← Chapters

ကံကြမ္မာပြောင်းလဲရေး ခန်းမ

Vol. 87 Ch. 1213

ကံကြမ္မာပြောင်းလဲရေး ခန်းမ

Vol. 87 Ch. 1213

ကောင်းကင်ဘုံအရှင် တိမ်တိုက်ဖြူက  ရွှေရောင်တိမ်တိုက်များ ပန်းထိုးထားသည့် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူအိုကြီးတစ်ဦး ဖြစ်ပေသည်။ သူ့ဆံပင်ရှည်များက ဖြူစွတ်နေပြီး သူ့မုတ်ဆိတ်ဖြူများကလည်း ရင်ဘတ်အထိ ရောက်ရှိနေသည်။ သူက ထိုသူ၏ စကားကို တည်တည်ငြိမ်ငြိမ် နားထောင်နေ၏။

သူက ကံကြမ္မာဖန်တဲ့သူတော့ မဖြစ်နိုင်ဘူး…

သူက တွေးလိုက်သည်။ သတင်းအချက်အလက် အဖွဲ့အစည်းများစွာက ရွေးချယ်ခံရသူသည် ဒိုင်မေးရှင်းအနိမ့်မှ ဖြစ်ကြောင်း ကောက်ချက်ချထားကြ၏။ သို့သော်လည်း သူ့ရှေ့တွင်ရှိနေသည့်သူကမူ ကောင်းကင်ဘုံအဆင့် တစ်ယောက် ဖြစ်နေသည်။ သူက မည်မျှပင် ပါရမီထူးကဲပြီး ခေတ်ကာလ၏ သားတော်ဖြစ်နေစေကာမူ ဒိုင်မေးရှင်းအနိမ့်ကဲ့သို့သော ကျတ်တီးနေရာမျိုးတွင် ကောင်းကင်ဘုံအဆင့် ဖြစ်မလာနိုင်သလို တက်လှမ်းပြီးသည့်နောက်တွင် အချိန်တိုအတွင်းလည်း ဖြစ်မလာနိုင်ပေ။

သူက ရွေးချယ်ခံနာမည်ကို အသုံးချပြီးတော့ အာဏာတည်ဆောက်ချင်နေတဲ့ ရည်မှန်းချက်ကြီးကြီး အာဏာရှင်ပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး…

တိမ်တိုက်ဖြူက တွေးလိုက်သည်။

အဓိကက သူ ပေးနိုင်တဲ့ အကျိုးအမြတ်ကိုပဲ ဂရုစိုက်တယ်…

အကန့်အသတ်မဲ့ လဲလှယ်ရေးခန်းမက အခုတစ်စစီဖြစ်သွားပြီးပြီဆိုတော့ လေလွင့်ကျင့်ကြံသူတွေရဲ့ ဘဝက ပုံမှန်ထက်ပိုပြီးတော့ ခက်ခဲလာတယ်။ တစ်စုံတစ်ယောက်က ဒီနေရာကို အစားထိုးတာဝန်ယူလိုက်တာလည်း မဆိုးဘူး…

အခန်းက တိတ်ဆိတ်နေပြီး အားလုံးက အတွေးကိုယ်စီနက်နေကြသည်။ နောက်ဆုံးတွင် နှစ်မိနစ်ခန့်ကြာမြင့်ပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်က မေးခွန်းတစ်ခု မေးလာခဲ့၏။

“အရှင့်ကို ဘယ်လိုခေါ်ရမလဲ” ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးက မေးလိုက်သည်။

“ငါ့ကို ကောင်းကင်ဘုံအရှင်ဝမ် ဒါမှမဟုတ် ကောင်းကင်ဘုံအရှင် ကံကြမ္မာလို့ ခေါ်လို့ရတယ်”

