အပိုင်း (၄၅၈) – အသွင်ပြောင်းရန်ပြင်ဆင်ခြင်း
Vol. 005 Ch. 458
သူတို့က သိမ်းငှက်အကြောင်းပဲပြောရသေးတယ်လေ ဘာလို့သူက ရုတ်တရက်ကြီးအသွင်ပြောင်းချင် ရတာလဲ။
ငှက်လေးသည် အားလုံးက သူ့ကိုကြည့်နေသည်ကို မြင်သောအခါ သူကျယ်လောင်စွာပြောမိပြီး သူတို့ အတွက် အနှောင့်အယှက်ဖြစ်သွားသည်ကို သိလိုက်ရသည်။
“အဟွတ် အဟွတ် ဆက်ပြောကြပါ” ရှီမာယူယူသည် ငှက်လေး၏ အကြည့်အားနားလည်သဖြင့် ပြုံးပြီး ပြောလိုက်လေသည်။
လေပြင်းဂဠုန်သည် ကြက်သွေးရောင်မီးတောက် ဘာမှမပြောသည်ကို ကြည့်ပြီး ပြောလေသည် “သိမ်းငှက်တွေက တခြားသူတွေထက် ပိုပြီးကြီးထွားမှုအတွက် အတွေ့အကြုံရှိကြတယ် အဲဒါကြောင့် သူတို့က အရမ်းအားကောင်းလာခဲ့တယ်၊ သူတို့ကို နာခံရတဲ့ တခြားမျိုးနွယ်တွေအများကြီးရှိတယ်၊ အဲဒါကြောင့်ပဲ သူတို့ရဲ့ ရည်မှန်းချက်က ကြီးလာတာ”
“ဖီးနစ်တွေကရော ဘယ်လိုလဲ သူတို့က ငှက်မျိုးနွယ်တွေမှာဆိုရင် သူတို့ကို နှောင့်ယှက်တာကို မကြိုက် ကြဘူးမလား” ကြက်သွေးရောင်မီးတောက် မေးလိုက်သည်။
“ဖီးနစ်တွေက အလယ်ပိုင်းဒေသမှာပဲ အမြဲတမ်း နေကြတာ၊ သူတို့က အပြင်ကကိစ္စတွေကို ဂရုစိုက် ကြတာမဟုတ်ဘူး” လေပြင်းဂဠုန် ပြောလိုက်သည် “အဲဒီသိမ်းငှက်တွေက ဖီးနစ်အဖွဲ့တစ်ဖွဲ့နဲ့ အဆင်ပြေနေ တယ်လို့လဲ ကြားတယ်”
ဖီးနစ်ငှက်များသည် ဟင်္သာငှက်များ၏ သွေးသားဖြစ်ပြီး သူတို့သည် အသွင်အပြင်ဆင်တူသည်။ ငှက် မျိုးနွယ်တစ်ခုလုံးတွင် ဖီးနစ်များသည် အဆင့်အမြင့်ဆုံးဖြစ်သည်။ မြင့်မြတ်သော ဂဠုန်ပေါ်လာပါက သူတို့ လည်း မြင့်မြတ်သော ဂဠုန်ကို အသိအမှတ်ပြုရမည် ဖြစ်သည်။
သို့သော် ဖီးနစ်မျိုးနွယ်တစ်ခုလုံးရှိနေချိန်တွင် မြင့်မြတ်သော ဂဠုန်သည် တစ်ကောင်တည်းသာရှိသည်။ သူတို့၏ စွမ်းအားကို နှိုင်းယှဉ်ဖွယ်မရှိပေ။
