← Chapters

အပိုင်း (၄၅၉) – ဖြတ်ကျော်ခြင်းနှင့် သွေးသားနိုးထလာခြင်း

Vol. 005 Ch. 459

အပိုင်း (၄၅၉) – ဖြတ်ကျော်ခြင်းနှင့် သွေးသားနိုးထလာခြင်း

Vol. 005 Ch. 459

သူတို့သည် ရှီမာယူယူပြောလိုက်သော စကားကိုကြားသည်နှင့် ဂဠုန်ကိုး၏ လက်များတုန်ယင်သွားကာ ငှက်လေးအား စိုးရိမ်စွာ ကြည့်လေသည်။

သူမသည်လည်း မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးပြီဖြစ်၍ မိုးကြိုးထိမှန်ခြင်းသည် မည်မျှ ကြောက် မက်ဖွယ်ကောင်းသည်ကို သိသည်။ ရှေးဟောင်း ကမ္ဘာဦးနယ်မြေများမှ အထွတ်အထိပ်သားရဲအများစုသည် မိုးကြို ကပ်ဘေးသည် ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် အသွင်မပြောင်းချင်ကြပေ။ အထွတ်အထိပ်သားရဲ အများစု ကျရှုံးကာ ပြာဖြစ်သွားသည်ကို ကြည့်ပြီး ကြောက်ကြသည်။

“အမေ မစိုးရိမ်ပါနဲ့ ကျွန်တော်လုပ်နိုင်တယ်ဆိုတာ ယုံပေးပါ” ငှက်လေးသည် သူမအား နှစ်သိမ့်လေ သည်။

“အင်း အကောင်းဆုံးလုပ်ရမယ်နော်” သူ့ဘာသာ ကျော်ဖြတ်ရမည့် ကိစ္စဖြစ်သည်ကို ဂဠုန်ကိုးသိသည်။ သူမ ပေးနိုင်သည့် အကြံမရှိပေ။

ရှီမာယူယူသည် ငှက်လေးအား ပြောလိုက်သည် “အကြီးအကဲတွေနဲ့ တခြားသူတွေ ဒီနေရာကနေ ထွက် သွားဖို့ ပြောရတော့မှာပဲ”

“ကောင်းပြီ” လေပြင်းဂဠုန်သည် လက်ရမ်းပြလိုက်ရာ ထိုတောင်ပံလေးခုငှက်များသည် တောင်ကြားမှ ပျံထွက်သွားကြပြီး ရှီမာယူယူပြောသော နေရာသို့ သွားကြလေသည်။

ရှီမာယူယူသည် ရှီမာလိုင်နှင့် တခြားသူများကို ကြည့်လိုက်သည်။ သူတို့သည် သားရဲပျံပေါ်တွင်ထိုင်ကာ မိုးကြိုးကပ်ဘေးလွတ်မည့်နေရာသို့ ထွက်သွားကြလေသည်။

“အမေ စိတ်မပူပဲ ကောင်းကောင်းသွားပါ” ငှက်လေးသည် မသွားချင်ဖြစ်နေသော ဂဠုန်ကိုးအား ပြော လိုက်သည်။ “ကျွန်တော် အဆင်ပြေမှာပါ”

“အင်း” ဂဠုန်ကိုးသည် မတတ်နိုင်ပဲ ငှက်လေးအား ပုတ်ပြီး ထွက်သွားရန် ပြင်လေသည်။ သူမသည် ရှီမာယူယူ ရှိနေသေးသည်ကို မြင်လိုက်ရာ ပြောလေသည် “မင်း ငါနဲ့လိုက်ခဲ့လို့ရပါတယ်”

“ကျွန်တော် ငှက်လေးကို စောင့်ရှောက်ဖို့ နေခဲ့မယ်” ရှီမာယူယူ ပြောလိုက်လေသည် “ကျွန်တော်တို့က စာချုပ်ဆက်ဆံရေးဆိုတော့ မိုးကြိုးကို အတူတိုက်ခိုက်နိုင်ရမယ်လေ”

