အပိုင်း (၄၆၀) – ပြီးပြည့်စုံစွာ စုပ်ယူခြင်း
Vol. 005 Ch. 460
တောင်ပံလေးခုဂဠုန်ငှက်အပြင် တခြားသော ငှက်မျိုးနွယ်များလည်း လာကြည့်ကြလေသည်။ လင်းယုန် မျိုးနွယ်မှ တချို့လည်း သတင်းကြားသဖြင့် လာကြည့်ကြလေသည်။
ငှက်းလေးထုတ်လွှတ်လိုက်သော ရောင်ဝါအား အာရုံခံရင်း ငှက်မျိုးနွယ်မှ အားလုံးသည် အံ့သြကြလေ သည်။ အထူးသဖြင့် သိမ်းငှက်များသည် မျက်နှာပျက်ကြလေသည်။
သူတို့သည် ဖြစ်နိုင်သလောက် မြန်မြန်ရောက်လာသော်လည်း ကပ်လွဲသွားရသည်။
အခုဆိုလျှင် ငှက်လေးသည် မြင့်မြတ်သော ဂဠုန်သွေးသား ပြီးပြည့်စုံစွာ နိုးထနေပြီဖြစ်သည်။ ထိုသည် မှာ သူသည် တောင်ပံလေးခုဂဠုန်ငှက်မဟုတ်တော့ပဲ မြင့်မြတ်သော ဂဠုန်ဖြစ်နေပြီကို သက်သေပြနေသည်။
သူသည် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်ပြီဆိုသည်နှင့် သူသည် ဂဠုန်များ၏ ဘုရင်ဖြစ်သွားမည်။
သိမ်းငှက်သည် တောင်ပံလေးခုဂဠုန်များ စိတ်လှုပ်ရှားနေသည်ကို ကြည့်ကာ အေးစက်စွာပြောလေ သည် “သူ မိုးကြိုးကပ်ဘေးကို ဖြတ်နိုင်မလားဆိုတာ ငါတို့မသိရသေးဘူး သူ လျှပ်စီးပြီး သေသွားရင် အကောင်း ဆုံးပဲ”
“ခေါင်းဆောင် ကြည့်လိုက် တိမ်တိုက်တွေ ပြောင်းနေပြီ” သိမ်းငှက်တ်စကောင်သည် မိုးကြိုးတိမ်တိုက် များကို မြင်သည်နှင့် ပျော်ရွှင်စွာ ပြောလေသည်။
အားလုံးသည် ခေါင်းမော့ပြီးကြည့်ရာ တိမ်တိုက်များသည် မိုးကြိုးများပစ်နေရာမှ ရပ်သွားလေသည်။ ထို အစား ပိုအင်အားကောင်းလာကာ ထိုတိမ်တိုက်မည်းများသည် ပိုကြီးပြီး ပိုထူထပ်လာသည်။ ထိုတိမ်တိုက်များ သည် ကြည့်လိုက်ရင်နှင့် ဆံပင်ပါထောင်နိုင်သည်။
“သေစမ်း ငါအသွင်ပြောင်းတာကို မရွေးလိုက်မိလို့တော်သေးတယ်၊ မိုးကြိုးသာ ငါ့ကို ပစ်ချလိုက်ရင် ငါတော့ ကြက်ကင်ဖြစ်သွားတော့မှာ”
ဘယ်သူပြောလိုက်သည်ကို မသိသော်လည်း အနားရှိလူများသည် ရယ်မောကြလေသည်။
ဘေဂုံထန်နှင့် တခြားသူများသည် ဆွံ့အသွားကြသည်။ သူတို့သည် အမှန်တကယ်ပင် ပွဲကြည့်ရန် လာ ခြင်းဖြစ်သည်။ ဒီလိုအချိန်မှာတောင် နောက်ပြောင်နိုင်သေးသည်။
