← Chapters

လက်ဆောင်များ

Vol. 87 Ch. 1216

လက်ဆောင်များ

Vol. 87 Ch. 1216

ခေါင်းဆောင်က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ သူမ ပေါ်ထွက်လာသည့်အခါ လူများစွာက သူမထံ ဦးညွှတ်ကြသည့်အတွက် ယခုကိစ္စက သူမကို စိန်ခေါ်မှုတစ်ခု ဖြစ်နေလေ၏။ သို့သော်လည်း ထိုရှေးဟောင်းမျိုးနွယ်များနှင့် ရင်ဆိုင်ရသည့်အခါ စိတ်ရှုပ်ဖို့ကောင်းလှသည်။ မူလစည်းတံဆိပ်ကုန်းမြေက သူတို့၏ ခေါင်းဆောင်သည် အသက်ရှိနေဆဲဖြစ်ကာ အန္တရာယ်ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသေးသည့်အတွက် အဆိုးရွားဆုံးဖြစ်၏။

“ငါတို့က အပြစ်သားကို လိုက်ရှာရုံပဲ။ မင်း ဝှက်ထားတာ မဟုတ်ဘူးဆိုတာ သိတာနဲ့ ထွက်သွားမှာ။” သူမက ဖျောင်းဖျလိုက်သည်။

“အဲ့လိုမျိုး အကျိုးအကြောင်းသင့်သင့် လုပ်စမ်းပါ”

“ငါက အကျိုးအကြောင်းသင့်သင့် လုပ်နေတာပဲ” မြို့စားက ပြောလိုက်သည်။

“ပြီးတော့ ရှာနေတာကို တားနေတာလည်း မဟုတ်ဘူးလေ။ နင်တို့ အဲ့လိုလုပ်မယ်ဆိုရင် နင်တို့ကံကြမ္မာနဲ့ နင်တို့ဆိုပြီးတော့ သတိပေးနေရုံပဲ”

ခေါင်းဆောင်၏ မျက်ဝန်း၌ ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။

“လမင်း၇စင်းအဖွဲ့အစည်းရဲ့ အဖွဲ့သားတွေအားလုံးက အဲဒီအပြစ်သားကို ဖမ်းချင်နေကြတယ်။ အဲဒါတောင် နင်တို့က မပူးပေါင်းပေးဘူးလား။ အကျိုးဆက်အတွက် အဆင်သင့်ဖြစ်ပြီဆိုတာ သေချာလား”

“နင်တို့အားလုံး အထဲဝင်နိုင်တယ်။ ငါ တားနေတာ မဟုတ်ဘူး” မြို့စားက ပုံမှန်အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“မေးခွန်းက နင်တို့တွေ ဘယ်နှစ်ယောက် ပြန်လည်ထွက်လာနိုင်မလဲဆိုတာပဲ”

ခေါင်းဆောင်က လက်သီးကျစ်ကျစ် ဆုပ်ထားလိုက်၍ သူမချပ်ဝတ်မှ သတ္တုအချင်းချင်း ပွတ်တိုက်မှုကြောင့် မီးပွားများဖြင့် ထွက်လာသည်။ အဖွဲ့အစည်းက မူလစည်းတံဆိပ်ကုန်းမြေကို လျစ်လျူရှုထားသည်မှာ ထိုအကြောက်တရားကြောင့် ဖြစ်၏။ အကယ်၍ အားလုံးကသာ သူမကို ဝိုင်းတိုက်လျှင်ပင် အများစုက ထိုဖြစ်ရပ်အတွင်း သေဆုံးသွားနိုင်သည်။ နေမင်းတစ်စင်းက သူမကို ကာကွယ်ရေးစာရင်းတွင် ထည့်ထားသည့်အတွက် ပန်းနှစ်မွှာက သူမနှင့် တိုက်ခိုက်မည် မဟုတ်ပေ။ လျှို့ဝှက် လမင်းကလည်း သူမနှင့် ရန်သူပြုလုပ်ဖို့ရာ သတ္တိကြောင်လွန်းလှသည်။

နောက်ဆုံးအနေဖြင့် တခြားသူများကလည်း သူမကို ရှင်းထုတ်ပစ်ဖို့ရာ အသက်ကို မစတေးချင်ကြပေ။ ထို့ကြောင့် သူမက လွန်လွန်းမလာသရွေ့ ဒီအတိုင်းသာ လျစ်လျူရှုထားလိုက်ကြ၏။

