အရင်းအမြစ်ချီ နေရာလွတ် စူးစမ်းရှာဖွေခြင်း
Vol. 87 Ch. 1214
ဝမ်ဝေ့က သီးသန့်ပိုင်းခြားထားသည့်နေရာအတွင်း တစ်ယောက်တည်းရှိနေပြီး ခန်းမအတွင်းဖြစ်ပျက်သမျှအရာအားလုံးကို စောင့်ကြည့်နေသည်။
“ငါက အခြေခံအုတ်မြစ်ကိုတည်ဆောက်ပြီးသွားပြီဆိုပေမဲ့လည်း ပြဿနာတချို့ရှိနေတုန်းပဲ”
ပထမပြဿနာက လူလိုအပ်နေခြင်း ဖြစ်၏။ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက အဖွဲ့ဝင်များကို လေ့ကျင့်ပေးနေဆဲဖြစ်သည့်အတွက် သူ့အတွက် ခန်းမကို စောင့်ကြည့်ပေးမည့် ယုံကြည်ရသူ မရှိသေးပေ။ ထို့ကြောင့် သူက စိတ်ဝိညာဉ်အမှုန်များကို အသုံးပြု၍ ကိုယ်ပွားများကို ဖန်တီးကာ ခန်းမကို ထိန်းချုပ်ထားခြင်းဖြစ်၏။
ဖြေရှင်းနည်းက ဖန်ဆင်းမှုသက်ရှိတွေပဲ …
ဝမ်ဝေ့က တွေးလိုက်မိသည်။
အခု ငါက ဒိုင်မေးရှင်းအမြင့်ကို ရောက်နေပြီဆိုတော့ စမ်းသပ်ချက်က မဖြစ်နိုင်တာတော့ မဟုတ်တော့ဘူး…
ဖန်ဆင်းမှုသက်ရှိက သူ့လူအင်အားပြတ်လပ်မှုကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းတစ်ခု ဖြစ်၏။
ဒုတိယပြဿနာက ငါ့ဆီမှာ သတင်းအချက်အလက် လုံလုံလောက်လောက် မရှိသေးတော့ တာဝန်ခန်းမကို သေသေချာချာ မစုစည်းရသေးဘူး။
သူက ခန်းမကို ကြည့်ရင်း အများစုက အပေါ်ယံမျှသာ ဖြစ်ကြောင်း ပြောနိုင်လေသည်။ ကံကောင်းစွာဖြင့် ထိုအရာက သူ့သူလျှိုကွန်ယက် ဖွံ့ဖြိုးသွားသည့်အခါ ပြောင်းလဲသွားလိမ့်မည် ဖြစ်၏။
တတိယပြဿနာက ကောင်းကင်အလိုဆန္ဒ ကင်းမဲ့နေတာပဲ…
ဝမ်ဝေ့က ဂိုဏ်းသည် သူ့အား အမြောက်အများ ထောက်ပံ့ပေးထားသည့်အတွက် မသေမျိုးအရင်းအမြစ်နှင့် ပတ်သက်ပြီး စိုးရိမ်စရာ မရှိပေ။ သူက ဒိုင်မေးရှင်းအနိမ့်မှ အိပ်မက်လောက၏ တိုက်ပွဲမျှော်စင်၊ စိတ်စွမ်းအားလေ့ကျင့်ရေး နည်းလမ်း၊ သံသရာတာအိုနှလုံးသား လေ့ကျင့်ရေး၊ စိတ်ဝိညာဉ် သို့မဟုတ် ဝိညာဉ်လေ့ကျင့်ရေး၊ အချိန်မြှင့်တင်ရေး အစီအရင်၊ အင်မော်တယ်ချီ စုစည်းရေးအစီအရင် အစရှိသဖြင့် အရာများစွာကဲ့သို့ ဒိုင်မေးရှင်းအနိမ့်မှ လေ့ကျင့်ရေးနည်းလမ်းများစွာကို ပြန်လည်ဖန်တီးထားသည်။
သို့သော်လည်း သူ့အနေဖြင့် အရေးပါသည့်အရာဖြစ်သည့် ကောင်းကင်အလိုဆန္ဒကို လိုအပ်နေလေ၏။ သေမျိုးများစွာက ထိုအရာကို ရရှိဖို့ရာအတွက် ဝင်ရောက်လာနိုင်ချေရှိသည်။
