အပိုင်း (၄၅၅) – ငှက်လေး၏ မိခင်
Vol. 005 Ch. 455
ရှီမာယူယူ သေချာစွာ ကြည့်ရှုရာ ထိုလူများသည် ဖေမျိုးနွယ်များမှ စေ့စေ့စပ်စပ် စစ်ဆေးပြီးမှသာ ဖြတ်လမ်းတည်ဆောက်မှုကို အသုံးပြုရလေသည်။ လူတစ်ယောက် အနီးကပ်ရောက်လာပါက သူတို့သည် ထိုလူ အား ဖမ်းပြီး မေးမြန်းစစ်ဆေးလေသည်။
ထိုအဖြစ်အပျက်ကိုကြည့်ပြီး သူမသည် ဖြတ်လမ်းတည်ဆောက်မှု၏ ဦးတည်ရာနေရာများ ရရန်မလွယ် ပေ။ ချူချောင်ထန်နှင့် တခြားသူများလည်း ဖြတ်လမ်းတည်ဆောက်မှုကို အသုံးပြုရန် မဖြစ်နိုင်ပေ။
“ဟေး မင်း ဖြတ်လမ်းတည်ဆောက်မှုကို သုံးချင်လို့လား” အဝင်ဝမှ အစောင့်သည် ရှီမာယူယူအား မြင် သွားပြီး မေးလေသည်။
“မဟုတ်ဘူး ငါ လူတစ်ယောက်ကိုလာရှာတာ ဒါပေမဲ့ သူ့ကို မတွေ့ဘူးပဲ၊ သူဒီကို မလာဘူးထင်တယ်၊ တခြားနေရာမှာ သွားရှာကြည့်လိုက်မယ်” ရှီမာယူယူသည် ပြောပြီးနောက် လှည့်ထွက်ကာ ထွက်သွားလေသည်။
သူမသည် မြို့အုပ်အိမ်တော်မှ ထွက်သွားကာ မြို့အတွင်း လျှောက်ကြည့်လေသည်။ သူမသည် ထွက် မသွားခင်ကို တချို့အရာများကို မှတ်သားထားလေသည်။ သူမသည် လာရာလမ်းအတိုင်း ပျံသွားလေသည်။
“တစ်ခုခုတော့မှားနေပြီ” သူမ ဂူအတွင်းဝင်သည်နှင့် ငှက်လေးကို ခေါ်ကာ ပတ်ဝန်းကျင်အား သေချာ စွာ စစ်ဆေးလေသည်။
“သခင် ငါ ရင်းနှီးတဲ့အနံ့တစ်ခုရနေတယ်” ငှက်လေး ပြောလေသည်။
“ရင်းနှီးနေတဲ့အနံ့ဟုတ်လား ဖယ်” ရှီမာယူယူသည် ဘာမှမပြောပဲ ကျယ်လောင်စွာ အော်လိုက်လေ သည်။
ငှက်လေးသည် သူမ အတွေးနှင့် ချိတ်ဆက်လိုက်ရာ သူမ စဉ်းစားလိုက်သည်နှင့် သူမသည် ချက်ချင်း ခေါ်သွားပြီး ရှောင်လိုက်လေသည်။
ရောင်ခြည်တန်းတစ်ခုသည် ဂူအတွင်းပစ်လွှတ်လိုက်ပြီး ရှီမာယူယူ၏ ခေါင်းပေါ်တွင် ပျံတက်သွား လေသည်။
“သခင် အဆင်ပြေရဲ့လား” ငှက်လေး မေးလိုက်သည်။
“ရတယ်” ရှီမာယူယူသည် ငှက်လေးအား ခေါင်းညိတ်ပြပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။ သူမသည် တခြားသူများကို အနည်းငယ်စိုးရီမ်သွားသည်။
“ရွှီး ရွှီး”
