အပိုင်း (၄၅၇) – စစ်မှန်သော မျိုးနွယ်တစ်သောင်းငှက်ဘုရင်
Vol. 005 Ch. 457
ရွှေရောင်အလင်းတန်းများကြည့်ပြီး ဂဠုန်ငှက်များသည် သူ့အား ကူညီပေးချင်ကြသည်။ ထိုရောင်ဝါ သည် မြင့်မြတ်သောဂဠုန်ငှက်ဒ သွေးသားထက်ပင် သူတို့ဝိညာဉ်များကို တုန်ယင်စေသည်။
ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် ကြက်သွေးရောင်မီးတောက်သည် ရှီမာယူယူ ရှေ့ပေါ်လာသည်။ သူမ ပါးစပ်မှ သွေးများကိုတွေ့သောအခါ သူမှောင်ကြုတ်လိုက်သည်။ သူ အပြစ်တင် လိုက် သည် “ငါ့ကို ဘာလို့မခေါ်တာလဲ”
လေပြင်းဂဠုန်၏ ဖိအားသည် ကြက်သွေးရောင်မီးတောက်ပေါ်လာသည်နှင့် ပျောက်ကွယ်သွားလေ သည်။ ရှီမာယူယူ မတ်တတ်ရပ်ကာ သွေးများကို သုတ်ပစ်လိုက်လေသည်။ သူမသည် ဆေးထုတ်ပြီး စားပြီး နောက် ပြောလိုက်လေသည် “မင်းအိပ်နေတာ ငါတွေ့လို့လေ မဟုတ်လည်း ငါမခံနိုင်တော့ရင် မင်းကို ခေါ် မလို့ပဲ”
ကြက်သွေးရောင်မီးတောက်သည် ရှီမာယူယူအားကြည့်လိုက်သည်။ အဲဒါက သူရှိနေတာကို သူမက အမြဲတမ်းမခံစားမိလို့ပဲမလား။ ဒီကောင်လေးက သူ့သခင်လေ ဒါပေမဲ့ သူမက သူ့ကို မှီခိုတတ်တဲ့အကျင့်ကို မရှိ ဘူး။
ထိုကဲ့သို့ အကူအညီတောင်းခြင်းကို အရင်ကတည်းက မြင်ချင်ခဲ့သည်။ သို့သော် အခုကြည့်လိုက်ရာ သူ သည် အလွန်သက်တောင့်သက်သာဖြစ်မနေပေ။
ဒီတစ်ခေါက်ကို ဘာလို့အဲလောက် အားနည်းသွားရတာလဲ။ သူမသည် ကျင့်ကြံချိန်မှစပြီး သူ့စွမ်းအားကို သိပြီး အလွန်အမင်းမှီခိုရာမှ သူမ ကြိုးစားချင်စိတ်ပျောက်သွားမည်ကို စိုးရိမ်နေခဲ့သည်။ သူ သူမကို သိ သလောက်ဆိုလျှင် မည်မျှပင် ပြင်ပအခြေအနေများကောင်းစေကာမူ သူမ၏ ကြိုးစားလိုမှုကို အပျောက်မခံပေ။
သူသည် တိတ်တဆိတ်သက်ပြင်းချကာ လေပြင်းဂဠုန်နှင့် တခြားသူများဘက်သို့ လှည့်လိုက်သည်။ သူ စကားတစ်ခွန်းမှ မပြောပေ။ သူသည် လက်နှစ်ဖက်ကို လက်ပစ်ရုံမျှ ပစ်ကာ ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ် နေလေသည်။ တောင်ပေါ်မှ ဝိညာဉ်သားရဲများသည် သူတို့ဝိညာဉ်များအထိ ထိုးဖောက်လာသော ဖိအားကို ခံစား ရမိကာ မိုးပေါ်မှ တောင်ပံလေးခုဂဠုန်ငှက်များသည် မြေပေါ်သို့ ကျကြလေသည်။
ထိုတင်သာမကပဲ တောင်မှ တခြားသော ငှက်မျိုးစိတ်များလည်း သူ့ရှေ့တွင် ဒူးထောက်ကြရလေသည်။
“ဒါက..”
