← Chapters

အပိုင်း (၄၆၃) – လျှန်ဟုန် ပြန်ပေးဆွဲခံရခြင်း

Vol. 005 Ch. 463

အပိုင်း (၄၆၃) – လျှန်ဟုန် ပြန်ပေးဆွဲခံရခြင်း

Vol. 005 Ch. 463

ရှီမာယူယူသည် တစ်ရက်တာမျှ အိပ်ပြီးနောက် ညရောက်ချိန်တွင် သက်သာလေသည်။ သူမ အိပ်မပျော်  တော့သဖြင့် ရေသောက်ရန် လုပ်နေတုန်းမှာပင် အိမ်ထဲတွင် အလွန်အားကောင်းသော ရောင်ဝါ၂ခု ရှိနေသည် ကို ရုတ်တရက် ခံစားမိလိုက်သည်။

“မဆိုးပါဘူး” သူမသည် ခွက်အားချကာ တဟုန်ထိုးထွက်သွား လေသည်။ သူမ တံခါးဖွင့်လိုက်ချိန်တွင် အမည်းရောင်အရိပ်နှစ်ခုသည် ဖြတ်သွားကာ လူတစ်ယောက်အား ဖမ်းသွားသည်ကို မြင်လိုက်သည်။

“ရပ်လိုက်” သူမသည် သူတို့အား ကော်ရစ်တာဆုံးသည်အထိ လိုက်ပြီး တံခါးဘေးရောက်သောအခါ လူ နှစ်ယောက်သည် လျှန်ဟုန်အား သယ်ကာ ပျံသွားသည်ကို တွေ့လိုက်ရသည်။

နောက်အရိပ်တစ်ခုသည် သူတို့နောက်သို့လိုက်လေသည်။ ထိုသူမှာ ချူချောင်ထန်…

“ယူယူ တက်” ရှီမာယူလင်းသည် သားရဲပျံစီးက ပျံသန်းလာသည်။

ရှီမာယူယူတွယ်တက်လိုက်ပြီး သူတို့နောက်ကိုလိုက်နေသော ဘေဂုံထန်လည်း တက်လိုက်လေသည်။ သူတို့ ၃ယောက်သည် ထိုလူများနောက် လိုက်နေသော ချူချောင်ထန်နောက်လိုက်လေသည်။

တောင်ပံလေးခုဂဠုန်များသည်လည်း အသွင်ပြောင်းပြီး သူတို့နောက်လိုက်လေသည်။ သူတို့သည် လျင်မြန်စွာပင် ရှီမာယူယူနှင့် တခြားသူများကို ကျော်တက်သွားလေသည်။

တောင်ပံလေးခုဂဠုန်များသည် အလွန်မြန်ဆန်ကာ ထိုနှစ်ယောက်အား ချက်ချင်း လိုက်မှီကြကာ ဝိုင်း လိုက်ကြလေသည်။

“သူ့ကို ခေါ်သွားလိုက်” တစ်ယောက်သည် တခြားတစ်ယောက်ကို အော်လေသည်။

“ကောင်းပြီ” ထိုလူသည် လျှန်ဟုန်ကို ဖက်ထားပြီး အရှေ့သို့ ဆက်ပျံလေသည်။ တခြားတစ်ယောက် သည် ရှီမာယူယူနှင့် တခြားသူများကို တိုက်ခိုက်ပြီး ခရီးဖင့်အောင်လုပ်လေသည်။

ရှီမာယူယူ၊ တောင်ပံလေးခုဂဠုန်နှစ်ကောင်နှင့် တခြားသူများသည် ထိုလူအား ဝိုင်းလိုက်ကြပြီး ချူချောင် ထန်နှင့် တခြားသော တောင်ပံလေးခုဂဠုန်နှစ်ကောင်သည် တခြားတစ်ယောက်ဆီသို့ လိုက်ကြလေသည်။

သူ သူတို့အား ဘာလုပ်မိသည်ကို သတိလိုက်လွတ်ဖြစ်ကာ ထိုလူအား ခေါ်သွားခိုင်းလိုက်မိသည်။

