← Chapters

အပိုင်း (၄၆၂) – ဂရမ်းမြို့တော်

Vol. 005 Ch. 462

အပိုင်း (၄၆၂) – ဂရမ်းမြို့တော်

Vol. 005 Ch. 462

ရှီမာယူယူ မျက်လုံးဖွင့်လိုက်ချိန်တွင် ခုနကရောက်နေသော ငှက်မျိုးနွယ်များသည် ငှက်လေးအား အရို အသေပေးပြီးနောက် ပြန်သွားသည်ကို တွေ့လိုက်ရသည်။ တောင်ပံလေးခုဂဠုန်မျိုးနွယ်သာ ကျန်ခဲ့လေသည်။

ထိုအချိန်မှသာ သူမသည် လတစ်ဝက်လောက် မေ့မြောနေသည်ကို သိခဲ့ရသည်။

ရေမိုးချိုးပြီးချိန်တွင် သူမသည်တဲမှ ထွက်လိုက်ရာ လေပြင်းဂဠုန်နှင့် တခြားသူများသည် စကားပြောနေ သည်ကို တွေ့လိုက်ရသည်။

“သခင်”

ရှီမာယူယူသည် ငှက်လေးသည် ရွှင်လန်းနေသည်ကို တွေ့လိုက်သည်နှင့် အားရပါးရပြုံးပြီး ပြောလိုက် သည် “မင်း ငါ့ကိုသခင်လို့ ခေါ်စရာမလိုတော့ပါဘူး၊ ပြီးတော့ မင်းကဂဠုန်မျိုးနွယ်ရဲ့  ဘုရင်ဖြစ်နေပြီလေ တခြား သူတွေရှေ့မှာ ငါ့ကို သခင်လို့ခေါ်တာ မင်းအတွက်မကောင်းဘူး”

“ဒါဆို ယူယူလို့ခေါ်ပါမယ်” ငှက်လေး ပြောလိုက်သည် “ယူယူ ယူယူ ဘယ်လိုလဲ”

“မဆိုးပါဘူး” ရှီမာယူယူသည် ပြုံးပြီးနောက် ဂဠုန်ကိုးနှင့် တခြားသူများဘက်လှည့်ကာ မေးလေသည် “နောက်ပိုင်း ကိစ္စတွေဖြေရှင်းတာ် ဘယ်လိုလဲ”

“အခုရက်ပိုင်းတော့ ဒီဧရိယာက ငှက်မျိုးနွယ်တွေရဲ့ ဘုရင်တွေအများစုတော့ လာကြတယ် မလာတာ တစ်ယောက်ပဲရှိတယ်” ငှက်လေးပြောလိုက်သည်။

“လင်းယုန်ဘုရင်လား”

“ဟုတ်တယ်” ငှက်လေး ခေါင်းညိတ်လိုက်သည် “လင်းယုန်ဘုရင်က ဖေမျိုးနွယ်ကို သွားတယ်လို့ ကြား တယ် သူ တစ်ခုခုဆွေးနွေးစရာရှိလို့နေမှာပါ”

“လင်းယုန်မျိုးနွယ်နဲ့ ဖေမျိုးနွယ်နဲ့ အတူရှိနေတာမကောင်းဘူး သူတို့က ငါတို့ကို သတ်ဖို့ ဆွေးနွေးနေ မလားမသိနိုင်ဘူး” ချူချောင်ထန်သည် ဘေးမှ ပြောလေသည် “လင်းယုန်ဘုရင်က ငှက်လေးကို အသက်ရှင် ထားချင်တာမဟုတ်ဘူး ဖေမျိုးနွယ်ကလည်း လျှန်ဟုန်ကို သတ်ချင်နေတာ သူတို့နှစ်ယောက် ဦးတည်ချက်က တစ်ခုတည်းလိုဖြစ်နေပြီ”

“အဲလောက် မရိုးရှင်းမှားစိုးတယ်” ရှီမာယူလင်း ပြောလိုက်သည်။

“ဘာလို့လဲ” ချူချောင်ထန်သည် ရှီမာယူလင်းသည် စကားနည်းသော်လည်း ပြောလျှင်လည်း ချက်နှင့် လက်နှင့်ပြောတတ်သည်ကို သိသည်။

