← Chapters

၁၁ ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်

Vol. 87 Ch. 1218

၁၁ ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်

Vol. 87 Ch. 1218

“ငါတို့ကြားမှာ ကံဆက်နွယ်မှုတစ်ခု ရှိထားတယ်ဆိုတာပဲ သိရင်ရပြီ။ ပြီးတော့ အဲဒါကို ဖယ်ရှားဖို့ သူမနဲ့ တွေ့ဖို့ လိုတယ်” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“အဲလိုလား။ ဂိုဏ်းချုပ်က အမှန်တရားတစ်ခုလုံးကို မပြောပြဘူးလို့ ဘာလို့ခံစားမိနေပါလိမ့်”

“ဒါတွေပဲ သိထားရင် ရပြီ” ဝမ်ဝေ့က သူ့ကို စိုက်ကြည့်လိုက်၍ ဝမ်ချီက ဆက်မမေးတော့ပေ။

“အဲဆိုလည်း ဂိုဏ်းချုပ်ကို ယုံလိုက်မယ်။  ပွဲအခမ်းအနားထဲမှာ အဲဒီအမျိုးသမီးအတွက်နဲ့ ဂိုဏ်းချုပ်ကတော်ကို ရန်မစမိစေဖို့ မျှော်လင့်ပါတယ် ”

ဝမ်ဝေ့က လက်ဝေ့ကာ သူ့ကို နှင်လွတ်လိုက်ပြီး အတွေးနက်နေသည်။ သူ့အနာဂတ်ဇနီးလောင်းနှင့် ပထမဆုံးတွေ့ဆုံရမည့်ကိစ္စက ရှုကျင်းယောင်၏ ပွဲအခမ်းအနားတွင် ဖြစ်နေပါက ကပ်ဘေးကြီး ဖြစ်သွားလိမ့်မည်။

ငါတို့ဆက်နွယ်မှုအကြောင်းကို သိနေတာများလား …

သဘောတရားအရ ထိုအရာက မဖြစ်နိုင်ပေ။ သို့သော်လည်း ဝမ်ဝေ့က တစ်ခါက သူ့ဝူဟုန်သည် ထိုအရာအတွက် မှတ်ဉာဏ်များ ချန်ထားခဲ့၍ သူမ ခွင့်ပြုထားသည်ထက် မသိနိုင်ကြောင်း ကောက်ချက်ချခဲ့ဖူးသည်။

တကယ်လို့ သူမက သိနေတယ်ဆိုရင် ဘာလို့ ဒီလိုလုပ်ပါလိမ့် … ငါ ရှုကျင်းယောင်အပေါ် ဘယ်လိုခံစားရတယ်ဆိုတာ သူမလည်း သိသင့်တယ်လေ …

သူမ ပျောက်ကွယ်သွားကတည်းက ငါ ပြောင်းလဲသွားပြီလားလို့ သိချင်နေတာများလား … ကမ္ဘာရဲ့ အလှဆုံးအမျိုးသမီးဆီကနေ ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိမလားဆိုတာ သိချင်တာလား …

ဝမ်ဝေ့က စိတ်ဖိစီးလာ၍ ကိုယ့်ဆံပင်ကိုပင် ပြန်ဆွဲမိသွားသည်။

နေပါဦး … ငါက ဒီကိစ္စကို ဘာလို့စိတ်ဖိစီးနေရတာလဲ …

ငါက အဲဒီတစ်ယောက်နဲ့ ဘာအစီအစဉ်မှ မရှိတာ … သုံးယောက်လုံး တွေ့တော့ရော ဘာဖြစ်လဲ …

ငါ လိုချင်တာက ပြောင်းလဲသွားမှ မဟုတ်ဘူးလေ …

သူက စိတ်ငြိမ်ငြိမ်ထားလိုက်သည်။ ယခု သူက အဖြေရသွားပြီဖြစ်ရာ ဤမျှကြာမြင့်ပြီးနောက် သူမနှင့် ဆုံတွေ့ဖို့ ပိုစိတ်လှုပ်ရှားလာမိသည်။