ရှီမာယူယူသည် မိုးကြိုးကာဝတ်စုံအသစ်ထုတ်ကာ ငှက်လေးအား ဝတ်ပေးလိုက်သည်။ ထိုအချိန်တွင် သူသည် အသွင်ပြောင်းခြင်းအဆင့်ကို ဝင်နေပြီဖြစ်သည်။ သူမသည် မြေပေါ်တွင် လဲနေလေသည်။
“သခင်…”
ငှက်လေးသည် မျက်လုံးများ ပင့်တင်လာကာ ရှီမာယူယူအား ကြည့်လေသည်။ ထိုအချက်တွင် သူသည် သူတို့ပြောသကဲ့သို့ လုံးဝအသွင်ပြောင်းခြင်း ပုံစံနှင့် မတူတော့ပေ။ သူ၏ အတွင်းပိုင်းသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြောင်းလဲနေကာ မိုးကြိုးအား နောက်တစ်ခေါက်ရင်ဆိုင်ရန် လုံးဝမဖြစ်နိုင်တော့ပေ။
သူတစ်ယောက်တည်းသာဆိုလျှင် သူသည် မိုးကြိုးအပစ်ခံရသည်ကို နှစ်ဆခံစားရမည်။
ရှီမာယူယူသည် သူ့ခေါင်းကိုပုတ်ကာ နှစ်သိမ့်ပေးသည် “မစိုးရိမ်ပါနဲ့ အသွင်ပြောင်းတာနဲ့ ပျောက်သွား မှာပါ ကျန်တာတွေ ငါ့တာဝန်ထား၊ မင်း အသွင်ပြောင်းပြီးတာနဲ့ ငါ့ကို ပြန်ဆပ်ပေါ့ ဟုတ်ပြီလား”
ပြောပြီးနောက်တွင် သူမသည် မတ်တတ်ရပ်ကာ မိုးပေါ်မှ လျှပ်စီးတိမ်တိုက်များကို ကြည့်လိုက်သည်။
“အုန်း”
ထိုတိမ်တိုက်များသည် ရှီမာယူယူ၏ စိတ်ဆတ်မှုကို ခံစားမိကာ မိုးကြိုးပစ်လိုက်လေသည်။ သူမ ခန္ဓာ ကိုယ်လှည့်ကာ ရှောင်လိုက်ပြီး စွမ်းအားထုတ်ကာ တိုက်ခိုက်လေသည်။
သူမ မြေပေါ်သို့ ဆင်းသက်လိုက်သည်နှင့် မိုးကြိုးအပစ်ခံထားရပြီးဖြစ်ကာ ခန္ဓာကိုယ်တစ်ခုလုံး နာကျင် နေသဖြင့် မြေပေါ်တွင် ဒူးထောက်လျက်သား ကျလေသည်။
သူမသည် ကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး လျှပ်စီးကို သူမကိုယ်ထဲဝင်စေ ကာ လျှပ်စီးဂုဏ်သတ္တိအဖြစ် ပြောင်းလိုက်လေသည်။ သူမ ပင်မသွေးကြောသို့ရောက်သောအခါ လုံးဝပင် ငြိမ်ကျ သွားလေသည်။
လျှပ်စီးစွမ်းအင်သည် သူမ ပင်မသွေးကြောထဲသို့ ဝင်သွားသည်ဟု သတိထားမိချိန်တွင် စွမ်းအားတိးု လာသောကြောင့် သူမ ကြွေးကြော်လေသည် “ဒီလောက်တောင် ကြီးထွားလာတာပဲ၊ ငါ ထပ်ပြီး နည်းနည်း လောက်စုပ်ယူလိုက်ရင် အဆင့်တက်သွားနိုင်တယ် ပြီးတော့ င့ါပင်မသွေးကြောထဲကို စုပ်ယူလိုက်တာနဲ့ နာတာ တွေလည်း သက်သာသွားတယ်”
သူမ ထိုကဲသို့စဉ်းစားမိရာ မတ်တတ်ရပ်ပြီး လျှပ်စီးကာကွယ်ရေးဝတ်စုံကို ချွတ်လိုက်ပြီး မိုးကြိုးကို အလွတ် ရင်ဆိုင်လိုက်သည်။