သူတို့ ဖီးနစ်များအကြောင်းပြောနေချိန်တွင် ရှီမာယူယူသည် သက်တန့်လေးအား အမှတ်ရသွား သည်။ ထိုအချိန်တွင် ဟာစွန်သည် သူ့ပခုံးပေါ်တွင် သူမအား တင်ထားခဲ့သည်။ နှစ်တွေအများကြီးကြာပြီးတော့ သူမ ဘယ်လိုပုံစံဖြစ်သွားပြီလဲ။
ကြက်သွေးရောင်မီးတောက်သည် လေပြင်းဂဠုန်ပြောသမျှကို နားထောင်ပြီးနောက် ရှီမာယူယူကို ပြော လိုက်သည် “ငါအားလုံးရှေ့မှာ ပေါ်လာဖို့ အချိန်မသင့်ဘူးဖြစ်နေတယ် ဒီကိစ္စကို ငါ့ကို ကူဖြေရှင်းပေး”
“ငါကလား” ရှီမာယူယူသည် သူမကိုယ်သူက ညွှန်ပြကာပြောလေသည် “မင်းက ငါ့စာချုပ်သားရဲပေမယ့် ငါ့အားက နည်းနေသေးတယ်၊ ဘယ်လိုလုပ် ကူပြီးဖြေရှင်းပေးလို့ရမလဲ”
“မင်းမှာ သူရှိတယ်လေ” ကြက်သွေးရောင်မီးတောက်သည် ငှက်လေးအားကြည့်လိုက်သည်။
ရှီမာယူယူသည် ကြက်သွေးရောင်မီးတောက်ဆိုလိုသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။ ကြက်သွေးရောင်မီးတောက် မရှိခင်တွင် ငှက်လေးသည် ငှက်တစ်သောင်းသားရဲဘုရင်ဖြစ်သည်။ ကြက်သွေးရောင် မီးတောက်သည် သူမနှင့် ငှက်လေးကို ထိုကိစ္စကို ဖြေရှင်းစေချင်သည်။
“ဒါပေမဲ့ ငှက်လေးရဲ့ သွေးသားက အပြည့်အဝနိုးထဖို့ လိုသေးတယ်” သူမ ပြောလိုက်သည် “တခြား ငှက်မျိုးနွယ်တွေက သူ့ရဲ့ ဒီပုံစံကို မမှတ်မိနိုင်ဘူးလား”
“သူ အသွင်ပြောင်းချင်တယ်လို့ ပြောတယ်မလား အလင်းတန်းလာရင် သူ့ကို သွေးသားနိုးထဖို့ ကူညီ ပေးလိုက်ပါ” ကြက်သွေးရောင်မီးတောက် ပြောလေသည်။
ရှီမာယူယူသည် ငှက်လေးအားကြည့်ကာ ပြောလေသည် “ငါအခုမလုပ်နိုင်သေးဘူး၊ ငါ နည်းနည်းတော့ ပြင်ဆင်ရမယ်”
ကြက်သွေးရောင်မီးတောက် ခေါင်းညိတ်ကာ ပြောလေသည် “ဒါဆို မင်းတို့ ပြင်ဆင်ပြီးတာနဲ့ ထပ်ပြော ကြတာပေါ့”
“စာချုပ်သခင်က ပြင်ဆင်ဖို့လိုတယ်ဆိုတာ ကျွန်တော်တို့ မသိလို့ ကျွန်တော်တို့ ဘာကူညီပေးရမလဲ” လေပြင်းဂဠုန် မေးလိုက်သည်။
“မလိုပါဘူး” ရှီမာယူယူပြောလိုက်သည် “ခင်ဗျားတို့ မျိုးနွယ်ဝင်တွေကို မျက်စိကျိန်းအောင်မလုပ်ဖိုပ ပြောပေးပါ”
“…..”