“မင်းတို့ကဘယ်သူတွေလဲ” တောင်ပံလေးခုဂဠုန်သည် သူ့အား ကြည့်ရင်းနှင့်မေးလေသည်။

“လျှန်မျိုးနွယ်တွေလား” ရှီမာယူယူသည် ထိုလူများ၏ ဂုဏ်ရည်မြင်သော အဝတ်အစားများကို မြင်လိုက် သည်။ သူတို့သည် လျှန်ဟုန်ကို အကြောင်းမရှိ နှစ်ယောက်တည်း လာပြီး ပြန်ပေးဆွဲရသေည်။ လျှန်မျိုးနွယ် မှ လွဲပြီး တခြားဖြစ်နိုင်ချေမရှိပေ။

“ဟွန်း” ထိုလူသည် ပြန်မဖြေပဲ ရှီမာယူယူနှင့် တခြားသူများကို တိုက်ကာ အဝိုင်းခံထားရသည်မှ ဖောက် ထွက်ရန် ကြိုးစားလေသည်။

ထိုလူသည် ပျံသန်းနိုင်ရာ အနည်းဆုံးတော့ အံ့ဖွယ်အရှင်အဆင့်ဖြစ်ရမည်။ ရှီမာယူယူနှင့် တခြား သူများ သည် သူ၏ တိုက်ကွက်များကို ရှောင်ရှားရုံသာ လုပ်ကြသည်။ သူသည် သူ၏ အဖော်နှင့် ဆန့်ကျင်ရာဘက်သို့ ချက်ချင်း ပျံသွားလေသည်။

“သခင်လေး အခု ဘာလုပ်ကြမလဲ” တောင်ပံလေးခုဂဠုန်တစ်ကောင်သည် မေးလိုက်သည်။

သူတို့သည် ရှီမာယူယူအား မည်သို့ အမည်တပ်ရမည်ကို သိကြသည်။ သူတို့သည် သူမအား သခင်ဟု ခေါ်ရမည်မဟုတ်ကို သိကာ တခြားသူများကဲ့သို့ သခင်လေးလို့ လိုက်ခေါ်ကြလေသည်။

ရှီမာယူယူသည် ထိုလူနှစ်ယောက်ထွက်သွားသော ဦးတည်ချက် နှစ်ဖက်အားကြည့်ကာ ပြန်ဖြေ  လေသည် “အဲလူကို ထား လိုက်တော့ သွားဖမ်းကြမယ်”

ထိုလူသည် လျှန်မျိုးနွယ်၏ တပ်သားတစ်ယောက်သာ ဖြစ်သည်။ လျှန်ဟုန်သည် လျှန်မျိုးနွယ်ကိုသာ  ပြန်ခေါ်သွားခံရပါက သူတို့သည် ဖိအားပေးမည်ဖြစ်သည်။

သူတို့သည် ထိုလမ်းအတိုင်း သွားပြီးမကြာမီတွင် ချူချောင်ထန်နှင့် တောင်ပံလေးခုဂဠုန်နှစ်ကောင်တို့ သည် လူတစ်စု၏ ဝန်းရံခြင်းကိုခံရကာ တိုက်ခိုက်ခံနေရလေသည်။ လျှန်ဟုန်သည် ပျောက်ဆုံးနေလေသည်။

တောင်ပံလေးခုဂဠုန်နှစ်ကောင်သည် တိုက်ခိုက်မှုစွမ်းအင်ကို တိုးမြင့်လိုက်သော်လည်း လျှန်မျိုးနွယ် သည် အလွန်သန်မာမည်ဟု ထင်မထားမိကြပေ။ သူတို့သည် သားရဲပျံတစ်ကောင်ကို တိုက်ခိုက်ကြလေသည်။

“အစ်ကိုကြီးချူ လျှန်ဟုန်ရော”

ချူချောင်ထန်သည် ရှီမာယူယူနှင့် တခြားသူများ ပြေးလာသည်ကို မြင်သောအခါ အလောတကြီး ပြော  လေသည် “သူတို့က လျှန်ဟုန်ကို ဖမ်းပြီး ဟိုအောက်ကိုခေါ်သွားတယ်”