ဝမ်ဝေ့က ပြန်ပြောလိုက်၏။

ဝမ်ဆိုသည့် နာမည်က ပုံမှန်တွေ့ရလေ့ရှိပြီး ရှားပါးသည့် နာမည်တစ်ခု ဖြစ်လေသည်။ များစွာက ထိုမျိုးရိုးကို ရှိကြသော်လည်း ဤကမ္ဘာ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် မိသားစုနှစ်ခုကလည်း ထိုမျိုးရိုးကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် သူသည် ထိုမိသားစုထဲကလား သို့မဟုတ် ဤမျိုးရိုးရှိထားသည့်သူပဲလားဆိုတာ မပြောနိုင်ပေ။ သို့သော်လည်း ကံကြမ္မာဂုဏ်ပုဒ်ကို အသုံးပြုခြင်းကမူ ထိုအရာက သူ့တာအိုကို ကိုယ်စားပြုနေ၏။ ပြောရလျှင် တားမြစ်ခံတာအိုဖြစ်သည့်အတွက် သိသာသည့် သတင်းအချက်အလက်တစ်ခု ဖြစ်ပေသည်။

“ဒါကို ဖိတ်ကြားချက်လို့ ပြောတယ်မလား”

“ဟုတ်တယ်”

“အဲဒါဆိုတော့ ကျွန်မတို့ဘက်က ငြင်းဆန်နိုင်တာပေါ့” သူမက ဆက်ပြောလိုက်၏။

“ဟုတ်တယ်” သူက အမှန်အတိုင်း ပြောနေတာလားဟု သူမက သေသေချာချာကြည့်လိုက်သည်။

“ငါ့ကို ငြင်းဖို့ရာအတွက် ဘာမှစိုးရိမ်နေစရာ မလိုဘူး”

ဝမ်ဝေ့က ဖျောင်းဖျလိုက်သည်။

“ဒါတွေအားလုံးက ဒီနေ့ဖြစ်ရပ်ရဲ့ မင်းတို့ရဲ့ မှတ်ဉာဏ်ကို ဆုံးရှုံးသွားရမှာပဲ”

ခရမ်းရောင်ဝတ်ရုံ အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်သည်။ သူမနှင့် တခြားသောသူများက တစ်စုံတစ်ယောက်သည် သူတို့၏မှတ်ဉာဏ်များနှင့် လာရောက်ရှုပ်ထွေးသည်ကို သဘောမကျကြပေ။

“ကျုပ်တို့က ဘာလို့အဲ့လိုအရာမျိုးကို ခွင့်ပြုရမှာလဲ” တစ်စုံတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်၏။

“ဘာလို့လဲဆိုတော့ နောက်ထပ် နည်းလမ်းတစ်ခုက သေခြင်းတရားမလို့ပဲ” ဝမ်ဝေ့က သူ့စံပြအဆင့် ဝိညာဉ်ဖိအားကို ထုတ်လွှတ်ကာ အခန်းအတွင်းရှိ ကျင့်ကြံသူများစွာကို ဖိနှိပ်ထားရင်း ပြန်ဖြေလိုက်သည်။

ဒါက သေချာပေါက် စံပြဝိညာဉ်ပဲ…

တိမ်တိုက်ဖြူက တွေးလိုက်မိ၏။

ဒီလူက ရှင်းလင်းရေးအတွင်းမှာ အသက်ရှင်သန်ခဲ့တဲ့ စံပြတစ်ယောက် ဒါမှမဟုတ်ဘူးဆိုရင် တိတ်တဆိတ် အဆင့်တက်လှမ်းထားပြီး အာဏာကို တည်ဆောက်နေတဲ့သူတစ်ယောက်ပဲ ဖြစ်ရမယ်…

သူက သူ့သုံးသပ်ချက်အပေါ် သေချာနေမိသည်။ သို့သော်လည်း သူက ထိုအမျိုးသားသည် ကောင်းကင်ဘုံအဆင့် တစ်ယောက်အဖြစ် ဟန်ဆောင်ရသည့် အကြောင်းအရင်းကိုမူ မဖော်ထုတ်နိုင်သေးပေ။

