← Chapters

အပိုင်း (၄၆၁) – အလယ်အလတ်အဆင့်တက်ခြင်း

Vol. 005 Ch. 461

အပိုင်း (၄၆၁) – အလယ်အလတ်အဆင့်တက်ခြင်း

Vol. 005 Ch. 461

သူမ ခန္ဓာကိုယ်တောင့်မခံနိုင်တော့ဘူးဟု တွေးနေချိန်တွင် သူမ ဘယ်ဘက်လက်မှ သွေးလက်စွပသ်ည အနီရောင်အလင်းတန်းများ ထွက်လာသည်။ ထို့နောက်တွင် ပူနွေးသော အားသည် သူမ လက်မှ စီးဆင်းကာ ကိုယ်ထဲမှ လျှပ်စီးသည် သူမညွှန်ကြားချက်အတိုင်း ပင်မသွေးကြောဆီသို့သွားလေသည်။

“ဟူး”

ရှီမာယူယူ သက်ပြင်းရှည်ချလိုက်ကာ သူမ သေဆုံးခြင်းရှိ မရှိကို စစ်ဆေးရန် အရင်ဆုံးတွေးမိလိုက် သည်။ သူမ ဝိညာဉ်စွမ်းအင်များကို ပင်မသွေးကြောသို့ စုပ်ယူပြီးနောက်တွင် မျက်လုံးဖွင့်ကာ သူမလက်ချောင်းမှ လက်စွပ်ကို ကြည့်လိုက်သည်။

ခုနက လာသော ပူနွေးမှုနှင့် အားအင်သည် ထိုလက်စွပ်မှလာခဲ့သည်။ ဘာကြောင့်လဲ၊ သေချာ စမ်းစစ် ကြည့်သော်လည်း ထူးခြားချက်ကို ရှာမတွေ့ပေ။

“အုန်း”

မိုးကြိုးသည် ကောင်းကင်နှင့်မြေကြီးကို ပဲ့တင်ထပ်ကာ မိုးပေါ်မှ ပစ်လွှတ်လိုက်လေသည်။ သူမ  ခေါင်းမော့ပြီးကြည့်ရာ ငှက်လေးသည် ဆိုးရွားစွာ မိုးကြိုးထိမှန်ထားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ပျက်ဆီး  နေလေသည်။ သူသည် ကောင်းကင်မှ မြေပေါ်သို့ ပြင်းထန်စွာ ကျလေသည်။

“ငှက်လေး”

သူမသည် လျင်မြန်စွာ တက်သွားကာ ငှက်လေးရှိရာသို့ တဟုန်ထိုးပြေးသွားလေသည်။ သူ့ခန္ဓာကိုယ် ပြင်းထန်စွာ ထိခိုက်ထားသည်ကို တွေ့ရာ သူမ စိတ်များနာကျင်ရသည်။

တိမ်တိုက်မည်းများ ကောင်းကင်မှ ပျောက်ကွယ်စပြုနေခြင်းကြောင့်သာ တော်သေးသည်။ မဟုတ်လျှင်  နောက်တစ်ချက်ထပ်ပစ်လိုက်သည်နှင့် သူတို့နှစ်ယောက်လုံးသည် အဆုံးသတ်သွားမည်ဖြစ်သည်။

“သခင် ငါတို့လုပ်နိုင်ခဲ့ပြီ” ငှက်လေး၏ အသံသည် အားနည်းနေသည်။ သူ့ဒဏ်ရာသည် အလွန်ပြင်းထန် သည်ကို ပြသနေသည်။

မည်သို့ပင်ဖြစ်စေကာမူ သူတို့ အသက်ရှင်နေသရွေ့ထိုဒဏ်ရာအနည်းငယ်သည် ပြဿနာမဟုတ်ပေ။

ထိုအချိန်တွင် နူးညံ့သော အလင်းတန်းသည် ငှက်လေး၏ ခန္ဓာကိုယ်မှ ထွက်လာကာ သူ့အား ဖုံးအုပ်  လေသည်။ အလယ်တွင် အဆင့်တက်သော အလင်းတန်းရှိနေသည်။ ရှီမာယူယူသည်လည်း သူမ၏ ကိုယ်တွင်း စွမ်းအားသည် ပိုသန်မာလာသည်ကို ခံစားမိသည်။ အဆင့်တက်မည့် အခွင့်အရေးသည် သူမ မျက်စိရှေ့တွင်  ရောက်နေလေပြီ။

