အရင်းအမြစ် သားရဲ
Vol. 87 Ch. 1215
ဝမ်ဝေ့က ချီလေးမျှင်ကို တွေ့ကာ တာအိုသင်္ချိုင်းမြေအတွက် လုံလောက်နေပြီဖြစ်ကြောင်း ယုံကြည်ထားသည်။ သူက ကျေနပ်ကာ အိမ်ပြန်တော့မည့်ဆဲဆဲတွင် အစိမ်းရောင်ကောင်းကင်ကြီးက ရုတ်ချည်းဆိုသလို မှောင်မဲသွားပြီး သူ့အမူအရာ ပြောင်းလဲသွားခဲ့၏။
အရင်းအမြစ်သားရဲလား။ ဒီလိုမျိုး တတိယအဆင့်မှာလေ…
သူ့အလိုလိုသိစိတ်က ထွက်ပြေးဖို့ရာ ဖြစ်၏။ ထိုသားရဲက စံပြအဆင့်နှင့် ယှဉ်နိုင်လေသည်။ သို့သော်လည်း သူက ရပ်တန့်ပြီး အခြေအနေကို အကဲခတ်ကြည့်လိုက်၏။ သူက သားရဲ၏ စွမ်းအားကို အကဲခတ်ပြီးသည့်နောက်တွင် ထိုအရာက အသစ်မွေးဖွားလာသည့် စံပြနှင့်သာ ယှဉ်နိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။
ငါ့စွမ်းအားကို စမ်းသပ်ကြည့်ဖို့ အခွင့်အရေးပဲ…
ဝမ်ဝေ့က တွေးပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ မြေကြီးထဲ သွေးစက်တချို့ ချန်ထားခဲ့လိုက်သည်။ ဆယ်စက္ကန့်ကြာမြင့်ပြီးသည့်နောက်တွင် ကြောက်မက်ဖို့ကောင်းသည့် သက်ရှိက သူ့ရှေ့တွင် ပေါ်ထွက်လာ၏။ ထိုအရာက လူသားနှော အသွင်ရှိပြီး ငါးပေမြင့်မားကာ အသားမရှိဘဲ အရေပြားအတွက် အနက်ရောင်ချပ်ဝတ်သာ ရှိလေသည်။ ထို့နောက် အဖြူရောင်နံရိုးများ ပေါ်နေသည်။ ဦးခေါင်းအထက် ခေါင်းဆောင်းတစ်လုံး ဆောင်းထားပြီး မျက်ဝန်း၌ မီးများ တောက်နေသည်။
ကောင်းပြီလေ။ အရင်ဆုံး ငါ့ရဲ့ ခုခံမှုကို စမ်းသပ်ကြည့်ရအောင်…
ဝမ်ဝေ့က တွေးပြီးသည့်နောက်တွင် ထိုသက်ရှိဆီ ပြေးသွားလိုက်သည်။ ထိုခေါင်းဆောင်း၏ ပါးစပ်အစိတ်အပိုင်းမှ အားကောင်းသည့် မီးတောက်ချီ ထွက်ပေါ်လာကာ ဝမ်ဝေ့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ချက်ချင်းဆိုသလို လောင်ကျွမ်းသွားစေ၏။ သူက ယခင်ချထားသည့် သူ့သွေးစက်မှ ပြန်လည်ကောင်းမွန်လာကာ နေရခက်စွာ ပြုံးလိုက်သည်။
ငါက မီးတောက်ကို တစ်နာနိုစက္ကန့်တောင် မခံနိုင်ဘူးပဲ…
သူက တွေးလိုက်သည်။ သူက မီးတောက်အများစုထံ ခံနိုင်ရည်ရှိသည်ဟု မှတ်ယူနိုင်သော်လည်း စံပြအဆင့် ချီမီးတောက်အတွက်မူ သူ ဂုဏ်ယူရသည့် အရေပြားက ကလေးအရေပြားကဲ့သို့သာ ဖြစ်နေသည်။
