အပိုင်း (၄၅၄) – အတူပူးပေါင်းခြင်း
Vol. 005 Ch. 454
လင်းယုန်ဘုရင်သည် ဖေစီအား စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ လိမ်နေခြင်း ဟုတ် မဟုတ်ကို သူ ကြည့်ချင်သည်။
“အဲတော့ ဂဠုန်ဘုရင် ပေါ်လာပြီတော့… မင်းအဲအကြောင်းကို ဘယ်လိုသိလဲ”
“ကျွန်တော့် မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ” ဖေစီ ပြန်ဖြေလေသည် “အံ့ဖွယ်ငှက်က ပျောက်သွားတာ နှစ်ပေါင်းသန်းချီနေပြီ၊ အတောင်ပံလေးခု ဂဠုန်ငှက်သာ ဂဠုန်မဟာသွေးသားမှာ နိုးထလာရင် တစ်နေ့မှာ သူတို့က မြင့်မြတ်တဲ့ဂဠုန်ဖြစ်လာပြီး ဂဠုန်တွေအားလုံးရဲ့ ဘုရင်ဖြစ်လာမယ် ကျွန်တော် ပြောတာဟုတ်လား”
“ဒါပေမဲ့ တောင်ပံလေးခုဂဠုန်ငှက်က အမြဲတမ်း ဂဠုန်တွေရဲ့ မဟာသွေးပါတယ်၊ သွေးသား လက္ခဏာ ပေါ်တဲ့ အကောင်တွေတောင်ရှိတယ်၊ ဒါပေမဲ့ အောင်အောင်မြင်မြင်နဲ့ မနိုးထနိုင်ဘူး အဲဒါကြောင့် မြင့်မြတ်တဲ့ ဂဠုန်က အင်အားကြီးလာမယ်၊ မြင့်မြတ်တဲ့ဂဠုန်က ပေါ်မလာတာ နှစ်ပေါင်း ၁၁၀၀ ရှိပြီ” လင်းယုန်ဘုရင် ပြော လေသည် “မင်းပြောတဲ့အဆိုအရ ဂဠုန်ဘုရင် ပေါ်လာတယ်ပေါ့”
“ကျွန်တော့် မျက်စိနဲ့ မြင်ခဲ့တာ” ဖေစီ ပြောလေသည်။
“မဖြစ်နိုင်ဘူး” လင်းယုန်တစ်ကောင်သည် တောင်ထပ်တွင် ဆင်းသက်လိုက်သည်။ သူသည် ပြတ်သား စွာ ပြောလေသည် “ငါတို့ ဒီနှစ်တွေမှာ အတောင်ပံလေးခုငှက်တွေကို စောင့်ကြည့်နေခဲ့တာ ဂဠုန်မဟာသွေးက လုံးဝ ပေါ်မလာခဲ့ဘူး”
သူတို့သည် ပေါ်မလာခင်တွင်ပင် သုတ်သင်ခဲ့သည်။ ဘယ်လိုလုပ်ရှိနေသေးတာလဲ။
ဖေစီသည် ထိုလင်းယုန်သည် ဆင်းသက်လိုက်သည်နှင့် လင်းယုန်ဘုရင်အား အရိုအသေပေးသည်ကို မြင်လိုက်သည်။ ထိုသည်မှာ လင်းယုန်ဘုရင်၏ရာထူးသည်လင်းယုန်က်မျိုးနွယ်တွင် မြင့်သည်ကို ဖော်ပြနေ သည်။
လင်းယုန်သည် အရိုအသေပေးပြီးနောက် ဖေစီအား စိုက်ကြည့်ကာ ကြိမ်းမောင်းလေသည် “မင်းလို လူသားတစ်ယောက်က လင်းယုန်မျိုးနွယ်ကိုလာပြီး အဓိပ္ပာယ်မရှိတာတွေပြောပြီး ပြဿနာလာရှာရဲတယ်”
“တောင်ပံလေးခုဂဠုန်ငှက်ကို ထိန်းချုပ်နိုင်မယ်လို့ ခင်ဗျားပြောရဲလား” ဖေစီသည် မကြောက်ပဲ ဆက် ပြောလေသည် “ခင်ဗျား မသိဘူးလား တောင်ပံလေးခုဂဠုန်ငှက်တွေက မဟာသွေးပါတဲ့ ငှက်တွေက အကြောင်း အမျိုးမျိုးနဲ့ သေသွားတာကို သိကြတယ်၊ အဲဒါ ခင်ဗျားတို့ လုပ်တာမဟုတ်ရင် တခြားမျိုးနွယ်တွေလုပ်တယ်ဆို တာ သိကြတယ်၊ အဲဒါနဲ့ သူတို့မျိုးနွယ်မှာ သွေးသားလက္ခဏာပေါ်လာတာနဲ့ အနိမ့်တိုင်းပြည်ကို ပို့လိုက်ကြတာ”