“ငါက လွတ်လပ်ခွင့်နဲ့ ရွေးချယ်မှုတွေကို သဘောကျတယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“တမင်ဖိအားပေးခံရတာထက် ရွေးချယ်ခံရတာက ပိုပြီးတော့ ကောင်းကောင်းမွန်မွန် လုပ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်တယ်။ အဲဒါကြောင့် မင်းတို့ကို ရွေးချယ်စရာ ပေးပြီးတော့ ငါ့ရဲ့ ကြင်နာမှုကို ပြသခဲ့တာ။ ဒါပေမဲ့ ငါ့ရဲ့ ကြင်နာမှုကို အားနည်းချက်လို့တော့ လာပြီး အထင်မမှားနဲ့။ အခု သေချာရွေးချယ်။ ငါ့ရဲ့ အပေးအယူကို လက်ခံပြီးတော့ ဒီအခွင့်အရေးကို ယူမှာလား။ ဒါမှမဟုတ်ဘူးဆိုရင် မင်းတို့တွေက အရင်းအမြစ်အတွက်နဲ့ ခေါင်းကျိန်းအောင် ရုန်းကန်နေမှာလား”

ထိုစကားကို ကြားကာ တခြားသောသူများက ခက်ထန်သော အကြည့်တစ်ချက် ဖြတ်ပြေးသွားကြသည်။ သူတို့က ရွေးချယ်စရာမရှိဘဲ အရင်းအမြစ်အတွက် တိုက်ခိုက်နေရ၏။ သို့သော် ဤခေတ်ကာလတွင် အရင်းအမြစ်ဟု ခေါ်ဆိုနိုင်သည့်အရာများက ထိပ်တန်းမျိုးနွယ်များက ဂရုမစိုက်သည့်အရာများသာ ဖြစ်၏။

အကန့်အသတ်မဲ့ လဲလှယ်ရေးခန်းမက အာဏာရှင် ၁၃ယောက်ကြားတွင် လေလွင့်ကျင့်ကြံသူများအပေါ် ထောက်ထားသည့် တစ်ခုတည်းသော အင်အားစု ဖြစ်ပေသည်။ သို့သော်လည်း ထိုတည်ထောင်သူ အကြွင်းမဲ့တားမြစ်ချက်အတွင်း ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ခေတ်ကာလ၏ အုပ်ချုပ်သူများက သူတို့၏ ဌာနချုပ်ကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့သည်။ သူတို့က အဖွဲ့ခွဲများကို သီးသန့်စီမံစေသည့်အတွက် ခန်းမကို အားလျော့သွားစေသည်။

သေချာစဉ်းစားပြီးသည့်နောက်တွင် လူများစွာက အကြောင်းအရင်းမျိုးစုံကြောင့် ထွက်သွားဖို့ ရွေးချယ်ခဲ့ကြ၏။ လူများစွာက သူတို့သည် လမင်း၇စင်းနှင့် နေမင်း၂စင်းကို ရင်မဆိုင်လိုကြပေ။ လက်ရှိအခြေအနေက ကိစ္စများသည် သူတို့အတွက် သိပ်မကောင်းကြောင်း ပြသနေသည်။ သို့သော်လည်း သူတို့က ထိုရက်စက်ကာ နှလုံးသားကင်းမဲ့သည့် ခွေးကောင်များဖြင့် ရန်သူ မဖြစ်လိုပေ။