ကောင်းကင်ဘုံအဆင့်နဲ့ ဧကရာဇ်အဆင့်ကြားက ကွာဟချက်ကို သိပေမဲ့ စံပြအဆင့်ကြားနဲ့ ကောင်းကင်ဘုံအဆင့်ကြားက တကယ်ကို ကွာခြားတာပဲ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သူက အနက်ရောင်နဂါးချပ်ဝတ်ကို ဆင့်ခေါ်ပြီး ခေါင်းဆောင်းအသွင်ပြောင်းလိုက်သည်။
“ကစားကြည့်ကြတာပေါ့” သူက ထိုသက်ရှိရှေ့ ထပ်မံ ပေါ်ထွက်လာကာ လက်နက်ဖြင့် ခုန်ချလိုက်သည်။ သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားက ဤတိုက်ပွဲအတွက် မယှဉ်နိုင်ကြောင်း သိထားသောကြောင့် ချပ်ဝတ်၏ စွမ်းအားဖြင့် အားဖြည့်ထားခဲ့၏။ ထို့ကြောင့် သက်ရှိက တည်တည်ငြိမ်ငြိမ်ဖြင့် မီးတောက်ဒိုင်းကာတစ်ခုကို ဖန်တီးလာကာ တိုက်ကွက်ကို တားဆီးခဲ့သည်။
ဝမ်ဝေ့က ဒုတိယတိုက်ကွက်မှ ကန်ထွက်လာသည့် စွမ်းအားအများစုကို စုပ်ယူခဲ့၏။ ထို့နောက် သူက ကံကြမ္မာဖြတ်တောက်ရေး နည်းစနစ်ကို အသုံးပြုခဲ့သည်။ သူ့အပြုအမူက သူသည် တိုက်ပွဲအတွင်း ထိုးထွင်းသိလာသည့်အစား နှစ်များစွာ လေ့ကျင့်လာသည့် အရာတစ်ခုကို သုံးနေသကဲ့သို့ ဖြစ်နေသည်။
မီးတောက်အရှိန်အဝါက ထိုသက်ရှိကို လွှမ်းခြုံသွားပြီး သူ့တိုက်ကွက်မှ ကံကြမ္မာစွမ်းအားကို လောင်ကျွမ်းပစ်ခဲ့သည်။
အဲဒါဆိုတော့ ငါ့တိုက်ကွက်ကို တားဆီးနိုင်တယ်ပေါ့…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက ပုဆိန်လှံရှည်ကို ပန်ကာသဖွယ် ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူက အာကာပြင်တာအိုကို ထည့်ပေါင်းကာ လက်နက်ကို ကာလံဒေသံကြိတ်ခြေနိုင်စွမ်းရှိသည့် ကြိတ်စက်အဖြစ် ပြောင်းလဲလိုက်သည်။ ထိုသို့သော တိုက်ကွက်မျိုးက ဒိုင်မေးရှင်းအနိမ့်မှ သက်ရှိတိုင်း၊ အက်တမ်တိုင်းနှင့် စွမ်းအင်တိုင်းကို အမှုန့်ဖြစ်သွားစေဖို့ လုံလောက်၏။
ထိုသားရဲ၏ မျက်ဝန်းမှ ရောင်ခြည်တန်းတစ်ခု ထွက်ပေါ်လာကာ ဝမ်ဝေ့၏ လက်နက်ကို တားဆီးထား၏။ ထိုသားရဲက ပတ်ဝန်းကျင်ကို ဒေါသထွက်နေသည့်အလား စွမ်းအားလှိုင်းတစ်ခု ထုတ်လွှတ်လာသည်။
ဝမ်ဝေ့က စိတ်ထဲ၌ ထိုအရာ၏ အလေးချိန်ကို ခံစားမိလိုက်သည်။
စွမ်းအားလွှမ်းမိုးခြင်းလား…
