← Chapters

အပိုင်း (၄၅၆) – တခြားသူများအား အနိုင်ကျင့်ခြင်း

Vol. 005 Ch. 456

အပိုင်း (၄၅၆) – တခြားသူများအား အနိုင်ကျင့်ခြင်း

Vol. 005 Ch. 456

ဂဠုန်ကိုးသည် ငှက်လေးထိုအကြောင်းအရာအား လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ရှီမာယူူယူ ဘက်လှည့်ကာ ပြောလေသည် “င့ါသားက အလေးစားခံရမယ့်သူမျိုးပဲ အဲဒါကြောင့် သူက လူသားရဲ့ စာချုပ်သားရဲ လုပ်လို့မရဘူး၊ ငါတို့မျိုးနွယ်ရဲ့ စည်းမျဉ်းအရ မင်းတို့ စာချုပ်ကို အတင်းအကြပ်ဖျက်ပြီး မင်းကို သတ်ပြီး ဒီနှိမ့်ချမှု ကို သန့်ရှင်းပစ်ရမယ် ဒါပေမဲ့ ငါ့သားက မင်းကို ကာကွယ်ပေးနေတာဆိုတော့ မင်းဘာသာမင်း စာချုပ်ဖျက်မယ် ဆိုရင် ဒီကိစ္စကို ကျော်သွားပေးဖို့ ငါ့မျိုးနွယ်ကို ပြောပေးမယ်”

“မဖြစ်နိုင်ဘူး” ရှီမာယူယူသည် ဘာမှမပြောရသေးခင်မှာပင် ငှက်လေး အော်လိုက်လေသည်။ သူသည် ဂဠုန်ကိုးဘေးမှ ထွက်ကာ ရှီမာယူယူရှေ့တွင် ရပ်လိုက်လေသည်။ သူသည် သူ့သခင်ကို သူ့မိခင်မှ ထိခိုက်  အောင် လုပ်ခွင့်မပေးနိုင်ပေ။

“ကလေး မင်းက အမေတို့ရဲ့ အနာဂတ်ဘုရင်ပဲ မင်းက လူသားရဲ့ စာချုပ်သားရဲတစ်သက်လုံးဖြစ်ချင်  နေတယ်လို့ တော့ မပြောပါနဲ့” ဂဠုန်ကိုးသည် ငှက်လေးအား  သူမ ထင်ထားသည့်အတိုင်းလက်လျော့ လိုက်လျှင် မကြိုက်သည့်အကြည့်ဖြင့် ကြည့်လေသည်။

“ကျွန်တော်ဘုရင်ဖြစ်ဖို့ စိတ်မဝင်စားဘူး ကျွန်တော့်သခင်နဲ့ပဲနေချင်တယ်” ငှက်လေး သူ့၏ သဘော ထားကို ပြောလေသည်။

“မဖြစ်နိုင်ဘူး” ဂဠုန်ကိုးသည် ပြစ်တင်ပြောဆိုလေသည် “မင်းရဲ့ ကံကမွေးကတည်းက သတ်မှတ်ပြီး သားပဲ၊ မင်းရဲ့ အမွေးတွေကို ကြည့်လိုက်၊ မင်းရဲ့ အရောင်အသွေးကို ကြည့်လိုက် ရွှေရောင်အမွေးတွေလေ ဖီးနစ်ငှက်တွေတောင် ဒီအရောင်ရှိတာ မဟုတ်ဘူး ဒီလိုကံတရားက မင်းမလိုချင်တိုင်း လွှင့်ပစ်လို့ရတဲ့ဟာ မဟုတ်ဘူး လူသားတစ်ယောက်အတွက်နဲ့ မင်းက ဒီလိုမျိုးကို လုပ်ရဲတာလား”