“မင်း အတောင်ပံလေးခု ဂဠုန်အကြောင်းကို ဘယ်ကသိလာတာလဲ” လင်းယုန်ဘုရင် မေးလေသည်။
“အစတုန်းကတော့ သူတို့အတောင်ပံလေးခု ဂဠုန်ဘုရင်ပေါ်လာပြီဆိုတာ ဂဠုန်မျိုးနွယ်ကို ပြောမလို့ပဲ ကျွန်တော်တို့ အထောက်တော်ဆီက သတင်းရခဲ့တယ်၊ သူ့ကို ဘယ်တိုင်းပြည်ကို ပို့လိုက်လဲတော့ မသိဘူး၊ ဒါပေမဲ့ အခုပြန်လာပြီ၊ သူက အထွတ်အထိပ်အဆင့်တက်သွားပြီး ဂဠုန်မဟာသွေးသားလည်း နိုးလာပြီ၊ သူက မြင့်မြတ်တဲ့ ဂဠုန် အကျင့်စရိုက်တွေပါ ပေါ်နေပြီ” ဖေစီ ပြောလိုက်သည်။
“မင်းမှာ သက်သေရှိလား”
“ရှိတာပေါ့ မဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ် လင်းယန်မျိုးနွယ်ကို လာရဲပါ့မလဲ၊ ခင်ဗျားတို့မှာလည်း အတောင်ပံလေးခုဂဠုန်ကို စောင့်ကြည့်နေတဲ့သူတွေ ရှိတယ်မလား၊ သူတို့ဘက်မှာ လှုပ်ရှားမှုကို မတွေ့ဘူး လား” ဖေစီသည် ညင်သာစွာ ပြောပြီး လင်းယုန်ဘုရင်အား အယုံသွင်းလေသည်။
လင်းယုန်ဘုရင်သည် စောနက ဆင်းသက်လာသော လင်းယုန်အား ကြည့်ပြီး မေးလိုက်သည် “လင်းယုန်တုန် အတောင်ပံလေးခုဂဠုန်ဘက်မှာ ဘာထူးခြားမှုှရှိလဲ”
“ဒီလအတွက် သတင်းမရောက်သေးပါဘူး” လင်းယုန်သည် ပြန်ပြောလေသည် “ဒီနေ့ သတင်းရောက် ရမယ့်နေ့ပါ”
“ဒါဆို စောင့်ကြတာပေါ့” လင်းယုန်ဘုရင် ပြောလိုက်သည် “မင်းပြောတာမှန်တယ်ဆိုရင် အတူတူ အလုပ်လုပ်ဖို့ ဖြစ်နိုင်ပါတယ်၊ မင်း ငါတို့ကို လိမ်ရဲရင်တော့ ဒီလင်းယုန်နယ်မြေကနေ အသက်ရှင်လျက် ထွက် သွားဖို့ မမျှော်လင့်နဲ့၊ မင်းတို့် ဖေမျိုးနွယ်က မျိုးနွယ်ကြီးဖြစ်ပေမယ့် ငါတို့ လင်းယုန်နည်းနည်းလောက်နဲ့ ရှင်းလို့ ရတယ်”
“ကျွန်တော်တို့ သတင်းရတာနဲ့ ကျွန်တော်ပြောတာ အမှန်တွေဆိုတာ ဘုရင်ကြီးသိလာမှာပါ” ဖေစီသည် ပြောပြီးနောက်တွင် အားလုံး နားနေကာ သတင်းစောင့်ကြလေသည်။
ညမှောင်လာသောအခါ သတင်းရောက်လာသည်။ အတောင်ပံလေးခုဂဠုန်ငှက် မျိုးနွယ်မှ အကြီးအကဲ များသည် တံခါးပိတ်ကျင့်ကြံနေရာ တစ်ကောင်ချင်းစီ ထွက်လာကြသည်။ ထို့အပြင် အကြောင်းအရင်း မသိရပဲ သူတို့၏ ပျော်ရွှင်မှုသည် ဒေါသအဖြစ်ပြောင်းကာ လူသတ်မည့်ပုံအတိုင်း မျိုးနွယ်မြေမှ ထွက်သွားကြလေသည်။ ထိုအကြီးအကဲများသည် မျိုးနွယ်မြေမှ မထွက်သည်မှာ နှစ်ပေါင်းရာချီပြီဖြစ်သည်။ အခု သူတို့ ထွက်သွားသည်မှာ အလွန်အရေးကြီးသော ကိစ္စဖြစ်သောကြောင့်ပင်ဖြစ်သည်။
