အပိုင်း (၄၆၅) – အနက်နှင့်အဖြူကြားမှ ဖလှယ်မှု
Vol. 005 Ch. 465
“ဒါက သခင်လေးလျှန်ထန်ရဲ့ ခြံဝန်းပဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” လူတစ်ယောက်က မခံသာဖြစ်ကာ ပြောလေသည်။
“ကျွန်တော်တို့ ရှာကြည့်ရင်သိမှာပဲလေ မဟုတ်ဘူးလား” ရှီမာယူယူ ပြောလိုက်သည် “ယူလင်း အဲဒီကို သွားလိုက်”
“အိုခေ” ရှီမာယူလင်းသည် ခြံဝန်းထဲသို့ သူ၏ သားရဲပျံကို လွှတ်လိုက်လေသည်။ လျှန်ထန်၏ မျက်မှာမှာ ဖြူဖျော့သွားပြီး သူ့အစောင့်များကို ကြည့်လိုက်သည်။ သူတို့လမ်းကို လျင်မြန်စွာ ပိတ်လိုက်ကြသည်။ ရှီမာယူယူ သည် လျှန်ဂျူကို လှည့်ကြည့်လိုက်သည်။ လျှန်ဂျူသည် လက်ဝေ့ရမ်းပြသော်လည်း အစောင့်များသည် မလှုပ် ကြပေ။
သားရဲပျံများသည် သူတို့အား ထိုခြံအတွင်းသို့ခေါ်သွားကာ ၁၀မိနစ်အတွင်း တူညီသော အရှိန်နှုန်းဖြင့် ပျံ သန်းလေသည်။ နောက်ဆုံးတွင် ၁၀မိနစ်သာကျန်တော့သည်။
“ယူယူ လျှန်လေးက အဲမှာရှိပါ့မလား” ချူချောင်ထန်သည် ခြံအတွင်း မည်သည့်လှုပ်ရှားမှုမှ မရှိသည်ကို တွေ့သည်နှင့် မေးလိုက်သည်။
“ကျွန်တော့်ကို ယုံလိုက်ပါ ဝင်ရအောင်” ရှီမာယူယူ ပြောလိုက်သည် “မျိုးနွယ်ခေါင်းဆောင် ကျွန်တော် တို့နဲ့ အတူလိုက်ဝင်ချင်လား”
“လိုက်တာပေါ့ သွားရအောင်” အကြီးအကဲဘိုင်သည် စကားလက်အား ကြည့်နေရာမှ အကြည့်ကို ပြန် ရုတ်သိမ်းကာ ပြောလေသည်။
“အဲဒါဆိုလည်း လာခဲ့ပါ” ရှီမာယူယူသည် သားရဲပျံပေါ်မှဆင်းကာ အနက်နှင့်အဖြူ အကြီးအကဲများ၊ လျှန်ဂျူ၊ လျှန်ယု၏ မိခင်နှင့် လျှန်ထန်တို့ကို သူမနှင့်အတူ ခေါ်သွားလေသည်။ လျှန်ယု၏ အမေသည် လျှန်ထန် အား ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လေသည်။ သူမ နှုတ်ခမ်းသည် တွန့်သွားသော်လည်း ဘာမှမပြောပဲ ရှီမာယူယူနှင့် တခြားသူများနောက်မှ လိုက်ကာ အိမ်ထဲသို့ ဝင်လေသည်။
“သခင်လေး” လူတချို့သည် အိမ်ထဲမှ ထွက်လာသည်။ ထို့နောက် သူတို့ မျက်နှာမှ အကြည့်ကို မြင် သောအခါ လျှန်ထန်သည် စိတ်အေးသွားလေသည်။
“ဒီမှာ လျှန်ဟုန်မရှိပါဘူး ခင်ဗျားက ကျွန်တော်တို့ညီသေသွားပြီဆိုပြီး လိမ်ခဲ့ပြီး ကျွန်တော့်အမေ စိတ် ဆင်းရဲအောင်လုပ်ခဲ့တယ် အခု ခင်ဗျားက လိမ်တာကို ကျွန်တော့်ကိုပုံချချင်နေတာလား” သူသည် ဒေါသဖြင့် ဟိန်းဟောက်လေသည်။
“တကယ်ပဲ ဘယ်သူမှမရှိဘူး” လျှန်ဂျူ ပြောလိုက်သည်။