ကြီးမားသောငှက်များ အကောင် တစ်ရာကျော်လောက်သည် တောထဲမှ ရုတ်တရက် ပျံထွက်လာလေသည်။ အနီးကပ်ကြည့်လိုက်ရာ ထိုငှက်များသည် အတောင်ပံလေးခု ဂဠုန်ငှက်များဖြစ်လေသည်။
“အဲတော့ ငါတို့ရတဲ့သတင်းက အမှန်ပဲ ရက်စက်လိုက်တဲ့လူသား မင်းက ငါတို့မျိုးနွယ် ဘုရင်ကို သားရဲပျံ လုပ်ရဲတယ်” အကြီးအကဲအသံသည် အထဲမှ ထွက်လာလေသည်။
ရှီမာယူယူနှင့် ငှက်လေးသည် အတောင်ပံလေးခု ဂဠုန်ငှက်များကို ဖြူဖျော့သော မျက်နှာဖြင့် ကြည့် နေလေသည်။
“မင်းတို့က ဘယ်သူတွေလဲ”
“ဟင် ငါတို့က တောင်ပံလေးခုဂဠုန်မျိုးနွယ်ပဲ၊ မင်းက ငါတို့ရဲ့ အနာဂတ်ဘုရင်ကို သားရဲပျံအဖြစ် သုံးရဲ တာပဲ၊ ဘယ်လောက်တောင် လုပ်ရဲတာလဲ” အကြီးအကဲသည် ဒေါသတကြီးဖြင့် အော်လေသည် “အားလုံးပဲ သူ့ကိုဖမ်းလိုက်ကြ ငါတို့ဘုရင် မထိခိုက်အောင် ဂရုစိုက်”
“ဟုတ်ကဲ့ပါ အကြီးအကဲ” တောင်ပံလေးခုဂဠုန်များသည် သူ့အား ဝိုင်းလိုက်ကာ ရှီမာယူယူအား ကြောက်မက်ဖွယ် မျက်လုံးများဖြင့် ကြည့်လေသည်။
“ငါ့သခင်ကို ဘယ်သူထိရဲလဲ” ငှက်လေးသည် အော်ကာ ရှီမာယူယူကို ဝိုင်းထားရာမှ ခေါ်ထုတ်လေသည်။ သူ ပျံသန်းသည်နှင့် တောင်ပံလေးခုဂဠုန်ငှက်များကိုပင် တိုက်ခိုက်လေသည်။
တောင်ပံလေးခုငှက်များသည် သူ့အားပြန်မတိုက်ရဲသဖြင့် ခုခံရုံသာ ခုခံကြလေသည်။ တချို့သော ဂဠုန်ငှက်များသည် ငှက်လေး၏ တိုက်ခိုက်မှုကြောင့် ငှက်မွေးများ ကျွတ်ကုန်လေသည်။
အကြီးအကဲသည် တောင်ပံလေးခုဂဠုန်ငှက်ဖြစ်သော ငှက်လေးသည် ရှီမာယူယူအား ကူညီသည်ကို တွေ့သောအခါ ရင်နာစွာဖြင့် အော်လေသည် “ဘုရင်ကြီး ဘာလို့အပြင်လူကို ကူညီပေးနေရတာလဲ၊ ကျွန်တော် တို့ကသာ ဘုရင်ရဲ့ တကယ့်မျိုးနွယ်ပါ”
“ငါမင်းကို မသိဘူး၊ ငါသိတာက ယူယူက ငါ့သခင်ပဲ သူမကို ထိခိုက်အောင် လုပ်တဲ့ ဘယ်သူကိုမဆို င့ါ ဒေါသနဲ့ ရင်ဆိုင်ရမှာပဲ” ငှက်လေး ပြန်ဖြေလေသည်။
“မင်း… မင်းရဲ့ သရုပ်မှန်ကိုရောသိရဲ့လား” အကြီးအကဲ ဟိန်းဟောက်လေသည်။
“သိတာပေါ့ ငါက သခင်ရဲ့ စာချုပ်သားရဲပဲ” ငှက်လေး ပြောလေသည်။