လင်းယန်ဘုရင်သည် သတင်းကြားပြီးနောက် သူ့ရောင်ဝါများသည် ချက်ချင်းပင် ရှုပ်ကုန်လေသည်။ ပတ်ဝန်းကျင်တွင် ရှုပ်ကုန်သဖြင့် လေပြင်းများတိုက်လာသည်။ ထိုလေသည် ဖေစီနှင့် တခြားသူများကို လွင့် သွားမတတ်ပင်ဖြစ်သည်။
“ဘုရင်ကြီး အခုအရေးအကြီးဆုံးက ဒေါသထွက်ဖို့မဟုတ်ပါဘူး၊ သူ လုံးဝပြောင်းသွားတာ ဟုတ်မဟုတ် ကို အတည်ပြုဖို့လိုပါတယ်၊ မျိုးနွယ်တစ်သောင်းရဲ့ အသိအမှတ်ပြုတာ မရခင်ကို သတ်ပစ်သင့်ပါတယ်” လင်းယုန် တုန်သည် ကျယ်လောင်စွာ အော်လိုက်လေသည်။
လင်းယုန်ဘုရင်၏ ဒေါသသည် ဖြေးညင်းစွာ ငြိမ်ကျသွားကာ လေပြင်းများလည်း ပျောက်သွားလေ သည်။ သို့သော် သူ့ရောင်ဝါမှာ ရှုပ်ထွေးဆဲပင်။
“အကြီးအဲတွေခေါ်ပြီး ဆွေးနွေးမယ်” လင်းယုန်ဘုရင် အမိန့်ပေးလိုက်သည် “ပြီးတော့ အဖွဲ့ခေါင်း ဆောင်တွေ ပြန်လာဖို့ ခေါ်လိုက် ဆွေးနွေးစရာများတယ်”
“ဟုတ်ကဲ့ပါ ဘုရင်ကြီး”
လင်းယုန်နှစ်ကောင်သည် အမိန့်လက်ခံပြီးနောက် ထွက်သွားလေသည်။
လင်းယုန်ဘုရင်သည် ဖေစီအားကြည့်ပြီး ပြောလေသည် “အခု ငါတို့ပူးပေါင်းဖို့ကို ဆွေးနွေးကြမလား”
“ကောင်းပါပြီ…”
ရှီမာယူယူနှင့် တခြားသူများသည် သုံးလအကြာပျံသန်းပြီးနောက်တွင် မြို့တစ်မြို့ကိုမြင်ရလေသည်။ အချိန်အတော်ကြာ ညှိနှိုင်းပြီးနောက်တွင် ရှီမာယူယူသည် ချူချောင်ထန်ှနှင့် တခြားသူများကို မြို့တွင်စောင့်ကာ ပုန်းခိုင်းလိုက်သည်။ ထို့နောက်တွင် သူမသည် မြို့အတွင်းဝင်ကာ တခြားနေရာ၏ နယ်နိမိတ်ရနိုင်ပြီး ဖြတ်လမ်း တည်ဆောက်မှု အသုံးပြုနိုင်မည်လားကို ကြည့်သည်။
သူမသာ တခြားနေရာများ၏ နယ်နိမိတ်ကို ရပါက သူမသည် ဖြတ်လမ်းတည်ဆောက်မှုကို တည် ဆောက်နိုင်မည်။ သူမ ဆောက်နိုင်ပါက သူတို့ ပျံသန်းစရာမလိုတော့ပေ။
သူတို့တွင် ချူချောင်ထန်တို့ ရှိမနေပါက သူမသည် အားလုံးကို ဝိညာဉ်စေတီအတွင်းထည့်ထားပြီး လူ လျော့ချမည်ဖြစ်သည်။ ဒီလိုပုံစံနှင့်ဆိုလျှင် မစ်ရှင်အောင်နိုင်ချေနည်းသည်။ သို့သော် အခုတော့ သူမသည် သူတို့အားလုံးကို မြို့ပြင်တွင်စောင့်ခိုင်းထားသည်။