အံ့ဖွယ်အဆင့်ပြီးလျှင် အဆင့်တက်ခြင်းသည် အားအပေါ်မူတည်ခြင်း မဟုတ်တော့ပေ။ အများစုသည် လိုအပ်သည့်အရာများဖြစ်သွားလျှင် ကျေနပ်ကြသည်။ ဆိုလိုသည်မှာ သူတို့သည် သေချာပေါက် အဆင့်တက်ရ မည် မဟုတ်ဟု… သူတို့သည် အခွင့်အရေးကို လက်လွတ်ကြသည်။

တောင်ပံလေးခုဂဠုန်မျိုးနွယ်နှင့် ရှီမာလိုင်တို့အဖွဲ့သည် အလင်းတန်းပေါ်လာပြီးနောက် သူတို့ နှစ်ယောက် အဆင့်တက်သည်ကိုတွေ့လိုက်ရာ တောင်ကြားကို လျင်မြန်စွာ ဝိုင်းလိုက်ကြသည်။ သူတို့သည် သူတို့လုံခြုံမှုအတွက် ဝန်းရံခြင်းဖြစ်သည်။

နာရီဝက်အကြာတွင် ရှီမာယူယူသည် အံ့ဖွယ်ဘုရင်အလယ်အလတ်အဆင့်ကို အောင်မြင်စွာတက်လေ သည်။ ငှက်လေးသည် အထွတ်အထိပ်သားရဲအဆင့်၂မှ အဆင့်၃သို့ တက်လေသည်။ ရာဟွောင်နှင့် ဟိန်းသံ  ထောင်ချီနှင့် တခြားသူများသည် ရှီမာယူယူနှင့် စာချုပ်ချုပ်ထားသည့်အတွက် အားအင်များတိုးကြလေသည်။ သူတို့သည် အဆင့်မတက်သော်လည်း အကျိုးအမြတ်များခံစားခွင့်ရသည်။

ရှီမာယူယူ အဆင့်တက်ပြီးနောက်တွင် မျက်စိဖွင့်ကြည့်ရာ အလွန်ချောမောသော ယောကျ်ား တစ်  ယောက်ကို တွေ့လိုက်လေသည်။ သူမ ဘာမှမပြောရသေးခင်မှာပင် တစ်ဖက်လူသည် သူမအား ဖက်ပြီးနောက်  ပျော်ရွှင်စွာ အော်လေသည် “သခင် သခင် ငါအသွင်ပြောင်းတာ အောင်မြင်သွားပြီ ဟားဟား”

ရှီမာယူယူသည် တင်းကျပ်စွာ အဖက်ခံထားရသဖြင့် အသက်ရှုလို့မရတော့ပေ။ သူမ ပြုံးပြီး ပြောလိုက် သည် “မင်းလုပ်နိုင်မယ်ဆိုတာ ငါသိတယ်၊ ငှက်လေးက အမြဲတမ်း အံ့သြစရာကောင်းနေတာပဲလေ၊ ဒါပေမဲ့ မင်း ငါ့ကို ဒီလိုဆက်ပြီးဖက်ထားမယ်ဆိုရင် ငါ အသက်ရှုကြပ်လို့သေတော့မယ်”

ငှက်လေးသည် သူမအား ရှက်ရွံ့စွာဖြင့် လွှတ်လိုက်လေသည်။ သူသည် အခုမှ အသွင်ပြောင်းခြင်း ဖြစ် သဖြင့် လက်နှစ်ဖက်ဖြင့် အသားမကျသေးသောကြောင့် အားကို မထိန်းချုပ်နိုင်ပေ။

“ကျေးဇူးပါပဲ သခင် သခင့်ကြောင့်သာမဟုတ်ရင် ငါတော့ တစ်ဝက်လောက်မှာပဲ သေသွားလောက် တယ်”

ဂဠုန်ကိုးနှင့် တခြားသူများသည် သခင်သည် သူ့အစား မိုးကြိုး ၃၈ချက် အပစ်ခံရသည်ဟု ပြောပြသည်။ အရှေ့ပိုင်း မိုးကြိုးများမှာ မသန်မာသော်လည်း နောက်ဆုံး ၉ချက်တွင် အားအပြည့်ပါသည်။ သူမသာ မရှိပါက သူသည် သွေးသားနိုးထလာခြင်း အလယ်မှာပင် သေဆုံးသွားနိုင်သည်။