ဝမ်ဝေ့က ပြုံးလိုက်ပြီးသည့်နောက် သူ့ကျင့်ကြံရေးအခန်းဆီ ဦးတည်လိုက်သည်။ သူက အစီအရင်များကို အသက်သွင်းလိုက်ပြီးသည့်နောက် အာကာပြင် မကောင်းဆိုးဝါးနတ်ဘုရားသွေးကို ထုတ်ကာ လေ့လာလိုက်သည်။ သူက ထိုသွေးစက်၏ လျိူ့ဝှက်ဆန်းကြယ်မှု အနှစ်သာရကို ရှာဖွေရင်း နှစ်မျှောသွားတော့သည်။ အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက် သူက မျက်လုံးပြန်ဖွင့်လာ၏။

“ကြည့်ရတာ ရှေးဟောင်းဖျက်ဆီးခြင်းက ရှေးဟောင်းခန္ဓာလေ့ကျင့်ရေးကျမ်းကို မြင့်မားတဲ့ အဆင့်ရောက်အောင် မကောင်းဆိုးဝါးနတ်ဘုရားဆီကနေ လှုံ့ဆော်မှုရခဲ့တဲ့ပုံပဲ ” ဝမ်ဝေ့က ရေရွတ်လိုက်ပြီး သူ့သွေးမျိုးဆက်ကို ၁၁ ဆင့်မြောက် ဆင့်ကဲပြောင်းလဲမှုအဆင့် ရောက်အောင် ဘယ်လိုလုပ်ရမလဲ အဖြေထုတ်လိုက်သည်။

မဖျက်ဆီးနိုင်ဖွယ် ကောင်းကင်ဘုံအရှင်၏ ကျင့်ကြံရေးက ကဏ္ဍသုံးခုကို အလေးထားသည်။ စွမ်းအားတိုးမြင့်ခြင်း၊ တာအိုခံနိုင်ရည်နှင့် စိတ်ဆန္ဒ- ခန္ဓာပေါင်းစည်းရေးတို့ ဖြစ်သည်။ စွမ်းအားကဏ္ဍက အဓိက ကျင့်ကြံရေးအာရုံစိုက်ရာ ဖြစ်ပြီး အရွယ်ရောက် မကောင်းဆိုးဝါးနတ်ဘုရားအဆင့်တွင် ကောင်းကင်ဘုံအရေအတွက်ဖြင့် တိုင်းတာလေ့ရှိသည်။

တာအိုခံနိုင်ရည်ကမူ ဝမ်ဝေ့နှင့် ပါရမီထူးကဲသည့် ခန္ဓာကိုယ်လေ့ကျင့်ထားသူများက ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ပြီးသည့်နောက် ရရှိထားသည့်အရာ ဖြစ်၏။ မဖျက်ဆီးနိုင်ဖွယ် ကောင်းကင်ဘုံအရှင်များက ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ဖို့ ဆယ်ဆင့်မြောက် ကောင်းကင်ဘုံအဆင့် ရောက်လာသည့်အချိန် အတုအယောင် အဆုံးစွန် မဖျက်ဆီးနိုင်စွမ်း ကို ရရှိနိုင်သည်။

ခန္ဓာကိုယ်လေ့ကျင့်ကြသူများက ယခင်ခွန်အားအစစ်အမှန်တာအိုနယ်ပယ်အဆင့်၏ စမ်းသပ်ချက်များကို ပြန်လည်ဖန်တီးပြီး သူတို့ဂိတ်ပေါက်တွင် ပါဝင်ဖို့ အသုံးပြုထားသည့် မည်သည့်တာအိုကိုမဆို ခံနိုင်ရည်စွမ်း တိုးမြင့်နိုင်ကြသည်။ သူတို့စွမ်းအားမြင့်တင်ခြင်းက ခံနိုင်ရည် မြင့်တက်လာခြင်း ဖြစ်သည်။ ခန္ဓာကိုယ်လေ့ကျင့်ရေး လမ်းစဉ်က ကနဦးအဆင့်တွင် ရှိစဉ် လူများက မလုံလောက်ကြောင်း ခံစားမိကြလိမ့်မည်။ ထို့ကြောင့် သူတို့က ခံနိုင်ရည်စွမ်းကို ဆက်တိုက် လေ့ကျင့်ခြင်း၊ ရှားပါးအရင်းအမြစ်များကို စုပ်ယူခြင်းနှင့် ကျင့်စဉ်များကို ပြန်လည်ဖန်တီးကာ ထိုဖြစ်စဉ်ကို အရှိန်မြင့်တင်ကြလေ့ရှိသည်။