“သူမက လူသားဆိုပေမယ့် ကျွန်တော့်ရဲ့ သခင်ပဲ သူမက ကျွန်တော့်မိသားစုပဲ” ငှက်လေး ပြောလေ သည် “သူမက ဒီနှစ်တွေအကုန်လုံးမှာ ကျွန်တော်နဲ့ အတူရှိနေပေးခဲ့တာ သူမကသာ ကျွန်တော်အရွယ်ရောက်  အောင် စောင့်ရှောက်ပေးခဲ့တာ အမေက ကျွန်တော်ဘုရင်ဖြစ်အောင်လို့ သူမကို စွန့်ပစ်ခိုင်းနေတာလား မဖြစ် နိုင်ဘူး”

ငှက်လေးသည် ခိုင်မာသည်။ သူ ဂဠုန်ကိုးအား ကြည့်သည့်အကြည့်မှာ ယိမ်းယိုင်ခြင်းမရှိပေ။ သူတို့က သူ့သခင်ကို စွန့်ပစ်စေချင်နေတာလား။ ဒါက လုံးဝမဖြစ်နိုင်တာပဲ။

ဂဠုန်ကိုးသည် ငှက်လေးအား ကြည့်ကာ စကားမပြောတော့ပေ။ သူမသည် သူ့ဘေးတွင် ရပ်နေသော ရှီမာယူယူဘက်လှည့်ကာ ပြောလေသည် “မင်းက လူကောင်းတစ်ယောက်ဆိုတာ သိပါပြီ၊ သူ့သခင်အနေနဲ့ သူ့ ဘဝကောင်းစားတာ မမြင်ချင်ဘူးလား”

ရှီမာယူယူ နှုတ်ခမ်းကွေးကာ ပြုံးလိုက်သည်။ ဒီဂဠုန်ကိုးက အမှန်တကယ်ကို ဉာဏ်ထက်တာပဲ။ သူ့သား  ခေါင်းမာနေသည်ကို သိပြီး သူ့ကို မဖြောင်းဖြတော့ပဲ သူမဘက်လှည့်လာသည်။

သူမသည် ငှက်လေးသည် သူမနောက်ကျောအားကြည့်နေသည်ကို သိပြီး ပြောလိုက်သည် “ငှက်လေး သာ ဖြစ်ချင်တယ်ဆိုရင်တော့ ထောက်ခံပေးရမှာပေါ့၊ သူက ဘုရင်ဖြစ်ချင်တယ်ဆို သူ့ကို ဘုရင်ဖြစ်ခိုင်းမှာပါ သူက ကျွန်တော်နဲ့နေချင်တယ်ဆိုရင် သူ့ကိုဘေးမှာပဲထားမှာပါ”

သူမ အသံသည် မကျယ်သော်လည်း သူမဆုံးဖြတ်ချက်ကို ရှင်းလင်းစွာ ပြပြီးဖြစ်လေသည်။

ငှက်လေးသည် လှည့်ပြီး ရှီမာယူယူအား ကြည့်လေသည်။ သူ၏ လုံးဝန်းသော မျက်လုံးများသည် အလွန် စိတ်လှုပ်ရှားသွားသည်ကို ပြနေသည်။ သူ့သခင်က သူ့ကို မစွန့်ပစ်ဘူးဆိုတာ သူသိနေတယ်။

ငှက်လေး၏ အမူအရာ ပြောင်းသွားသည်။ သူမ မြင်သောလောက်တော့ ဒါက ရှီမာယူယူရဲ့ ဆင်ခြေပဲ။ သူသည် ငှက်လေးက သူ့ဆီကနေထွက်မသွားဘူးဆိုတာ သိပြီးပြီလေ။ အဲဒါကြောင့် သူဒီလိုပြောတာပဲ။

“လူသား မင်းက ငါ့ကလေးရဲ့ သခင်ဖြစ်နေလို့ ဒီလောက်ယဉ်ကျေးပေးနေတာ၊ မင်း ဆက်ပြီးဆန့်ကျင် မယ်ဆိုရင် ငါတို့မျိုးနွယ်ကို ရန်ရှာလိုက်သလိုပဲ မင်းနဲ့ မင်းမိတ်ဆွေတွေလည်း အဆုံးသတ်ကောင်းမှာ မဟုတ် ဘူး” ဂဠုန်ကိုးသည် ခြိမ်းခြောက်လေသည်။