ရှီမာယူယူ မတ်တတ်ရပ်ကာ ငှက်လေးအား ဂုဏ်ယူစွာဖြင့် ကျိတ်ရယ်မိလေသည် “ငါတို့ ငှက်လေးက အသွင်ပြောင်းပြီးတာနဲ့ ဒီလောက်စွဲဆောင်မှုရှိမယ်လို့ ဘယ်သူထင်မှာလဲ၊ မင်းကတော့ ချစ်စရာကြီးပဲ”

ငှက်လေးသည်လည်း သူ၏ လူသားအသွင်အပြင်ကို တကယ်နှစ်သက်သည်။ အခုဆိုလျှင် သူသည်  ခေါင်းငုံ့ကာ ခန္ဓာကိုယ်ကို ကြည့်နိုင်ပြီဖြစ်သည်။

ရှီမာလိုင်နှင့် တခြားသူများသည် လျှောက်လာကြရာ ရှီမာယူယူ ပြန်ကောင်းလာသည်ကို တွေ့သည်နှင့်  ပြေးဖက်လိုက်ကြသည်။

“သမီးကြောင့် အဘိုးစိတ်ပူလို့သေတော့မယ်”

ရှီမာယူယူသည် ရှီမာလိုင်၏ ပခုံးကို ပုတ်ပြီး ပြောလေသည် “စိတ်ပူအောင် လုပ်မိတဲ့အတွက် တောင်းပန် ပါတယ် အဘိုး”

“ယူယူ မင်းအဆင့်တက်တာ မြန်လိုက်တာ၊ မင်း အံ့ဖွယ်ဘုရင်အဆင့်ရောက်တာ ၁နှစ်တောင် မကြာ  သေးဘူး၊ အခု အလယ်အလတ်အဆင့်တောင် ရောက်နေပြီ၊ မင်းရဲ့ အဆင့်တက်တဲ့ပုံကြီးကတော့ ကြောက် စရာကြီးပဲ” ဖက်တီးကျူသည် ရှီမာယူယူခန္ဓာကိုယ်မှ ဒဏ်ရာများကို မြင်သောအခါ ပြောလေသည်။ သူမ အဆင့် တက်ရာမှ ရလာသော အင်အားများသည် အတွင်းပိုင်းဒဏ်ရာများကိုသာ ကုသနိုင်သည်။ အပြင်ပိုင်း ဒဏ်ရာ များကို မကုသနိုင်ပေ။

ဂဠုန်ကိုးနှင့် တခြားသူများသည် သူမဘေးလာကာ သူမလက်အား ဆုပ်ကိုင်လိုက်လေသည်။ ဂဠုန်ကိုး သည် သူမအား ကျေးဇူးတင်စွာ ကြည့်ကာ ပြောလေသည် “ကျေးဇူးတင်ပါတယ် အခုတော့ မင်းတို့ သခင်မျိုးက ငှက်လေးရဲ့ ကံကြမ္မာကို ကောင်းစေမယ်ဆိုလို့ တကယ်ထင်သွားပါပြီ”

“သူကလည်း ကျွန်တော့် ကံကောင်းမှုပါပဲ” ရှီမာယူယူ ပြောလိုက်သည်။

“အင်း ဟိုသွားပြီးမှ ကိစ္စတွေရှင်းရအောင် သခင်ကို သူ့ဒဏ်ရာတွေ သက်သာအောင် အရင် လုပ်ခိုင်း ရမယ်” ငှက်လေး ပြောလေသည်။

မနီးမဝေးတွင် ငှက်မျိုးနွယ်များသည် သူအလာကို စောင့်နေကြသည်။

ငှက်လေးသည် ဂဠုန်ကိုးတို့အား ခေါ်သွားသည်နှင့် ရှီမာယူယူသည် နောက်ဆေးနှစ်လုံး စားလိုက်လေ သည်။ ထိုဆေးများသည် အဆင့်ခြောက် ကုသဆေးများဖြစ်ကြသည်။ သူမသည် ပထမ မိုးကြိုးပစ်မှန်သည်နှင့် ၁လုံးစားထားပြီးဖြစ်လေသည်။ သူမသာ အဂ္ဂိရတ်ပညာရှင်မဟုတ်ပါက ထိုကဲ့သို့ အဆင့်မြင့်သော ဆေးများ ကို မည်သူမှ ဖော်နိုင်မည်မဟုတ်ပေ။