ရွေးချယ်ခံဟု ခေါ်ဆိုသည့်သူများအတွက်မူ ထိုသူများက ဂရုမစိုက်ပေ။ သမိုင်းကြောင်းတစ်လျှောက်၌ ခေတ်ကာလ သားတော်၊ သမီးတော်များစွာ ရှိခဲ့ပြီး သူတို့၏ ကံကြမ္မာကို မရရှိခင် သို့မဟုတ် တခြားသူမှ ခိုးယူခံရပြီး ဆိုးဆိုးရွားရွား သေဆုံးသွားကြသည့် သူများစွာ ရှိခဲ့သည်။ ဝမ်ဝေ့က ထွက်သွားသည့်သူများကို ဘာမှမပြောပေ။ သူက လက်ဝှေ့ပြီး သူတို့၏ မှတ်ဉာဏ်ကို ရှင်းထုတ်ကာ ပို့ဆောင်ပေးလိုက်သည်။

သူက သူ့စကားကို ထိန်းသိမ်းကာ မသတ်ခဲ့ပေ။ အနည်းဆုံးတော့ ယခုတွင် ဖြစ်၏။ တချို့သော ကျင့်ကြံသူများက ထိုငြင်းဆန်နေသူများကို သူ့စကားတည်ရဲ့လားဟု လိုက်လံစစ်ဆေးကြည့်ရမည် ဖြစ်ကြောင်း သိထားလေ၏။ ကံကြမ္မာပြောင်းလဲရေးခန်းမကို ဖွဲ့စည်းတည်ထောင်ကာစဖြစ်သည့်အတွက် အမည်ကောင်းရှိဖို့ လိုအပ်နေသည်။ ထို့ကြောင့် ဝမ်ဝေ့က ထိုသူများကို စောင့်ကြည့်ပြီးသည့်နောက်မှ တိတ်တဆိတ် သတ်ဖြတ်ဖို့ ပြင်ဆင်ထားသည်။

သူက ထိုသို့မလုပ်လိုသော်လည်း ကမ္ဘာကြီးက ဖြစ်နိုင်ချေများစွာဖြင့် ပြည့်နှက်နေလေ၏။ သူက သူ့စံပြဝိညာဉ်ကို သုံး၍ မှတ်ဉာဏ်များကို ဖျောက်ဖျက်ထားသော်လည်း တစ်စုံတစ်ယောက်က သူတို့ကို သတင်းအချက်အလက်ကို  ပြန်လည်မရယူနိုင်ဘူးဟု အာမမခံနိုင်ပေ။ ကံဆိုးစွာဖြင့် သူတို့၏ သေခြင်းတရားကသာ ဤဖြစ်နိုင်ချေကို လျှော့ချပေးနိုင်လိမ့်မည်။

“မင်းတို့တွေအများကြီး နေခဲ့တာ ဝမ်းသာတယ်။ အနာဂတ်က မင်းတို့ရဲ့ ရွေးချယ်မှုက ဘယ်လောက်မှန်ကန်နေလဲဆိုတာ သက်သေပြသွားလိမ့်မယ်” ဝမ်ဝေ့က ထိုသူများကို လက်ညှိုးထိုးလိုက်ပြီး သူတို့၏ ဝိညာဉ်အပေါ် အမှတ်အသားတစ်ခု ချန်ထားလိုက်သည်။ အားလုံးက မျှော်လင့်ထားပြီးသားဖြစ်သည့်အတွက် ဘာမှမပြောကြပေ။ သူတို့က လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကို ဝင်ရောက်လိုက်ပြီဖြစ်သည့်အတွက် ထိန်းချုပ်မှုက ဖြစ်သင့်ပေ၏။

လက်မခံနိုင်သည့်သူများကလည်း ထွက်သွားကြပြီ ဖြစ်သည်။

ဝမ်ဝေ့က ထွက်သွားသည့်အခါ ထိုသူများက အမှတ်အသား၏ စွမ်းရည်ကို ကြည့်ရင်း ဤခန်းမအတွင်း ကိစ္စများကို မည်သို့စီမံခန့်ခွဲထားကြောင်း သတင်းအချက်အလက် တစ်ခုကို မြင်လိုက်ရသည်။