ကပ်ဘေးများစွာဖြင့် ဤနှစ်များတစ်လျှောက် မူလစည်းတံဆိပ်ကုန်းမြေက သူတို့၏ အာဏာသည် အကြွင်းမဲ့ မဟုတ်ကြောင်း သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။

“ဒါကို နောင်တရလိမ့်မယ်” ခေါင်းဆောင်က ဒေါသတကြီးဖြင့် ကြေညာသွားလေသည်။ သူမက သူမလူများအား နောက်ဆုတ်ဖို့ အမိန့်ပေးပြီးသည့်နောက်တွင် ခေါင်းအထက်တွင် အစီအရင်တစ်ခု ပေါ်ထွက်လာပြီး ကူးသန်းပြောင်းရွှေ့သွားကြသည်။ မြို့စားက နှာခေါင်းရှုံ့သွားကာ သူမ၏ စံအိမ်ဆီ ပြန်သွားလိုက်၏။

“ဂိုဏ်းချုပ်ကတော်ဆိုတဲ့အတိုင်းပဲ” ဝမ်ချီက ရေရွတ်လိုက်သည်။

“ဂိုဏ်းချုပ် ဒီလိုအနေအထားရောက်ဖို့ မစောင့်နိုင်တော့ဘူး။ သူက ပိုပြီးတော့တောင် လွှမ်းမိုးမှုရှိဦးမယ်ဆိုတာ သေချာတယ်”

“အဲ့လိုလား”

ဝမ်ချီက အံ့အားသင့်သွားလေ၏။ သူ မတုံ့ပြန်နိုင်ခင် ဘေးပတ်ဝန်းကျင်က ပြောင်းလဲသွားခဲ့သည်။ သူက သူနှင့် မျက်နှာချင်းဆိုင်တွင် မိန်းမလှလေးတစ်ဦးကို မြင်လိုက်ရ၍ ကြောင်သွားလေသည်။

“ဂိုဏ်းချုပ်ကတော် …  အဲ လေ ဧကရီ” သူက အလျင်အမြန်ဦးညွှတ်ကာ ရိုသေမှုကို ပြသလိုက်သည်။

“စိတ်အေးအေးထားပါ” ဝူဟုန်က တည်ငြိမ်စွာ ပြောလိုက်၏။

“ဘယ်လိုလုပ် ဒီရောက်နေတာလဲ”

“ဂိုဏ်းချုပ်ရဲ့ သဘောထားကို လာပြီးတော့ ပြောပြတာပါ” ဝမ်ချီက ပြောလိုက်သည်။ ထို့နောက် သူက အလျင်စလို နိုင်ကာ ဂိုဏ်းချုပ်ဆီမှ လက်ရေးစာစောင်ကို မတောင်းခဲ့ရကြောင်း အမှတ်ရသွားခဲ့၏။ သို့သော်လည်း ဤအရာက နောက်ကျလွန်းသွားခဲ့ပြီးပြီဖြစ်သည့်အတွက် တစ်နည်းနည်းဖြင့် ကာမိအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

“ဂိုဏ်းချုပ်က သူ ဒီမှာရောက်နေပြီးတော့ အဆင်ပြေနေတယ်ဆိုတာကို သိစေချင်လို့ပါ”

“အဲ့လိုလား” ဝူဟုန်က ရေရွတ်လိုက်သည်။ သူက ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို ပြောတော့မည့်ဆဲဆဲ ကျင့်ကြံရေးအခန်းအပြင်ဘက်မှ တစ်စုံတစ်ခုကို ခံစားမိခဲ့သည်။

သူမက စိတ်ထဲမှ သက်ပြင်းချကာ အစီအရင်ကို ဖွင့်လိုက်၏။

“ဘာလိုချင်လို့လဲ”

“ဂိုဏ်းရဲ့ ကံကောင်းမှုရှိတဲ့သူ တစ်ယောက် ရောက်လာတာကို ခံစားမိလိုက်လို့။ အဲဒီကောင်လေး လာတွေ့တယ်လို့ ထင်နေတာ” ယန်းအိုက်က ပြောလိုက်သည်။

“ဘိုးဘေး” ဝမ်ချီက တအံ့တဩဖြင့် ရိုရိုသေသေ ဦးညွှတ်လိုက်သည်။ အကယ်၍ ဝူဟုန်ကို ဂါရဝပြုမှုက အကြောက်တရားကြောင့်သာဆိုလျှင် ဤအရာကမူ သူ့ဂိုဏ်း၏ တည်ထောင်သူအတွက် လေးစားမှုအနေဖြင့် ဖြစ်၏။