နှမြောဖို့ကောင်းလှသည်ကား မိုးမြေက ထိုလမ်းစဉ်ကို  လူများအား သူတို့အုတ်မြစ်နှင့် အောင်မြင်မှုပေါ် မူတည်၍ တင်းကျပ်သည့် ဝါစဉ်သဘောအရ ခွဲခြားထားသည့် နည်းလမ်းအဖြစ် ဟန့်တားထားသည်။ နမူနာအနေနှင့် ခန္ဓာလေ့ကျင့်သူများက သူတို့အသက်ရှင်နိုင်သည့် စမ်းသပ်ချက် အရေအတွက်အရ ကန့်သတ်ခံလိုက်ရသည်။

ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်နိုင်သည့် အနည်းဆုံး လိုအပ်ချက်က ၁၂၆၇ ဖြစ်သည့်အတွက် ထိုသို့သော ခန္ဓာလေ့ကျင့်သူများက ထိုတာအို ၁၂၆၇ အတွက်သာ ခံနိုင်ရည် မြင့်မားနေကြလိမ့်မည်။ စမ်းသပ်ချက် ၃၈၀၀ လုံး၌ အသက်ရှင်ထားသူများအတွက်မူ အစစ်အမှန် အဆုံးစွန်မဖျက်ဆီးနိုင်ဖွယ်ကို ရယူဖို့ ဒုတိယအခွင့်အရေး ရလာမည်ဖြစ်သော်လည်း အများစုက ဒုတိယအကြိမ်၌ ကျရှုံးကာ အတုအယောင်ကိုသာ ဖွဲ့စည်းနိုင်ခဲ့ကြသည်။

တတိယကဏ္ဍကမူ မဖျက်ဆီးနိုင်ဖွယ် ကောင်းကင်ဘုံအရှင်များအတွက် အရေးကြီးဆုံး ဖြစ်သည့် စိတ်ဆန္ဒ-ခန္ဓာ ပေါင်းစည်းရေး ဖြစ်ပေသည်။ နာမည်အတိုင်း ခန္ဓာလေ့ကျင့်သူများက သူတို့၏ စိတ်စွမ်းအားကို ခန္ဓာကိုယ်နှင့် မပေါင်းစည်းခင် တိုးမြင့်ဖို့ လိုအပ်သည်။ ထိုဖြစ်စဉ် ပြီးမြောက်သွားသည်နှင့် သူတို့က ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ဖို့ လိုအပ်ချက် ပြည့်မှီသွားမည် ဖြစ်ကာ မငြိမ်းသတ်နိုင်ဖွယ် စံပြများကို ချီးမြင့်ထားသည့် စွမ်းရည် ဖြစ်သော စိတ္တာဓိပတိမသေနိုင်စွမ်းကို ရယူနိုင်လိမ့်မည်။

မငြိမ်းသတ်နိုင်ဖွယ် စံပြတစ်ယောက်၏ အလိုဆန္ဒက ခိုင်မာကျစ်လစ်ပြီး မချိုးဖောက်နိုင်သရွေ့ သူတို့ကို သတ်နိုင်တော့မည် မဟုတ်ပေ။ တခြားနည်းဖြင့်ပြောရလျှင် ဝမ်ဝေ့သာ အကြီးအကဲမကောင်းဆိုးဝါးနတ်ဘုရားအဆင့် ရောက်သွားသည်နှင့် သူ့ကို သတ်နိုင်ဖို့ သူ့ကို ဖမ်းဆီးကာ သူ့ဘဝကို လက်လျော့သွားအောင် စိတ်ဝိညာဉ်နှင့် စိတ်ကို ချိုးဖောက်ဖို့ လိုအပ်လိမ့်မည်။ ဤသည်ကသာ သူ ပြန်ရှင်လာမည်ကို တားနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။