သူမသည် ပြောသည်နှင့်တပြိုင်နက် ရှီမာယူယူအား လက်ညိုးထိုးလေသည်။

“မင်းတို့က ငါ့မိတ်ဆွေတွေကို ပြန်ပေးဆွဲထားတာပဲ” ရှီမာယူယူလှည့်ကြည့်ရာ တောင်ပံလေးခု ဂဠုန် ငှက်များသည် သူတို့လက်သည်းများဖြင့် ရှီမာယူလင်းနှင့် တခြားသူများကို အုပ်မိုးထားလေသည်။ သူတို့ အား ထည့်လိုက်သည်နှင့် အားလုံးသည် နှစ်ပိုင်းပြတ်သွားနိုင်သည်။

တောင်ပံလေးခုငှက်များ၏ လက်သည်းများသည် အလွန်အားကောင်းသည်။ သူမသည် ပင်လယ် သားရဲ များကို ငှက်လေး နှစ်ပိုင်းပိုင်းလိုက်သည်ကို မြင်ဖူးသည်။ ထိုအချိန်က သူသည် သူတော်စင်သားရဲသာသာ သာ ဖြစ်လေသည်။

ရှီမာယူလင်းနှင့် တခြားသူများအား စဉ်းစားလိုက်ရာ သူမကိုယ်ရောင်ကိုယ်ဝါသည် အေးစက်သွား  လေသည် “င့ါမိသားစုကို ထိခိုက်အောင် လုပ်ရဲလုပ်ကြည့် မင်းတို့ကို နောင်တရအောင်လုပ်ပေးမယ်”

ဂဠုန်ကိုးသည် ရှီမာယူယူအား ကြည့်ကာ အနည်းငယ်နောက်ဆုတ်လိုက်လေသည်။ သူမ မျက်လုံးများ သည် သူမ ယုံကြည်ချင်သည့်အရာကိုသာ ယုံကြည်မည်ကို ပြနေသည်။

“မင်းသာ ငါ့သားနဲ့ စာချုပ်ဖျက်မယ်ဆိုရင် မင်းရဲ့ မိတ်ဆွေတွေကို လွှတ်ပေးမယ်” ဂဠုန်ကိုး ပြောလိုက် သည်။ “တကယ်တော့ ငါကလည်း မင်းကောင်းဖို့လုပ်တာပါ၊ အကြီးအကဲနဲ့ တခြားသူတွေလာတယ်ဆိုရင် သူတို့ က သေချာပေါက် မင်းကို ရှင်းပစ်မှာပဲ ငါတို့မှာ ငါ့သားကို မထိခိုက်စေပဲ စာချုပ်ဖျက်လို့ရမယ့် လျှို့ဝှက်နည်းလမ်း ရှိတယ်၊ ဒါပေမဲ့ မင်းကတော့ သေမှာပဲ၊ ငါက ငါ့သားရဲ့အသက်က မင်းအပေါ်မှာမူတည်နေတာကို မကြိုုက်ဘူး”

ရှီမာယူယူသည် ဂဠုန်ကိုးအား ကြည့်ပြီးနောက် လေတွင်ပျံနေသော တောင်ပံလေးခုငှက် အကောင် ရေ တစ်ရာကျော်နှင့် ရှီမာလိုင်နှင့် တခြားသူများ လက်သည်းများဖြင့် ချိန်ထားခံရသည်ကို ကြည့်လိုက်သည်။ သူမ အကြပ်ရိုက်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

တကယ်ပဲ သူမ ငှက်လေးကို စွန့်ပစ်ရတော့မှာလား။

မဖြစ်နိုင်ဘူး ငှက်လေးက သူမ မိသားစုဖြစ်တာ ကြာနေပြီ။ ဘယ်လိုလုပ် ငှက်လေးကို ထားသွားရမှာလဲ။

ဒါပေမဲ့ တကယ်ပဲ သူမ တောင်ပံလေးခုဂဠုန်များနှင့် တိုက်ခိုက်ပါက အဘိုးနဲ့ တခြားသူတွေ ဘယ်လိုဖြစ် သွားမလဲ။

