← Chapters

အပိုင်း (၄၆၄) – လျှန်မျိုးနွယ်အား တိုက်ခိုက်ခြင်း

Vol. 005 Ch. 464

အပိုင်း (၄၆၄) – လျှန်မျိုးနွယ်အား တိုက်ခိုက်ခြင်း

Vol. 005 Ch. 464

လျှန်ဂျူသည် နောက်ဆုတ်ကာ ပြောလေသည် “ငါတို့ လူတစ်ယောက်ကို ဖမ်းဖို့ဆိုပြီး ဒီနေ့ ဘယ်သူ့ကိုမှ မလွှတ်ဘူးမလား၊ လျှန်မျိုးနွယ်က လူဟုတ်လား သူ့နာမည်ကဘယ်သူလဲ”

“လျှန်ဟုန်ပါ” ချူချောင်ထန် ပြန်ဖြေသည်။

“လျှန်ဟုန် ဟုတ်လား ဒီမျိုးနွယ်မှာ အဲလိုနာမည်နဲ့ ရှိလား” လျှန်ဂျူသည် သူ့ဘေးမှ အစေခံအား မေး လိုက်သည်။

“မျိုးနွယ်ခေါင်းဆောင် ကျွန်တော်တို့မှာ တကယ်ပဲ လျှန်ဟုန်ဆိုတဲ့ နာမည်နဲ့လူရှိပါတယ်၊ ဒါပေမဲ့ သူက အဖွဲ့ခွဲထဲက တတိယမျိုးဆက် ၅နှစ်သားကောင်လေးပါ၊ သူက အခုအဲ မျိုးနွယ်ခွဲမှာနေပြီးတော့ သူ့ကို ဘယ်သူမှ မဖမ်းထားပါဘူး” အစေခံ ပြန်ဖြေလေသည်။

“ကြားပြီးနော် ကျွန်တော်တို့မှာ ခင်ဗျားတို့ပြောတဲ့လူမရှိဘူး” လျှန်ဂျူသည် ချူချောင်ထန်အား ပြော  လေသည် “ခင်ဗျားမှားနေတာမဟုတ်ဘူးလား”

“ခင်ဗျားတို့ မသိတာ မထူးဆန်းပါဘူး၊ ဘာလို့လဲဆိုတော့ ဒီနှစ်တွေမှာ ခင်ဗျားတို့က သူ့ကို မရှာကြဘူး ကိုယ်နေသာသလို နေခဲ့ကြတယ်၊ ဒါပေမဲ့ လျှန်မျိုးနွယ်ကလည်း ဖေမျိုးနွယ်နဲ့ အတူတူပဲဖြစ်လိမ့်မယ်လို့ ထင် မထားမိဘူး၊ ကျွန်တော်တို့က အခုမှ ဂရမ်းမြို့တော်ကို ဝင်တာပါ အခုသူ့ကို ဖမ်းသွားလိုက်ပြီ”

“ကျွန်တော်တို့ နားမလည်တော့ဘူး၊ ကျွန်တော်တို့က ကိုယ့်လူကိုယ် အဲလိုဘယ်တော့မှ မလုပ်ဘူး၊ ခင်ဗျားပြောတဲ့လူက လျှန်မျိုးနွယ်ဝင်ဖြစ်တယ်ဆိုရင် သူ့ကို ကျွန်တော်တို့ မသိစရာအကြောင်းမရှိဘူး” လျှန်ဂျူ၏ အနောက်မှ လူက ပြောလိုက်လေသည် “ခင်ဗျားတို့က ဇစ်မြစ်မသိတဲ့လူတစ်ယောက်အတွက် ကျွန်တော်တို့ လျှန်မျိုးနွယ်ကို စွပ်စွဲချင်တာလား ပျင်းနေကြတာလား”