ဂဠုန်ကိုးသည် မှင်တက်သွားသည်။ သူမ အတွေးကိုဘယ်သူမှမသိနိုင်ပေ။ သူမ ပြောလိုက်သည် “ကျေးဇူးပဲနော်”

သူမ ပြောပြီးနောက် မူလအသွင်ပြောင်းကာ အတောင်ပံခတ်ပြီး ထွက်သွားလေသည်။

အားလုံး ထွက်သွားသည်နှင့် ရှီမာယူယူ ပြောလိုက်သည် “ငါတို့ စလို့ရပြီ ဟာစွန် ထွက်လာပြီးတော့ မိုးကြိုးကို ဘယ်လိုဆွဲရမလဲဆိုတာ ငှက်လေးကို သင်ပေးလိုက်”

ဟာစွန်ပေါ်လာသောအခါ အဝေးတွင်ရှိနေသော ချူချောင်ထန်သည် အံ့သြရပြန်သည်။ ဒီလူမှာ ဘယ် လိုလုပ် ဒီလောက် စာချုပ်သားရဲတွေများနေတာလဲ။ ဒီမှာရှိတာတွေကလွဲပြီး နောက်ထပ်ရှိသေးတာလား။

ဟာစွန်သည် ငှက်လေးအား အတွင်းပိုင်းရွှီလည်ပတ်ပုံကို သင်ပြပြီး ငှက်လေးသည် ဟာစွန်သင်ပြ သမျှကို ကြိုးစားလုပ်လေသည်။ ကောင်းကင်အထက်တွင် မီးခိုးရောင်တိမ်တိုက်များ တဖြည်းဖြည်း မြောလာ သည်ကို သူသတိထားမိလိုက်သ်ည။ သူ အရှိန်မြင့်လိုက်သည်နှင့် မီးခိုးရောင်တိမ်တိုက် အရေအတွက်မှာလည်း များလာသည်။

ထိုအဖြစ်အပျက်အား ရှီမာယူယူမြင်သည်နှင့် ဟာစွန်အား သိမ်းလိုက်ပြီး တည်ဆောက်မှုအား အသက် သွင်းလိုက်လေသည်။ သူမသည် ဖက်တီးကျူ လုပ်ထားသော ကိရိယာများကို ထုတ်ကာ ငှက်လေးနှင့် သူမတွင် ဝတ်လိုက်ကြသည်။ ထို့နောက်တွင် သူမသည် ဆေးထုတ်ကာ အရေးပေါ်အခြေအနေအတွက် ငှက်လေး ပါးစပ် ထဲသို့ ထည့်လိုက်ပြီးနောက် သူမလည်း ငုံထားလေသည်။

ဝေကျိရွှီနှင့် တခြားသူများသည် အဝေးမှ အဖြစ်အပျက်များကို စောင့်ကြည့်နေလေသည်။ တိမ်တိုက် မည်းများ အဆက်မပြတ်လာနေသည်ကို သူတို့ကြည့်ပြီး စိုးရိမ်စွာ ပြောလိုက်ကြသည် “အဲတိမ်တိုက်မည်း  တွေက ဘာလို့ စုနေသေးတာလဲ”

“ဟာစွန်တုန်းကထက် မိုးကြိုးတွေပိုများတယ်ထင်တယ် အခုထိ ပိုကြီးလာနေတုန်းပဲ၊ ငှက်လေးရဲ့ မိုးကြိုးကပ်ဘေးက ငှက်လေးထက်တောင် ပိုပြီးအားကောင်းမလားပဲ” ဖက်တီးကျူလည်း စိုးရိမ်နေသည် “ယူယူနဲ့ သူနဲ့ အဆင်ပြေလောက်မှာပါနော်”