“ကျွန်တော်က အမေတို့ရဲ့ ဘုရင်လို့ ပြောတယ်မလား၊ ဒါဆို သူတို့အားလုံးကို လွှတ်ပေးဖို့ အမိန့်  ပေးမယ်” ငှက်လေး ပြောလေသည်။

“မင်းက ငါတို့ ဘုရင်ဖြစ်ပေးမယ်ဆိုရင် သူမကို လွှတ်ပေးမယ်” အကြီးအကဲသည် ဖြေးညင်းစွာ ဆင်းသက်လာကာ လူသားပုံစံပြောင်းလိုက်လေသည်။ အကြီးအကဲနှင့် စီနီယာများပါ ပါလာသည်။

လေပြင်းဂဠုန်သည် ငှက်လေးအား ကြည့်ကာပြောလိုက်သည် “ငါတို့က လူသားရဲ့ စာချုပ်သားရဲကို ဘုရင် အဖြစ်လက်မခံနိုင်ဘူး၊ အဲဒါကြောင့် မင်းတို့စာချုပ်ကို ဖျက်ပြီး ငါတို့ဘုရင်ဖြစ်လာလိုက်ပါ”

“ကျွန်တော် ခင်ဗျားတို့ဘုရင်ဖြစ်ဖို့ စိတ်မဝင်စားဘူးလို့ ပြောပြီးပြီလေ” ငှက်လေး ပြောလေသည် “ကျွန်တော်က ဘုရင်မဖြစ်ချင်မှတော့ ကျွန်တော့်သခင်နဲ့ပဲ နေခွင့်ပေးလိုက်ပါ”

“မဖြစ်နိုင်ဘူး” လေပြင်းဂဠုန်ကပြောလေသည် “မင်းမှာ မြင့်မြတ်တဲ့ဂဠုန်သွေးသား စီးဆင်းနေတာ မင်းက ငါတို့ဘုရင်ဖြစ်ဖို့ ကံကြမ္မာနဲ့ မွေးလာတာပဲ၊ အဲဒါပြောင်းလို့မရဘူး၊ မင်းမလုပ်ချင်ရင်လည်း လုပ်ကို လုပ်ရ မယ်၊ မင်းက သူမနဲ့ စာချုပ်ကို မဖျက်ချင်ဘူးဆိုရင် ငါတို့ ကိုယ့်နည်းလမ်းနဲ့ကိုယ် လုပ်ရတော့မယ်၊ အဲအချိန်ကျ ရင် ဒီလူသား အသက်ရှင် မရှင်ကတော့ သူ့ကံအပေါ်မှာ မူတည်သွားပြီ”

“မင်းတို့က အနိုင်ကျင့်နေတာပဲ” ရှီမာယူယူ တင်းမာလာသည်။

သူတို့သည် ငှက်လး၏ မြင့်မြတ်သောဂဠုန်သွေးပါသည့်အချက်ကို အစွဲပြုကာ သူတို့ ဘုရင်အဖြစ် လုပ် ချင်နေကြသည်။ သို့သော် သူတို့သည် ငှက်လေး၏ ဆန္ဒကို ဂရုမစိုက်ခဲ့ပေ။

“ငါတို့ အနိုင်ကျင့်တော့ရောဘာဖြစ်လဲ၊ မင်းက သူတော်အဆင့်ရောက်ခါစ လူသားပဲလေ၊ မင်းက  တောင်ပံလေးခုဂဠုန်ရဲ့ သခင်ဖြစ်ဖို့ ဘာအရည်အချင်းရှိလို့လဲ မင်းကို ငါတို့နောက်ဆုံး အခွင့်အရေးပေးမယ် မင်း သူနဲ့ စာချုပ်ဖျက်မလား မဟုတ်ရင် သူတို့နဲ့ အတူသေမလား” လေပြင်းဂဠုန်၏ သဘောထားသည် ဂဠုန်ကိုး ထက်ပင် ကြမ်းလေသည်။ သူသည် သူမအား လုံးဝပင် မကြည့်ပေ။