အကြီးအကဲသည် မူးလဲတော့မလိုဖြစ်ကာ အော်မိလေသည် “မဟုတ်ဘူး မင်းက ငါတို့မျိုးနွယ်ရဲ့ ဘုရင် ပဲ ဘယ်လိုလုပ် လူသားရဲ့ စာချုပ်သားရဲဖြစ်ရမှာလဲ”
“အကြီးအကဲ ဒေါသမထွက်ပါနဲ့ ဘုရင်ကြီးက သူ့ရဲ့ အရင်သရုပ်မှန်ကို မသိတာလည်းဖြစ်နိုင်ပါတယ် ပြီးတော့ သူ့ကို တိုင်းပြည်အနိမ့်ကို ပို့လိုက်တုန်းက သူက ဥပဲရှိသေးတာလေ” ဂဠုန်တစ်ကောင်သည် ရှေ့တိုး ကာ အကြံပေးလေသည်။ ထိုအသံသည် မိန်းကလေးတစ်ယောက်၏ အသံနှင့် တူကာ “ဘုရင်ကြီးကို ပြောကြည့် ရအောင်၊ သူနားလည်သွားမှာပါ သူ့ကို ကျွန်မ စကားပြောကြည့်ပါမယ်”
“ဟင် မင်းမွေးတဲ့သား ဘယ်လောက်တော်လဲလို့” အကြီးအကဲသည် ဒေါသထွက်သော်လည်း သူ့လူ များကို နောက်ဆုတ်ခိုင်းလေသည်။
ထိုငှက်သည် သူမ အတောင်ပံများကို ခတ်ကာ ပျံလာသည်။ သူမသည် ငှက်လေးအား ကြင်နာစွာ ကြည့်ကာ ပြောလေသည် “ကလေး မကြောက်ပါနဲ့ ငါက မင်းအမေပါ မင်း ငါတို့ကြားက သွေးသားကို အာရုံခံ မိသင့်တယ်”
ငှက်လေးသည် ထိုဂဠုန်ငှက်အမကို တွေ့လေသည်။ သူသည် သံသယဝင်နေသော်လည်း အမှန် တကယ်ပင် မတူညီမှုကို ခံစားရသည်။
သားရဲမျိုးနွယ်များသည် သွေးသားကို ပို၍ အာရုံခံနိုင်ကြောင်းကို သူ သိသည်။
“ခင်ဗျားက အမေလား” ငှက်လေးသည် ထိုဂဠုန်ငှက်အမကို ကြည့်ကာ အနည်းငယ် လှုပ်ရှားလေ သည်။ ဆိုတော့ သူမက သူ့အမေ။ သူ့မှာ မျိုးနွယ်ရှိတယ်။
“ဟုတ်တယ် မင်းက ငါ့ကလေးပဲ” ထိုဂဠုန်ငှက်အမ၏ မျက်လုံးများတွင် မျက်ရည်များ ဝိုင်းလာသည်။ သူမသည် အမေဆိုသည့် ဝေါဟာရကို မကြားရသည်မှာ နှစ်ပေါင်းရာချီပြီဖြစ်သည်။
ရှီမာယူယူသည် ငှက်လေး၏ ကျောကိုပုတ်ကာ မြေပေါ်ဆင်းရန် အချက်ပေးလိုက်သည်။
ငှက်လေးသည် ရှီမာယူယူဆိုလိုသည်ကို နားလည်သဖြင့် သူမကို တောင်ထိပ်သို့ ခေါ်သွားလေသည်။ သူမ ဆင်းသွားသည်နှင့် သူသည် သူမဘေးသွားရပ်လိုက်သည်။
ထိုငှက်အမသည် သူတို့နောက်လိုက်ကာ ဆင်းသက်လေသည်။ သူမသည် ငှက်လေးအား ကြည့်ကာ ရှေ့တိုးပြီး ငှက်လေးအား နှစ်ကြိမ်မျှ နှုတ်သီးဖြင့် ညင်သာစွာ ဆိတ်ထိုးလေသည်။ သူမ မျက်လုံးများသည် ကြင်နာမှုများ ပြည့်လာသည်။