“ဟာစွန်အသွင်ပြောင်းတုန်းက ယိလင်းတိုင်းပြည်မှာပဲရှိသေးတယ် ကောင်းကင်က ဖိနှိပ်ထားတော့ အဲက မိုးကြိုးက ဒီလောက်အားမကောင်းဘူး ပြီးတော့ ငှက်လေးရဲ့ သွေးသားကလည်း ပိုပြီး အားကောင်းတယ်  လေ သွေးသားအားကောင်းရင် မိုးကြိုးကပ်ဘေးကလည်း ပိုအားကောင်းတယ်လို့ ပြောလို့ရတယ်” ဝူရန်ဖေ ပြော လိုက်သည်။

“ပြီးတော့ ငှက်လေးက မိုးကြိုးပစ်တဲ့စွမ်းအင်ကို သုံးပြီး သူ့သွေးသားကို နိုးထချင်နေတာ နောက်ဆုံးမှာ ပိုပြီးခက်ခဲမှာကို ကြောက်တယ်” ဘေဂုံထန် ပြောလိုက်သည်။

ဂဠုန်ကိုးနှင့် တခြားသူများသည် ပို၍ စိတ်ပူကြသည်။ သူတို့သည် ထိုကဲ့သို့ မိုးကြိုးကပ်ဘေးကို မမြင် ဘူးကြပေ။ သူမ မြင်သလောက်အရဆိုလျှင် ထိုမိုးကြိုး ကပ်ဘေးသည် လွယ်ကူမည်မဟုတ်ပေ။

“ကြည့်ရတာ မိုးကြိုးကပ်ဘေးကလည်း မင်းသွေးထဲက မြင့်မြတ်တဲ့ဂဠုန်သွေးသားကို အာရုံခံမိတယ် ထင်တယ်၊ အဲဒါကြောင့် ဒီလောက်ကြီး ကြီးလာတာ” သူမသည် မိုးကြိုးတိမ်တိုက်များ ဆက်ပြီး ကြီးထွားလာ သည်ကို တွေ့သောအခါ နှုတ်ခမ်းတွန့်ရုံအပြင်မရှိတော့ပေ။

ထိုအတောအတွင်းတွင် ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းကြောင့်သာ တော်သေးသည်။သူမသာ ချက်ချင်း ရင်ဆိုင်လိုက်ပါက သူမသည် မိုးကြိုးပစ်တာနှင့်ပင် သေသွားလောက်သည်။

ပထမဆုံးမိုးကြိုးပစ်လိုက်ချိန်တွင် ကြက်သွေးရောင်မီးတောက် ပေါ်လာသည်။ သူသည် ရွှေရောင် သွေး စက်ကို ငှက်လေးဆီသို့ ချလိုက်ရာ ငှက်လေးသည် ပါးစပ်ဟပြီး ကိုယ်အတွင်း စီးစေလိုက်သည်။

“မိုးကြိုးပစ်တာကို ခံနိုင်ဖို့ စွမ်းအားကိုသုံး” သူပြောပြီးသည်နှင့် ဝိညာဉ်စေတီအတွင်း ပြန်သွားလေသည်။

ရှီမာယူယူ ဆွံ့အသွားသည်။ ဒီလူသည် သူမကို အလာရော အပြန်ရော နှုတ်မဆက်ပဲ ထွက်သွား လေသည်။

“အုန်း”

မိုးခြိမ်းသံထွက်လာသော်လည်း မိုးကြိုးမပစ်ပေ။ ထိုအသံသည် သူတို့နားများ အူသွားစေသည်။

ထိုအဖြစ်အပျက်သည် လူအများကို ဆွဲဆောင်နိုင်သောကြောင့် အများစုသည်သားရဲပျံများအပေါ်တွင် ထိုင်ထားကြလေသည်။ မည်ကဲ့သို့သော ဝိညာဉ်သားရဲက ဒီလောက်ကြီးမားတဲ့ မငြိမ်သက်မှုကို ဖြစ်စေတာလဲ ဆို သည်ကို ကြည့်ချင်နေကြသည်။