“ယူယူက ဘာလုပ်တာလဲ” ဖက်တီးကျူ အော်လိုက်လေသည်။ “သူမ အဲလိုလုပ်မယ်ဆိုရင် သေသွား လိမ့်မယ်”
ရှီမာလိုင်နှင့် တခြားသူများလည်း စိုးရိမ်နေကြသည် “သူမက ဘာလို့ လျှပ်စီးကာကွယ်ရေးဝတ်စုံကို ချွတ်လိုက်တာလဲ နောက်ပိုင်း မိုးကြိုးတွေက ပိုပြီးသန်မာလာမှာကို”
“အဘိုး မစိုးရိမ်ပါနဲ့ ညီလေး၅က ဘာမဆို သေချာလုပ်တတ်တာပဲ သတိမမူပဲ မလုပ်ပါဘူး” ရှီမာယူရန် သူ့ကို နှစ်သိမ့်လိုက်သည်။ သို့သော် သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်မှာ သူ အမှန် တကယ်ပင် စိတ်ပူနေသည်ကို ပြနေသည်။
ရှီမာယူယူသည် မိုးကြိုးကို ခံနိုင်ရည် ရှိမည်ဟု ငှက်လေးနှင့် တခြားသူများ ထင်မထားသဖြင့် သူမ သန်မာမှုကို မြင်လိုက်သောအခါ အလွန်အံ့သြသွားသည်နှင့် တပြိုင်နက် စိုးရိမ်မှုများ လျော့သွားလေသည်။ သူမ ဘေးတွင် ငှက်လေးသည် ပိုမိုကြီးမားသော မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ရမည်ဖြစ်လေသည်။
ယူယူ လျှပ်စီးကာဝတ်စုံချွတ်လိုက်သည်ကို ဂဠုန်ကိုးမြင်သောအခါ အလွန်တုန်လှုပ်သွားသည်။ သို့သော် သူမအား ပြီးခဲ့သည့်နှစ်ရက်အတွင်းတွင် သိခဲ့ရသည်မှာ ရှီမာယူယူသည် သတိရှိသူဖြစ်သည်။ သူမ ထိုသို့ ပြုမူ ရခြင်းမှာ အကြံရှိလို့ဖြစ်မည်။
“အုန်း”
ရှီမာယူယူသည် နောက်မိုးကြိုးတစ်လုံး အပစ်ခံလိုက်ရလေသည်။ ဒီတစ်ကြိမ်တွင် သူမသည် ဝိညာဉ် စွမ်းအင်များကို ချက်ချင်း အသင်သွင်းလိုက်ပြီး လျှပ်စီးများကို သူမကိုယ်ထဲသို့ ဝင်စေလေသည်။ စွမ်းအင်များ ဝင် သွားချိန်တွင် ခေါင်းမှ ခြေအဆုံးနာကျင်ကာ မြေပေါ်လဲကျသွားသော်လည်း ဒီတစ်ခေါက် ရလဒ်မှာ မဆိုးလှပေ။ ထို မိုးကြိုးကိုလည်း သူမ ပင်မသွေးကြောထဲသို့ စုပ်ယူလိုက်သည်။
လျှပ်စီးရောက်လာလျှင် စုပ်ယူလိုက် နောက်လျှပ်စီး ရောက်လာလျှင် ထပ်စုပ်ယူလိုက်လုပ်လေသည်။ နောက်ဆုံးတွင် ရှီမာယူယူသည် သူမ မည်မျှ အပစ်ခံရသည်၊ မည်မျှ စုပ်ယူလိုက်သည်ကို ပင်မသိတော့ပေ။