လေပြင်းဂဠုန်သည် သူတို့အား အသွင်ပြောင်းခိုင်းလိုက်သည်။ အသွင်မပြောင်းနိုင်သူတို့အား ပုန်းခိုင်း လေသည်။ အစပိုင်းက တောင်ပံလေးခုဂဠုန်များဖြင့် ပြည့်နေသော တောင်တန်းသည် အခုတော့ ရှင်းလင်း သွား လေသည်။
ကြက်သွေးရောင်မီးတောက်သည် ဝိညာဉ်စေတီအတွင်း ပြန်သွားပြီး ငှက်လေးသည် လေးပြင်းဂဠုန်နှင့် စကားပြောနေလေသည်။ ရှီမာယူယူသည် တောင်ထိပ်မှဆင်းကာ ရှီမာယူလီနှင့်တခြားသူများနှင့် တွေ့လေ သည်။
“အဘိုးတို့ အဆင်ပြေကြရဲ့လား” ရှီမာယူယူသည် သူတို့ အဝတ်များ တောင်ပံလေးခုငှက်များကြောင့် ပြဲသွားသည်ကို ကြည့်ပြီး သူတို့ထိခိုက်သွားမည်ကို စိုးရိမ်နေသည်။
“ကိစ္စမရှိဘူး အပေါ်ယံဒဏ်ရာတွေပါ” ရှီမာယူလီ ပြောလေသည် “နည်းနည်းလေးခြစ်မိတာဆိုတော့ ဆေးသောက်လိုက်ရင်ရတယ်”
“တော်သေးတာပေါ့” ရှီမာယူယူ ပြောလေသည်။
“ယူယူ ကြက်သွေးရောင်မီးတောက်က တကယ်ပဲ ရှေးဟောင်းဒဏ္ဍာရီလာငှက်လား” ရှီမာယူလီ မေး လေသည်။
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
“မိုးနတ်မင်းရေ လုံးဝကို အံ့သြစရာပဲ” ဖက်တီးကျူ ပြောလိုက်သည် “မင့်ကြောင့် ရင်တုန်လို့ နှလုံးခုန် တောင်ရပ်တော့မယ် မင်းရဲ့ စာချုပ်သားရဲတွေက ရှယ်တွေချည်းပဲ”
သူမ ခဏလေးထွက်သွားသည်နှင့် ထိုကဲ့သို့ဖြစ်မည်ဟု ရှီမာယူယူထင်မထားခဲ့ပေ။ သူမ ကြက်သွေး ရောင်မီးတောက်ကို ကတိပေးခဲ့သည်ကို ပြန်စဉ်းစားကြည့်လိုက်လျှင် သူမသည် အလွန်ရဲတင်းလွန်းသည်ဟု ခံစားရသည်။
သို့သော် သူက လက်ရှိမှာ အားလုံးရဲ့ရှေ့ကို ပေါ်လာဖို့အတွက် အချိန်မကျသေးဘူးလို့ ဘာလို့ပြော ခဲ့တာလဲ။
“ယူယူ နင်ဒဏ်ရာအများကြီးမရဘူးမလား” ဘေဂုံထန်သည် သူမ လေပြင်းဂဠုန်ဆီမှ ဖိအားပေးခံ ခဲ့ရ သည်ကို မမေ့လျော့ပေ။
“မများပါဘူး ကောင်းတောင်ကောင်းသွားပြီ” ရှီမာယူယူ ပြောလိုက်သည်။ သူမ ချူချောင်ထန်ကို မြင်လိုက်သောအခါ အနည်းငယ်အားနာစွာ ကြည့်ပြီး “ခင်ဗျားတို့ကိစ္စကို ခဏလောက် နောက်ဆုတ်ထားရမယ် ထင်တယ်…”
“ကိစ္စမရှိပါဘူး ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မလောပါဘူး” ချူချောင်ထန် ပြောလိုက်သည်။