ဝမ်ဝေ့က မျက်လုံးအသာမှိတ်ထားပြီး သူ့သွေးမျိုးဆက် မျိုးစေ့ကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက ကိစ္စတချို့ကို သတိထားမိသွား၏။ ပထမဦးစွာ အရွယ်ရောက် မကောင်းဆိုးဝါးနတ်ဘုရား၏ ပင်မဂုဏ်သတ္တိသည် သူတို့ကမ္ဘာဦးစည်းမျဉ်းရှိရာ တာအို မဟုတ်ဘဲ ကမ္ဘာဦးဟွင်သွမ်း ဖြစ်နေသည်။ ခန္ဓာကိုယ်လေ့ကျင့်သူများအတွက် သူတို့က မည်သည့်နည်းစနစ် သို့မဟုတ် မည်သည့်ကျင့်ကြံရေးစနစ်ကို အသုံးပြုစေကာမူ သူတို့ဘဝ၌ ခွန်အားအစစ်အမှန် တာအိုနယ်ပယ်အဆင့်၏ ပထမအဆင့် ဖြစ်သော အသား သန့်စင်ခြင်းအဆင့်ကို မဝင်ရောက်ခင် ဖြစ်ရပ်တစ်ခုကို ဖြတ်ကျော်ရလိမ့်မည်။

သူတို့က သူတို့၏ သွေးတစ်စက်မှ ပြန်လည်ရှင်သန်လာစေဖို့အတွက် သူတို့သွေးထဲ ပေါင်းစည်းဖို့ ဂုဏ်သတ္တိ သို့မဟုတ် သဘောတရားကို ရွေးချယ်ကြရမည်။ ဝမ်ဝေ့က ဗလာနတ္ထိစွမ်းအားကို ဉာဏ်အလင်းပွင့်ခဲ့သော်လည်း မကောင်းဆိုးဝါးနတ်ဘုရားများက ခန္ဓာကိုယ်လေ့ကျင့်သူတိုင်း အားကျသွားစေလောက်သည့် အကျိုးမြတ်များစွာ ပေးစွမ်းသော ကမ္ဘာဦးဟွင်သွမ်းကိုသာ ရွေးချယ်ကြသည်။

ကမ္ဘာဦးဟွင်သွမ်းနှင့် သူတို့၏ နက်ရှိုင်းသော ဆက်နွယ်မှုကြောင့် သူတို့က ကျယ်ပြောလှသည့် ကမ္ဘာဦးဟွင်သွမ်းထဲ စိတ်ဖြင့် စူးစမ်းရှာဖွေရင်း စိတ်စွမ်းအားကို လေ့ကျင့်နိုင်ကြသည်။ ပိုမို မြင့်မားသည့်အဆင့်တွင် သူတို့က သူတို့ကိုယ်သူတို့ လေ့ကျင့်ဖို့အတွက် ကမ္ဘာဦးဟွင်သွမ်း၏ စိတ်ဆန္ဒဖြင့်ပင် ရင်ဆိုင်ကြလေ့ရှိ၏။ ထိုစိတ်ဆန္ဒက သူတို့ကို ရှင်းထုတ်ပစ်မည် မဟုတ်ဘဲ သူတို့ကို ကူညီကာ လမ်းပြပေးလိမ့်မည်။

မကောင်းဆိုးဝါးနတ်ဘုရားများက သူတို့စွမ်းအားကို တိုးမြင့်ဖို့အတွက် ကမ္ဘာဦးဟွင်သွမ်း စွမ်းအားကို အလိုအလျောက် စုပ်ယူနိုင်ကြသည်။ ထို့ကြောင့် သူတို့က အရွယ်ရောက်လာဖို့သာ လိုအပ်ပြီး သူတို့စွမ်းအားက အလိုလို တိုးပွားလာမည်သာ ဖြစ်၏။ သူတို့အနေနှင့် ကြိုးစားရမည့် တစ်ခုတည်းသောအရာက သူတို့ခန္ဓာနှင့် စိတ်စွမ်းအားကို ပေါင်းစည်းခြင်း ဖြစ်၏။ သို့သော် ထိုသို့ဆိုလျှင်ပင် ကမ္ဘာဦးဟွင်သွမ်း၏ စိတ်ဆန္ဒက သူတို့အား လိုအပ်သည့် အထောက်အကူတချို့ကို ထောက်ပံ့ပေးလိမ့်မည်။