သူမ ထိုအရာကို မသိသော်လည်း ငှက်လေးအား ပစ်လိုက်သော ၂ခါပါ ပေါင်းလိုက်လျှင် ၁၄ကြိမ် ရှိပြီ ဖြစ်သည်။ သူမသာ လျှပ်စီးစွမ်းအင်များကို စုပ်ယူလိုက်ခြင်း မရှိပါက သူမ မီးကျွမ်းသွားသည်မှာ ကြာပြီ ဖြစ် သည်။
သူမ အခြေအနေသည် ပြုံးနိုင်သည့် အခြေအနေမဟုတ်သေးပေ။ အဘယ့်ကြောင့်ဆိုသော် သူမ ပင်မ သွေးကြောထဲသို့ လျှပ်စီးပို့နေသည့်အချိန်တိုင်းတွင် နောက် မိုးကြိုးတစ်ခု အပစ်ခံလိုက်ရသောကြောင့်ပင်။ သူမ ကိုယ်အတွင်း စုနေသော မိုးကြိုးအရေအတွက်မှာ တိုးပွားလာရာ သူမသည် လျှပ်စီး၍ မသေပဲ ပေါက်ထွက်၍ သေမည်ကို စိုးရိမ်စပြုလာသည်။
သူမ ခေါင်းမော့လိုက်ရာ တိမ်တိုက်အမည်းများကို တွေ့လေသည်။ ဒီတစ်ကြိမ်တွင် မိုးကြိုးမပစ်သည်မှာ နာရီဝက်ကြာသွားပြီဖြစ်သည်။ ထိုသည်မှာ ဒီတစ်ခေါက်မိုးကြိုးသည် မထင်မှတ်လောက်အောင် အားကောင်မည် ကို ပြနေသည်။
သူမသည် ဖော်ထားသော ဆေးတစ်ဝက်ကို စားပြီးဖြစ်ရာ ဒဏ်ရာရထားသော ခန္ဓာကိုယ်သည် ကွဲထွက် တော့မလိုပင်။ တည်ဆောက်မှုသည် မိုးကြိုးအကြိမ်အနည်းငယ် ပစ်ပြီးချိန်မှစပြီး ပျက်ဆီးသွားရာ အသုံးမဝင် တော့ပေ။
သူမသည် နောက်လာမည့် မိုးကြိုးကို ခံနိုင်မလား မခံနိုင်မလားကို မသိတော့ပေ။
ရုတ်တရပ်ကပင် ငှက်လေး၏ ခန္ဓာကိုယ်မှ အလွန်ရှေးကျသောရောင်ဝါ ထွက်လာသည်။ အရင်က ရောင်ဝါထက်စာလျှင် ဂဠုန်များကို ပို၍ တုန်ယင်စေသည်။
အခုတော့ သူသည် အသွင်ပြောင်းခြင်းပြီးစီးကာ မြင့်မြတ်သော ဂဠုန်ဖြစ်လာသည်။
ငှက်လေးသည် ခန္ဓာကိုယ်အားလှုပ်ရှားလိုက်ရာ လျှပ်စီးဝတ်စုံသည် ကွာကျသွားလေသည်။ အားလုံး သည် သူ၏ ပုံစံအစစ်အမှန်ကို တွေ့လိုက်ရတော့သည်။ သူ၏ အတောင်ပံလေးခုသည် နှစ်ခုဖြစ်သွားကာ ငှက်မွေးများသည် လုံးဝရွှေရောင် ပြောင်းသွားလေသည်။ ရွှေရောင်ကွက်ကြားမဟုတ်တော့ပေ။ သူ့ငှက်မွေးများ သည် အလင်းရောင်ကြောင့် တောက်ပနေကာ တစ်ခုချင်းစီသည် လက်နက်အဖြစ်အသုံးပြုလို့ရအောင်ထိ အင်အားကောင်းနေသည်ကို ပြနေသည်။
ဒဏ္ဍာရီလာ မြင့်မြတ်တဲ့ ဂဠုန်…
“သခင် ကျန်တာကို ငါ့ကို အပ်လိုက်တော့” ငှက်လေး၏ အသံသည် ပိုရင့်ကျက်လာသည်။
သူ မတ်တတ်ရပ်ကာ မိုးပေါ်မှ တိမ်တိုက်အမည်းများကို ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် ကြောက်ရွံ့ခြင်း တစ်စုံတစ်ရာမရှိပေ။