ဝမ်ဝေ့က ထိုအရာအတွက် တခြားသော လိုအပ်ချက်များနှင့်အတူ ကံကြမ္မာအမှတ် သန်း ၈၀၀ သတ်မှတ်ထားလေ၏။
ဒါက ဂိုဏ်းတချို့ကို သိမ်းပိုက်ပြီးတဲ့နောက်မှာတော့ ဒီပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်…
သူက အရေးအကြီးဆုံး ပြဿနာကို အာရုံစိုက်ထားလိုက်၏။
“ငါက ကောင်းကင်ဘုံအဆင့် ၆ယောက်၊ တာအိုအုပ်ချုပ်သူ အယောက် ၄၀၊ ပြီးတော့ ထာဝရဦးသျှောင် အယောက် ၃၀၀ကျော်ကို ခေါ်ဆောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ ယုံကြည်လို့ရတဲ့ လက်အောက်ငယ်သားအဖြစ် သတ်မှတ်လို့ မရသေးဘူး။ တာဝန်ခန်းမက သူတို့ကို ထိန်းချုပ်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒါပေမဲ့ ငါ့အနေနဲ့ ငါ့စကားတိုင်းကို လိုက်နာမဲ့ လက်အောက်ငယ်သားတွေ လိုအပ်တယ်”
ဝမ်ဝေ့က စဉ်းစားလိုက်သည်။ ထိုပြဿနာအတွက် အကောင်းဆုံးစဉ်းစားမှုက ပါရမီထူးကဲသည့်သူများကို ဖြည်းဖြည်းချင်း လေ့ကျင့်ပေးဖို့ ဖြစ်၏။ ထိုနည်းလမ်းက နှေးကွေးသော်လည်း တည်ငြိမ်လေသည်။ အကြောင်းအရင်းကမူ ထိုလူများ၏ သစ္စာရှိမှုကို အာမခံပေးနိုင်၍ ဖြစ်သည်။
ဒီနည်းလမ်းကတော့ အဆင်ပြေတယ်။ ဒါပေမဲ့ တစ်စုံတစ်ခု ဖြစ်လာခဲ့တဲ့ အနေအထားအတွက် မြန်မြန်ဆန်ဆန် နည်းလမ်းတစ်ခုလည်း လိုအပ်တယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ စစ်ပွဲက ကြာမြင့်မည် ဖြစ်သော်လည်း အချိန်မရွေး ဘာမဆိုဖြစ်သွားနိုင်သည့်အတွက် သူ့အနေဖြင့် ရောက်ရှိလာမည့် အနေအထားအတွက် ပြင်ဆင်ထားဖို့ လိုအပ်သည်။
ငါ လူတချို့ကို လွှမ်းမိုးဖို့ လိုတယ်။ ဒါပေမဲ့ လက်အောက်ငယ်သား ပမာဏအများအပြားကို ဘယ်မှာရှာရမလဲ…
သူက သူ့ဘာသာသူ မေးလိုက်၏။ ထို့နောက် အဖြေရလိုက်သည်။
“စည်းမျဉ်းမဲ့ဇုန်”
သူ့အကြည့်များက လောဘဖြင့် တောက်ပလာသည်။ ထိုနေရာက အပြစ်သားများ ကမ္ဘာ၏ အာဏာအောက်မှ ပုန်းအောင်းကြသည့် နေရာတစ်ခု ဖြစ်ခဲ့ဖူးသော်လည်း ကပ်ပါးများက ထိန်းချုပ်ပြီးသည့်နောက်တွင် လူများစွာက ထိုနေရာထဲ ခိုလှုံသွားကြသည်။
ဆုံးဖြတ်ပြီးသွားပြီ။ ငါ့ရဲ့ နောက်ရည်မှန်းချက်က စည်းမျဉ်းမဲ့ဇုန်ပဲ..
