကံကြမ္မာအမှတ်ကတော့ ဝယ်ယူမှုတိုင်းအတွက် ၅ ရာခိုင်နှုန်း လျှော့ဈေးရှိတယ်။ ပြီးတော့ မင်းတို့ရဲ့ အဆင့်ကို မြှင့်တင်ပြီးတော့ ရှားပါးအရင်းအမြစ်တွေကို ရယူနိုင်တဲ့ စနစ်မျိုးလည်းရှိတယ်”

သူက နောက်ထပ် အဆောက်အဦးတစ်ခုကို ဆင့်ခေါ်လိုက်၏။

“ဒါက အရင်းအမြစ်ခန်းမပဲ။ မင်းတို့တွေက ကျင့်ကြံရေး၊ ရှားပါးချီနဲ့ အသက်ရှည်နည်းစနစ်တွေအားလုံး အပါအဝင် အရာအားလုံးကို လဲလှယ်နိုင်တယ်။

ပြီးတော့ ကျွမ်းကျင်အတတ်ပညာခန်းမ။ ကျွမ်းကျင်အတတ်ပညာ တာအိုရှိထားတဲ့သူတွေက သူတို့ရဲ့ ကျွမ်းကျင်အတတ်ပညာ ပါဝင်တဲ့ သီးသန့်တာဝန်တွေကို လက်ခံနိုင်တယ်။ အဲဒီတာဝန်တွေက တစ်စုံတစ်ခုကို သန့်စင်တာမျိုး ဒါမှမဟုတ်ဘူးဆိုရင်လည်း တခြားအရာတွေပေါ့။ ပြီးတော့ ပါဝင်ပစ္စည်းတွေကိုလည်း ထောက်ပံ့ပေးမှာ။ အပိုကိုတော့ မင်းတို့တွေ သိမ်းထားလို့ ရတယ်”

မြူခိုးထဲမှ နောက်ထပ် အဆောက်အဦးတစ်ခု ပေါ်ထွက်လာသည်။

“သတင်းအချက်အလက် ခန်းမ။ ဒါက မင်းတို့ရဲ့ သတင်း၊ လျှို့ဝှက်ချက်နဲ့ ကောလဟာလတွေကို လဲလှယ်နိုင်တယ်။”

“ဒါကတော့ ရှေးဦးခန်းမ။ ခန်းမကတော့ ဒီအလဲအလှယ်အတွက အရောင်းအဝယ်နည်းလမ်းကို သုံးမဲ့အစား ငါ့နောက်ကို အမှန်တကယ် လိုက်ချင်တဲ့သူတွေအတွက်ပဲ။ ဒီခန်းမရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကိုလည်း ခန့်မှန်းမိမှာဆိုတော့ ဘာမှဆက်မပြောတော့ဘူး” ဝမ်ဝေ့က အဆုံးသတ်လိုက်သည်။

“မေးစရာ ရှိသေးလား”

All Chapters