မိနစ်ပိုင်းခန့် ကြာမြင့်ပြီးသည့်နောက်တွင် အားလုံးက ကွဲပြားသည့် ခန်းမများဆီ ဦးတည်လိုက်ကြ၏။ လူများစွာက တာဝန်ခန်းမဆီ ဦးတည်လိုက်စဉ် တိမ်တိုက်ဖြူကမူ သတင်းအချက်အလက် ခန်းမဆီကို ရွေးချယ်ခဲ့၏။

သူက သူ့ရှေ့တွင် လူတစ်ယောက်ရှိနေသည့် ရုံငယ်လေးတစ်ခုအတွင်း စည်းကမ်းချက်များ ရေးသားထားသည်ကို မြင်လိုက်ရသည်။

[နံပါတ်တစ်။ တကယ်လို့ သတင်းအချက်အလက် ရောင်းချချင်တယ်ဆိုရင် ငါတို့ဆီမှာ အမှန်တရားနဲ့ သတင်းအချက်အလက်ရဲ့ တန်ဖိုးကို ဆုံးဖြတ်ပေးမဲ့ နည်းလမ်းတွေရှိတယ်။]

[နံပါတ်နှစ်။ တကယ်လို့ ကောလဟာလကို ရောင်းချချင်တယ်ဆိုရင် ငါတို့တွေ အမှန်တရားကို အတည်ပြုပြီးတဲ့နောက်မှာ ပေးချေခံရမယ်။ တချို့သတင်းတွေက အတည်ပြုဖို့အတွက် အချိန်လိုအပ်တယ်။]

[နံပါတ်သုံး။ ကောလဟာလတွေ ရောင်းချတဲ့နေရာမှာ ကဏ္ဍခွဲထားတယ်။ ကောလဟာလတွေကို တိကျတဲ့ သတင်းအချက်အလက်တွေအဖြစ် ရောင်းချမယ်ဆိုရင် ကံကြမ္မာအမှတ် အလျှော့ခံရမယ်။]

[နံပါတ်လေး။ သတင်းတုရောင်းချခြင်းက ဖမ်းဆီးစစ်ဆေးခံရမယ်။]

ကြည့်ရတာ ကောလဟာလထဲမှာ နောက်ကွယ်က မှန်ကန်မှုတချို့ရှိတယ်ဆိုရင်တော့ ဖြစ်နိုင်တဲ့ပုံပဲ…

တိမ်တိုက်ဖြူက တွေးလိုက်သည်။ သူက ရုံငယ်လေးနောက်မှ လူငယ်လေးဆီ လျှောက်သွားလိုက်၏။

“ခင်ဗျားက ဝယ်ယူဖို့အစား ရောင်းချဖို့ ရောက်လာတာမလား”

“အင်း ဟုတ်တယ်”

“ကောင်းပြီလေ။ ဘာများလဲ”

“ဘာတွေက ဘယ်လောက်တန်ဖိုးရှိမလဲဆိုတာကို ပြောနိုင်မလား” တိမ်တိုက်ဖြူက မေးလိုက်သည်။

“လက်ရှိကပ်ပါးတွေရဲ့ သတင်းက တန်ဖိုးအရှိဆုံးပဲ”

တိမ်တိုက်ဖြူက လက်ရှိအုပ်ချုပ်သူများအပေါ် အသုံးများဆုံးဖြစ်သည့် ကပ်ပါးဆိုသော စကားကို သတိထားလိုက်မိသည်။

“အဲဒီသတင်းအချက်အလက် နောက်ကတော့ ပျောက်ဆုံးသွားတဲ့ သမိုင်းကြောင်း၊ လျှို့ဝှက်နယ်မြေ၊ ရှားပါးတဲ့ ဝိညာဉ်ဆေးပင်တွေနဲ့ သတ္တုတွေရှိတဲ့ အရာတွေပေါ့”