သူက ဆုံးဖြတ်လိုက်၏။ သို့သော်လည်း သူ့အတွက် လုပ်ဆောင်ရန်တချို့ ကျန်ရှိနေသေးသည်။ သူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
ဝိညာဉ်ကွန်ယက်စွမ်းရည်က ကူးသန်းသွားလာရေး စနစ်ကို တည်ဆောက်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်းပဲ…
သူက ထိုစွမ်းရည်ဖြင့် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ နေရာအများစုကို ဖြန့်ကျက်နိုင်လိမ့်မည်ဟု ထင်မထားပေ။ ထို့ကြောင့် အာကာပြင်ခွဲတစ်ခုအစား သူတို့စနစ်၏ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုဖို့ မမှတ်ယူဖူးပေ။
ဒါပေမဲ့ ငါ့အနေနဲ့ တာအိုသင်္ချိုင်းမြေကို အာကာပြင်ခွဲအဖြစ် ပြောင်းလဲဖို့တော့ လိုအပ်သေးတယ်…
သူက သုံးသပ်လိုက်၏။ သူက လူများစွာအား သူ့စွမ်းရည်ကို မသိစေလိုပေ။ ကမ္ဘာကြီးထဲ၌ အကြွင်းမဲ့ဆိုသည့်အရာ မရှိသည့်အတွက် တစ်စုံတစ်ယောက်က သိနေပြီး သတိထားမိနိုင်သည့် နည်းလမ်းတစ်ခု ရှိနေမည်ကို မလိုချင်ပေ။ ထို့အပြင် သူက တာအိုသင်္ချိုင်းမြေအား အထွတ်အထိပ် ဟွင်သွမ်းရတနာအဖြစ် ပြောင်းလဲလိုဆဲသာ ဖြစ်၏။
အာကာပြင်အခွဲက ငါတို့ရဲ့ ကူးသန်းသွားလာရေးနဲ့ ဆက်သွယ်ရေးအတွက် အဓိကနည်းလမ်းတစ်ခု ဖြစ်သင့်တယ်။ ဝိညာဉ်ကွန်ယက်ကတော့ နောက်ခံအစီအစဉ်အနေနဲ့ပေါ့…
ယုန်တစ်ကောင်က တွင်းပေါက်များစွာ ရှိထားသင့်သည်ဟု စကားပုံရှိသည် မဟုတ်ပါလော။
ဝမ်ဝေ့က အိမ်ဆီ ပျံသန်းလာပြီးသည့်နောက်တွင် မွန်မြတ်သော ကံကြမ္မာနှင့် ဇီးပန်းကံကြမ္မာတို့ကို ဆင့်ခေါ်လိုက်သည်။
“သခင်” သူတို့က ဒူးထောက်လိုက်ကြ၏။
“မွန်မြတ်သော ကံကြမ္မာ။ မင်း ရောက်ကတည်းက လူတချို့ကို လေ့ကျင့်ပေးနေတာ ဟုတ်တယ်မလား”
“ဟုတ်ပါတယ် သခင်”
“သူတို့က ဘယ်မှာလဲ”
“အများစုက စစ်ဆင်ရေးရှိနေပြီးတော့ လူတချို့ကတော့ အဆင်သင့် အနေအထားရှိပါတယ်”
“အဆင်သင့်ရှိနေတဲ့သူတွေကို ခေါ်လိုက်”
မွန်မြတ်သော ကံကြမ္မာက လေချွန်လိုက်သည့်အခါ အရိပ်များစွာက သူ့အနောက်တွင် ထွက်ပေါ်လာသည်။ ဝမ်ဝေ့က သူတို့စိတ်ထဲ သတင်းအချက်လက်များကို ပို့ဆောင်လိုက်ပြီး သူတို့အား ကံကြမ္မာပြောင်းလဲရေးခန်းမဆီ ပို့ဆောင်လိုက်၏။ သူက ဇီးပွင့်ကံကြမ္မာကို ကြည့်လိုက်သည်။