“လျှန်ယု သူက ခင်ဗျားတို့ မျိုးနွယ်ကလူမဟုတ်ဘူးဆိုတာ ခင်ဗျားပြောရဲတယ်နော်” ချူချောင်ထန် ပြော  လေသည် “သူ့ကလေးက ခင်ဗျားတို့ မျိုးနွယ်မဟုတ်ဘူးလား”

လျှန်ယု၏ အမည်ခေါ်လိုက်သည်နှင့် အားလုံးသည် အံ့သြသွားကြလေသည်။ အမျိုးသမီး တစ်ယောက် သည် မိုးပေါ်မှ ဆင်းလာကာ မျက်ရည်များဖြင့် ပြောလေသည် “ရှင်က ယုရဲ့ ကလေးလို့ပြောလိုက်တာလား သူ အခုဘယ်မှာလဲ သူက ဘာလို့ဒီနှစ်တွေမှာ ကျွန်မတို့ကို လာမရှာရတာလဲ”

“ခင်ဗျားက ဘယ်သူလဲ”

“ကျွန်မက ယုရဲ့ အမေပါ ယုဘယ်မှာလဲဆိုတာ ပြောပြပါ” အမျိုးသမီးသည် ချူချောင်ထန်အား အသနား ခံသည့် ပုံဖြင့် ကြည့်လေသည်။

“လျှန်ယုက ဆုံးသွားခဲ့တာ နှစ်ပေါင်းဆယ်ချီပါပြီ” ချူချောင်ထန် ပြောလေသည် “အဲဒီက သူ့ကိုသာ မျိုးနွယ်ကနေ နှင်မထုတ်လိုက်ရင် သူနဲ့ ဖေမြန်မြန်က ဖေမျိုးနွယ်သတ်တာခံရမှာမဟုတ်ဘူး”

“မဖြစ်နိုင်ဘူး” လျှန်ယု၏ အမေသည် တုန်လှုပ်သွားကာ မိုးပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်သွားသည်။ သူမ  ဘေးတွင် ရပ်နေသော လူတစ်ယောက်သည် သူမအား ဖမ်းလိုက်လေသည်။

“အဲနှစ်က ကျွန်တော်တို့လည်း လျှန်မျိုးနွယ် နောက်တစ်ယောက်နဲ့ အတူရှိသေးတယ် လျှန်ယုအသတ်ခံ ရပြီးတော့ ဖေမျိုးနွယ်ရဲ့ တိုက်ခိုက်တာကိုခံရပြီး ကျွန်တော်တို့ကို လိုက်ခဲ့တယ်၊ အဲဒီလျှန်မျိုးနွယ်ဝင်လည်း အသက်ရှင်မလားပဲ သူက လျှန်ယုသေသွားပြီဆိုတာ မပြောခဲ့ဘူးလား” ချူချောင်ထန် မေးလေသည်။

“ရှင်ပြောတာ လျှန်အန်းလား” လျှန်ယု၏ အမေသည် ခဏမျှစဉ်းစားပြီးနောက် မေးလေသည်။

“ဟုတ်တယ် သူပါပဲ” ချူချောင်ထန် ပြောလေသည်။

“လျှန်အန်း ပြန်လာတဲ့အချိန်က ကျွန်မသား ယုက ဖေမြန်မြန်ကို ခေါ်ပြီးထွက်ပြေးသွားတယ်လို့ ပြော တယ် သူက ဘယ်တော့မှမတွေ့တော့ဘူးလို့တောင် ပြောခဲ့တယ် အဲဒါကြောင့် ဒီနှစ်တွေမှာ သူ့ကို မရှာခဲ့တာ  ပြီးတော့ သူအဲလိုဖြစ်သွားတာ ကြာပြီဆိုတာလည်း မသိခဲ့ဘူး….” လျှန်ယု၏ မိခင်သည် ပြောရင်းနှင့် ငိုလေ သည်။ သူမသည် ရုတ်တရက် တစ်စုံတရာအား စဉ်းစားမိကာ ပြောလေသည် “ရှင်ပြောတာ လျှန်ယု၏ ကလေး …”