ပွဲအားကြည့်ရှုရန် လာရောက်ကြသောသူများသည် ကျဲသွားကာ ငှက်မျိုးနွယ်များသာ ကျန်ခဲ့လေသည်။ သူတို့သည် အလိုမရှိသော်လည်း မြင့်မြတ်သော ဂဠုန်ပေါ်လာပြီဖြစ်၍ မဆန့်ကျင်ရဲကြပေ။ သူတို့သည် သူတို့ ဘုရင်အဖြစ်သာ သတ်မှတ်မည်။

မြို့အတွင်းတွင် အနက်ရောင်ဝတ်လူတစ်ယောက်သည် သတင်းကြားသည်နှင့် တင်းမာသွားကာ ဘယ်သူမှ သူ့ကို စကားမပြောရဲကြပေ။

“ငါတို့ ခြေတစ်လှမ်းနောက်ကျသွားတာက သူ့ကို မြင့်မြတ်တဲ့ဂဠုန်ဖြစ်သွားစေတာထင်တယ်” သူသည် ကြောက်မက်ဖွယ် ပြောလေသည်။

သူ့လူများသည် ငှက်လေး၏ အိမ်တော်သို့သွားကာ သစ္စာခံနေသည်ဟု ကြားလိုက်သောအခါ ပို ဒေါသ ထွက်လေသည်။

“လင်းယုန်ဘုရင် ကျွန်တော်တို့ ရတဲ့သတင်းအရ အဲဒီမြင့်မြတ်တဲ့ဂဠုန်က ပြင်ပအကူအညီကြောင့်  အောင်မြင်သွားတာတဲ့ သူက အဲလောက်သန်မာမှာမဟုတ်ဘူး” ဖေစီပြောလိုက်သည် “သူအင်အားမကြီးလာ ခင် သူ့ကိုသတ်လိုက်ရင် ဘုရင်တစ်ယောက်တည်းကသာ အာဏာရှိသူဖြစ်သွားမယ်”

“သူက အဲလောက် မသန်မာပေမယ့် ခြေတစ်လှမ်းသာနေတယ်လေ၊ ငှက်မျိုးနွယ်အားလုံးက သူ့ရဲ့  သွေးသားကိုပဲ ကြည့်ကြတာ သူ့ကို သတ်ချင်ရင်တောင် မလွယ်ဘူး” အနက်ရောင်ဝတ်ထားသောလူဖြစ်သော လင်းယုန်ဘုရင် ပြောလိုက်လေသည်။

“ကျွန်တော်တို့ ပူးပေါင်းမှာမဟုတ်ဘူးလား” ဖေစီသည် ပြုံးပြီး ပြောလိုက်သည် “ဘုရင်ကြီးသာ အဲဒီ မြင့်မြတ်တဲ့ဂဠုန်ငှက်ကို ရှင်းပစ်ချင်ရင် ကျွန်တော်တို့ ကူညီပေးလို့ရတယ်…”

“တကယ်လား” လင်းယုန်ဘုရင်သည် သူ အမှန်ပြောခြင်းဟုတ်မဟုတ်ကို စဉ်းစားရင်း ဖေစီအား ကြည့် လိုက်သ်။

“ကျွန်တော် ပြောပြီးပါပြီ ပူးပေါင်းမှုတစ်ခုပါ ကျွန်တော်တို့ ကူညီပြီးလုပ်ပေးရင် ဖြစ်လာမယ့် ဟာတွေကို တာဝန်ခံပါတယ်၊ ဘုရင်ကြီးတို့က ကျွန်တော်တို့ကို အကျိုးအမြတ်ပေးရင်ရပါပြီ၊ ဘုရင်ကြီးတို့လည်းသိပါတယ် ကျွန်တော်တို့် ဖေမျိုးနွယ်နဲ့ လျှန်မျိုးနွယ်နဲ့က အဆင့်မြင့်မိသားစုတွေဖြစ်ပြီး ကျွန်တော်တို့ ရန်ဘက်ကလည်း နက်…”