သူတို့အားလုံးသည် သူတော်စင်များဖြစ်ကြသည်။ သူတို့သည် အခန်းတိုင်းမဝင်သော်လည်း အိမ်အထဲ တွင် ဘာဖြစ်နေသည်ကို သိကြသည်။ ရှီမာယူယူသည် ပြုံးပြီး ဘာမှမပြောပေ၊ သို့သော် တွန့်ဆုတ်ခြင်းမရှိပဲ အိမ် ထဲသို့ လမ်းလျှောက်ဝင်သွားလေသည်။ အဆောက်အဦးအတွင်းဝင်လိုက်ချိန်တွင် တကယ်ပင် ဘယ်သူမှရှိ မနေ ပေ။
“၃မိတစ်ပဲ ကျန်တော့တယ်” အကြီးအကဲတစ်ယောက်သည် နောက်မှ သတိပေးလေသည်။
လျှန်ထန်၏ နှုတ်ခမ်းများသည် ပြုံးသွားကာ ပြောလေသည် “အဲတော့ ကျွန်တော်ပြောသလိုပဲမလား ခင်ဗျားတို့အဖွဲ့ လူလိမ်တွေပါလို့…” ရှီမာယူယူ၏ ပခုံးပေါ်မှ ပျားနှင့် ဆင်တူသော ပျားကို နံရံပေါ် တွင် တွေ့လိုက်ရာ သူ့အပြုံးသည် ကြာရှည်မခံနိုင်တော့ပေ။ ဒီနေရာမှာ ဘယ်လိုလုပ် ပျားရောက်နေတာလဲ။ သူမက ပြန်လာတဲ့ ပျားနောက်လိုက်လာပြီးခဲ့တယ်၊ ထိုပျား၏ ပုံစံမှာလည်း သူ့ကို စိတ်ထင့်စေသည်။
သူ၏ အံ့သြသောအကြည့်ကို ကြည့်ပြီး ရှီမာယူယူသည် ထိုနံရံဆီသို့ သွားကာ ပျားရှိနေသော နေရာအား ခေါက်ကြည့်လေသည်။ သူမ အားသုံးကာ တွန်းလိုက်ရာ နံရံသည် ပွင့်သွားကာ လျှို့ဝှက်အခန်းပေါ်လာလေ သည်။ ထိုလျှို့ဝှက်အခန်းတွင်းတွင် လျှန်ဟုန်သည် သတိမေ့မြောနေလေသည်။
“လျှန်လေး” ချူချောင်ထန်သည် ပြေးသွားကာ လျှန်ဟုန်အား ဖက်ထားလေသည်။ သူ့မျက်နှာသည် သူ့အဖေနှင့် တူသည်ဟု အားလုံးက ထင်ကြသည်။
“ယုလေး” လျှန်ယု၏ အမေသည် အော်ကာ ပြေးသွားပြီး လျှန်ဟုန်အား ပွေ့ဖက်ချင်သော်လည်း မလုပ် ရဲပေ။
ရှီမာယူယူသည် ရှေ့တိုးကာ လျှန်ဟုန်၏ ခန္ဓာကိုယ်ကို စမ်းသပ်လိုက်သည်။ ထို့နောက် သူမသည် ကျောက်စိမ်းပုလင်းထုတ်ကာ အဖုံးဖွင့်လိုက်ပြီး သူ၏နှာခေါင်းနားတွင် ဝေ့ရမ်းလိုက်သည်။
“အာ..” လျှန်ဟုန်သည် စူးရှသော အနံ့ရသည်နှင့် တဖြည်းဖြည်းနိုးလာသည်။ သူသည် ချူချောင်ထန် အားမြင်သည်နှင့် အားလျော့စွာ ခေါ်လိုက်လေသည် “ဆရာ” လျှန်ဟုန်နိုးလာသည်ကို ကြည့်ကာ ချူချောင်ထန် သည် သက်ပြင်းချမိတော့သည်။ သူသည် လျှန်ဂျူအား ကြည့်ကာပြောလေသည် “မျိုးနွယ်ခေါင်းဆောင် ဒါကို ဘယ်လိုရှင်းပြမလဲ”
လျှန်ဂျူသည် မျက်နှာပျက်သွားသည်။ သူသည် လျှန်ထန်အားကြည့်ပြီး လက်ဝေ့ရမ်းလိုက်သည်။ အစောင့်နှစ်ယောက်ပေါ်လာပြီး လျှန်ထန်အား ချုပ်လိုက်ကြသည်။
“မျိုးနွယ်ခေါင်းဆောင်” လျှန်ထန်သည် အော်လိုက်သည်။