“လျှန်ယုနဲ့ ဖေမြန်မြန်တို့က ကလေးတစ်ယောက်မွေးခဲ့တယ်၊ အဲကလေးက ၁နှစ်အရွယ်ကတည်းက ဘက်ပေါင်းစုံက အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတယ်၊ အဲနှစ်တွေအကုန်လုံးမှာ ကျွန်တော်က သူ့ကို ခေါ်သွားပြီး  ဖေမျိုးနွယ်တွေဆီကနေ ပြေးခဲ့ရတယ်၊ ကျွန်တော်တို့ ဂရမ်းမြို့တော်ဝင်တာနဲ့ ခင်ဗျားတို့ ဖမ်းတာခံရမယ်လို့ ထင် မထားမိဘူး” ချူချောင်ထန်သည် လျှန်မျိုးနွယ်အား မတွေးတတ်တော့သော အကြည့်ဖြင့် ကြည့်လေသည်။

လျှန်မျိုးနွယ်ဝင်များသည် ထိုအကြောင်းအား ကြားသောအခါ အလွန်လေးနက်သွားလေသည်။ လျှန်ယု သည် လျှန်မျိုးနွယ်၏ တိုက်ရိုက်မျိုးဆက် အကြီးဆုံးသားဖြစ်သည်။ သူသည် မျိုးနွယ်ခေါင်းဆောင်ဖြစ်ခဲ့သည်။ သို့သော် သူသည် ဖေမျိုးနွယ်မှ တစ်ယောက်နှင့် ချစ်ကြိုးသွယ်ကာ သူမအတွက်နှင့် မျိုးနွယ်မှ နှင်ထုတ်ခံရ သည်။ သူသည် လုံးဝပင်ပျောက်ကွယ်သွားခဲ့သည်။

လျှန်ဟု၏ မိခင်သည် သူမဘေးမှ အမျိုးသား၏ လက်ကိုဆုပ်ကိုင်ကာ ပြောလေသည် “လျှန်ယုမှာ ကလေး ရှိတယ်တဲ့ သူ့မှာကလေးရှိတယ်တဲ့”

“အဟွတ် အဟွတ် ခွင့်ပြုပါခင်ဗျ အခုက ခံစားနေရမယ့်အချိန်မဟုတ်ပါဘူး ခင်ဗျားရဲ့ မြေးက အဖမ်းခံ ထားရတယ်၊ ဆက်ပြီး ခံစားနေမယ်ဆိုရင် ခင်ဗျားရဲ့ မြေးသေသွားလိမ့်မယ်” ရှီမာယူယူ သူမအား သတိပေး လိုက်လေသည်။

“ပြီးတော့ ခင်ဗျားကဘယ်သူလဲ” ချူချောင်ထန် မေးလိုက်သည်။

“ကျွန်တော်က လျှန်ယုရဲ့ အစ်ကို၃ လျှန်ထန်ပါ” ထိုအမျိုးသားသည် ပြန်ဖြေလေသည် “ခင်ဗျားတို့ရဲ့ ဇစ်မြစ်ကို မသိရပဲနဲ့ ကျွန်တော့် ညီအကြောင်းပြောနေတော့ အမှန်ဆိုပြီး လက်ခံလို့်ရပါ့မလား၊ ကျွန်တော်တို့က အခုမှ သိကြတာ တစ်ဖက်သတ်ဇာတ်လမ်းကို ဘယ်လိုလုပ်ယုံရမှာလဲ”