ရှီမာယူယူသည် ငှက်လေး၏ လက်ရှိအသွင်အပြင်ကို ကြည့်ကာ ပြုံးပြီး ခေါင်းညိတ်ကာ ပြောလေသည် “ကောင်းပြီ မင်းရဲ့ မိုးကြိုးကပ်ဘေးပဲ၊ မင်းရင်ဆိုင်တာ အကောင်းဆုံးပဲ အဲဒါမှ မင်းက ကောင်းကင်ရဲ့ အသိ အမှတ်ပြုတာကို ခံရမှာ”
ထို့အပြင် သူမသည် နောက်မိုးကြိုးတစ်ခုကို ရင်ဆိုင်ရန်အတွက် အားမရှိတော့ပေ။
ငှက်လေးသည် သူမအား ကျေးဇူးတင်စွာနှင့် ရင်နာစွာ ကြည့်လိုက်သည်။ သူသည် ခေါင်းငုံ့ကာ လျှပ်စီး အကာအကွယ်ဝတ်စုံကို ကောက်ပြီး သူမအားဝတ်ပေးကာ ပြောလိုက်သည် “သခင် ငါ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်တာကိုပဲ ကြည့်နေ”
“အိုခေ”
ငှက်လေး၏ ယုံကြည်မှုအပြည့်ဖြစ်နေသည်ကို ကြည့်ကာ သူမ ပြုံးလိုက်ပြီး ခြေထောက်ချိတ်ထိုင်ကာ ကျင့်ကြံပြီး သူမဘေးပတ်လည်တွင် ရှုပ်ယှက်ခတ်အောင် သွားလာနေသော လျှပ်စီးစွမ်းအင်များကို ရပ်တန့်ရန် ထိန်းချုပ်လိုက်လေသည်။
သို့သော် သူမ ကျင့်ကြံခြင်း အနေအထား ယူလိုက်သည်နှင့် ဝိညာဉ်စွမ်းအင်များသည် ဝင်လာသော လျှပ်စီးများကို စွမ်းအင်အဖြစ် ပြောင်းလဲလိုက်ရာ သူမကိုယ်အတွင်း လျှပ်စီးများ တိုးလာလေသည်။ အခုတော့ သူမသည် ကိုယ်အတွင်းရှိ လျှပ်စီးများကို စွမ်းအင်အဖြစ်ပြောင်းလိုက်ရုံတင်မကပဲ စုပ်ယူလိုက်သော စွမ်းအင်များ ကို နေရာပြောင်းရွေ့ပေးရဦးမည်။
“ဝူး..”
သူမ အတွင်းပိုင်းခန္ဓာကိုယ်သည် လျှပ်စီးများကြောင့် ဒဏ်ရာရထားကာ အခုတော့ ဖြန့်ကျက်လိုက်ပြီ ဖြစ်သည်။ အခု သူမသည် စိတ်အေးသွားရာ ပါးစပ်မှ သွေးစိမ်းများ ထွက်ကျလာသည်။ ခန္ဓာကိုယ်တွင် ဒဏ်ရာ များ ပေါ်လာလေ ပါးစပ်မှ သွေးများထွက်ကျလေဖြစ်သည်။ သူမ တစ်ကိုယ်လုံးသည် သွေးနှင့် ရေချိုးသလို ဖြစ် နေသည်။
သူမ ခန္ဓာကိုယ်မှ ဒဏ်ရာများကို ကြည့်ကာ ဆေးထုတ်စားလိုက်သည်။ သို့သော် သူမ ကိုယ်ထဲမှ လျှပ်စီး များသည် လှုပ်ရှားလာရာ သူမ ဒဏ်ရာများကို နှိုးစွလေသည်။
“သေစမ်း မင်းက မိုးကြိုးအပစ်ခံရတာမဟုတ်ရင် နှစ်ပိုင်းကွဲသွားလောက်ပြီ အခု မင်းထိုင်တောင် မထိုင် နိုင်တော့ဘူးမလား”