“ပင်မအဆောင်ကိုသွားလိုက်” လျှန်ဂျူသည် တင်းမာနေသည်။ ထို့နောက်သူသည် ခြံဝန်းမှ လှည့်ထွက် သွားလေသည်။ အစောင့်များသည် လျှန်ထန်အားဆွဲခေါ်သွားရာ ခြံထဲတွင် ရှီမာယူယူနှင့် တခြားသူများသာ ကျန် ခဲ့လေသည်။
“ငါ့ကလေးလေး…” လျှန်ဟု၏ အမေသည် လျှန်ဟုန်၏ မျက်နှာကို တယုတယ ပွတ်သပ်လေသည်။
“အဘွားက…” လျှန်ဟုန်သည် သူ၏ အဘွားကို သံသယဖြင့် ကြည့်လေသည်။ သူသည် သတိရလာ ခါစ ဖြစ်ကာ ပြီးခဲ့သည့်ညက ဘာဖြစ်ခဲ့သည်ကို မရှင်းလင်းသေးပေ။
“အဘွားက သားရဲ့အဘွား ဟွာနုန်ယင်ပါ” လျှန်ယု၏ အမေသည် ရင်းနှီးနေသော မျက်နှာအားကြည့် ကာ ကျလာသော မျက်ရည်များကို မတားနိုင်ခဲ့ပေ။
“အဘွားက ကျွန်တော့်အဘွားဟုတ်လား” လျှန်ဟုသည် ဟွန်နုန်ယင်အား ကြည့်ကာ အံ့အားသင့်လေ သည်။ သူသည် ချူချောင်ထန်အား ပြန်ကြည့်ကာ မေးလေသည် “ဆရာ ဘာတွေဖြစ်နေတာလဲ”
ထိုအချိန်တွင် အစောင့်တစ်ယောက်သည် လျှောက်လာကာ ပြောလေသည် “ဒုသခင်မလေး၊ မျိုးနွယ် ခေါင်းဆောင်က သူတို့အားလုံးကို ပင်မဆောင်ကို ခေါ်ခဲ့ပါတဲ့” ရှီမာူယူသည် ချူချောင်ထန်အား အဖြေအား စောင့်နေသည့်အနေနှင့် ကြည့်လိုက်သည်။ သူမသည် ထိုကိစ္စတွင် ထင်မြင်ချက်မရှိပေ…
“သွားရအောင်” ချူချောင်ထန် ပြောလေသည်။ ညကဖြစ်ပျက်ခဲ့သော ကိစ္စများကို ကြည့်လျှင် လျှန် မိသားစုသည် လျှန်ဟုန်အား ဂရုမစိုက်ခြင်းမဟုတ်ပဲ ရှိသည်ကိုပင် မသိခဲ့ခြင်းဖြစ်သည်။ ပင်မဆောင်သို့ သွားရာ လမ်းတွင် လျှန်ဟုန်သည် ညကကိစ္စများကို ကြားသိရာ ရှီမာယူယူနှင့် တခြားသူများကို ကျေးဇူးတင်စွာ ကြည့် လေသည်။ ဟွာနုန်ယင်သည်လည်း ထိုနှစ်များတွင် ဖြစ်ခဲ့သော ကိစ္စများနှင့် မသိကြသေးသော အကြောင်းများ ကို ပြောပြလေသည်။ သူတို့ပင်မဆောင်ရောက်သည်နှင့် ထိုနေရာတွင် လူအများစုဝေးနေသည်ကို တွေ့လိုက်ရ သည်။ လျှန်ဟုန်နှင့် ချူချောင်ထန်တို့သည် ဝင်သွားသော်လည်း ရှီမာယူယူနှင့် တခြားသူများသည် ဝင်ပေါက် တွင် တားဆီးခံရလေသည်။
“ဟေး ကောင်လေး မင်းမနေ့ညက သုံးလိုက်တာ ဘာမီးတောက်လဲ”
“မင်းရဲ့ပျားက ဘာပျားလဲ”
“မင်းရဲ့ မီးတောက်ကို ထပ်ကြည့်လို့ရလား”
“ပျားကို အရင်ကြည့်လို့ရမလား”
“မဟုတ်ဘူး မီးကို ကြည့်မယ်”
“သွားလိုက်တော့ ငါ ပျားကိုကြည့်ချင်တာ”
“ဒါပေမဲ့ မီးတောက်က တကယ်ရှားတဲ့ မီးတောက်ပဲ”
“ပြီးတော့ အဲပျားကလည်း မျိုးတုန်းတော့မယ့် ပျားပဲ”
“မီးတောက်အရင်”
“ပျားအရင်”
“မီး..”