သူမသည် တောင်နှင့်ကွယ်နေသော တောင်ပံလေးခုဂဠုန်ငှက်များကို ကြည့်ကာ တုန်လှုပ်နေဆဲပင် ဖြစ်သည်။ သူမသည် စိတ်လှုပ်ရှားသေးသည်။ သူမသာ တောင်ပံလေးခုငှက်များ၏ အကာအကွယ်ကို ရပါက အစိမ်းရောင်ဗိဗ္မာန်သွားသည့်လမ်းအတွက် စိုးရိမ်စရာမလိုတော့ပေ။
“ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ” ရှီမာယူလင်း မေးလေသည်။
“ငှက်လေးက အသွင်ပြောင်းချင်နေတယ်၊ သူ အသွင်းပြောင်းနေတဲ့အချိန်ကို ငါက သူ့သွေးသား နိုးထဖို့ ကူညီပေးရမယ်လို့ ကြက်သွေးရောင်မီးတောက်ပြောတယ်၊ အဲဒါကြောင့် အခြေအနေဆိုးသွားရင် သုံးဖို့ ငါ ဆေး နည်းနည်းဖော်ရမယ် လုပ်လက်စနဲ့တော့ ဟိန်းသံထောင်ချီနဲ့ တခြားသူတွေကိုလည်း အသွင်ပြောင်းနိုင်ဖို့ ကူညီ ပေးရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“နင်ဒဏ်ရာတွေ အကုန်သက်သာမှ ပြောတာကောင်းမယ်၊ နင်ဘာ ဆေးဖော်ချင်လဲ ပြောလိုက် ငါ ကူညီပေးမယ်” ဘေဂုံထန် ပြောလိုက်သည်။
“ကောင်းပြီ” ရှီမာယူယူပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် နင်လည်း အဲဆေးတွေဖော်တတ်နေတာပဲ နောက်မှ ဆေးဖက်ဝင်ပစ္စည်းတွေပေးမယ်”
“ကောင်းပြီ” ဘေဂုံထန် ခေါင်းညိတ်လေသည်။
ရှီမာယူယူသည် ဖက်တီးကျူအား ကြည့်ပြီးပြောလေသည် “ဖက်တီး ငါမိုးကြိုးကိုရှောင်နိုင်ဖို့ ဝိညာဉ် လက်နက်တစ်ခုလိုမယ်၊ အသွင်ပြောင်းတဲ့အတောအတွင်းကို သုံးချင်တယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ သိလား”
“သိတယ် မင်း အဲအကြောင်းတွေကို အကြိမ်ပေါင်းများစွာ ပြောပြီးပြီ ငါမင်းအတွက် လုပ်ပေးနိုင်တယ်” ဖက်တီးကျူ ပြောလိုက်သည်။
“မင်းအဆင့်က သိပ်မမြင့်သေးဘူးမလား မလုံလောက်ဘူးထင်ရင် ထပ်ပြီး ကျင့်ကြံရမယ်” ရှီမာယူယူ ပြောလိုက်သည်။
ထို့နောက်တွင် သူမသည် ရှီမာယူလင်းအား ကြည့်လိုက်သည်။ သူမ ဘာမှမပြောခင် သူပြော လိုက် သည် “ငါ မိုးကြိုးကိုတိုက်ဖို့ တည်ဆောက်မှုကူဆောက်ပေးမယ်”
ရှီမာယူယူ ပြုံးလိုက်သည် “ကူညီပေးတဲ့အတွက် ကျေးဇူးပဲ”
“ကောင်းပြီ စရအောင်” အားလုံးပြောဆိုပြီးနောက် ဖက်တီးကျူသည် တိတ်ဆိတ်သော နေရာ တစ်ုခ အားရွေးလိုက်သည်။ သူသည် ကိရိယာများထုတ်ကာ စတင် ထုလုပ်တော့သည်။