“မင်းအတွက် တာဝန်တစ်ခု ရှိတယ်” ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် သူ့မျက်ဝန်းက ခဲဖြူရောင် ပြောင်းလဲသွားပြီး ကံကြမ္မာကို လှုံ့ဆော်လိုက်သည်။ သူက သူလိုအပ်သည့် သတင်းအချက်အလက် အဆောင်တစ်ခုကို ဖွဲ့စည်းပြီးပေးလိုက်သည်။
“ဒါက ကောင်းကင်အလိုဆန္ဒ လျှို့ဝှက်ထိန်းသိမ်းထားတဲ့ ဂိုဏ်းတွေရဲ့ စာရင်းပဲ။ တချို့က ကပ်ပါးတွေနဲ့ ပတ်သက်မှုမရှိဘူး။ အဲဒါဆိုတော့ သူတို့ဟာကို ခိုးရုံပဲ။ ကျန်တဲ့သူတွေကိုတော့ ရှင်းထုတ်လို့ ရတယ်”
“ဟုတ်ကဲ့”
ဝမ်ဝေ့က အားလုံးကို ပြန်လွှတ်လိုက်ပြီး ဝမ်ချီတစ်ယောက်သာ ကျန်ရှိခဲ့သည်။
“မင်းက ဘယ်လိုလုပ် ဒီရောက်နေတာလဲ” ဝမ်ဝေ့က မေးလိုက်၏။
“မင်းကို ခေါ်လိုက်တယ်လို့တော့ မထင်ပါဘူး”
“ဂိုဏ်းချုပ် ကျွန်တော် မကောင်းဆိုးဝါးနတ်ဘုရားသွေးကို ရနိုင်မဲ့နည်းလမ်းကို စဉ်းစားမိသွားလို့ပါ”
“အိုး ပြောပါဦး”
“ဂိုဏ်းချုပ်ကတော်လေ”
ဝမ်ဝေ့၏ နှုတ်ခမ်းများက တွန့်ချိုးသွား၏။
“သူမကိုသာ မေးလိုက်ရင် ငါတို့ရဲ့ ပြဿနာတွေကို ဘယ်လောက်ဖြေရှင်းနိုင်တယ်ဆိုတာကို ငါ မသိဘူးလို့ ထင်နေတာလား။ ငါ သူမကို မမေးတာ အကြောင်းအရင်းတစ်ခု ရှိတယ်”
“ဂိုဏ်းချုပ် ကျွန်တော်ကို အရင်ပြောခွင့်ပြုပါ။ ဂိုဏ်းချုပ်ကတော်နဲ့ ပတ်သက်လာတဲ့အချိန်မှာ ဂိုဏ်းချုပ်ရဲ့ ရဲတင်းမှုတွေက ပျောက်ကွယ်သွားပြီးတော့ အတွေးလွန်နေတယ်ဆိုတာကို သတိထားမိတယ်” ဝမ်ချီက ပြောလိုက်သည်။
“လက်ဆောင်တွေ ဖလှယ်တယ်ဆိုတာက တစ်ယောက်နဲ့တစ်ယောက် သိပြီး ဆက်သွယ်ဖို့ နည်းလမ်းတစ်ခုပဲလေ။ ဂိုဏ်းချုပ်ကတော်နဲ့ ဂိုဏ်းချုပ်တို့က တစ်ယောက်နဲ့တစ်ယောက် အကြွေးတင်နေတဲ့ ဆက်ဆံရေးမျိုးကို မစချင်ဘူးဆိုတာကို သိပါတယ်။ ပြီးတော့ အရင်တစ်ခေါက်က သူမကို လက်ဆောင်ပေးခဲ့ဖူးတယ်လေ။ အဲဒါကြောင့်မလို့ သူမအနေနဲ့ ပြန်တုံ့ပြန်တာက ပုံမှန်ပါပဲ”
ဝမ်ဝေ့က ညည်းတွားလိုက်သည်။ ထိုအရာက ဒေါသကြောင့် မဟုတ်ဘဲ ထိုခွေးကောင် ပြောသည်က မှန်ကန်နေ၍ ဖြစ်၏။
“သူမက လက်ဆောင်ပြန်ပေးမယ်လို့တော့ ပြောထားတယ်”
“တွေ့လား။ သူမက အဲဒါကို နားလည်တယ်လေ” ဝမ်ချီက ပြုံးကာ ပြောလိုက်သည်။