ရှီမာယူယူသည် ရုတ်တရက်ပေါ်လာသော အနက်နှင့် အဖြူရောင်အကြီးအကဲများကို ကြည့်ကာ မျက်မှောင်ကြုတ်မိလေသည်။ သူမသည် သူတို့သည် လျှန်မျိုးနွယ်၏ အကြီးအကဲဖြစ်သည်ကိုပင် ဂရုမစိုက်တော့ ပဲ အော်လေသည် “နှစ်ယောက်လုံးတော်ကြပါတော့”
ပင်မဆောင်မှ လူများအားလုံးသည် သူမပြောသည်ကို ကြားသည်နှင့် ရပ်သွားကြလေသည်။ သူတို့ကို ပြောခြင်းမဟုတ်သည်ကို သိမှပင် ပြောလက်စများကို ဆက်ပြောကြလေသည်။
ရှီမာယူယူသည် ထိုလူနှစ်ယောက်ကိုကြည့်ပြီး ပြောလေသည် “ကျွန်တော် ဘယ်တုန်းက ကျွန်တော့်ရဲ့ ပျားနဲ့ မီးတောက်ကို ပြမယ်လို့ ပြောလိုက်မိလို့်လဲ”
“ဘာ” အနက်နှင့် အဖြူရောင်အကြီးအကဲများသည် ရှီမာယူယူအား ကြည့်ကာ ပြောလေသည် “မင်းက ငါတို့ကို မပြဘူးလား၊ အဲလိုလုပ်လို့မရဘူး ကောင်လေး ငါတို့ အဲဒါမမြင်ရရင် စားလို့ အိပ်လို့ရတော့မှာ မဟုတ် ဘူး”
“ပြီးတော့ အဲဒါက ကျွန်တော်နဲ့ဘာဆိုင်လဲ ကျွန်တော်က လူကြီးမင်းတို့ရဲ့ မိသားစုလည်းမဟုတ်ဘူး” ရှီမာယူယူ လက်ပိုက်လိုက်သည်။
“ဘာလို့ မင်းနဲ့ဘာမှမဆိုင်ရမှာလဲ” အဖြူရောင်အကြီးအကဲ ပြောလိုက်သည်။ “အဲဒါတွေက မင်းဟာ တွေပဲ သူတို့က မင်းကိစ္စပဲလေ”
“သူတို့က ဒီမှာ တခြားကိစ္စပြောနေကြတာဆိုတော့ ငါတို့ဘေးသွားပြီး ပြောရအောင်” အနက်ရောင် အကြီးအကဲသည် ရှီမာယူယူ၏ ပခုံးကိုကိုင်ကာ ဆွဲခေါ်သွားလေသည်။
တောင်ပံလေးခုဂဠုန်များသည် လိုက်ချင်သော်လည်း ဘေဂုံထန် ပြောလိုက်သည် “လိုက်သွားဖို့ မလို ပါဘူး သူမ အဆင်ပြေမှာပါ”
၂မိနစ်အကြာတွင် ရှီမာယူယူသည် ခြံဝန်းအပြင်ထွက်လာလေသည်။ အဖြူရောင်အကြီးအကဲသည် နောက်မှလိုက်လာလေသည် “လာခဲ့ ကောင်လေး မင်းရဲ့ မီးတောက်နဲ့ ပျားတွေကို ဘာလို့မပြနိုင်တာလဲဆိုတာ ပြောဦး” အနက်ရောင်အကြီးအကဲသည် ပြောလေသည်။
ရှီမာယူယူ ရယ်မောလေသည်။ ဒီအဘိုးကြီးနှစ်ယောက်က ကြမ်းတာပဲ။
“တကယ်တော့ ကြည့်ဖို့ မဖြစ်နိုင်တာတော့မဟုတ်ပါဘူး ဒါပေမဲ့ ကျွန်တော့်ကို ကတိတော့ပေးရမယ်”
“ဘာလဲ” အဖြူရောင်အကြီးအကဲသည် စိတ်လှုပ်ရှားစွာ ပြောလေသည်။