“ထပါ” ယန်းအိုက်က ခေါင်းညိတ်လိုက်သည်။

“ဟမ် မင်းကို မသိဘူး။ ဒါပေမဲ့ မင်းဆီမှာ လိပ်ရဲ့ အငွေ့အသက်တွေ ရှိနေတယ်”

“လိပ်ဧကရာဇ်က ကျွန်တော်ရဲ့ မသေမျိုးကို ချီးမြှင့်ပေးခဲ့တဲ့သူပါ”

“မင်း အသက်ရှင်နေသေးတယ်ဆိုတော့ မင်းက အစောင့်အနေနဲ့ ရာထူးကို စွန့်ပယ်ခဲ့တာတော့ မဟုတ်ဘူးပဲ”

“ကျွန်တော် အဲ့လိုလုပ်မှာ မဟုတ်ပါဘူး။ ဂိုဏ်းချုပ်က ပါရမီရှင်တချို့လိုတာနဲ့ ကျုပ်ကို ရွေးချယ်ခဲ့တာပါ”ဝမ်ချီက အလျင်အမြန် ပြောလိုက်သည်။

“အဲ့လိုဆို ကောင်းတာပေါ့” ယန်းအိုက်က ခေါင်းညိတ်လိုက်သည်။

“အဲဒီကောင်လေး ဝမ်ဝေ့ရော ဘယ်လိုလဲ။ သူ့ဂိုဏ်းနဲ့ ဆက်သွယ်ပြီးသွားပြီလား”

“ပြောရမယ်ဆိုရင် ဂိုဏ်းချုပ်က ဂိုဏ်းကို အရမ်းကြီး ပါဝင်မပတ်သက်စေလိုဘူး။ ဒါပေမဲ့ သူတို့က စတင်တဲ့အနေနဲ့ အရင်းအမြစ်တွေကိုတော့ ထောက်ပံ့ပေးထားပါတယ်” ဝမ်ချီက ပြန်ဖြေလိုက်သည်။

“ဂိုဏ်းကို မပါဝင်ချင်ဘူးတဲ့လား။ ဒါက အစ်ကိုချီရှန်း လုပ်မဲ့အရာမျိုးပဲ” ယန်းအိုက်က ရေရွတ်လိုက်သည်။

“သူတို့က သူ့ကို ကောင်းကောင်းဆက်ဆံရဲ့လား။ ဒါမှမဟုတ် ငါ ဝင်ရောက်စွက်ဖက်ဖို့ လိုသေးလား”

“ဟုတ်ကဲ့။ ဂိုဏ်းချုပ်က ဒီအထောက်အပံ့နဲ့ ပတ်သက်ပြီး အလွန်ကျေနပ်ပါတယ်”

“စကားကို ကွေ့ပတ်ပြောမနေနဲ့တော့” ယန်းအိုက်က ထိုဉာဏ်များသည့်သူများ တွေးနေသည့်အရာကို ဖြေရှင်းရသည်မှာ အရမ်းကို ငြီးငွေ့နေပြီ ဖြစ်၏။

“အာ ဂိုဏ်းချုပ်က ခန္ဓာကိုယ်ထိန်းချုပ်သူတွေအတွက် ထူးကဲတဲ့ အရင်းအမြစ်ကို ရှာဖွေနေတာပါ။ ကျွန်တော်က ဂိုဏ်းနဲ့ ဧကရီဆီကနေ တောင်းခံဖို့ ဖျောင်းဖျပေမဲ့ သူက အတော်လေး ခေါင်းမာနေတာ” ဝမ်ချီက ရှင်းပြလိုက်သည်။

“ခန္ဓာကိုယ်လေ့ကျင့်ရေးတဲ့လား။ သူက တာအိုအုပ်စိုးသူ ချင်းဝူရဲ့ အမွေအနှစ်ကို လိုက်ရှာနေတာလား။ သူက အလျင်စလိုတော့ လုပ်ဖို့တော့ မလိုပါဘူး။ ခွန်အားဂိတ်ပေါက်က ဖွင့်ဖို့ အချိန်ယူရဦးမှာလေ”

“သူက အဲဒါကို လုပ်ပြီးသွားပါပြီ”