လူများ ပိုပိုများလာသည်ကို ကြည့်ကာ ချူချောင်ထန်မျက်နှာပျက်လေသည်။ လူများလာခြင်းသည် သူတို့ သတင်းများပိုပေါက်ကြားနိုင်သည်။

ထင်ထားသည့်အတိုင်းပင် လူများစုဝေးလာကာ ဆွေးနွေးနေကြသည်ကို တွေ့ပြီးနောက် သူတို့သည် လျင်မြန်စွာ တပ်ဆုတ်ကြလေသည်။

သို့သော် ဖေမျိုးနွယ်ပင်လျှင် ရှီမာယူယူနှင့် တခြားသူများကို တိုက်ရိုက် မဆန့်ကျင်ရဲပေ။ ငှက်လေး သည် မိုးကြိုးကပ်ဘေးကို ကျော်လွှားနိုင်သည်နှင့် သူသည် သွေးသားနိုးထလာကာ မြင့်မြတ်သော ဂဠုန်ငှက် ဖြစ် သွားမည်။ သူသည် ငှက်မျိုးစိတ်ပေါင်း အကန့်အသတ်မရှိကို အမိန့်ပေးနိုင်မည်။ ဖေမျိုးနွယ်သည် သူ့အား မပြစ် မှားရဲကြပေ။

ရှီမာယူယူသည် သူမ ပတ်ဝန်းကျင်မှဖြစ်နေသော အရာများကို ဂရုစိုက်ရသည်နှင့် အလုပ်များနေ သည်။ သူမသည် မိုးပေါ်ကို လုံးဝ အာရုံစိုက်ထားလေသည်။

သူမသည် ထိုအချက်အား စဉ်းစားမိပြီး ရှီမာယူလင်းကို တည်ဆောက်မှု ပြုလုပ်ခိုင်းလိုက်သည်မှာ အဆင်ပြေသွားသည်။ ထိုတည်ဆောက်မှုသည် ကာကွယ်ရေးတည်ဆောက်မှုလည်းပါဝင်သဖြင့် လူတကာ ဝင်လို့မရပဲ မိုးကြိုးအားကောင်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။

“လာနေပြီ” ရှီမာယူယူ ပြောလိုက်သည် “မိုးကြိုးက အစပိုင်းတော့ အားကောင်းသေးမှာ မဟုတ်တော့ မင်းဘာသာမင်း ခံနိုင်ရမယ်၊ အဲဒါက မင်းရဲ့ သွေးသားကို အသစ်ပြန်ဖြစ်စေပြီးတော့ မင်းရဲ့ အသွင်အပြင် ကိုလည်း ပြောင်းလဲပေးလိမ့်မယ် ငါနောက်ဆုံးကျရင် မင်းနဲ့ လိုက်တိုက်ပေးမယ်”

“ကောင်းပြီ” ငှက်လေးသည် ပြန်ဖြေကာ ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။

အစပိုင်းတွင် လာရောက်ကြသော ထိုလူများသည် ရှီမာယူယူနှင့် ငှက်လေးတို့ အတူတကွရပ်နေကြ သည်ကို တွေ့သည်နှင့် အံ့သြကြသည်။

“အဲဒါ သားရဲရဲ့ စာချုပ်သခင်မလား”

“သူက အဲမှာဘာလုပ်နေတာလဲ သူူက သားရဲနဲ့အတူတူ ရင်ဆိုင်မလို့လား”

“သူရူးနေတာလား တကယ်ပဲ ဝိညာဉ်သားရဲနဲ့ တိုက်ပွဲဝင်မလို့လား”

“သူ့လိုလူကို ငါတစ်ခါမှ မတွေ့ဖူးဘူး၊ သူက မိုးကြိုးပစ်ခံရပြီး သေမှာမကြောက်ဘူးလား”