“ကလေး သား နောက်ဆုံးတော့ ပြန်လာပြီပေါ့” ဂဠုန်ငှက်အမသည် သူမအတောင်ပံများဖြင့် ငှက်လေး အားဖက်လိုက်သည်။ သူမသည် အလွန်ဝမ်းမြောက်နေလေသည်။
“အမေ ဒီကမ္ဘာမှာ ဘာတွေဖြစ်နေတာလဲ” ငှက်လေးသည် ကောင်းကင်မှ ဂဠုန်ငှက်များကို ကြည့်လိုက် သည်။ သူတို့ထဲမှ အားအနည်းဆုံးမှာ အထွတ်အထိပ်သားရဲများဖြစ်ကြသည်။ သူတို့သာ ရှီမာယူယူကို လိုချင်လျှင် တိုက်ခိုက်ရမည့် အခွင့်အရေးတစ်ခုသာရှိသည်။
ငှက်အမသည် ငှက်လေးအား ကြည့်ပြီး ရှီမာယူယူအား ပြန်ကြည့်ကာ ပြောလေသည် “ငါက ငှက်လေး ရဲ့ အမေပဲ မျိုးနွယ်ကတော့ ငါ့ကို ဂဠုန်ကိုးလို့ခေါ်တယ်”
“မင်္ဂလာပါ” ရှီမာယူယူသည် ဂဠုန်ကိုးကို မည်ကဲ့သို့ ခေါ်ရမည်ကို မသိတော့ပေ။ ဝါအရဆိုလျှင် သူမသည် သူမအား အဒေါ်ဟုခေါ်ရမည်ဖြစ်သော်လည်း ငှက်တစ်ကောင်ကို မည်ကဲ့သို့ အမည်တပ်ရတော့ မည် မသိတော့ပေ။
ဂဠုန်ကိုးသည် ရှီမာယူယူ တိတ်သွားသည်ကို မြင်သောအခါ လျှပ်တပြက်အတွင်းတွင် လှပသော အမျိုးသမီးကြီးတစ်ယောက်အသွင် ပြောင်းသွားလေသည်။ သူမသည် ရှည်လျားသော ငှက်မွေးဂါဝန်ကို ဝတ် ဆင်ထားသည်။
သူ့အမေ ပြောင်းလဲသွားသည်ကို ကြည့်ပြီး ငှက်လေးသည်လည်း သူတို့နှင့်အရပ်ညီမျှအောင် အရွယ် အစားသေးလိုက်လေသည်။
“အမေ သူတို့က ဘာလို့ကျွန်တော့်ကို ဘုရင်ကြီးလို့ခေါ်တာလဲ” ငှက်လေး မေးလေသည်။
ဂဠုန်ကိုးသည် လက်ဆန့်ထုတ်ကာ ငှက်လေး၏ ခေါင်းကို ပုတ်လိုက်ပြီး ပြောလေသည် “ဘာလို့လဲ ဆိုတော့ မင်းက ငါတို့် တောင်ပံလေးခုငှက်ဂဠုန်တွေရဲ့ ဘုရင်မို့လို့ပဲ”
“ဒါပေမဲ့ ကျွန်တော်က အနိမ့်ပိုင်းတိုင်းပြည်ကလာတာလေ” ငှက်လေး ပြောလေသည်။
“ဒါပေမဲ့ မင်းက ဒီမှာပဲမွေးခဲ့တယ်၊ အဲနှစ်က မင်းကို အနိမ့်ပိုင်းတိုင်းပြည်ကို ပို့ရုံအပြင်မရှိခဲ့ဘူး” ဂဠုန်ကိုး ပြောလေသည်။