ဝမ်ဝေ့က သူ့သွေးမျိုးဆက်ကို မကောင်းဆိုးဝါးနတ်ဘုရားများ၏ အနှစ်သာရကို အတုခိုးရင်း စတင်ပြောင်းလဲလိုက်သည်။ ထိုကံကောင်းသည့် ကောင်စုတ်များက ကမ္ဘာဦးဟွင်သွမ်း ရှိထားသော်လည်း သူကမူ ဗလာနတ္ထိ သဘောတရား ရှိလေသည်။ ထိုဖြစ်စဉ်ထဲ သူ့စိတ်ဝိညာဉ်က မဖော်ပြနိုင်သည့် နေရာတစ်ခုအတွင်း ရောက်နေသည်ကို တွေ့လိုက်ရသည်။ ထိုအရာက ဗလာသဘောတရားဖြင့် လွှမ်းခြုံထားလေ၏။ သူ့ကိုယ်တိုင် ဗလာနတ္ထိအဖြစ် ပြန်သွားခြင်းဟု ခေါ်ဆိုသည့် ဖြစ်စဉ်ထဲတွင် ထိုနေရာလွတ်နှင့် ဖြည်းဖြည်းချင်း သဟဇာတ ဖြစ်သွားသည်ကို ခံစားမိလိုက်သည်။

ဝမ်ဝေ့က ခုခံလိုက်၏။ ထင်ထားသည့်အတိုင်း ထိုနည်းလမ်းက သူ့စိတ်စွမ်းအားကို လေ့ကျင့်ဖို့ နည်းလမ်းကောင်း ဖြစ်နေသည်။ ပြောရလျှင် ဗလာနတ္ထိဆိုသည်မှာ အကြောင်းအရင်းတစ်ခုကြောင့် တားမြစ်ချက်တာအိုတစ်ခု ဖြစ်နေလေ၏။

တကယ်လို့ ငါသာ စိတ်စွမ်းအား လေ့ကျင့်ရေးနည်းလမ်းအဖြစ် ဒီနေရာကို အသုံးပြုနိုင်ရင် ငါ့လက်ရှိကိုယ်အပေါ် သက်ရောက်မှု ဖြစ်လာမှာပဲ …

ဝမ်ဝေ့၏ စိတ်စွမ်းအားက သူ့နယ်ပယ်အဆင့်ထက် ကျော်လွန်နေသော်လည်း သူ့အနေနှင့်  လေ့ကျင့်နေခြင်းကို မတားဆီးနိုင်ပေ။ ခွန်အားအစစ်အမှန် တာအိုနယ်ပယ်အဆင့်ထဲ စမ်းသပ်ချက်များက လူတစ်ယောက်၏ စိတ်စွမ်းအားပေါ် မူတည်နေလေရာ သူ့အား ဤနှစ်များတစ်လျှောက် သိသိသာသာ တိုးတက်မှု ဖြစ်လာခွင့်ပြုထားသည်။ သို့သော်လည်း ယခု ဝမ်ဝေ့က သူ့အနေနှင့် စိတ်စွမ်းအားကို တမင်လေ့ကျင့်ဖို့ နည်းလမ်းလိုအပ်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ရာ အသားဂိတ်ပေါက်ကို ဖွင့်လှစ်ပြီးသည့်နောက် သူ့အား အချိန်နှင့် အားစိုက်ထုတ်မှုများစွာ သက်သာသွားစေလိမ့်မည်။