“သိပြီ”တိမ်တိုက်ဖြူက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ရေရွတ်လိုက်၏။

“ထာဝရဇာမဏီဆီက လူတစ်ယောက်က ကျုပ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတယ်”

“အိုး”

“သူတို့က ထာဝရအဖွဲ့ကလို့တော့ ပြောတယ်။ ပြီးတော့ ထာဝရကောင်းကင်ဘုံအဆင့်ထက်ကောင်းအောင် ကောင်းမွန်အောင် မသေနိုင်စွမ်းကိုတောင် ပေးဖို့ ကတိပေးခဲ့သေးတယ်”

“ဒီလိုကောင်းမွန်တဲ့ အပေးအယူမျိုး ဘာလို့လက်မခံတာလဲ” ထိုရုံငယ်ထဲမှ အမျိုးသားက မေးလိုက်သည်။

“အဲ့ကိစ္စက အမှန်ဖြစ်ဖို့ ကောင်းလွန်းနေတယ်လေ” တိမ်တိုက်ဖြူက ပြန်ဖြေလိုက်သည်။

“ပြီးတော့ အဲဒီခွေးကောင်တွေက ရိုင်းပြတယ်။ သူတို့က ဖိတ်ကြားနေတာ မဟုတ်ဘဲနဲ့ အမိန့်ပေးနေတာမျိုးလေ”

သူက ထိုသူများ၏ လက်မှ လွတ်မြောက်လာကတည်းက  ထိုအုပ်ချုပ်သူများ မဟုတ်သေးဘူး …  ကပ်ပါးများကို မကျေနပ်ပေ။

“ခင်ဗျားရဲ့ သတင်းက တန်ဖိုးရှိတဲ့ပုံပဲ။ ဖြစ်ပျက်ခဲ့တာနဲ့ အဲဒီထာဝရအဖွဲ့အစည်းအကြောင်းကို ပြောလေ” ရုံငယ်လေးနောက်တွင်ရှိနေသည့် အမျိုးသားက သေသေချာချာ နားစိုက်ထောင်လိုက်သည်။

တိမ်တိုက်ဖြူ၏ စကားဆုံးသွားသည့်နောက်တွင် သူ့မျက်ဝန်းက ခဲဖြူရောင် ပြောင်းလဲသွား၏။

ဂမ္ဘီရလား။ သူ့ဂုဏ်ပုဒ်က ကံကြမ္မာဆိုတော့ မျှော်လင့်ထားသင့်တာပေါ့…

တိမ်တိုက်ဖြူက တွေးလိုက်သည်။

“သတင်းကောင်းပဲ။ ခင်ဗျားရဲ့ သတင်းက ကံကြမ္မာအမှတ် ၁.၃သန်း ထိုက်တန်တယ်” ထိုရုံငယ်လေးထဲမှ အမျိုးသားက ပြောလိုက်စဉ် လက်ကို ဝှေ့ပြီး ကတ်တစ်ခုကို ထုတ်ပေးလိုက်၏။ ထိုအပေါ်တွင် ကတ်နံပါတ်နှင့် လူသားအဖွဲ့ဝင်ဟူသော စာလုံး ပါရှိသည်။

“အဲ့လောက်တောင် မြင့်တယ်လား” တိမ်တိုက်ဖြူက ကိုးကားစရာမရှိသည့်အတွက် ၁.၃သန်းသည် မည်မျှတန်ဖိုးရှိကြောင်း မသိပေ။

“တစ်သန်းက ဧကရာဇ်အဆင့် အရင်းအမြစ်တွေအတွက် အနိမ့်ဆုံးအဆင့်ပဲ။ ပြီးတော့ မြေကမ္ဘာအဆင့်ဖြစ်လာဖို့ လိုအပ်တဲ့ ပမာဏပဲ”

“အဲဒါဆိုရင်တော့ သိပ်မမြင့်ဘူးပဲ။ ကောင်းကင်အဖွဲ့ဝင်ဖြစ်လာဖို့အတွက်က ဘယ်လောက်လဲ”