ရှီမာယူလင်းသည် သူ၏ သားရဲပျံကို ခေါ်ထုတ်ပြီး လေတွင်ပျံကာ ကြီးမားသော တည်ဆောက်မှု တစ်ခု ပြင်ဆင်ရန်အတွက် ပထဝီမြေအနေအထားကို လေ့လာနေသည်။
ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် ဖော်စပ်ရန်လိုမည့် ဆေးများအကြောင်း ဆွေးနွေးနေကြသည်။ မချက် ရသေးသော ဆေးများမှာ မလုံလောက်ပေ။
ရှီမာလိုင်နှင့် တခြားသူများသည် ကျင့်သားရနေပြီဖြစ်သည်။ သူတို့သည် အမြဲတမ်းကျင့်ကြံနေသည် ဖြစ် ၍ အစားမစားကြပေ။
ချူချောင်ထန်နှင့် လျှန်ဟုန်နှင့် ဝေကျိရွှီတို့သည် ချက်ပြုတ်နေသည်ကို ကြည့်နေကြသည်။ သို့သော် ရှီမာယူယူနှင့်တခြားသူများကို တစ်ချက်တစ်ချက် လှမ်းကြည့်ကြသည်။
ရှီမာယူယူသည် အဂ္ဂိရတ်ပညာရှင်နှင့် တည်ဆောက်မှုသခင်ဖြစ်သည့်အပြင် တခြားသော လက်နက် ပညာရှင်နှင့် တည်ဆောက်မှုသခင်ရှိနေလိမ့်မည်ဟု သူတို့ထင်မထားကြပေ။
အထွတ်အထိတ်သားရဲအများကြီးလည်းရှိသေးသည်။ အနိမ့်ပိုင်းတိုင်းပြည်မှာ အားကောင်းတဲ့လူတွေ ဘယ်လောက်တောင် ရှိတာလဲ။
အခုတော့ သားရဲထိန်းကျောင်းသူသခင်ရှိသည်ဟု ပြောလျှင်တောင် မအံ့သြတော့ပေ။
နှစ်ရက်အတွင်းတွင် ရှီမာယူယူနှင့် တခြားသူများသည် ပြင်ဆင်မှုများ ဆက်လုပ်ကြလေသည်။ ငှက်လေး သည် ဂဠုန်ကိုးနှင့် တခြားသူများနှင့်အတူ ရှိနေလေသည်။ ထိုနေရာရှိ ငှက်မျိုးနွယ်များ၏ အခြေအနေကို သိပြီး နောက်တွင် သူသည် မည်မျှအရေးကြီးသော နေရာကို ပိုင်ဆိုင်ထားသည်ကို နားလည်လိုက်သည်။
ဂဠုန်ကိုးနှင့် တခြားသူများသည် ငှက်လေးဆီမှ ရှီမာယူယူအကြောင်းကို သိကြလေသည်။ သူမ အကြောင်း ကြားပြီးသောအခါ သူတို့သည် အလွန်အံ့သြကြသည်။ ထိုကဲ့သို့ အရည်အချင်းရှိသော လူသား တကယ်ပဲရှိနေတာလား။ သူမသည် ငှက်လေး၏ သခင်ဖြစ်ဖို့အတွက် လိုအပ်ချက်ရှိမနေပေ။
သို့သော် တောင်ပံလေးခုငှက်သည် အမြဲတမ်း အမြင့်တွင်ရှိသည်။ အခုတော့ သူတို့ဘုရင်သည် လူသား နှင့် စာချုပ်ချုပ်ထားသည်ကို သိသောအခါ သူမ ဘယ်လောက်ပင် သန်မာစေကာမူ နာကျင်ကြသည်။
နှစ်ရက်အကြာတွင် ရှီမာယူယူသည် ငှက်လေးနှင့် တခြားသူများကို လက်ဝေ့ရမ်းပြလေသည်။ သူတို့ သည် ဂူအတွင်းသို့ပျံလာကာ သူမဘေးတွင် ဆင်းသက်လိုက်ကြသည်။
“အားလုံးတော့ ပြင်ပြီးသွားပြီ မင်း အချိန်မရွေးအသွင်ပြောင်းလို့ရတယ်” ရှီမာယူယူပြောလေသည်။