ဝမ်ဝေ့က သူ့ဘိုးဘေး၏ ကျမ်းကို ထုတ်ကာ မိုးမြေ၏ ရုပ်ပိုင်းဆိုင်ရာသဏ္ဍာန်ပြခြင်းကို အသုံးပြု၍ ခန္ဓာကိုယ်နှင့် စိတ်စွမ်းအားကို လေ့ကျင့်ဖို့ သူ့နည်းလမ်းမှ စတင်သင်ယူလိုက်သည်။ ယခု သူက မိုးမြေအား ဗလာနတ္ထိ သဘောတရားအဖြစ် ပြောင်းလဲပစ်ဖို့ လိုအပ်နေ၏။

သူသာ ထိုကျင့်စဉ်၏ ရှေ့ပြေးပုံကို ဖန်တီးနိုင်သည်နှင့် သူ့သွေးမျိုးဆက် အရင်းအမြစ်ဖြင့် ပေါင်းစည်းလိုက်မည် ဖြစ်သည်။

ခဲတစ်လုံးနဲ့ ငှက်သုံးကောင် ပစ်လိုက်နိုင်တာပဲ …

ဝမ်ဝေ့က ပြုံးလိုက်သည်။ ဗလာနတ္ထိ၏ ရုပ်ပိုင်းဆိုင်ရာသဏ္ဍာန်ပြမှုက သူ့အား နောက်ထပ်စွမ်းရည်တစ်ခုကို ချီးမြင့်လာသည်။ ထိုအရာက သူ့စွမ်းအားကို တိုးမြင့်ဖို့ မကောင်းဆိုးဝါးနတ်ဘုရား၏ နောက်ထပ်စွမ်းရည် တစ်ခု ဖြစ်သည့် စွမ်းအားစုပ်ယူရေး ဖြစ်၏။ ပို၍ အရေးကြီးသည်ကား ထိုကျင့်စဉ်သည် သူ့အား  ဗလာနတ္ထိကို အသုံးပြု၍ တားမြစ်တိုက်ခိုက်ရေးနယ်ပယ်အဆင့်ကို ရောက်စေဖို့ရာ ကောင်းမွန်လှသည်။

ဝမ်ဝေ့၏ နောက်အဆင့်က သူ့သွေးမျိုးဆက်ထဲမှ ဗလာနတ္ထိစွမ်းအား ပမာဏအမြောက်အများကို စုပ်ထုတ်ပြီး သူ့အသိစိတ်ပင်လယ်အတွင်း နောက်ထပ်စက်ဝန်းတစ်ခုကို ဖွဲ့စည်းဖို့ ဖြစ်သည်။ ထိုဖြစ်စဉ်က သိပ်မကြာပေ။ ထိုဗလာနတ္ထိစက်ဝန်းက ငှက်ဥလောက် သေးငယ်နေသော်လည်း ဝမ်ဝေ့က တောက်တောက်ပပ ပြုံးလိုက်မိသည်။

ဗလာနတ္ထိစက်ဝန်းက တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ရောက်နိုင်မည့် သော့ချက် ဖြစ်လာလိမ့်မည်။

ထိုအတွေးက သူ့ခန္ဓာကိုယ်က ယခင်က ပါဝင်နေသည့် စွမ်းအားပမာဏအကန့်အသတ်ရှိကောင်း ရှိနေသော်လည်း သူ့ဝိညာဉ်နှင့် ဆက်နွယ်ထားသည့် ပြင်ပပစ္စည်းဖြစ်သည့် ဤစက်ဝန်းကမူ ထိုသို့မဟုတ်ပေ။ စက်ဝန်းက သေချာသည့်အနေအထားတစ်ခု ရောက်သွားသည်နှင့် ဝမ်ဝေ့က သူ့အပေါ်ရှိ ကန့်သတ်ချက်ကို ချိုးဖောက်ဖို့ အသုံးပြုနိုင်လိမ့်မည်။

အခု အချိန်မကျသေးဘူး …

ဝမ်ဝေ့က စက်ဝန်းလေးကို ကြည့်ရင်း မှတ်ချက်ပေးလိုက်သည်။ သူက  ရှုကျင်းယောင်၏ ပွဲအပြီးတွင် ယွမ်ခေတ်ကာကြာသည့်တိုင် သီးသန့်ကျင့်ကြံရေးဝင်ရောက်ဖို့ ပြင်ဆင်ထား၏။ ထိုအချိန်အတွင်း သူက ဗလာနတ္ထိစက်ဝန်း၏ ကြီးထွားမှုကို အရှိန်မြင့်တင်ဖို့ သူ့အစီအစဉ်ကို ကြိုးစားကြည့်ရမည်။