“သန်းတစ်ထောင်။ အဲဒါက ကောင်းကင်ဘုံအဆင့် အရင်းအမြစ်တွေကို ရောင်းချနိုင်တဲ့ ဈေးနှုန်းအစပဲ”

“အဲ့လောက်တောင် ကွာဟချက် ကြီးတာလား”

တိမ်တိုက်ဖြူက ခေါင်းယမ်းလိုက်သည်။

“ဒါဆိုရင် ကျုပ် သတင်းက ပိုပြီးတော့ တန်ကြေးမရှိသင့်ဘူးလား”

“ခင်ဗျားက လျှို့ဝှက်အဖွဲ့အစည်းရဲ့ နာမည်ကိုပဲ သိတာဆိုတော့ တန်ကြေးသိပ်မများဘူးလေ” ထိုရုံငယ်ထဲမှ အမျိုးသားက ပြန်ဖြေလိုက်သည်။

တိမ်တိုက်ဖြူက သက်ပြင်းချပြီးသည့်နောက်တွင် သတင်းအချက်အလက်များကို ဆက်လက် ရောင်းဖို့ ဆုံးဖြတ်လိုက်သည်။ သူ့အတွက် ကံဆိုးစွာဖြင့် ဝိညာဉ်ကို လေ့ကျင့်ပေးဖို့အတွက် ထိပ်သီးပင်ကို ဝိညာဉ်ဆေးပင်၏ တည်နေရာက ကောလဟာလအပြင် အရာအားလုံးက အသုံးမဝင်ပေ။ ထို့ကြောင့် သူက အမှတ်သုံးသန်းကျော်ဖြင့် ခန်းမထဲမှ ထွက်လာလိုက်၏။

ကောလဟာလတွေက အမှန်ဖြစ်ဖို့ မျှော်လင့်ပါတယ်…

တိမ်တိုက်ဖြူက တွေးလိုက်သည်။ သူ့အတွက် ကံကောင်းသည်က သူသည် ထိုသတင်းအချက်အလက်ကို အသုံးပြုသည့် လူတချို့ထဲမှ တစ်ယောက်ဖြစ်သည့်အတွက် ထိုကောလဟာလ၏ ဆုလာဘ်က သူ့ဆီ ရောက်လာနိုင်ချေရှိသည်။

သူက နောက်ထပ် ဘာလုပ်ရမလဲ သေချာစဉ်းစားနေ၏။ အမှတ်များကို ရယူနိုင်မည့် နည်းလမ်းနှစ်ခု ရှိလေသည်။ ကောင်းကင်အဆင့်ပစ္စည်းကို ရောင်းချဖို့ ဖြစ်၏။ သို့သော် သူက မွဲနေသည်။ တခြားတစ်ခုကမူ သတ်ဖြတ်ရေးတာဝန်ကို ယူဖို့ ဖြစ်၏။ သူသာ ကပ်ပါးတစ်ယောက်၏ အင်အားစုထဲမှ ကောင်းကင်ဘုံအဆင့် တစ်ယောက်ကို သတ်နိုင်သရွေ့ အလောင်းကို အမှတ်များစွာဖြင့် လဲလှယ်နိုင်သည်။

မဟုတ်သေးဘူး။ သတ်ဖြတ်ရေးတာဝန်ကို ယူလို့တော့ မဖြစ်သေးဘူး။ ငါ့အဆင့်မှာ အားနည်းနေသေးတယ်ဆိုတော့ အကောင်းဆုံးက အမှတ်တွေကို စုစည်းပြီးတော့ ဖြည်းဖြည်းချင်း အင်အားစုစည်းရမယ်။ အဲဒါမှ သတ်ဖြတ်ရေးတာဝန်ကို ယူလို့ရမှာ…

All Chapters