လေပြင်းဂဠုန်သည် ကြက်သွေးရောင်မီးတောက်အား ထိန်လန့်စွာ ကြည့်လိုက်သည်။ သူသည် ခန္ဓာ ကိုယ်အား မထိန်းချုပ်နိုင်တော့ပဲ သူ့ရှေ့တွင် ဒူးထောက်ရလေသည်။
ငှက်လေးသာလျှင် ကြက်သွေးရောင်မီးတောက်ကဲ့သို့ ရှီမာယူယူနှင့် စာချုပ်ချုပ်ဆိုထားသဖြင့် ရပ်တည် နိုင်လေသည်။ သို့သော် သူ၏ ရှီမာယူယူအပေါ်ထားရှိသော ဝမ်းတွင်းပါကဲ့သို့ သစ္စာစောင့်သိစိတ်ကို ပြချင် သေး သည်။
ချူချောင်ထန်နှင့် တခြားသူများသည် တောင်ပံလေးခုငှက်များ မိုးပေါ်မှကျသွားသည့်အချိန်တွင် လွတ် မြောက်သွားလေသည်။ သူတို့သည် ရှီမာယူယူအား အံ့သြစွာကြည့်လိုက်ကြသည်။ သူမတွင် ဒီလိုမျိုး စာချုပ် ဝိညာဉ်သားရဲရှိလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
သူမက အနိမ့်တိုင်းပြည်ကလူတဲ့လူရော တကယ်ဟုတ်ရဲ့လား။ သူမမှာ ဘာလို့ စာချုပ်သားရဲတွေ ဒီလောက် အများကြီးရှိနေရတာလဲ၊ ဒီတစ်ယောက်က အရင်တစ်ယောက်ထက်ပင် အားကောင်းနေသေးသည်။ ထိုငှက်လေးသည် ဂဠုန်များ၏ ဘုရင်ဖြစ်သည်ကိုပင် အံ့သြလွန်းနေပြီ။ အခု ဒီတစ်ယောက်သည် အကြည့် တစ်ချက်နှင့်ပင် အရေးအကြီးဆုံးသော ဘုရင်ဖြစ်ဟု ပြောနိုင်လောက်အောင် ဖြစ်သည်။
ကြက်သွေးရောင်မီးတောက်သည် လေပြင်းဂဠုန်နှင့် တခြားသူများကို အထက်စီးဆန်စွာ ကြည့်ကာ ညင်သာစွာ ပြောလေသည် “ငါ့သခင်က မင်းတို့ထိချင်တိုင်း ထိလို့ရတဲ့သူလား”
သူမပြောလိုက်သည်နှင့် လေပြင်းဂဠုန်အပေါ် အကြောသေသည်အထိ ဖိအားပေးလိုက်လေသည်။ သူ သည် မြေပေါ်တွင် ပြားပြားဝပ်သွားလေသည်။
“ဒါက ဂဠုန်ရဲ့ရောင်ဝါမဟုတ်ပါဘူး မင်း မင်းက အံ့ဖွယ်ငှက်ပဲ” အကြီးအကဲသည် အော်လိုက်သည်။
ရှီမာယူယူသည် ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သည်။ သူတို့ပြောသော အံ့ဖွယ်ငှက်ဆိုသည်ကို သူမ သဘောပေါက်ပေ။ သူမသည် ကြက်သွေးရောင်မီးတောက်ဆီသို့ လှည့်ကြည့်လိုက်သည်။ သူတို့ပြောမှပင် သူ၏ မူလပုံစံကို သူမ မြင်မိတော့သည်။
ကြက်သွေးရောင်မီးတောက်သည် သူမ၏ သိချင်စိတ်ဖြစ်နေသော အကြည့်ကို မြင်သောအခါ မေးလိုက် သည် “မင်းငါ့ရဲ့ မူလပုံစံကို ကြည့်ချင်လား”
“ငါမင်းကို သိချင်တယ်” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် တစ်တိုင်းပြည်လုံးတွင် သူမစာချုပ်သားရဲ ပုံစံကိုပင် မသိသော တစ်ဦးတည်းသောသူဖြစ်မည်။