“ကောင်းပြီ။ မင်း သူမနဲ့ သွားတွေ့လိုက်။ အဲဒါကို သေချာဆွေးနွေးကြည့်ပေါ့” သူက ဝမ်ချီအား ဝိညာဉ်ကွန်ယက်ဆီ ဝင်ရောက်ခွင့်ပြုထားသည်။ သူက သူ့ဦးတည်ရာမှ အနီးဆုံးဝိညာဉ်ကို ပစ်မှတ်ထားပြီး ကျောက်ဆူးအနေဖြင့် အသုံးပြုကာ ကူးသန်းပြောင်းရွှေ့လိုက်သည်။ ဝမ်ဝေ့က ခေါင်းအသာယမ်းပြီးသည့်နောက်တွင် ဝမ်ဝေ့က ဝမ်ချီ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း ခေါင်းအသာယမ်းလိုက်၏။
ငါက နှစ်ပေါင်းသန်းတစ်ထောင်လောက် အထီးကျန်တစ်ကိုယ်တည်းဖြစ်နေတဲ့သူဆီကနေ အကြံဉာဏ်ယူနေရတာ မယုံနိုင်သေးဘူး…
သူက တွေးလိုက်မိသည်။
ဒါပေမဲ့ သူ ပြောတာမှန်တယ်။ သူမကို ပိုးပန်းမဲ့ အခွင့်အရေးလိုချင်တယ်ဆိုရင် အတွေးလွန်တာ ရပ်ဖို့လိုတယ်။ ပိုပြီးရဲတင်းပြီးတော့ တိုက်ရိုက်ဆက်ဆံချဉ်းကပ်ရမယ်…
သူက မတ်တတ်ရပ်လိုက်ပြီး မူလစည်းတံဆိပ်ကုန်းမြေကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက အရင်းအမြစ်ချီနေရာလွတ်ထဲ ဝင်ရောက်လိုက်၏။ သူက ချီပန်းပွင့်စွမ်းရည်ကို အသက်သွင်းလိုက်ပြီး မမြင်နိုင်ဖွယ် ကြာပွင့်တစ်ခု ပေါ်ထွက်လာသည်။
“တက်လှမ်းရေးရတနာချီ” သူက တွေးလိုက်သည်။
ထိုကြာပွင့်က တုန်ခါသွားပြီးသည့်နောက်တွင် အဝေးတစ်နေရာသို့ ပျံသန်းထွက်သွား၏။
ဝမ်ဝေ့က ထိုနောက်မှ လိုက်ပါလာသည်။ ကျင့်ကြံသူများစွာက အကြောင်းအရင်းများစွာကြောင့် အရင်းအမြစ်ချီနေရာလွတ်ထဲ အလွယ်တကူ ကူးသန်းမသွားလာနိုင်ကြပေ။ အကြောင်းအရင်းကမူ ပြင်းထန်သည့် ချီပေါက်ကွဲမှုများကို ဖြစ်လာစေပြီး ဒဏ်ရာရရှိသွားနိုင်၍ ဖြစ်သည်။
ဝမ်ဝေ့က သူ့ဦးတည်ရာဆီ ပျံသန်းသွားလိုက်ရင်း အရာအားလုံးက မြေကြီး၊ တောင်တန်းနှင့် တောအုပ်၊ တိမ်တိုက်နှင့် ကောင်းကင်ယံအပါအဝင် အရာအားလုံးက အပြာရောင် သန်းနေလေ၏။
ထိုအရာက သူ့ခရီးစဉ်အများစုအတွက် ဤသို့သာ ဖြစ်၏။ တစ်ခါတစ်ရံတွင် အဆုံးမဲ့အဖြူရောင်ရေကန်ကြီးနှင့်တူသည့် နေရာသို့ ရောက်ရှိလာသည်။
ဝှစ်
ရေကန်ထဲမှ ဧရာမအဖြူရောင်လက်ကြီး ထွက်ပေါ်လာကာ သူ့ကို ဖမ်းဆုပ်ဖို့ ကြိုးစားလာသည်။ လက်ကြီးက ဝိညာဉ်ကို သက်ရောက်မှုရှိသည့် စွမ်းအားမျိုး ကိန်းအောင်းနေ၏။ အကယ်၍ သာမန်ကျင့်ကြံသူဆိုပါက သူတို့သည် ရေကန်ထဲ ပြုတ်ကျသွားကြလိမ့်မည်။ သို့သော်လည်း ဝမ်ဝေ့က ဘာမှမလုပ်ပေ။