ဝမ်ဝေ့က သဘောပေါက်သွားခဲ့၏။ ထာဝရဦးသျှောင်များသည် အဆင့်နိမ့်ဧကရာဇ်များကို လွှမ်းမိုးဖို့ရာအတွက် စွမ်းရည်ကို အသုံးပြုနိုင်သော်လည်း တူညီသည့် အဆင့်များအပေါ် အသုံးမပြုနိုင်ပေ။ သို့သော်လည်း ဆန့်ကျင်ထာဝရဦးသျှောင် ကျင့်ကြံသူများကမူ ကောင်းကင်ဘုံအဆင့်များအပေါ် သက်ရောက်မှုရှိစေဖို့ အသုံးပြုနိုင်၏။ သို့သော်လည်း ထိုစွမ်းရည်က ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ၏ တာအိုကို လွှမ်းမိုးနိုင်ခြင်း မရှိပေ။ ထိုအစား ထိုအရာက သူတို့၏ ဝိညာဉ်ကို ပစ်မှတ်ထားပြီး တာအိုအပေါ် ထိန်းချုပ်နိုင်စွမ်းကို လျှော့ချခြင်း ဖြစ်သည်။
ငါ့ဆီမှာ စံပြအဆင့် ဝိညာဉ်သာ မရှိဘူးဆိုရင် ဆိုးဆိုးရွားရွားအခြေအနေ ဖြစ်သွားနိုင်တယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ဒါပေမဲ့ သူက စွမ်းအင်အများကြီး ဘယ်လိုလုပ်ရလာတာလဲ…
ဒီမှာ မသေမျိုးစံအိမ် ဒါမှမဟုတ် ချီသိုလှောင်ရေးအင်္ဂါရပ်ကိုလည်း မခံစားမိပါဘူး…
သူက ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေရင်း အဖြေကို ရှာဖွေတွေ့ရှိသွား၏။ အရင်းအမြစ်ချီနေရာလွတ်က သားရဲ၏ ချီသိုလှောင်ရေးနေရာ ဖြစ်ပေသည်။ ထိုအရာက ပတ်ဝန်းကျင်မှ စွမ်းအားကို စုပ်ယူပြီး ပမာဏအမြောက်အများ ရှိ၏။ တစ်ခုတည်းသော အဟန့်အတားက သူ့ဝိညာဉ် တောင့်ခံနိုင်မည့် ပမာဏသာ ဖြစ်ပေသည်။
ကံကြမ္မာအေးစက်မှု
ကံကြမ္မာက အေးစက်တယ်လား။
ဟုတ်တယ်။ ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ စကြဝဠာကြီးထဲမှာ နာကျင်မှု၊ ဝေဒနာနဲ့ ဆိုးဆိုးရွားရွား ဒုက္ခတွေ ခံစားနေကြရတာ။ အဲဒီနောက်ကွယ်ရဲ့ တရားခံက ကံကြမ္မာပဲ။
ထိုအရာက ရက်စက်စွာဖြင့် သက်ရှိများကို ဖန်တီးပြီး ထိုသို့သော ကံကြမ္မာမျိုး ပေးအပ်ထားသည်။ ငရဲမှ အေးစက်မှုထက်ပင် ဆိုးရွားလာသည့် ကြောက်မက်ဖွယ် အေးစက်မှုက ဝမ်ဝေ့၏ ပုဆိန်လှံရှည်မှ ပျံ့နှံ့လာသည်။ သူက ထိုသက်ရှိ၏ ဆန့်ကျင်ဓာတ်သဘာဝကို အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ထိုသက်ရှိက အေးစက်သည့် အပြာရောင်မီးတောက်တစ်ခုကို ထုတ်လွှတ်လာခဲ့သည်။ အဆိုးဆုံးအပိုင်းက ထိုမီးတောက်သည် ဝမ်ဝေ့၏ အေးစက်မှုကို အလျင်အမြန်စုပ်ယူသွားခြင်း ဖြစ်၏။
ကံကြမ္မာအနှောင်အဖွဲ့