“မင်းတို့ မြင့်မြတ်တဲ့ဂဠုန်ကို ကူသတ်ပေးရင် ငါတို့ မင်းတို့ကိုကူညီဖို့ အားထုတ်ပေးမယ်” သိမ်းငှက် ဘုရင် ပြောလိုက်သည်။

ဖေစီသည် ထိုအချက်အား အခက်တွေ့သွားကာ ပြောလိုက်သည် “အဲဒါက အကောင်းဖြစ်မလာနိုင် ပါဘူး၊ ဘာလို့ဆို ကျွန်တော်တို့က မြင့်မြတ်တဲ့ဂဠုန်ကိုသတ်လိုက်ရင် ငှက်မျိုးနွယ်တွေအားလုံးက ကျွန်တော် တို့ကို ပစ်မှတ်ထားကြလိမ့်မယ်၊ ကျွန်တော်တို့ ဖေမျိုးနွယ်က ကြီးပေမယ့် မြေပေါ်က ငှက်မျိုးနွယ်အားလုံးကို ရင်ဆိုင်လောက်အောင်တော့ စွမ်းရည်ရှိသေးဘူး”

“မင်းအဲဒါကို စိုးရိမ်ဖို့မလိုပါဘူး အဲငှက်မျိုးနွယ်တွေက ဒီနှစ်တွေမှာ ကိုယ်ပိုင် လုပ်ဆောင်ချက်တွေ ရှိပြီး သားပါ သူတို့လည်း တခြားသူကို ခစားရမယ့် အလုပ်လုပ်ချင်မှာမဟုတ်ဘူး မြင့်မြတ်တဲ့ဂဠုန်သာမရှိရင် ငှက် မျိုးနွယ်တွေ မင်းကို မတိုက်ဖို့ကို ငါ့မှာနည်းလမ်းရှိတယ်”

“အဲလိုဆိုရင်တော့ ကောင်းတာပေါ့ဗျာ” ဖေစီပြောလိုက်သည် “ဒါပေမဲ့ ကျွန်တော်က ဒီလောက်ကိစ္စ အကြီးကြီးကို မဆုံးဖြတ်နိုင်ဘူး၊ ကျွန်တော် ကျွမ်းကျင်သူအများကြီးကို မလှုံ့ဆော်နိုင်ဘူး၊ အဲဒါကြောင့် လင်းယုန် ဘုရင်ကြီးကို အစိမ်းရောင်မြို့တော်သွားပြီး ကျွန်တော်တို့ ခေါင်းဆောင်နဲ့ တွေ့ဖို့ ဖိတ်ချင်တာပါ၊ ဘယ်လိုထင် ပါလဲ”

လင်းယုန်ဘုရင်သည် ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလေသည် “ကောင်းပြီ ဒါဆိုရင် ငါတို့ အစိမ်းရောင် မြို့တော်ကို သွားကြတာပေါ့၊ ဘာမှပြောစရာမရှိတော့ရင် အခုပဲသွားကြမယ်”

“မြင့်မြတ်တဲ့ဂဠုန်က အပြင်မှာရှိနေတယ် သူ့ကို နှုတ်မဆက်တော့ဘူးလား” ဖေစီမေးလိုက်သည်။

“ငါမသွားဘူး သူ့ကို အရိုအသေပေးရမယ်ဆိုတာ မဖြစ်နိုင်ဘူး” လင်းးယုန်ဘုရင်သည် အေးစက်စွာ အသပ်ရှုထုတ်လိုက်သည်။

“အဲလိုဆိုရင် ဒီအတိုင်းသွားကြတာပေါ့”

ဖေစီသည် တစ်ခါသုံး ဖြတ်လည်းတည်ဆောက်မှုကိုထုတ်ပြီး မြေပေါ်သို့ ချကာ ဝိညာဉ်စွမ်းအင်များ သွင်း လိုက်လေသည်။ ဖေမျိုးနွယ်အရှေ့ရှိ တည်ဆောက်မှုသည် အောင်မြင်စွာ အသက်ဝင်လာကာ သူတို့အဖွဲ့သည် ဝင်လိုက်ကြသည်။ သူတို့သည် အိမ်ထဲမှ လျင်မြန်စွာ ပျောက်သွားကြလေသည်။

All Chapters