“လင်းယုန်ဘုရင်က ငှက်လေးကို သတ်ဖို့ ဖေမျိုးနွယ်ကို အသုံးချချင်တာ အဲအချက်ကတော့ အမှန်ပဲ ဒါပေမဲ့ ဖေမျိုးနွယ်က ကျွန်တော်တို့ကို သတ်ဖို့ လင်းယုန်ဘုရင်ကို အသုံးချတာဆိုရင် ကိစ္စကြီးဖြစ်သွားပြီ” ရှီမာယူလင်း ခွဲခြမ်းစိပ်ဖြာသည် “ဖေမျိုးနွယ်က အဆင့်၁ မျိုးနွယ်ပဲ ခင်ဗျားတို့အားလုံးကို သတ်ဖို့က သူတို့ အတွက် မခက်ဘူး ငှက်လေးကိုသတ်တာထက်စာရင် ခက်မှာမဟုတ်ဘူ၊ ဖေမျိုးနွယ်က အဲလို နည်းနည်းပဲ  ပြန်ရမယ့်ကိစ္စမျိုးကို အားထုတ်မှာမဟုတ်ဘူး”

“အမှန်ပဲ ဒါဆိုရင် သူတို့မှာ တခြားအစီအစဉ်ရှိမှာပဲ” ချူချောင်ထန်ပြောလိုက်သည်။

“လင်းယုန်မျိုးနွယ် ငါတို့်ကို လာရှုပ်မယ့်ကိစ္စကို ခဏဘေးချိတ်ထားရအောင် အရင်ဆုံး အစိမ်းရောင်  မြို့တော်ကို သွားကြမယ်၊ ဒါရှင်းပြီးရင်တော့ တိုက်ပွဲအတွက်လုံးဝ အာရုံစိုက်လို့ရပြီ” ရှီမာယူယူ ပြောလိုက် သည်။ “ငှက်လေး ငါတို့နဲ့ လိုက်မလာနဲ့တော့ မင်းအမေနဲ့ တခြားသူတွေနဲ့ လိုက်သွားပြီးတော့ အဲအကြောင်းကို  ဆွေးနွေးထားလိုက် သူတို့ကို ပို့ပြီးတာနဲ့ မင်းတို့ကို လာရှာလိုက်မယ်”

ငှက်လေးသည် ရှုပ်ထွေးသွားသည်။ သူသည် ရှီမာယူယူနှင့် ခွဲမနေချင်သော်လည်း ထိုအချိန်တွင် သူ့အမေနှင့် မျိုးနွယ်အကြီးအကဲများသည် အခက်အခဲထဲရောက်နေသောကြောင့် သူ ဝင်မပါလျှင် သိမ်းငှက် မျိုးနွယ်နှင့် တခြားမျိုးနွယ်များက ပြဿနာရှာနိုင်သည်။

ဂဠုန်ကိုးသည် သူ့သား စိတ်ပိုင်းမပြတ်သည်ကို မြင်သောအခါ ပြောလိုက်သည် “အဲလိုလုပ်လို့ရတာပဲ  အမေတို့ မျိုးနွယ်က အဆင့်မြင့်တဲ့သူတွေကို သူတို့ကို အစိမ်းရောင်မြို့တော်ကို လိုက်ပို့ခိုင်းလိုက်မယ် ငှက်လေး မျိုးနွယ်ကို သွားပြီး ကိစ္စတွေဖြေရှင်းလိုက်ပါ၊ အမေတို့ ပြီးသွားတဲ့အချိန်ကျရင် သူတို့နဲ့ ပြန်ပြီးချိတ်ဆက်လို့ ရတာ ပေါ့”

“ဟုတ်တယ် မင်းတို့အစီအစဉ်တွေသာပြောလိုက်၊ အချိန်ကျရင် ငါ ဖြတ်လမ်းတည်ဆောက်မှုကို သုံး လိုက်ရင် အချိန်မပုပ်တော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပါပြီ” ငှက်လေး ပြောလိုက်သည် “အမေ ယူယူနဲ့ တခြားသူတွေကို ကာကွယ်ပေးဖို့ သန်မာတဲ့ သူတွေ ထည့်ပေးရမယ်နော်”

“ပေးလိုက်ပါမယ်” ဂဠုန်ကိုး ပြန်ဖြေလေသည်။

တောင်ပံလေးခုဂဠုန်မျိုးနွယ်တွင် သူတို့သည် ရာထူးမြင့်ကြကာ နောက်လိုက်များစွာ ရှိကြသည်။ ထို  နောက်လိုက်များအား ရှီမာယူယူနှင့် တခြားသူများကို ကာကွယ်ရန်ထည့်ပေးနိုင်ကြသည်။

လူများလျှင် အာရုံစိုက်ခံရမည်စိုးသဖြင့် ရှီမာယူယူသည် ရှီမာယူလင်းကို ခေါ်ကာ ကျန်သောသူများ ကို ထားခဲ့ချင်သည်။ အစပိုင်းတွင် ရှီမာယူလင်းအား ခေါ်သွားရခြင်းမှာ သူတို့နှစ်ယောက်လုံးသည် တည်ဆောက်မှု သခင်များဖြစ်သဖြင့် တခြားသူများထက် သန်မာသည်။ သို့သော် သူတို့နှစ်ယောက်တည်းဆိုလျှင် အန္တရာယ် များသည်ဟု ဆို၍ ဘေဂုံထန်နှင့် ဝူရန်ဖေပါ လိုက်ပါလေသည်။