“ဘယ်လို” ယန်းအိုက်က အတော်လေး အံ့အားသင့်သွားလေသည်။ အထူးသဖြင့် သူမက ဖျက်ဆီးခြင်းဧကရာဇ် ချန်ထားခဲ့သည့် အစီအစဉ်ကို သိနေလေ၏။

“ဟုတ်ပါတယ်။ ပြီးတော့ သူက ကောင်းကင်ဘုံအဆင့် ရောက်နေပါပြီ” ဝမ်ချီက ထပ်ပြောလိုက်သည်။

“တကယ်လား” ယန်းအိုက်က ဖွင့်ပြောလိုက်စဉ် ဝူဟုန်ပင် အံ့အားသင့်သည့် အမူအရာမျိုး ထုတ်ပြလာသည်။

“သူ့ဆီမှာ အထိမ်းအမှတ်ကံကောင်းမှုတွေ အများကြီးနဲ့ဆိုတော့ ကုသိုလ်အမြောက်အများ ရမယ်ဆိုတာကို သိပေမဲ့ ဒီကိစ္စကတော့ နောက်ထပ်တစ်ခုပဲ။ သူက သမိုင်းကြောင်းမှာ အချိန်အစီအရင်နဲ့ဆိုရင်တောင် အငယ်ဆုံး ကောင်းကင်ဘုံအဆင့် ဖြစ်လာနိုင်တယ်။”

“မဟုတ်သေးပါဘူး။ အငယ်ဆုံးကောင်းကင်ဘုံအဆင့်တင် မဟုတ်သေးဘဲနဲ့ လမ်းစဉ်နှစ်ခုလုံးမှာ အဆင့်(၁၁)ကို ရရှိထားတဲ့ အငယ်ဆုံးလူပါ”

ဝမ်ချီက ဂိုဏ်းချုပ်ကတော်ရှေ့တွင် ဂိုဏ်းချုပ်အကြောင်း ထပ်မံ ကြွားလုံးထုတ်လိုသော်လည်း မသိသာအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းချုပ်၏ အောင်မြင်မှုများက သူ့အလိုလို ပြောပြသွားလိမ့်မည်။

ယန်းအိုက်က ဝူဟုန်ကို ကြည့်လိုက်၏။

“ဘာလာကြည့်နေတာတုန်း”

“အဲဒါက မင်းရဲ့ ယောက်ျားလေ။ ငါက အခု အဆင့်(၁၁)ခန္ဓာကိုယ်လေ့ကျင့်ရေး အရင်းအမြစ်တွေ အကုန်လုံးကို သုံးနေတာ”

“သူက ကျွန်မရဲ့ ယောက်ျား မဟုတ်ဘူး” သူမက ပြန်လည် မှန်အောင် ပြင်ပေးလိုက်သည်။

“ခင်ပွန်း၊ ခင်ပွန်းလောင်း၊ ခင်ပွန်းဖြစ်မဲ့သူ။ အားလုံးက အတူတူပဲလေ”

ဝူဟုန်က ကျိန်ဆဲလိုသော်လည်း သူမက သူမ၏ အချိန်ဆက်နွယ်မှုသည် ခင်ပွန်းတစ်ယောက် မဟုတ်ဘဲ ထိုအမျိုးသမီးကဲ့သို့ သွေးသောက်ညီအစ်ကို ဖြစ်ဖို့ရာသာ မည်မျှမျှော်လင့်မိကြောင်း မသိတော့ပေ။ အထူးသဖြင့် ထိုအမျိုးသား၏ ဇစ်မြစ်ကို သိပြီး ဝါစဉ်များ ရှုပ်ထွေးလာပြီးသည့်နောက်တွင် ဖြစ်၏။

ဝူဟုန်က သက်ပြင်းချပြီးသည့်နောက်တွင် သင်္ကေတများ ရေးထွင်းထားသည့် သေတ္တာနှစ်လုံးကို ထုတ်ယူလိုက်သည်။ သူမက သေတ္တာတစ်လုံးကို ဖွင့်လိုက်သည့်အချိန် စကြဝဠာ ပါဝင်နေသည့်အလား ကြည်လင်နေသည့် သွေးစက် တစ်စက်ကို ထုတ်ဖော်ပြသလိုက်သည်။

ဝမ်ချီက ထိုအရာမှ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကို ခံစားမိလိုက်၏။ သူက ထိုသေတ္တာ မရှိလျှင် ဒူးထောက်လျက်သား ဖြစ်သွားနိုင်သည်။