တစ်ချိန်တည်းမှာပင် သူသည် ဖိအားအနည်းငယ်ထည့်လိုက်ရာ ရှီမာယူယူသည် တောင်ကြီး တစ်တောင်လောက်ဖိအားကို ခံစားရလေသည်။ သူမ အသက်ရှုမရတော့ပဲ ပါးစပ်မှ သွေးများထွက်လာလေ သည်။

သူ တကယ်ပဲ အားကောင်းတာပဲ။

သမူသည် အမြဲတမ်းဖိအားကို ခုခံခဲ့သည်။ သို့သော် အခုတော့ သူမသည်ဖိအားကြောင့် သွေးများပင် အန်ထွက်လာသည်။ ဒီလိုမဖြစ်တာ ဘယ်လောက်တောင် ကြာနေပြီလဲ။

ငှက်လေးသည် ရှီမာယူယူ ဒဏ်ရာရသည်ကို တွေ့သောအခါ လေပြင်းဂဠုန်အား တိုက်ခိုက်ချင် လေ သည်။ သို့သော် သူလည်းပဲ လှုပ်မရတော့ပေ။ သူသည် စိတ်ဆိုးစွာ အော်လေသည် “ကျွန်တော့်သခင်ကို ထိရဲ ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ်၊ အဲဒါဆိုရင် ခင်ဗျားတို့ မြင့်မြတ်တဲ့ဂဠုန်သွေးသား ဘယ်တော့မှ ရတော့မှာမဟုတ်ဘူး”

“ဒါဆိုမင်းက သတ်သေလို့ရသေးတာပဲ” လေပြင်းဂဠုန် ပြောလိုက်သည်။ ဒီလိုဆိုရင် သူသည် ဘေးမှ တစ်ယောက်အား လှည့်ပြီး အမိန့်ပေးလေသည် “လျှို့ဝှက်နည်းလမ်းသုံးပြီး သူတို့ကြားက စာချုပ်ကို ဖျက် လိုက်”

“အကြီးအကဲ…” ဂဠုန်ကိုးသည် ငှက်လေးအား စိုးရိမ်စွာ ကြည့်လေသည်။ သူမသည် သူခြိမ်းခြောက် သည့်အတိုင်းတကယ်လုပ်လိုက်မည်ကို ကြောက်သည်။

“သူက အခု စာချုပ်ကြောင့်အရမ်း ဟိုဘက်ပါနေတယ်၊ သတိပြန်ဝင်လာတာနဲ့ ငါတို့ကို ကျေးဇူးတင် လိမ့်မယ်” လေပြင်းဂဠုန် ပြောလေသည် “မြန်မြန်”

ရှီမာယူယူသည် ဖိအားပေးခံထားရသဖြင့် ဒူးထောက်မတတ်ဖြစ်လေသည်။ သူမသည် လေပြင်းဂဠုန် ပြောသည်ကို ကြားသောအခါ သူ့အား ကြောက်မက်ဖွယ်ကြည့်ကာ ပြောလေသည် “အိပ်မက်မက်နေတယ်”

“သွားတော့”

“ဟုတ်ကဲ့ပါ အကြီးအကဲ”

လူငယ်နှစ်ယောက်သည် ရှီမာယူယူဆီသို့ လျှောက်သွားလေသည်။ တစ်ယောက်သည် လက်ဆန့်ကာ ရှီမာယူယူ၏ ခေါင်းကို ဆုပ်ကိုင်လိုက်သည်။ နောက်လက်တစ်ဖက်ကို သူမ မျက်ခုံးကြားကနေရာတွင် ထား လိုက်သည်။ သူ ထိုနေရာသို့ ထိလိုက်သည်နှင့် သူမခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းထွက်လာပြီး ရှီမာယူယူ အားဆုပ်ကိုင်ထားသော တစ်ယောက်ဆီသို့ ပစ်လွှတ်လိုက်ရာ လွင့်သွားလေသည်။

All Chapters