ရှီမာယူယူသည် မနီးမဝေးတွင် ရှိနေသော အိမ်သို့ကြည့်ကာ ပြောလိုက်သည် “ယူလင်း ဟိုကို သွားရ  အောင်”

သားရဲပျံသည် သူတို့အား ထိုနေရာသို့ခေါ်သွားရာ ထိုနေရာသည် လျှန်မျိုးနွယ်၏ အိမ်ဖြစ်ကာ သူတို့  ရောက်သည်နှင့် လူများ ထွက်လာကာ ဝိုင်းလိုက်ကြလေသည်။

“မင်းက ဘယ်သူလဲ အတင့်ရဲပြီး လျှန်မျိုးနွယ်ရဲ့ နယ်ထဲကို ဝင်လာရဲတယ်” အစောင့်သည် ဒေါသဖြင့် အော်လေသည်။

ရှီမာယူယူသည် ထွက်လာသော လူဆယ်ယောက်ကျော်ကို ကြည့်ကာ ပြန်ဖြေလေသည် “မင်းတို့က ငါ့ လူတစ်ယောက်ကို ဖမ်းသွားတာ ငါသူ့ကို ကယ်ဖို့လာတာပဲ”

“ရူးလိုက်တာ ငါတို့လျှန်မျိုးနွယ်က ဘယ်လိုလုပ် မင်းတို့လူကို ဖမ်းမှာလဲ” အစောင့်ခေါင်းဆောင် သည် ပြန်ဖြေလိုက်သည်။

“မင်းတို့က အခုလေးတင်ပဲ သူ့ကိုဖမ်းလာပြီးတော့ ငြင်းချင်သေးတယ်” ရှီမာယူယူသည် တစ်ဖက်လူမှ ငြင်းနေသည်ကို ကြည့်ကာ လျှန်ဟုန်၏ လုံခြုံရေးကို အနည်းငယ်စိတ်ပူသွားသည်။ သူမသည် စိုးရိမ်စွာ ပြော လိုက်သည် “သူ့ကို လွှတ်ပေးတာ ကောင်းမယ် မဟုတ်ရင် ငါ မယဉ်ကျေးနိုင်တော့ဘူး”

“စိတ်ကြီးဝင်နေတာပဲ” ခေါင်းဆောင်သည် ဟောက်လိုက်သည် “ဘယ်ကိုလာပြီး ခြိမ်းခြောက်ရဲ့ နေတာ လဲ”

“မင်းတို့တကယ်ပဲ င့ါလူကို ဖမ်းသွားတယ် မင်းတို့အစောင့်တွေလည်း ငါ့လူတွေနဲ့ တိုက်နေကြတယ်၊ မင်း တို့ဒီကို ခေါ်လာတယ်ဆိုတာလည်း ငါ့လူတွေတွေ့ကြတယ်၊ အဲတော့ မင်းကို ခြိမ်းခြောက်နေတာမဟုတ်ဘူး အချက်အလက်ကို ပြောနေတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းဘယ်သူလဲတော့ မသိဘူး လျှန်မျိုးနွယ်ကို ခြိမ်းခြောက်တဲ့သူက အဖမ်းခံရမယ်၊ ကိုယ့်လူတွေ တိုက် ကြ”

သူ လက်ဝေ့ရမ်းလိုက်သည်နှင့် တခြားသူများသည် ရှေ့တိုးလာကာ သူတို့အား ဖမ်းကြလေသည်။

“မင်းတို့က သေဖို့တောင်းဆိုနေတာပဲ” သူမသည် မီးတောက်ဓားကို လျင်မြန်စွာ ထုတ်ကာ ကြက်သွေး  ရောင်မီးတောက်၏ မီးကို ထည့်လိုက်သည်။ သူမသည် ချက်ချင်းပင် ဓားကိုဝေ့ရမ်းလိုက်ရာ သူမ ပတ်လည်မှ လူများနှင့် မြင်းများသည် ချက်ချင်းပင် လောင်ကျွမ်းကာ ပြာဖြစ်သွားလေသည်။