“ဒါက အာကာပြင် ကမ္ဘာဦးစည်းမျဉ်းရှိထားတဲ့ အရွယ်ရောက်ပြီးသား မကောင်းဆိုးဝါးနတ်ဘုရားဆီကပဲ။ ဒုတိယတစ်ခုကတော့ ရှင်သန်မှု ကမ္ဘာဦးစည်းမျဉ်းရှိထားတဲ့ အကြီးအကဲ မကောင်းဆိုးဝါးနတ်ဘုရားဆီကပဲ။ ဒီဟာ အလုပ်ဖြစ်လောက်တယ်”

“ဂိုဏ်းချုပ်က ဒါကို တန်ဖိုးထားမှာ သေချာပါတယ်” ဝမ်ချီက အလျင်အမြန် ပြောလိုက်သည်။

“သူ့ကို အစ်မ ဖန်တီးထားတဲ့ အဆင့်(၁၁)နဲ့ အဆင့်(၁၂) ဆင့်ကဲပြောင်းလဲမှုကို ပေးချင်လား” ဝူဟုန်က မေးလိုက်သည်။

“ဟင့်အင်း သူ့ဘာသာသူ အရင်ဆုံး ဖန်တီးပါစေ။ ပြီးမှ ယှဉ်ကြည့်ပြီးတော့ အကောင်းဆုံးအစိတ်အပိုင်းကို အထွတ်အထိပ်ကျင့်စဉ်ထဲမှာ ထည့်သုံးကြမယ်” ယန်းအိုက်က ဝမ်ချီကို အာရုံစိုက်ပြီး ပြန်ဖြေလိုက်သည်။

“မင်းကို လက်ဗလာနဲ့တော့ ပြန်လွှတ်လို့ မဖြစ်သေးဘူး။ အဲဒီကောင်လေးက သူ့ဘိုးဘေးတွေက ကပ်စီးနည်းတယ်လို့လည်း အပြောမခံနိုင်သေးဘူး”

ယန်းအိုက်က ရွှေရောင်အလင်းတန်း ထုတ်လွှတ်နေသည့် သစ်ပင်ငယ်လေးကို ဆင့်ခေါ်လိုက်သည်။

“ဒါက ဉာဏ်ပညာမက်မွန်သစ်ပင်ပဲ။ လုပ်ဆောင်ချက်က ဗောဓိသစ်ပင်နဲ့အတူတူပဲ။ ပြီးတော့ အဆင့်(၁၁) … ဒါက သူ့ကို ပေးတာ မဟုတ်ဘူး။ ဒါက ငါ့ပစ္စည်းလည်း မဟုတ်ဘူး။ ဂိုဏ်းရဲ့ အပိုင်ဆိုတော့ ငှားတာလို့ ပြောလိုက်ဦး”

သူမက ထိုအရာကို ထူးကဲသာလွန်မှုလမ်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့လျှင် နားလည်ဖို့ရာ အထောက်အကူဖြစ်စေဖို့ရာအတွက် အကြွင်းမဲ့ တားမြစ်ချက်ထဲ ယူဆောင်ခဲ့သည်။

ထို့ကြောင့် သူမက ပြန်လည်ပေးဖို့ အခွင့်အရေးပင် မရခဲ့ပေ။

“ကျွန်တော် သူ့ကို ပြောလိုက်ပါ့မယ်” ဝမ်ချီက ခေါင်းညိတ်ပြီးသည့်နောက်တွင် သစ်ပင်ကို ဂရုတစိုက်သိမ်းဆည်းလိုက်သည်။

“နောက်ထပ် ရှိသေးလား” ယန်းအိုက်က မေးလိုက်၏။

“တကယ်လို့ သူ အကူအညီလိုတယ်ဆိုရင် အခု ပြောလို့ရတယ်”

“အခုတော့ ဒီလောက်ပဲ ထင်ပါတယ်” ဝမ်ချီက ပြန်ဖြေလိုက်၏။

“ဂိုဏ်းချုပ်မှာ အစီအစဉ် ရှိထားပြီးတော့ အခု အကောင်အထည် ဖော်ဖို့ ပြင်နေပါတယ်။ အရာအားလုံး အဆင်ပြေမယ်လို့ ထင်ပါတယ်”