ရှီမာယူယူသည် ဟိန်းသံထောင်ချီကို ခေါ်ထုတ်ကာ ရောစပ်လိုက်သည်။ သူမ ခန္ဓာကိုယ် ပြောင်းလဲ သွားသောအခါ လုံးဝသူစိမ်းတစ်ယောက် ဖြစ်သွားလေသည်။ ထို့နောက်တွင် သူမသည် မြို့ထဲတွင် လျှောက် ကြည့်လေသည်။
သူမ မြို့အတွင်းမဝင်ခင်က မြို့တံတိုင်းအဝင်ဝတွင် ချူချောင်ထန်နှင့် လျှန်ဟုန်တို့၏ ပုံတူများနှင့် သတိ ပေးစာများကပ်ထားလေသည်။ တခြားသူများ၏ ပုံတူများလည်းရှိလေသည်။ လျှန်ဟုန်၏ အခြေအနေကို တော့ အကြောင်းအရာများ မပါပေ။ ထိုလူများကို ဖေမျိုးနွယ်၏ ညွှန်ကြားချက်အရ လိုက်သတ်နိုင်ပါက ဖေမျိုးနွယ် သည် အကျိုးအမြတ်ကောင်းကောင်းပေးမည်ဟု ကြေညာထားသည်။
ရှီမာယူယူ ဝမ်းအနည်းဆုံးမှာ လျှန်ဟုန်သည် ဆုကြေးငွေအမြင့်ဆုံးဖြစ်သည်။ ဒုတိယအမြင့်ဆုံးမှာ ချူချောင်ထန်မဟုတ်ပဲ သူမ ဖြစ်နေလေသည်။
သူမအတွက် ဆုကြေးငွေသည် ချူချောင်ထန်ထက်ပင် မြင့်နေသေးသည်။
ဒါ ဘာအခြေအနေကြီးလဲ။
“ငါ ဖေမျိုးနွယ်ကလူကိုတွေ့ရင်မေးရမယ် ငါက ဘာလို့ ဒုတိယကြေးအမြင့်ဆုံးဖြစ်နေတာလဲလို့ ငါက သူတို့နဲ့ ဘာကိစ္စရှိလို့လဲ” သူမသည် မေးစေ့အားကိုင်ကာ စဉ်းစားလေသည်။
ထိုအကြောင်းကိုသာ ဖေမျိုးနွယ်များကြားသောအခါ ဆွံ့အသွားနိုင်သည်။ သူမသည် ဦးဆောင်ကာ သူတို့လူများကို သတ်ခဲ့သည်။ ပြီးတော့ သူတို့နဲ့ ဘာကိစ္စရှိလဲလို့ မေးရဲသေးတယ်၊ ဘယ်လောက်တောင် အရှက် မရှိလိုက်လဲ။
သူမ မြို့အတွင်းမဝင်ခင်တွင် သတင်းများကို ဖတ်လိုက်လေသည်။ သူမ မြို့အတွင်းဝင်သောအခါ အားလုံးသည် ပုံတူနှင့် သူမကို ယှဉ်ကြည့်ကြလေသည်။
အစပိုင်းတွင် ဒီလိုအားနည်းသောမြို့သည် ဘယ်လိုထိန်းချုပ်သည်ကို ချူချောင်ထန်ကို သူမ မေးခဲ့ သည်။ ဖြတ်လမ်းတည်ဆောက်မှုကို မြို့အုပ်များက ထိန်းချူပ်ထားပြီး မြို့အုပ်များသည် လူစုမတူသော နေရာ များမှလာကြသည်။ ဖြတ်လမ်းတည်ဆောက်မှုသည် သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။
မြို့အတွင်းဝင်ပြီးနောက် သူမသည် လူတစ်ယောက်အား မြို့အုပ်၏ အိမ်တော်နေရာအား မေးလိုက် သည်။ ထို့နောက်တွင် သူမသည် ထိုလူလမ်းညွှန်လိုက်သော လမ်းအတိုင်းလာရာ မြို့အုပ်၏ အိမ်တော်သို့ ရောက်လေသည်။ ဒီကဖြတ်လမ်းတည်ဆောက်မှုသည် ခရီးသွားရန်မသင့်တော်ပေ။
ထို့အပြင် ဖြတ်လမ်းတည်ဆောက်မှုနေရာတွင် ဖေမျိုးနွယ် ဝတ်စုံဝတ်ထားကြသော လူအများအပြား ရှိ လေသည်။ ထိုလူများသည် ဖြတ်လမ်းတည်ဆောက်မှု အသုံးပြုသော လူတိုင်းကို သေချာစွာ ကြည့်ကြလေသည်။