လက်က သူ့ခန္ဓာကိုယ်ကို ထိလာသည့်အခါ အားကောင်းသည့် စွမ်းအားတစ်ခုက တုံ့ပြန်လာသည်။ ထို့နောက်ရေကန်ထဲမှ အော်သံတစ်ခု ထွက်ပေါ်လာ၏။
လက်များစွာက ဝမ်ဝေ့ကို ဆွဲယူဖို့ ကြိုးစားလာကြသည်။ သို့သော် သူက နောက်ဆုံးတစ်ခုမှလွဲ၍ အားလုံးကို လျစ်လျူရှုထားလေ၏။
သူက ရေကန်မှ ထွက်သွားတော့မည့်ဆဲဆဲတွင် ကြက်သီးထဖွယ် ခံစားချက်မျိုးကို ရရှိလိုက်၍ အနာဂတ်သို့ စက္ကန့်ပိုင်းအနည်းငယ်ရွှေ့ကာ တိုက်ကွက်ကို ဖယ်ရှားလိုက်၏။
ဗလာကျင်းနေသည့် ရေကန်ပြီးသည့်နောက်တွင် ဝမ်ဝေ့က အစိမ်းရောင်နေရာကို တွေ့လိုက်ရသည်။ ထိုနေရာတွင် ရွှေ၊ ကျောက်မျက်ရတနာနှင့် အဖိုးတန်သတ္တုတို့က အဝေးတစ်နေရာမှ အလင်းတန်းများ ထုတ်လွှတ်နေသကဲ့သို့ ဧရာမမြင့်မားသည့် နန်းဆောင်တစ်ခုကို မြင့်တွေ့နိုင်၏။ ထိုအရာက သူ့ဦးတည်ချက် ဖြစ်ကြောင်းသိ၍ အရှေ့တိုးသွားလိုက်သည်။
သူက နန်းတော်ထဲ ပထမအလွှာဆီ ဝင်ရောက်လာသည့်အခါ အဖြူရောင်ခန္ဓာ၊ လက်သည်းနှင့် နောက်ကျောတွင် လက်နက်များ သယ်ဆောင်ထားသည့် လူသားနှော အသွင်ရှိသည့် သက်ရှိများစွာကို မြင်တွေ့လိုက်ရသည်။
ဝိညာဉ်သားရဲလား…
မဟုတ်သေးဘူး။ ဒါက ချီသားရဲတွေပဲ…
သူက လက်ကိုဝှေ့ယမ်းကာ အရာအားလုံးကို ရှင်းထုတ်ပစ်လိုက်၏။ သူတို့က သိန်းချီနေပြီး သူတို့၏ ကျင့်ကြံဆင့်က ထာဝရဦးသျှောင်နှင့် ယှဉ်နိုင်သော်လည်း ဝမ်ဝေ့အတွက်မူ ပေါ့ပါးလာသည်။ သူက ဒုတိယအလွှာဆီ ဦးတည်လိုက်သည့်အခါ သက်ရှိများကို မတွေ့ရတော့ဘဲ လက်နက်များပါဝင်သည့် ထောင်ချောက်များသာ ရှိနေသည်။
တစ်လွှာပြီးတစ်လွှာဆိုသလို တိုက်ခိုက်မှုများက ပိုမိုအားကောင်းလာလေ၏။ သူက နောက်ဆုံးအလွှာသို့ ရောက်ရှိလာသည့်အခါ ကိုယ်ပိုင်အတ္တနှင့် မဟာတာအိုအရင်းအမြစ် ၈၀ ရာခိုင်နှုန်းရှိထားသည့် လှံတစ်ချောင်းနှင့် တိုက်ခိုက်ခဲ့ရသည်။ ထိုအရာကို ဖြေရှင်းပြီးသည့်အခါ သူက နောက်အလွှာတွင်ရှိသည့် တက်လှမ်းရေးရတနာချီကို ယူဆောင်လိုက်၍ ထိုနန်းဆောင်ကြီးက ပြိုလဲသွားလေသည်။
“အခု နောက်တစ်ခုအတွက် အချိန်ပဲ ” သူက ရေရွတ်လိုက်သည်။