လျှန်ဂျူဘေးတွင် ရပ်နေသော အကြီးအကဲသည်လည်း သဘောတူလိုက်သည် “မျိုးနွယ်ခေါင်းဆောင် သခင်လေး ၃ပြောတာမှန်ပါတယ် ဒီလူတွေ ဘယ်ကလာမှန်းမသိတာကို သူတို့တစ်ဖက်သတ် ဇာတ်လမ်းကို ယုံ လို့မဖြစ်နိုင်ပါဘူး ကျွန်တော်တို့ လျှန်မျိုးနွယ်က ဘယ်တော့မှ အပြစ်မရှိတဲ့သူကို ထိခိုက်အောင် မလုပ်ပါဘူး သူတို့ကို ဘယ်လိုလုပ် အညံ့ခံအောင်လုပ်မလဲ အမိန့်ပေးမယ်ဆိုရင် သူတို့ကို ဖမ်းပြီး စစ်မေးလိုက်ပါမယ်”

“မရဘူး” လျှန်ယု၏ အမေအော်လိုက်သည် “ငါ့မြေးရဲ့ အသက်ကအန္တရာယ်ကျနေတာ သူ့ကို သတ် သလို ဖြစ်မနေဘူးလား”

“အမေ အစ်ကိုကြီးသေသွားပြီဆိုတာ တကယ်ယုံတာလား” လျှန်ဟုန်မေးလိုက်လေသည် “လျှန်အန်း မသေခင်ကို အစ်ကိုကြီးက ထွက်ပြေးသွားနိုင်လို့ ပြောခဲ့တယ်လေ သူ အဝေးကိုပျံသွားချင်တယ်လို့ ပြောခဲ့တယ်  လေ ဒီလူတွေပေါ်လာတာနဲ့ သူသေသွားပြီလို့ အမေကယုံနေတာလား”

“အဲဒါက…” လျှန်ယု၏ အမေသည် ခေတ္တမျှ မှင်တက်သွားလေသည်။ သူ့အမျိုးသားလည်း မှင်တက်နေ သည်ကိုတွေ့သည်နှင့် ရှီမာယူယူနှင့် တခြားသူများကို ယုံရန် ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို မသိတော့ပေ။

သူမတွေဝေသွားသည်ကို ရှီမာယူယူမြင်သည်နှင့် ပြောလိုက်သည် “အခုတော့ ဘယ်သူမှမရှိတော့ ယုံဖို့ ခက်မှာပဲ ဒါပေမဲ့ ကျွန်တော်တို့ သူ့ကို ခင်ဗျားတို့ မျိုးနွယ်မှာပဲရှာတွေ့ရင် ဘယ်လိုလုပ်မလဲ”

“ခင်ဗျားက သူ့ကို ရှာနိုင်ရင် ခင်ဗျားကျွန်တော်တို့ မျိုးနွယ်ကိုလာပြီး အစောင့်တွေကို သတ်တဲ့ကိစ္စ ကို ကျော်သွားပေးမယ်” လျှန်ဂျူ ပြောလိုက်လေသည်။

“မျိုးနွယ်ခေါင်းဆောင်က ဒီအဖြစ်အပျက်ကို လက်မခံချင်ဘူးထင်တယ်” ရှီမာယူယူသည် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်လေသည်။

လျှန်ထန်သည် သူမပြောလိုက်သည်နှင့် အံ့သြသွားကာ “မျိုးနွယ်ခေါင်းဆောင်က စိတ်ထားမြင့်မြတ် တယ် သူ့ကိုရှာဖို့ မျိုးနွယ်ထဲဝင်ခွင့်ပြုထားတယ်၊ ဒါပေမဲ့ တစ်ညလုံးတော့ရှာခွင့်မပေးနိုင်ဘူး၊ မဟုတ်ရင် ငါတို့ လျှန်မျိုးနွယ် ရှုပ်ယှက်ခတ်ကုန်လိမ့်မယ် မင်းတို့ကို နာရီဝက်ပေးမယ်၊ သူ့ကိုရှာမတွေ့ဘူးဆိုရင် နာနာခံခံနဲ့ အပြစ် ပေးတာ ခံလိုက်ပါ”