သူက သွေးမျိုးဆက်ဆီ အာရုံစိုက်လိုက်၏။

မျိုးနွယ်ထဲက လူတိုင်းက ဗလာနတ္ထိကို ရင်ဆိုင်နိုင်ကြမှာ မဟုတ်ပေမဲ့ သူတို့သွေးမျိုးဆက်ထဲမှာ သူတို့ရွေးထားတဲ့ ဝိသေသလက္ခဏာရပ်တွေကို ထုတ်ဖော်နိုင်တဲ့ စွမ်းရည်တော့ ပါဝင်နေမှာပဲ …

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ သူက ထိုစွမ်းရည်ကို ပြောင်းလဲလာပြီး အများသုံးနိုင်အောင် မလုပ်နိုင်သေးပေ။

အဲဒီမှာ ကမ္ဘာဦးဟွင်သွမ်း စိတ်ဆန္ဒရဲ့ အရေးသာချက်လည်း ရှိနေသေးတယ် … ငါ အဲဒါကိုရော ပြန်လည်ဖန်တီးဖို့ လိုမလား

ငါ့စိတ်ဆန္ဒကို သွေးမျိုးဆက်ထဲ ချန်ထားပြီးတော့ အဲလို လုပ်လိုက်ရမလား ဒါပေမဲ့ အဲဒီလူတွေ သွေးမျိုးဆက်ပေါ် မှီခိုလွန်းအားကြီးတာမျိုး မဖြစ်စေချင်ဘူး

သူတို့က အကူအညီ မမှီခိုရရင်တော့ ပိုကောင်းတာပေါ့ …

ထိုလူများ၏ သွေးမျိုးဆက်က အင်မတန် ကောင်းမွန်နေပြီဖြစ်ရာ အရေးသာချက်များ ထပ်မလိုအပ်တော့ပေ။ လူသားမျိုးနွယ်က ဟွင်သွမ်းစကြဝဠာထဲ အားအကောင်းဆုံးထဲမှ တစ်ခု ဖြစ်လာပြီးပြီ ဖြစ်၏။ သူတို့က အားနည်းစွာ မွေးဖွားလာကြသောကြောင့် ထိပ်သို့ရောက်ဖို့ရာ အဆရာချီ ပိုကြိုးစားခဲ့ရသည်။

ထိုစဉ် မကောင်းဆိုးဝါးနတ်ဘုရားကဲ့သို့သော ထိပ်တန်းပင်ကိုမျိုးနွယ်များက လူသားများကဲ့သို့သော မျိုးနွယ်များ သူတို့ကို ကျော်လွန်သွားခြင်းမှ တားဆီးဖို့ မျှခြေညီအောင် မိုးမြေ၏ အကူအညီကို ယူထားကြသေးသည်။

ဝမ်ဝေ့က ဆုံးဖြတ်ချက် ချပြီးသည့်နောက် လှုပ်ရှားလိုက်၏။

နောက်ဆုံးတော့ ငါ့သွေးမျိုးဆက်စွမ်းရည်ကို အလိုအလျောက် ဖြစ်လာအောင် လုပ်ဖို့ လိုတယ် …

ထိုအရာဖြစ်လာသည်နှင့် သူက ရှေးဦးစမ်းသပ်ချက်တွင် အသက်ရှင်ရမည် ဖြစ်ကာ သူ့သွေးမျိုးဆက်သည်လည်း ၁၁ ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းအဆင့် ရောက်ဖို့ နောက်ဆုံးအဆင့်ကို ပြီးမြောက်သွားလိမ့်မည်။ ဝမ်ဝေ့က အသက်ပြင်းပြင်းရှုရင်း ထရပ်ကာ ကျင့်ကြံရေးအခန်းမှ ထွက်လာလိုက်သည်။

All Chapters