“ကောင်းပြီ”
ကြက်သွေးရောင်မီးတောက်သည် သူမအား ညင်သာစွာပြုံးပြပြီးနောက် လက်ကို ဝေ့ရမ်းလိုက်သည်။ ၁၀မီတာအတွင်းတွင် အတားအဆီးတစ်ခုကို တည်ဆောက်လိုက်သည်။ ထို့နောက်တွင် သူလေပေါ် ခုန်တက် လိုက်ရာ လေပေါ်အရောက်တွင် သူ၏ ပုံစံကိုပြောင်းလဲပစ်လိုက်ရာ အားလုံးရှေ့တွင် ကြီးမားသော အနီရောင် ငှက်တစ်ကောင်ပေါ်လာလေသည်။
“ဒါက.. ဒါက ဖီးနစ်ငှက်မဟုတ်လား” လျှန်ဟုန်သည် ကြက်သွေးရောင်မီးတောက် လေတွင် ပျံနေသည် ကို မြင်သည်နှင့် အံ့အားသင့်စွာ မေးလေသည်။
ချူချောင်ထန်သည် တံတွေးမျိုချကာ ပြောလေသည် “ဒါက ဖီးနစ်ငှက်မဟုတ်ဘူး… ရှေးဟောင်း ဒဏ္ဍာရီ လာသားရဲထဲက တစ်ခုဖြစ်တဲ့ အံ့ဖွယ်ဟင်္သာငှက်ပဲ”
သူသည် အသက်ရှုမရတော့သည်ကို တဖြည်းဖြည်းခံစားမိလာသည်။ သူသည် အမှန်တကယ်ပင် ဒဏ္ဍာရီလာ အံ့ဖွယ်ဟင်္သာငှက်ကို မြင်ဖူးသွားလေပြီ။ တကယ်ကို မယုံကြည်နိုင်လောက်အောင်ပင်။
ရှီမာယူယူသည်လည်း ကြက်သွေးရောင်မီးတောက်၏ မူလပုံစံကို မြင်လိုက်သောအခါတွင် မှင်တက် သွားလေသည်။ သူမသည် ရှေးဟောင်းစာအုပ်ထဲတွင် သင်္ဟာငှက်အကြောင်းကို ဖတ်ဖူးသည်။ စကြဝဋာ တစ်ခု လုံးတွင် တစ်ကောင်တည်းသာရှိသည်။ အံ့ဖွယ်ငှက်၏ အသွင်အပြင်နှင့်ဆိုလျှင် ငှက်မျိုးစိတ် တစ်သောင်းသည် သစ္စာတော်ခံရမည်။
တောင်ပံလေးခုဂဠုန်ငှက်နှင့် တခြားသူများသည် ကျောက်ရုပ်ဖြစ်သွားလေသည်။ အံ့ဖွယ်ငှက်သည် ပြီးခဲ့ သည့် နှစ်ပေါင်းတစ်သန်းအတွင်းတွင် မွေးဖွားခြင်းမရှိ၊ ပေါ်ပေါက်လာခြင်းမရှိပေ။ ပေါ်လာသည့်အခါတွင်တော့ ငှက်လေးနှင့်အတူ သခင်တစ်ယောက်တည်းကိုသာ အမှုထမ်းပေးနေသည်။
ငှက်လေးသာဆိုလျှင် သူတို့သည် ဖိအားပေးပြီး သူမစာချုပ်ကို ဖျက်လိုက်မည်ဖြစ်သည်။ သူတို့သည် အာခံနိုင်သေးသည်။ သို့သော် သူတို့သည် အံ့ဖွယ်ငှက်၏ အရှေ့တွင် ပုရွက်ဆိတ်သာသာ သာဖြစ်လေသည်။
သူပြောသည့်အတိုင်းပင် သူတို့သည် ရှီမာယူယူအား ထိခွင့်မရှိပေ။ သူ့သခင်တွင် သူတို့ထက် အဆင့် အများအများကြီးမြင့်သော သူရှိနေသည်။
ကြက်သွေးရောင်မီးတောက်သည် မိုးပေါ်တွင် အော်လိုက်ပြီး ရှီမာယူယူဆီသို့ ပျံလာလေသည်။ သူမ သူမဘေးတွင် ရပ်လိုက်သည့်အခါတွင် စွဲဆောင်မှုရှိသော အမျိုးသားတစ်ယောက်အဖြစ် ပြန်ပြောင်းလေ သည်။