ကျန်သောလူများသည် ချက်ချင်းပင် နောက်ဆုတ်ကာ ရှီမာယူယူ၏ မီးတောက်ဓားကို အကြောက် တရားဖြင့် ကြည့်လေသည်။

ခေါင်းဆောင်သည် ရှေ့ထွက်မည်အလုပ်တွင် လျှန်မျိုးနွယ်မှ လူနှစ်ယောက်သည် ထွက်လာကာ ရှီမာယူယူ၏ မီးတောက်အား ကြောက်ရွံ့စွာကြည့်လေသည်။

“ဒါက ဒါက..”

သူတို့နှစ်ယောက်သည် အလွန်တုန်လှုပ်နေကာ ရှီမာယူယူအား ကြည့်ပြီး စိတ်လှုပ်ရှားစွာ မေးလေသည် “အဲဒါ ဘယ်လိုမျိုးမီးတောက်လဲ”

ရှီမာယူယူသည် ပြန်မဖြေပဲ အနက်နှင့် အဖြူဝတ်ထားသော လူနှစ်ယောက်အား သတိရှိစွာ ကြည့်လိုက် သည်။ သူမသည် သူတို့ခန္ဓာကိုယ်မှ ရောင်ဝါများကို မခံစားမိပဲ သူတို့သည် သာမန်လူကဲ့သို့ပင် ထင်ရသည်။ သို့သော် သူတို့သည် ပျံနိုင်သည်။

“အနက်နဲ့ အဖြူရောင်ဝတ်ထားတဲ့ အကြီးအကဲတို့ သူတို့လူကို ကျွန်တော်တို့က ပြန်ပေးဆွဲတယ်ဆိုပြီး ကျွန်တော်တို့လျှန်မျိုးနွယ်ကို ခြိမ်းခြောက်ပါတယ် သူတို့က ကျွန်တော်တို့ အစောင့်တွေကိုလည်း သတ်လိုက်ပါ  ပြီ” ခေါင်းဆောင်ပြောလေသည်။

အနက်နှင့် အဖြူရောင်ဝတ်ထားသော အကြီးအကဲများသည် ရှီမာယူယူအား ကြည့်ပြီးမေးလေသည် “ငါ တို့ လျှန်မျိုးနွယ်လူတွေကို ဘာလို့သတ်တာလဲ”

“သူတို့က ကျွန်တော်တို့လူကို ဖမ်းသွားပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“သူ့ကို ဘယ်သူဖမ်းသွားလဲဆိုတာသိလား၊ သူဘယ်အိမ်ကိုဝင်သွားတာလဲ” အဖြူရောင် အကြီးအကဲ  မေးလေသည်။

“ကျွန်တော်မမြင်လိုက်ရဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်ရောက်တဲ့အချိန်မှာ သူတို့ကို လွှတ် သွားပြီ ဒါပေမဲ့ သူတို့ဝတ်ထားတဲ့ အဝတ်အစားကို ကျွန်တော်မှတ်မိတယ်၊ သူတို့က ခင်ဗျားတို့အားလုံးလိုပဲ တတိုင်းမွှေးပန်းရိုက်ထားတဲ့ အဝတ်ကို ဝတ်ထားကြတယ်”

“မင်း မျက်စိနဲ့ကိုယ်တိုင်မြင်ရတာမဟုတ်ပေမယ့် ဘယ်လိုလုပ် လျှန်မျိုးနွယ်ဆိုတာ သေချာနေတာလဲ သူတို့က လျှန်မျိုးနွယ်ရဲ့ ဝတ်စုံကိုဝတ်ထားပေမယ့် တခြားသူက ငါတို့အဖြစ်ဟန်ဆောင်နေတာလည်း ဖြစ်နိုင် တာပဲ” အနက်ရောင် အကြီးအကဲကပြောလိုက်သည်။