ဂဠုန်ကိုးသည် သူတို့အတွက် သူတော်စင်သားရဲလေးကောင်ကို ပို့ပြီး သူတို့သည်လည်း အသွင်ပြောင်း နိုင် ကြလေသည်။ သူတို့ ၈ယောက်အဖွဲ့သည် မြို့အတွင်းပိုင်းပို့ ပျံသန်းသွားကြလေသည်။

မိုးကြိုးကပ်ဘေးပြီးသွားပြီးနောက်တွေင် ရှီမာယူယူနှင့် တောင်ပံလေးခု ဂဠုန်တို့ တစ်ဖွဲ့တည်း  ဖြစ်နေသည်ကို မြို့သားများ အားလုံးသိကြလေသည်။ သူမ ဝင်သွားချိန်တွင် သူမသည် ဖေမျိုးနွယ်မှ အလိုရှိသူ တစ်ယောက်ဖြစ်နေသည်ကို သိကြသော်လည်း သူတို့သည် တောင်ပံလေးခုဂဠုန်မျိုးနွယ်နှင့် ရန်သူမဖြစ်ချင် သဖြင့် မလုပ်ရဲကြပေ။

သူတို့သည် မြို့အုပ်အိမ်သို့သွားကာ မြို့အုပ်အိမ်မှ လူများ သူတို့ကို မြင်သောအခါ သူတို့သည် အံ့သြ သွားကြလေသည်။ လူတစ်ယောက်သည် လျင်မြန်စွာ ရှေ့တိုးလာကာ မေးလိုက်သည် “ခင်ဗျားတို့ ဖြတ်လမ်း တည်ဆောက်မှုကို သုံးချင်လို့လား”

“ဟုတ်ပါတယ် ကျွန်တော်တို့ အစိမ်းရောင်မြို့တော်ကို သွားချင်လို့ပါ” ရှီမာယူယူ ပြောလိုက်သည်။

“ကျွန်တော်တို့ တကယ်တောင်းပန်ပါတယ် ဒီကနေ အစိမ်းရောင်မြို့တော်ကို တိုက်ရိုက်မရောက်ပါဘူး” ထိုလူ ပြောလေသည်။

“ဒါဆို အနီးဆုံးမြို့ကို ပို့ပေးပါ”

“အနီးဆုံးက ဂရမ်းမြို့တော်ပဲ”

ဂရမ်းမြို့တော်ဟု အမည်ကြားလိုက်သည်နှင့် လျှန်ဟုန်၏ခန္ဓာကိုယ် တောင့်တင်းသွားကာ ချူချောင်ထန် သည်လည်း မျက်နှာပျက်သွားလေသည်။

“ဘာဖြစ်လို့လဲ” သူတို့၏ တုန့်ပြန်မှုများကို တွေ့သောအခါ ရှီမာယူယူ မေးလိုက်သည်။

“ဂရမ်းမြို့တော်… အဲဒါ လျှန်ဟုန်ရဲ့ မွေးမိသားစုတွေ နေတဲ့မြို့ပဲ” ချူချောင်ထန် ပြောလိုက်သည်။

ရှီမာယူယူ မှင်တက်သွားကာ ပြောလိုက်သည် “ဒါဆို ကျွန်တော်တို့ တခြားမြို့တော်သွားကြတာပေါ့”

လျှန်ဟုန်သည် ခေါင်းရမ်းကာ ပြောလေသည် “မလိုပါဘူး အဲကိုပဲ သွားရအောင် ကျွန်တော့်အဖေ ကြီး လာတဲ့နေရာကို ကြည့်ချင်တယ်”

“ကောင်းပြီလေ” ရှီမာယူယူသည် မြို့အုပ်အိမ်တော်မှ လူကို ပြောလိုက်သည် “ဒါဆို ကျွန်တော်တို့ ဂရမ်း  မြို့တော်ကို သွားမယ်”

သူတို့၈ယောက်သည် ဖြတ်လမ်းတည်ဆောက်မှုအတွင်းဝင်လိုက်သည်နှင့် မြို့အုပ်အိမ်တော်မှ လူများ သည် ဂရမ်းမြို့တော် အမှတ်အသားရှိသော နေရာသို့ ဝိညာဉ်စွမ်းအင်ထည့်လိုက်လေသည်။ ဖြတ်လမ်း တည်ဆောက်မှု လင်းလာကာ သူတို့ ၈ယောက်သည မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