“သူ့က ဘုရင်တို့ရဲ့ သခင်ဖြစ်နေတာကို မသိလို့ပါ ကျွန်တော်တို့မှာ အပြစ်ရှိပါတယ် ဘုရင်ကြီး ကျွန်တော်တို့ကို အပြစ်ပေးပေးပါ” လေပြင်းဂဠုန်သည် မြေပေါ်တွင်ဒူးထောက်ကာ တုန်ယင်သောအသံဖြင့် ပြော လေသည်။
ကြက်သွေးရောင်မီးတောက်သည် လေပြင်းဂဠုန်ကိုကြည့်ပြီးနောက် လက်ဆန့်ထုတ်ပြီး လက်ထဲတွင် မီး လုံးဖန်တီးလိုက်လေသည်။ ထိုမီးလုံးသည် မည်မျှပူလောင်သည်ကို ခံစားမိပြီး လေပြင်းဂဠုန်နှင့် တခြားသူများ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေလေသည်။
“သခင်….” ငှက်လေးသည် ရှီမာယူယူအား အသနားခံသော မျက်လုံးများဖြင့် ကြည့်လေသည်။
ရှီမာယူယူသည် ငှက်လေး၏ ခေါင်းအားပုတ်ပြီး ပြောလေသည် “ကြက်သွေးရောင်မီးတောက် သူတို့က ငှက်လေးရဲ့ မျိုးနွယ်ဝင်တွေဖြစ်တယ်ဆိုတဲ့ အချက်ကို ထောက်ထားပြီး လွှတ်ပေးလိုက်ပါ၊ ပြီးတော့ ငါလဲ ဆိုးဆိုး ဝါးဝါး ထိခိုက်ထားတာလည်း မဟုတ်ဘး၊ မင်း သူတို့ကို သတ်လိုက်ရင် ငှက်လေး ဝမ်းနည်းသွားလိမ့်မယ်”
လေးပြင်းဂဠုန်နှင့် တခြားသူများသည် ရှီမာယူယူ သူတို့ကို ကာကွယ်ပြီး ပြောပေးလိမ့်မည်ဟု ထင် မထား ကြပေ။ အခုလေးတင် သူတို့သည် သူမကို အလွန်အမင်းသတ်ချင်စိတ်ဖြစ်ခဲ့သည်လေ။
သူတို့ခေါင်းများမော့လိုက်ရာ သူမ ငှက်လေးကို ကြည့်သောအကြည့်သည် အလွန်အလိုလိုက်သော အကြည့်များဖြစ်လေသည်။ ထိုမှသာ သူမသည် ငှက်လေးအစားပြောပေးသည်ကို နားလည်လိုက်သည်။ သူမသည် သူ့ကို ဝမ်းမနည်းစေလိုသောကြောင့်ဖြစ်လေသည်။
ဆိုလိုသည်မှာ သူမသည် ငှက်လေး၏ ဆန္ဒအတိုင်း အကုန်လိုက်လျောမည့် အဓိပ္ပာယ်ပင်ဖြစ်လေသည်။
ဂဠုန်ကိုးသည် ရှီမာယူယူအား ကြည့်ပြီး ရင်နာရသည်။ ရှီမာယူယူသည် ငှက်လေး၏ ဆန္ဒအား လိုက်လျောပေးပြီး သူလိုချင်သမျှကို လုပ်ပေးသည်ကို သူမ နားလည်လိုက်သည်။ သူမက အမေဖြစ်လျက်သားနဲ့ ဘာလို့ လူသားလောက်တောင် မကောင်းပေးနိုင်ရတာလဲ။
ပြီးတော့ ငှက်လေးက ရှီမာယူယူကို ပိုပြီးမှီခိုနေတယ်။ ငှက်လေးတို့က သူတို့ထက်ပင် မိသားစုနဲ့ ပိုတူနေ တယ်။
ရှီမာယူယူသည် ဂဠုန်ကိုး၏ အကြည့်ကို မြင်သောအခါ ငှက်လေးခေါင်းအား ပုတ်ပြီး ပြောလေသည် “မင်းအမေကို သွားထူလိုက်ဦး”