ဝမ်ဝေ့က ထိုသက်ရှိနောက်ကွယ်တွင် ပေါ်ထွက်လာကာ ကြိုးမျှင်များစွာကို ထုတ်လွှတ်လိုက်သည်။ ထိုသားရဲက ထိုအရာကို လောင်ကျွမ်းပစ်ဖို့ ကြိုးစားသော်လည်း သူ့ကို ကျော်ဖြတ်ကာ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခဲ့၏။ ထိုသားရဲ၏ ကံကြမ္မာက အလျင်အမြန်ပြောင်းလဲသွားကာ အဆင့်(၂)အရင်းအမြစ် သားရဲအဖြစ် လျှော့ချခံလိုက်ရသည်။ ဝမ်ဝေ့က ထိုအခွင့်အရေးကို ယူကာ သားရဲ၏ မရဏကြိုးမျှင်ကို ဖြတ်တောက်ပြီး သတ်ပစ်ခဲ့သည်။
ကံဆိုးစွာဖြင့် ထိုအရာ၏ ကျောမှ အရိုးများ ထွက်ပေါ်လာကာ သူ့ဝမ်းဗိုက်အပေါ် ထိမှန်သွားစေသည်။
ငါ့ရဲ့ ကံကြမ္မာအနှောင်အဖွဲ့ကတောင် တိုက်ခိုက်ဖို့အတွက် မလုံလောက်ဘူးလား…
တိုက်ပွဲအလိုလိုသိစိတ်က အသက်ဝင်လာကာ နောက်ဆုတ်ပြီး ဝိညာဉ်တိုက်ကွက်ဖြစ်သည့် ဝိညာဉ်ဓားကို အသုံးပြုလိုက်၏။
မမြင်နိုင်ဖွယ် ဝိညာဉ်ဓားက ထိုသားရဲဆီ ဝင်ရောက်သွားကာ ထိုအရာက တိုက်ပွဲစတင်ကတည်းက နောက်ဆုံးတော့ နေရာရွှေ့သွားခဲ့သည်။
ဝမ်ဝေ့က ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်ကာ တစ်ဖက်လူဆီ သွားလိုက်၏။ သူက တစ်ဖက်သူကို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြင့် အာရုံများအောင်လုပ်နေစဉ် သူ့တကယ့်သတ်ဖြတ်မှုကမူ ဝိညာဉ်မှ ရောက်ရှိလာခြင်း ဖြစ်သည်။
သူက အန္တရာယ်ကြီးသည့် တိုက်ကွက်တချို့ကို ရောနှောအသုံးပြုခဲ့၏။
သူက ကံဆိုးစွာဖြင့် ထိုသားရဲက သူ့ဝိညာဉ်၏ အလားအလာကို သိသည့်အလား ထိုအရာ၏ ဝိညာဉ်ကို ဝိညာဉ်မီးတောက် ကာကွယ်ရေးနည်းစနစ်ဖြင့် ရစ်ပတ်ထားခဲ့သည်။ ထို့ကြောင့် နှစ်ဦးသားက ရက်အနည်းငယ်ကြာ တိုက်ခိုက်ပြီးသည့်နောက်တွင် သားရဲကြီးက သူ့ကို နောက်ဆုံးအနေဖြင့် တစ်ချက်ကြည့်ပြီးသည့်နောက်တွင် ထွက်ခွာသွား၏။
ဝမ်ဝေ့က တစ်ယောက်တည်း ရပ်နေရင်း ရေရွတ်လိုက်သည်။
“စိတ်ပျက်စရာပဲ”
ဤတိုက်ပွဲအတွင်း သူက သူ့လက်ရှိအင်အား၏ ဟာကွက်များစွာကို တွေ့ရှိသွားခဲ့၏။
ငါ့ရဲ့ နည်းစနစ်အများစုက ဧကရာဇ်အဆင့်ကနေ မပြောင်းလဲရသေးဘူး။ အဲဒါဆိုတော့ ငါ့ရဲ့ ရွယ်တူတွေကို ဖြေရှင်းဖို့ ပြဿနာမရှိဘူးဆိုပေမဲ့ ငါ့အဆင့်အထက်ကသူတွေကို တိုက်ခိုက်ဖို့ အတွက်ကတော့ မဖြစ်နိုင်သေးဘူး…
ဝမ်ဝေ့က တွေးလိုက်သည်။
ငါက တူညီတဲ့ အဆင့်မှာ ဝိညာဉ်တိုက်ကွက်ကို သုံးဖို့ အတွေ့အကြုံမရှိသေးဘူး။ နောက်ဆုံးအနေနဲ့ ငါက အဆင့်(၁၁)နဲ့အထက် တိုက်ခိုက်ရေး နည်းလမ်းတွေကို နေသားကျတယ်လို့ ထင်မိပေမဲ့ မှားနေခဲ့တယ်…