“အမှန်ပဲ ဝိညာဉ်သားရဲသေသွားရင် သူနောက်တစ်ကောင်နဲ့ စာချုပ်ချုပ်လို့ရတာပဲ၊ သူပါ သေသွားရင် တခြားလမ်းမရှိတော့ဘူး”

“အဲလိုမလား ဒီလူက အ,လွန်းတာလား သူ့စာချုပ်သားရဲအပေါ်ကောင်းလွန်းတာလား”

“ဒီမိုးကြိုးကပ်ဘေးက ကြီးလွန်းတယ် ဟုတ်တယ်မလား”

အားလုံးသည် တစ်စုံတစ်ရာဖြစ်နေပြီကို သိလိုက်ကြသည်။

“ဟုတ်မယ်ထင်တယ် အဲဒါ တောင်ပံလေးခုဂဠုန်အတွက် ကပ်ဘေးမလား ဒီလောက်ကြီးတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး”

“မြင့်မြတ်တဲ့သွေးသားကြောင့်ဖြစ်မယ်၊ တောင်ပံလေးခုဂဠုန်ငှက်တွေမှာ မြင့်မြတ်တဲ့ဂဠုန်ရှိတယ် လို့ ကြားဖူးတယ် အဲဒါများဖြစ်နေမလားပဲ”

“ဖြစ်နိုင်တယ် ကိုယ့်လူတို့ ကြည့်လိုက် သူ့ငှက်မွေးက ရွှေရောင်သန်းနေတယ်”

“အုန်း”

အားလုံးအော်လိုက်သည်နှင့် ပထမဆုံးမိုးကြိုးသည် ငှက်လေးဆီသို့ ပစ်လွှတ်လိုက်လေသည်။

မိုးကြိုးသည် တည်ဆောက်မှုနှင့်တွေ့သောအခါ မိုးကြိုးတချို့သည် စုပ်ယူခြင်းခံလိုက်ရပြီး တခြား နေရာ ကို အပို့ခံလိုက်ရကာ အားလျော့သွားလေသည်။ မိုးကြိုးသည် ငှက်လေးအပေါ်ကျရောက်သောအခါ ဖက်တီးကျူ ဖန်တီးထားသော အကာအကွယ်ဖြင့် မိုးကြိုး၏ ဖိအားမှာ အားပျော့လေသည်။

ကျန်မိုးကြိုးများမှာ ငှက်လေး၏ ခန္ဓာကိုယ်အတွင်းဝင်သွားပြီး နာကျင်မှုပြည့်နှက်သောကြောင့် မေ့မြော သွားလေသည်။

သူ့ပါးစပ်ထဲမှ ရွှေရောင်သွေးသည် ရှေးဟောင်းရောင်ဝါကို ပစ်လွှတ်ကာ သူ မိုးကြိုးအပစ်ခံလိုက်ရ ချိန်တွင် သူ့ခန္ဓာကိုယ်အတွင်း လှုပ်ရှားသွားလေသည်။

လျင်မြန်စွာပင် ဒုတိယမိုးကြိုးကျလာကာ ငှက်လေး၏ ကိုယ်ပေါ်မှ မိုးကြိုးကာဝတ်စုံသည် ကျိုးပဲ့သွား လေသည်။ သို့သော် မိုးကြိုးအား အနည်းငယ်ခုခံနေသေးသည်။

“ရွှီး”

ငှက်လေးသည် သူ့ခန္ဓာကိုယ် နိုးထလာသည်ကို ခံစားလိုက်ရသည်။ သူ မိုးပေါ်သို့ အော်လိုက်သည်နှင့် ထိုနေရာရှိ ရောင်ဝါသည် ငှက်မျိုးနွယ်တစ်ခုလုံးကို တုန်ယင်စေသည်ကို သတိထားမိလိုက်သည်။

All Chapters