ငှက်လေးသည် ခေါင်းညိတ်ပြီး အတောင်ပံခတ်ကာ ဂဠုန်ကိုးဆီသို့ ပျံသွားကာ ပြောလိုက်သည် “အမေ ကျွန်တော်တကယ်ပဲ သခင်နဲ့ မခွဲသွားချင်ဘူး၊ အမေတို့ ကျွန်တော့်ကို ဖိအားမပေးပါနဲ့တော့ အမေ ထပါ”
ဂဠုန်ကိုးသည် ငှက်လေး၏ အကူအညီဖြင့် ထလေသည်။ သူမသည် ကြက်သွေးရောင်မီးတောက်၏ ဖိအားကို မခံစားရတော့ပေ။
သူမသည် ငှက်လေး၏ မျက်နှာကိုထိပြီး ပြောလေသည် “အမေက သားကို ထပ်ပြီးဖိအားမပေးတော့ ပါဘူး၊ သားလုပ်ချင်တာသာ လုပ်ပါ၊ သားပျော်ရွှင်မယ်ဆိုပြီးတာပါပဲ”
ထိုအဖြစ်အပျက်များဖြစ်သွားပြီးနောက်တွင် တောင်ပံလေးခုငှက်မျိုးနွယ်သည် ဘာပြောရမည်ကို မသိ တော့ပေ။ ကြက်သွေးရောင်မီးတောက် ရှိနေခြင်းကြောင့် သူတို့က ဘယ်လိုလုပ် ရှီမာယူယူနဲ့ ငှက်လေးကို ခွဲဖို့ ဖိအားပေးရဲတော့မှာလဲ။
“ကျန်တဲ့သူတွေလည်း ထလို့ရပါပြီ” ရှီမာယူယူပြောလိုက်သည်။
လေပြင်းဂဠုန်နှင့် တခြားသူများသည် ကြက်သွေးရောင်မီးတောက် မကန့်ကွက်သည်ကို တွေ့သည်နှင့် အားလုံးထလိုက်ကြသည်။ အခု သူတို့သည် ငှက်မျိုးစိတ်တစ်သောင်းဘုရင်နှင့် တွေ့ပြီဖြစ်၍ ဘာပြောရမည်ကို မသိတော့ပေ။
နောက်ဆုံးတွင် လေပြင်းဂဠုန်သည် ပြောလေသည် “ခုနက ကျွန်တော်တို့ရဲ့ အပြုအမူတွေအတွက် တောင်းပန်ပါတယ် တကယ်တော့ ကျွန်တော်တို့က သူ့ကိုကာကွယ်ချင်လို့လုပ်လိုက်တာပါ သူရှိနေတာကို တခြား မျိုးနွယ်တွေက သိသွားရင် သူတို့က သူ့ကိုသတ်ဖို့သေချာပေါက် အားထုတ်ကြမှာပဲ”
“ဘယ်မျိုးနွယ်တွေလဲ” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ တောင်ပံလေးခုဂဠုန်ငှက်များသည် ငှက်လေးကို သိပါက တခြားမျိုးစိတ်များလည်း သိမှာ အနှေးနှင့် အမြန်ဖြစ်လေသည်။ သူတို့သာ သေချာအောင် မလုပ်ထားလျှင် ဘယ်လောက်ပြဿနာဖြစ်မလဲ ဘယ်သူမှမသိနိုင်ပေ။
“ဘယ်မျိုးစိတ်လဲ” ကြက်သွေးရောင်မီးတောက် မေးလိုက်သည်။
“သိမ်းငှက်မျိုးနွယ်က ငှက်မျိုးနွယ် ၇ခု ၈ခုလောက်ကို စည်းကမ်းတစ်ခုတည်းအောက်မှာ အုပ်ချုပ်ထား ပြီး အရေးကြီးဆုံး နေရာကိုယူထားတယ်၊ အရင်တုန်းက ကျွန်တော်တို့ရဲ့ မျိုးဆက်တွေက သူတို့သတ်လို့ သေ ခဲ့တာ ချည်းပဲ” လေပြင်းဂဠုန်သည် ပြန်ဖြေလေသည်။
“သခင် ငါ အသွင်ပြောင်းချင်တယ်” ငှက်လေးသည် ရုတ်တရက်ပြောလေသည်။
အားလုံးသည် ငှက်လေးကို လှည့်ကြည့်ကြသည်။ ဒီတစ်ခေါက်တွင် သူဘာလို့ ရုတ်တရက်ပြောင်းခငျ် သည်ကို ဘယ်သူမှ မသိတော့ပေ။