အရင်းအမြစ်သားရဲက တိုက်ပွဲအတွင်း မဟာမြူစက်ဝန်းကမ္ဘာပင် မရှိခဲ့သော်လည်း ဝမ်ဝေ့ကမူ စံပြတစ်ယောက်နှင့် တိုက်ခိုက်ခဲ့ရသည့်အတွက် ထိုအကြောင်းကို စိုးရိမ်လာမိသည်။
အရင်ပြဿနာတွေအားလုံးက ငါက ငယ်လွန်းတဲ့အတွက်ကြောင့်ပဲ။ ငါက ကျင့်ကြံဆင့် ကောင်းနေတယ်ဆိုပေမဲ့ ကောင်းကင်ဘုံအဆင့် ဖြစ်တာမကြာသေးဘူး…
သူက ကြာရှည်စွာ သီးသန်ကျင့်ကြံရေး ဝင်ရောက်ပြီးသည့်နောက်တွင် သူ့ဟာကွက်အများစုကို ဖြည့်ဆည်းနိုင်လိမ့်မည်ဖြစ်ကြောင်း သိနေသည်။
ဒါပေမဲ့ မဟာမြူစက်ဝန်းအတွက်တော့ ဘယ်လိုကာမိအောင် လုပ်ရမလဲဆိုတာကို အဖြေမထုတ်ရသေးဘူး…
မဟာမြူစက်ဝန်းအပေါ် လက်ရှိအသုံးပြုမှုနှင့် အသုံးချမှုတို့က သူ့အဆင့်အတွက် လုံလောက်သော်လည်း စံပြများကို တိုက်ခိုက်ဖို့ရာအတွက် အလှမ်းဝေးနေသေးသည်။
အခုတိုက်ပွဲက အတော်လေးကို မဆုတ်သာမတိုးသာ အခြေအနေပဲ…
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ သူက ထိုကပ်ပါးများနှင့် စံပြအဆင့်များကို မည်မျှပင် အထင်သေးမိသွားကြောင်း သဘောပေါက်သွားခဲ့၏။ သူက ထိုသူများကို စက်ဆုပ်သော်လည်း သူတို့က စံပြများဖြစ်ပြီး ကမ္ဘာ၏ အရင်းအမြစ်များကို ယွမ်ခေတ်ကာလများစွာတိုင် အုပ်စိုးထားခဲ့သည့် အချက်ကို မပြောင်းလဲနိုင်ပေ။
ဝက်တစ်ကောင်တောင် အချိန်အတော်ကြာရှင်သန်ပြီးရင် ပါရမီရှင်ဖြစ်လာသေးတာပဲ။ လူတွေဆိုရင် ပြောမနေနဲ့တော့။ ပြီးတော့ သူတို့က စံပြတွေလေ…
ဝမ်ဝေ့က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာဆီ ပြန်လာခဲ့လိုက်သည်။ သူက အဖန်ရည်ကို သောက်သုံးကာ စိတ်ငြိမ်အောင် ထိန်းလိုက်၏။
“ငါ ရှီရှန်းယန်နဲ့ တွေ့ဖို့လိုတယ်။ ပြီးတော့ စည်းမျဉ်းမဲ့ဇုန်ကို မဝင်ရောက်ခင် ကျန်းပိယုနဲ့လည်း တွေ့ရဦးမယ်။ အဲ့ကိစ္စတွေပြီးသွားတာနဲ့ ငါ ကောင်းမွန်တဲ့ အုတ်မြစ်တစ်ခု ရှိလာလိမ့်မယ်။ အဲဒီနောက်ကျရင် ငါ့စွမ်းအားကို တိုးတက်အောင် လုပ်ဖို့ အာရုံစိုက်နိုင်လိမ့်မယ်”
ဝမ်ဝေ့က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။
“ဝမ်ချီရော ဘယ်လိုဖြစ်နေပါလိမ့်”
…………………………………………………………………….