“ရွေးစရာမရှိခဲ့ဘူးလား၊ အဲဒါဆိုရင် ကျွန်တော့်ကို မလိုချင်တာမဟုတ်ဘူးပေါ့” ငှက်လေးသည် မိဘများမှ စွန့်ပစ်ခဲ့သည်ဟု ငယ်ရွယ်စဉ်ကပင် အမြဲတမ်းတွေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော တုလေးသည် သူ့မိသားစု မှ စွန့်ပစ်ခံရသဖြင့် သူလည်း ထိုနည်းတူဟု စဉ်းစားခဲ့သည်။
“ငါတို့က မင်းအတွက်တောင် သေရဲပါတယ် ဘာလို့ မင်းကို မလိုချင်ရမှာလဲ” ဂဠုန်ကိုး ပြောလေသည်။
“ဒါဆိုရင် ဘာလို့လဲ”
ဂဠုန်ကိုးသည် သက်ပြင်းချကာ ပြောလေသည် “ဘာလို့လဲဆိုတော့ နှစ်ပေါင်း ၁သောင်းက ဖြစ်ခဲ့တဲ့ ကိစ္စကြောင့်ပဲ အံ့ဖွယ်ငှက်တွေ နှစ်တစ်သန်းနေပြီးသွားရင် ဂဠုန်ဘုရင်က မြင့်မြတ်တဲ့ဂဠုန်ငှက်ဖြစ်သွားတယ်၊ နောက်ပိုင်းကျ မြင့်မြတ်တဲ့ဂဠုန်ငှက်တွေ ပျောက်ကွယ်သွားတယ်၊ အဲတော့ မြင့်မြတ်တဲ့ဂဠုန်ငှက်ရဲ့ သွေးသား ရှိတဲ့သူမှန်သမျှက ငှက်မျိုးနွယ်တွေရဲ့ ဘုရင်ဖြစ်ဖို့ အလားအလာများတယ်၊ နှစ်တိုင်းမှာ မြင့်မြတ်တဲ့ ဂဠုန်ငှက်ရဲ့ သွေးသားပါတဲ့ ဂဠုန်တွေမွေးဖွားတယ်၊ ဒါပေမဲ့ တခြားငှက်မျိုးနွယ်တွေက သွေးသားမနိုးထခင် မြင့်မြတ်တဲ့ ဂဠုန် ငှက်အဖြစ်မပြောင်းခင်ကို သတ်ပစ်ကြတယ်”
သူမ ထိုကဲ့သို့ပြောသောအခါ ငှက်လေး၏မျက်လုံးများတွင် မာနရှိခြင်းနှင့် စိုးရိမ်ခြင်းများ ဖြစ်နေသည် ကို တွေ့လိုက်ရသည်။
“လွန်ခဲ့တဲ့ နှစ် ၁၀၀လောက်က မင်းကို မွေးတဲ့အချိန်တုန်းက မင်းမှာ အမှတ်အသားရှိခဲ့တယ်၊ အကြီးအကဲတွေက အဲဒါကို မြင့်မြတ်တဲ့ဂဠုန်ငှက်ရဲ့ သွေးသားပေါ်လာမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်၊ အရင်က ငှက်တွေတုန်းက ဘယ်လောက်ပဲ ကာကွယ်မယ်ဆိုပြီး ကြိုးစားပါစေ သေသွားခဲ့တယ် အဲတော့ မင်းကို တခြား သူတွေမသိခင်ပဲ အနိမ့်တိုင်းပြည်ကို ပို့ခဲ့တယ်၊ နောက်နှစ်၁၀၀ကြာပြီးတဲ့နောက်မှာတော့ မင်းကို ရှာစရာ တောင် မလိုခဲ့ဘူး၊ မင်းဘာသာမင်းရောက်လာခဲ့တယ်၊ မင်း သွေးသားလည်း အောင်မြင်စွာ နိုးထလာနိုင်ခဲ့တယ် အဲဒါ ကြောင့် မင်းက ငါတို့တောင်ပံလေးခု ဂဠုန်မျိုးနွယ်ရဲ့ ဘုရင်ဖြစ်တယ်”
ငှက်လေးသည် သူ့အမေကို ကြည့်လိုက်သည်။ သူသည် ရုတ်တရက်ရောက်လာသော သတင်းကို အသားမကျသေးပေ။