“ခင်ဗျားတို့က လျှန်လေးကို ခေါ်သွားတာ သေချာတယ်” ချူချောင်ထန်သည် တောင်ပံလေးခုဂဠုန်များ နှင့်အတူ ရှီမာယူယူဘေးသို့ ပျံလာလိုက်သည်။ သူတို့သည် လူသားအသွင်ပြောင်းကာ သူမအား ကာကွယ် လိုက် ကြသည်။

“သခင်လေး အဆင်ပြေရဲ့လား” တောင်ပံလေးခုဂဠုန်များသည်လည်း သူမလက်မှ ကြက်သွေးရောင် မီးတောက်၏ ပူနွေးမှုကိုခံစားမိသဖြင့် စိုးရိမ်စွာ မေးလေသည်။

“အဆင်ပြေပါတယ်” ရှီမာယူယူသည် မီးတောက်အား သိမ်းလိုက်လေသည်။

“တောင်ပံလေးခုဂဠုန်တွေ” အဖြူနှင့် အနက်ရောင် အကြီးအကဲများသည် တောင်ပံလေးခုဂဠုန် များကို ကြည့်ကာ မျက်ခုံးပင့်လိုက်ကြသည်။

ချူချောင်ထန်သည် အနက်နှင့် အဖြူရောင်အကြီးအကဲများကို ကြည့်ကာ ပြောလေသည် “လျှန်လေးက လျှန်မျိုးနွယ်ထဲက တစ်ယောက်ပဲ ဒါပေမဲ့ ခင်ဗျားတို့က သူ့ကို တစ်ခါမှ မရှာဖူးကြဘူး ခင်ဗျားတို့ကိုလည်း တစ်ခါမှ မခြိမ်းခြောက်ဖူးဘူး၊ သူက ခင်ဗျားတို့ကို လွှတ်ပေးဖို့ပဲတောင်းဆိုတာပါ”

ထိုငှက်များသည် ငှက်မျိုးနွယ်တွင်ပင် မာနကြီးကြသည်။ ဘယ်လိုလုပ် လူသားဘက် ပါနေရတာလဲ  ပြီးတော့ သူ့ကို ကာကွယ်ပေးနေသေးတယ်။

“ငါတို့် မျိုးနွယ်ဝင်ဟုတ်လား၊ ခင်ဗျားက ကျွန်တော်တို့် မျိုးနွယ်ကို ပြန်ဖမ်းတယ်လို့ ပြောနေတာပေါ့” အနက်ရောင် အကြီးအကဲသည် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလေသည် “ငါတို့က ဒီလိုမျိုး ကိုယ်လုပ်ချင် သလိုလုပ်လို့ ရလောက်အောင် အားနေလို့လား”

ထိုနေရာတွင်ဖြစ်နေသော အကြောင်းအရာကြောင့် လျှန်မျိုးနွယ်မှ လူကြီးများသည် စုဝေးလာကြသည်။

“မျိုးနွယ်ခေါင်းဆောင်” အားလုံးသည် ဘေးနှစ်ဖက်ဖယ်ပေးလိုက်ကြရာ လမ်းဖြစ်သွားပြီး ပိန်ပါးပြီး အရပ်ရှည်သော အမျိုးသားတစ်ယောက်ထွက်ပေါ်လာသည်။

လျှန်ဂျူသည် အနက်ရောင်နှင့် အဖြူရောင်အကြီးအကဲများဘေးသို့ ပျံသွားကာ ပြောလေသည် “အကြီးအကဲနှစ်ယောက်တောင် ဒီနေရာရောက်နေမယ်လို့ ထင်မထားဘူး”

အဖြူရောင်အကြီးအကဲသည် လျှန်ဂျူအား ကြည့်ကာ ပြောလေသည် “မင်းရောက်တာတာ ကောင်း တယ်၊ သူက ငါတို့က သူ့လူကိုဖမ်းသွားတယ်ဆိုပြီး ပြောနေတယ်၊ ပြီးတော့ ပြန်ပေးဆွဲခံရတဲ့သူက ငါတို့ လျှန်မျိုးနွယ်ကပဲတဲ့ ဘာတွေဖြစ်နေတယ်ဆိုတာ ပြောပြပါဦး”

All Chapters