မူလစည်းတံဆိပ်မြို့
မူလစည်းတံဆိပ်ကုန်းမြေက ကိုယ်ပိုင်ဒိုင်မေးရှင်းတစ်ခုအတွင်း ရှိလေ၏။ သို့သော်လည်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာထဲတွင် လူများက ဝင်ရောက်လိုသည့် ရုပ်ပိုင်းဆိုင်ရာ တည်နေရာတစ်ခုလည်း ဖြစ်ပေသည်။ ပုံမှန်အားဖြင့် သူက မြို့ထဲကို ဝင်ရောက်ကာ ဧကရီ၏ နာမည်ကို ရေရွတ်ပြီး သူမက သူ့ကို တွေ့လိုပါက ခေါ်ဆောင်သွားလိမ့်မည်။
သို့သော်လည်း သူက ရောက်ရှိလာသည်နှင့် အနှောင့်အယှက်တစ်ခုကို သတိထားမိခဲ့၏။ ချပ်ဝတ် ဝတ်ဆင်ထားသည့် ကျင့်ကြံသူများစွာက မြို့အပြင်ဘက်တွင် ဝေ့ဝဲနေပြီး မြို့စားမင်းနှင့် ရင်ဆိုင်နေသည်။
ဇာမဏိရဲ့ လူတွေလား…
ဝမ်ချီက တွေးလိုက်သည်။ သူက လူများစုသည် နတ်ဆိုးမျိုးနွယ်မှ ဖြစ်ကြောင်း သတိထားမိခဲ့၏။ သူတို့၏ ချပ်ဝတ်ထဲတွင် အရောင်ငါးရောင်ပါသည့် ဇာမဏိသင်္ကေတ ရှိနေသည်။
သူတို့ ဒီနေရာမှာ ဘာပြဿနာလာရှာတာလဲ…
သူက ဘေးပတ်ဝန်းကျင်ကို ကြည့်နေရင်း လူများစွာက ဟိုကြည့်ဒီကြည့်ဖြစ်နေသည်ကို မြင်သည့်အတွက် သူလည်း လိုက်လုပ်လိုက်သည်။
“ဘာလို့ အကျိုးအကြောင်းမသင့်ရတာလဲ” တပ်ဖွဲ့ခေါင်းဆောင်က မေးလိုက်သည်။ ထိုသူက ခေါင်းဆောင်း ဝတ်မထားသည့် တစ်ဦးတည်းသော အဖွဲ့ဝင် ဖြစ်ကာ မျက်ဆံမပါဘဲ ခရမ်းရောင်မျက်ဝန်းရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်၏။
“ငါက ဧကရီရဲ့ အမိန့်အတို င်းလိုက်နာရုံပဲ” မြို့စားမင်းက ပန်းရောင်ဆံပင်ရှိထားပြီး အဖြူရောင်ဟန်ဖု ဝတ်စုံကို ဝတ်ဆင်ထားသည့် သေးသွယ်သွယ် အမျိုးသမီးတစ်ဦး ဖြစ်၏။
“နင်က ပုန်ကန်နေမှန်းသိလား” ခေါင်းဆောင်က ပြောလိုက်စဉ် မြို့စားမင်းက တည်ငြိမ်စွာ ပြုံးလိုက်သည်။
“ငါက အထဲဝင်တော့ရော ဘာဖြစ်တုန်း”
“ဧကရီရဲ့ စကားအရ ကိုယ့်ထိုက်နဲ့ကိုယ်ကံပဲ”
“ငါ့ကို ခြိမ်းခြောက်နေတာလား”
“အဲ့လိုပေါ့။ ဒါနဲ့ နင်က ဘာများလုပ်နိုင်မှာလဲ” သူမ၏ မျက်နှာမှ အပြုံးက ပျောက်ကွယ်သွားခြင်း မရှိပေ။