“အဲဒါကြားရတာတော့ ကောင်းတာပဲ” ယန်းအိုက်က ခေါင်းညိတ်လိုက်သည်။

“တကယ်လို့ သူသာ အဲဒီခွေးကောင်တွေကို သတ်နိုင်တယ်ဆိုရင် ငါတို့လူတွေ ပြန်လာနိုင်ပြီးတော့ အဲဒီအန္တိမသဟဇာတကို သတ်ဖို့ ဒါမှမဟုတ်ဘူးဆိုရင် နှင်ထုတ်ဖို့ နည်းလမ်းကို ရှာဖွေနိုင်တယ်။ အဲဒီအခါ ကိစ္စတွေက ပုံမှန် ပြန်ဖြစ်လာလိမ့်မယ်”

“တကယ်လို့ သူ ကျရှုံးသွားတယ်ဆိုရင်ရော” ဝူဟုန်က မေးလိုက်သည်။

“အဲ့လိုဆိုရင် အရံအစီအစဉ်ကို သုံးရမှာပေါ့”

“အဲဒါက ဘာလဲ”

“နင်နဲ့ ငါနဲ့က သောင်းကျန်းပြီးတော့ အဲဒီခွေးကောင်တွေကို သတ်ပစ်မယ်” ယန်းအိုက်က ပြောလိုက်သည်။

“ငါတို့တွေ သေကောင်းသေနိုင်ပေမဲ့လည်း ထိုက်တန်ပါတယ်။ တခြားသူတွေက ငါတို့ကို မပြီးမပြတ်အခြေအနေကနေ အသက်ပြန်သွင်းဖို့ နည်းလမ်းရှာမှာပဲလေ”

“ရိုးရှင်းအောင် ပြောနေတာပဲ”

“အဲ့လို မဟုတ်လို့လား”

“ကျွန်မတို့ အများစုရဲ့ တည်ရှိမှုက ထိခိုက်ပြီးသွားပြီဆိုတော့ ပြန်လည်ရှင်သန်ရင်တောင် စွမ်းအားက အားနည်းသွားလိမ့်မယ်” ဝူဟုန်က ရှင်းပြလိုက်သည်။

“ကျွန်မတို့တွေက ပြဿနာကို ဖြေရှင်းဖို့ အရင်းအမြစ်များများ ထုတ်သုံးနိုင်တယ်ဆိုပေမဲ့လည်း အချိန်ကြာဦးမှာပဲ။ သူတို့က အားနည်းသွားလိမ့်မယ်ဆိုတာ သိရင် လူဘယ်လောက်က အသက်ပြန်ရှင်လာမှာလဲ။ ပြီးတော့ အန္တိမသဟဇာတလိုမျိုး အားကောင်းတဲ့သူတစ်ယောက်က သူတို့ခေါင်းအထက်မှာရှိနေတဲ့ အခြေအနေမှာလေ”

“အဲ့ဒါကို မပြောနဲ့ဦး။ ကျွန်မတို့က သူမကို ယုံတယ်ဆိုပေမဲ့ တခြားသူတွေက ယုံမှာမဟုတ်ဘူးလေ။ သူတို့ရဲ့ အမြင်မှာ သူမက သူ့လိုမျိုး ဆိုးရွားနေမှာပဲ။ ပြဿနာက အဲဒီကပ်ပါး၈ယောက် မဟုတ်ဘဲနဲ့ သူတို့နှစ်ယောက်ပဲ”

“နင် ပြောတာ မှန်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီကပ်ပါး၈ယောက်ကို ဖယ်လိုက်တာက အခြေအနေတွေ ရှုပ်ထွေးမှု နည်းပါးသွားစေမယ်ဆိုတာကိုတော့ သဘောမတူလို့ မရဘူးလေ။ အထူးသဖြင့် အဲဒီအချိန်စားသုံးသူကိုပေါ့” ယန်းအိုက်က ပြန်ပြောလိုက်သည်။

“သူ ဘာတွေစီစဉ်နေတယ်ဆိုတာ မသိဘူး။ ဒါပေမဲ့ သူ့အလိုလိုသိစိတ်ကတော့ ငါ သဘောမကျလောက်ဘူးဆိုတာကို ပြောနေတယ်”

ဝမ်ချီက ဘေးဖက်တွင် တိတ်တဆိတ် ရပ်နေရင်း ထိုစကားဝိုင်းကို ဆက်လက်နားထောင်သင့်သည်လား စဉ်းစားနေသည်။ သို့သော်လည်း သိပ်မကြာခင် ထိုအရာက ဂိုဏ်းချုပ်ဆီ ယူဆောင်သွားနိုင်မည့် အရေးပါသည့် သတင်းများဖြစ်ကြောင်း သဘောပေါက်သွားခဲ့၏။

All Chapters