“အဲလောက် အချိန်အကြာကြီးမလိုပါဘူး” ရှီမာယူယူသည် လျှန်ထန်အား လေးနက်သော အကြည့် ဖြင့် ကြည့်လိုက်လေသည်။

ချူချောင်ထန်သည် ရှီမာယူယူအား စိုးရိမ်စွာ ကြည့်ကာ “ယူယူ လျှန်မျိုးနွယ်က အကြီးကြီးပဲ လျှန်လေး ဘယ်မှာလဲဆိုတာ ဘယ်လိုသိမှာလဲ”

“အစ်ကိုကြီးချူ မစိုးရိမ်ပါနဲ့ ကျွန်တော့်မှာ နည်းလမ်းတွေရှိပါတယ်” ရှီမာယူယူသည် လက်အုပ်ချီရင်း  ပြောလေသည်။

“ဒါဆိုလည်း ဝင်ပါ” လျှန်ဂျူပြောလိုက်သည်။

“ခဏလေး” ရှီမာယူယူသည် အလောမကြီးပဲ အေးစက်စွာ ပြောလေသည်။

ချူချောင်ထန်သည် စိုးရိမ်မှုမရှိသော ရှီမာယူယူအား မြင်လိုက်သောအခါ ဘေဂုံထန်နှင့် တခြားသူများ သည် နားလည်ပြီးသားကို သိလိုက်သည်။ သူတစ်ယောက်တည်းသာ စိုးရိမ်နေခြင်းဖြစ်သည်။

လျှန်မျိုးနွယ်ဝင်များသည် ရှီမာယူယူ မဝင်သည်ကို မြင်သောအခါ နားမလည်နိုင်ကြပေ။ သူတို့ အိမ်တော်သည် ကြီးမားသည်။ သူတို့တွင် နာရီဝက်သာအချိန်ရှိသည်။ သူတို့သာ သူ့ကို တကယ်ရှာချင်ပါက နှစ်နာရီလိုမည်။

ဆယ်မိနစ်အကြာတွင် ရှီမာယူယူသည် လှုပ်ရှားခြင်းမရှိသေးသဖြင့် လျှန်မျိုးနွယ်ဝင်များသည် အနည်း ငယ် ဒေါသထွက်လာသည်။ သူက သူတို့ကို လာနှောင့်ယှက်နေတာလား။

“မင်း ဝင်ဖို့အစီအစဉ်မရှိဘူးလား” အဖြူရောင်အကြီးအကဲသည် ရှီမာယူယူ လှုပ်ရှားခြင်းမရှိသည်ကို တွေ့သည်နှင့် သိချင်သွားသည်။

“သွားမှာပါ” ရှီမာယူယူ ပြန်ဖြေလေသည်။ သူမသည် ရုတ်တရပ် တစ်စုံတစ်ရာအား မြင်သည့်အနေနှင့်  ပြုံးပြီး ရှီမာယူလင်းအား ပြောလိုက်သည် “အခုသွားလို့ရပြီ”

ရှီမာယူယူလုပ်သည့်အရာများကို ချူချောင်ထန်နားမလည်တော့ပေ။ သူမသည် တစ်ချိန်လုံး မလှုပ်ရှားပဲ အခုမှပင် လှုပ်ရှားတော့သည်။ သူတို့က ဒီအချိန်အတွင်းကို ဘယ်သွားရမှာလဲ။

သူတို့သည် ပျားများပျံလာသည်ကို တွေ့လိုက်ပြီး ရှီမာယူယူရှေ့တွင် ရစ်ဝဲနေသည်ကို တွေ့လိုက်  လေသည်။ ရှီမာယူယူသည် အိမ်တစ်အိမ်အား ညွှန်ပြကာ ပြောလေသည်။ “ယူလင်း အဲဒီမှာ”

လျှန်ထန်သည် ရှီမာယူယူညွှန်ပြသော နေရာအား မြင်လိုက်သောအခါ ချက်ချင်းပင် အမူအရာပြောင်း သွားလေသည်။

All Chapters