တစ်ဖက်တွင် ဖေမျိုးနွယ်ဝင်များသည် အကြည့်ချင်းဖလှယ်ကာ “သခင်လေးစီကို သူတို့ လှုပ်ရှားမှု အကြောင်း သွားသတင်းပေးလိုက်”

ဂရမ်းမြို့တော်သည် အတော်အတန်ဝေးသည်။ ထို့ကြောင့် ရှီမာယူယူသည် ဖြတ်လမ်းတည်ဆောက်မှုမှ ထွက်သည်နှင့် မူးဝေပြန်သည်။ သူတို့သည် ရွေးစရာမရှိတော့ပဲ နားရန် တည်းခိုဆောင်ရှာရတော့သည်။

ဘေဂုံထန်သည် ရှီမာယူယူအားတွဲကာ အခန်းထဲသို့ ပို့ပြီးနောက် သူမရေချိုးရန် ရေပြင်ပေးထားလေ သည်။

“ကြည့် ငါလိုက်လာတာ ကောင်းတယ်မလား မဟုတ်ရင် နင် ဒီအခြေအနေဆို ဘယ်သူက ဂရုစိုက် ပေး မှာလဲ”

ရှီမာယူယူသည် အိပ်ရာပေါ်တွင်လှဲနေကာ မူးဝေစွာ ပြောလေသည် “ပြီးခဲ့တဲ့တစ်ခေါက်က ကောင်းကင် ကျားဧရိယာက လာတုန်းက အကွာအဝေးက သိပ်မဝေးလို့လားမသိဘူး ငါဘာမှ မခံစားရဘူး၊ အဲတော့ ထပ်ပြီး မမူးတော့ဘူးလို့ ထင်နေတာ မူးမယ်လို့ ထင်မထားမိဘူး”

“ဒီတိုင်းပြည်ရဲ့ ကိုသြဒိနိတ်ကို ရှာတွေ့တာနဲ့ နင့်ကိုယ်ပိုင် ဖြတ်လမ်းတည်ဆောက်မှုကို ဆောက် လို့ရမှာပဲ” ဘေဂုံထန် ပြောလိုက်သည်။

“ဟုတ်တယ် ငါ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို သွားရင် အဲဒါကို သင်ရမယ်” ရှီမာယူယူသည် တွေးနေမိ သည် “အဲဆရာက တည်ဆောက်မှုသခင်လို့ ကြားတယ် ငါသူ့ဆီက သင်လို့ရလောက်တယ်”

“အဲဒါလည်း ကောင်းတာပဲ”

“ဘေဂုံ နင်ဘာပြောမလို့လဲ”

“ပြောစရာဆိုတာထက် အလယ်ပိုင်းဧရိယာမှာ ကျောင်းကောင်းကောင်းရှိတယ်လို့ ငါ့အမေပြောတာ ကြားဖူးတယ် အဲမှာ ပညာနယ်ပယ်အစုံသင်လို့ ရတယ်တဲ့၊ နင်က ပထဝီဝင်အနေအထားတွက်တာကို သင်ချင်ရင် ဒီမူးဝေတာကြီးကို ခံစားရတော့မှာမဟုတ်ဘူး”

“အဲကျောင်းက နာမည်ကြီးလား” ရှီမာယူယူမေးလိုက်သည်။

“တည်ထောင်ထားတာတော့ ကြာပြီ အလယ်ပိုင်းဒေသက အဲကျောင်းထွက်တွေ တော်တော်များများ ဆိုရင် အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ဝင်နိုင်ကြတယ် ကြားတာပဲ”

“အဲလိုဆိုရင် နင့်အမေနဲ့ မောင်လေးကို ကယ်ပြီးတာနဲ့ အဲဒီကို သွားကြည့်ရအောင်” ရှီမာယူယူ ပြော လိုက်သည် “အခုတော့ အရင်အိပ်လိုက်ဦးမယ်”

သူမ ဘယ်လောက် မူးဝေနေသည်ကို ဘေဂုံထန်သိသဖြင့် ပြုံးကာ လှည့်ပြီး အခန်းထဲမှ ထွက်သွားလေ သည်။

ထိုအချိန်တွင် နောက်အိမ်တစ်အိမ်တွင် အရိပ်တစ်ခုသည် စာကြည့်ခန်းထဲသို့ဝင်ပြီး ပြောလေသည် “ဆရာ လျှန်ဟုန်နဲ့ ချူချောင်ထန်က ဒီနေ့ ဂရမ်းမြို့တော်ထဲဝင်ပါတယ်”

All Chapters